backup og meta

Blood pressure မဟုတ်တဲ့ Pulse pressure အကြောင်း ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Blood pressure မဟုတ်တဲ့ Pulse pressure အကြောင်း ။ ။

    သွေးပေါင်တော့အားလုံးချိန်ဖူးကြမှာပါ ။ သွေးတိုးရှိမရှိ သိချင်ရင် သွေးပေါင်ချိန်လိုက်လို့ရလာတဲ့ အပေါ်သွေး ( systolic pressure) ဘယ်လောက် အောက်သွေး (diastolic Pressure) ဘယ်လောက်ဆိုတာနဲ့ ဆုံးဖြတ်ကြတာမလား။ ဒီ systolic pressure ရော diastolic Pressure ရောက blood pressure ( သွေးပေါင်ချိန်)တွေပါ။ သွေးတိုးရှိမရှိ သူတို့က ဆုံးဖြတ်ပေးတာပေါ့။

    ဒီနေ့ပြောမယ့် အကြောင်းလေးကျတော့ လူတိုင်း သိပြီးသားနီးပါဖြစ်နေတဲ့ blood pressure အကြောင်းမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ systolic pressure ထဲက diastolic Pressure ကို နှုတ်လိုက်ရင် ရလာတဲ့ pulse pressure အကြောင်းပါ။ pulse pressure လေးက သွေးတိုးရှိမရှိကို ဖော်ပြပေးတာမဟုတ်ဘဲ ကိုယ့်နှလုံးအခြေအနေကို ဖော်ပြပေးတဲ့ အရာလေးပါ။ ဒီတော့ သူကလည်း အရေးကြီးတာပဲပေါ့။

    သွေးပေါင်ချိန်ကို ပုံမှန်က၁၂၀/၈၀ လို့သတ်မှတ်ထားတော့ Pulse pressure ပုံမှန်ကရော ဘယ်လောက်ရှိသလဲ ။

    အပေါ်သွေးထဲကနေ အောက်သွေးပမာဏကို နှုတ်လိုက်ရင် Pulse pressure ရတယ်ဆိုတော့ ၁၂၀ထဲက ၈၀ ကိုနှုတ် Pulse pressure ၄၀ လောက်ရတယ်။ ဒါက ပုံမှန်ရှိသင့်တဲံ Pulse pressure ပမာဏပါ။ ၄၀ အတိအကျမဟုတ်ဘဲ ၄၀ – ၆၀ ကြားထဲဆိုလည်း ပုံမှန်ပါပဲ။

    သူတို့က အမြဲတမ်း ဒီ ၄၀-၆၀ ကြားထဲမှာပဲရှိနေတာလား။

    မဟုတ်ပါဘူး။ pulse pressure များနေတာ ၊နည်းနေတာ တွေလည်းရှိတတ်ပါတယ်။

    Wide pulse pressure. ( pulse pressure များနေခြင်း)

    အသက်ကြီးလာရင် သွေးကြော တွေ တောင့်သွားတတ်တာကြောင့် Pulse pressure လည်းလိုက်တက်လာလေ့ရှိပါတယ်။ တစ်ချို့ အပေါ်သွေးပေါင်ချိန်များပြီး အောက်သွေးပေါင်ချိန်နည်းနေတဲ့ (ဥပမာ- 150-85) တို့ အပေါ်သွေးပုံမှန် အောက်သွေးကျနေတဲ့ ( 120/60) လူတွေမှာဆို အပေါ်သွေး အောက်သွေး ခြားနားချက်က ၆၀နှင့် အထက်မှာ ရှိနေတတ်ပါတယ်။ ဒီလို pulse pressure ၆၀ ထက်များနေတာကို wide pulse pressure လို့ခေါ်ပါတယ်။ wide pulse pressure တွေ့နိုင်တဲ့ရောဂါတွေကတော့

    ဒီ wide pulse pressure ရှိသူတွေက နောက်ပိုင်းကျရင် နှလုံးရောဂါနဲ့ လေဖြတ်တဲ့ ဝေဒနာခံစားရနိုင်ဖို့ အလားအလာများပါတယ်။

    Narrow pulse pressure ( pulse pressure နည်းနေခြင်း)

    Pulse pressure ပုံမှန် ပမာဏက ၄၀ – ၆၀ ကြားဆိုတော့ ၄၀ အောက်နည်းသွားရင် Narrow pulse pressure လို့ခေါ်ပါတယ်။ ဒီလို Narrow pulse pressure ဖြစ်နေပြီဆိုရင် နှလုံးက ကောင်းကောင်းမညှစ်နိုင်တော့ဘူးဆိုတာကို ဖော်ပြပါတယ်။ heart failure ( နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ရောဂါ ) ပိုင်ရှင်တွေမှာ ဆို ၄၀ လောက်ပုံမှန်ရှိရမယ့် pulse pressure က ၂၀ လောက်ပဲ ရှိနေတတ်ပါတယ်။ နှလုံးရောဂါဖြစ်နေတဲ့သူတွေမှာ low pulse pressure ဖြစ်နေပြီဆိုတာနဲ့ သေချာ သတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။

    ဒ့ါကြောင့် သွေးပေါင်ချိန်လိုက်လို့ ၁၂၀/၆၀ ဖြစ်နေတယ် သွေးမတိုးပါဘူးဆိုပြီး အေးဆေးလုပ်နေလို့မရပါဘူး။ နှုတ်လိုက်ရင် ၆၀ လောက်ဖြစ်နေတာကြောင့် wide pulse pressure ဖြစ်နေတာကို သတိထားရပါတယ်။ သွေးတိုးသမားတွေဆိုပိုလို့တောင်သတိထားရပါဦးမယ်။ ချိန်လိုက်လို့ ၁၈၀/၁၂၀ ဖြစ်နေတယ်ဆို တကယ်ကို အန္တရာယ်များတဲ့ အနေအထားပါ။ နောက်ပြီး ၁၀၀/၈၀ သမားတွေလည်း သတိထားရပါဦးမယ်။ သွေးပေါင်ချိန် blood pressure ကတော့ ပုံမှန်ဖြစ်နေသယောင်ယောင်ရှိနေပေမယ့် နှုတ်လိုက်ရင် ၂၀ ဖြစ်နေတာကြောင့် low pulse pressure ဖြစ်နေပါပြီ။ ဒ့ါကြောင့် ကိုယ်သွေးပေါင်ချိန်တိုင်း blood pressure အပြင် အပေါ်သွေးထဲက အောက်သွေးကို နှုတ်ပြီး pulse pressure ဘယ်လောက်ရှိလဲဆိုတာတွက်ကြည့်ဖို့လည်း မမေ့ပါနဲ့။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement