နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု

နှလုံး ကျန်းမာနေတာက ကျန်းမာစွာ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာလေး တစ်ရပ်ပါ။ ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းထဲက နှလုံးလေး စည်းချက်မှန်မှန် လှုပ်ရှားနေမှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးနဲ့ အောက်ဆီဂျင်တွေ ရောက်ရှိမှာ ဖြစ်သလို နေ့စဉ် လှုပ်ရှားမှုတွေကိုလည်း ကောင်းကောင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု ကျန်းမာတဲ့ ဘဝနေထိုင်မှု အလေ့အထတွေက အချိန်ကြာလာတာနဲ့အမျှ နှလုံးကို ကျန်းမာစေနိုင်သလို သွေးလည်ပတ်မှု လုပ်ငန်းစဉ်တွေကိုလည်း ကောင်းမွန်စေပါတယ်။ မနက်ခင်းမှာ ကျန်းမာတဲ့ အလေ့အထတွေနဲ့ စတင်တာက တစ်နေ့တာလုံးမှာ သက်လုံကောင်းကောင်းနဲ့ အကောင်းဆုံး လှုပ်ရှားနိုင်စေမှာပါ။ ကဲ .... နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း […]


နှလုံးပျက်စီးခြင်း

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား။ အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု ကင်းအောင် နေလိုက်ပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။  ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ စလိုက်ကြရအောင်နော်။ စိတ်ဖိစီးမှု နဲ့ နှလုံးကျန်းမာရေး စိတ်ဖိစီးမှုတွေ များလာတာက […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

ရှိသင့်တဲ့နှလုံးခုန်နှုန်း ကို ဘယ်လိုတွက်ချက်မလဲ။

နှလုံးခုန်တယ်လိုက်တိုင်းမှာ သွေးတွေက ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားတာကြောင့် ရှိသင့်တဲ့နှလုံးခုန်နှုန်း ရှိနေဖို့ လိုပါတယ်။ လူတိုင်းက နားနေတဲ့ အချိန်နဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ ရှိတဲ့နှလုံးခုန်နှုန်းက မတူပါဘူး။ နှလုံးခုန်နှုန်းက များလွန်းရင်လည်း မကောင်းသလို နည်းလွန်းရင်လည်း မကောင်းတာကြောင့် ရှိသင့်တဲ့ ပမာဏအတွင်းမှာ ထိန်းထားဖို့ လိုပါတယ်။ ဒီလိုထိန်းဖို့ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်ရှိသင့်သလဲ။ ဘယ်လိုထိန်းမလဲဆိုတာ သိဖို့ လိုပါတယ်။ ရှိသင့်တဲ့နှလုံးခုန်နှုန်း ဆိုတာ ဘာလဲ။ ရှိသင့်တဲ့နှလုံးခုန်နှုန်းဆိုတာ သင်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဖြစ်လာသင့်တဲ့ နှလုံးခုန်နှုန်းပဲ ဖြစ်ပါတယ်။ ဒါက ဂဏန်းတစ်ခုဆိုတာထက် rangeတစ်ခုထဲကို ဝင်နေရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ နှလုံးခုန်နှုန်းက နားနေချိန်ထက် များနေမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း လေ့ကျင့်ခန်း လုပ်နေရင်းနဲ့ ခဏရပ်ပြီး သင့်နှလုံးခုန်နှုန်းက ရှိသင့်တဲ့ ပမာဏထဲ ရောက်ရဲ့လားလို့ စစ်ဆေးနိုင်ပါတယ်။ ဒီပေါ်မူတည်ပြီး […]


နှလုံးရောဂါ

နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ

နှလုံးရောဂါ ဆိုတဲ့ စကားရပ်ထဲမှာ သွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံး အဆို့ရှင်နဲ့ဆိုင်တဲ့ ရောဂါ၊ လေဖြတ်တာ၊ နှလုံးခုန် စည်းချက်မမှန်တာ၊ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြွက်သားပုပ်တာ စတာတွေ အားလုံး ပါဝင်နေပါတယ်။ နှစ်စဉ် ကမ္ဘာ့ပေါ်မှာ လူဦးရေ ၁၇ သန်းလောက်ဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးရောဂါက အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာဖြစ်ပြီး ကင်ဆာက ဒုတိယနေရာမှာ ရှိနေပါတယ်။ ကံကောင်းတာက သုတေသီတွေရဲ့ လေ့လာမှုတွေကြောင့် ဘယ်အချက်တွေက နှလုံးရောဂါ ဖြစ်စေနိုင်ပြီး ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို သိရှိခွင့်ရရှိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်တိုင် ဆန်းစစ်နိုင်နေပြီ ဖြစ်သလို ကိုယ်တိုင် ဂရုစိုက် ကာကွယ်လို့လည်း ရပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်နိုင်မယ့် နည်းလမ်းလေးတွေကို […]


နှလုံးရောဂါ

ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ ပတ်တာ ခရီးစဉ်

နှလုံးရောဂါက လူတွေကို ဇီဝိန်ခြွေနေတဲ့ ထိပ်တန်း ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ လူတိုင်းလိုလိုဟာ နေ့စဉ်ဘဝမှာ နှလုံးရောဂါ ခံစားရနိုင်တဲ့ အလေ့အထတွေကို သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်မိနေကြပါတယ်။ တကယ်ကတော့ နှလုံး ထိခိုက်စေနိုင်တဲ့ အနေအထားတွေကို လျှော့ချပစ်နိုင်လေလေ အသက်ရှည်လေလေပါ။ သုတေသနရလဒ်တွေအရ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာက နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက်တော့ ၁၂ ပတ်တာအတွင်း ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ဘယ်လို ပြောင်းလဲရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပိုမို ကျန်းမာပြီး ပိုမိုပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို စတင်ဖို့ အသင့်ပဲလား ...... ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ ပတ်တာ ခရီးစဉ် ကျန်းမာတဲ့ နှလုံးလေးကို ပိုင်ဆိုင်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံဆီသို့ ၁၂ […]


နှလုံးရောဂါ

နှလုံးရောဂါနဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ

နှလုံးရောဂါက ကမ္ဘာမှာ အဖြစ်များဆုံး ရောဂါတစ်ခု ဖြစ်သလို သေဆုံးမှုလည်း များစေပါတယ်။ နှလုံးရောဂါနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ဗဟုသုတတွေ ရှိနေတာက နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ နှလုံးကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေကို မြင့်တက်စေမှာပါ။ ခုပြောပြမယ့် အချက်တွေကတော့ နှလုံးရောဂါနဲ့ ပတ်သက်ပြီး အသိမှားနေကြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ နှလုံးရောဂါနဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ 'ငယ်ငယ်လေးပဲ ရှိသေးတာ။ နှလုံးရောဂါအတွက် စိတ်ပူစရာ မလိုပါဘူး။' ခုလက်ရှိ ကိုယ့်ရဲ့ စားသောက်နေထိုင်မှု ပုံစံက နောင်တချိန်မှာ နှလုံးရောဂါဖြစ်နိုင်မလား။ မဖြစ်နိုင်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတာတွေ၊ သွေးခဲပိတ်တာတွေက တစ်ရက်တစ်မနက်နဲ့ ဖြစ်လာတာမဟုတ်။ ခုလိုအရွယ်ထဲက သွေးကြောတွေမှာ စပြီး အနည်အနှစ်တွေ ကျလာတာက စတာပါ။ အထူးသဖြင့် ခုခေတ်လို ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တာ၊ ဆီးချိုရောဂါဖြစ်တာ စတဲ့ အခြေအနေတွေမှာ ငယ်သေးလို့ […]


သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 […]


နှလုံးရောဂါ

သင့်ချစ်သူက သင့် နှလုံး ကို ကျန်းမာစေနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာအကြောင်းကို ဖွဲ့ဆိုထားတဲ့ သီချင်းတွေ၊ ကဗျာတွေ၊ ကိုယ့်ချစ်သူကို ကိုယ်ရည်ညွှန်းတဲ့အထဲမှာ 'နှလုံး သား'ဆိုတဲ့ စကားရပ်က အမြဲပါပါတယ်။ နှလုံးက အသက်ရှင်ဖို့ အရေးကြီးတဲ့အတွက် ကိုယ့်ချစ်သူကိုလည်း အသက်တမျှ တန်ဖိုးထားပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ။ လက်တွေ့ဘဝမှာလည်း အချစ်ရေးက နှလုံးကို ကျန်းမာစေတယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားကြပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ကြရအောင်။ သင့်အချစ်ရေးက သင့် နှလုံး ကို ဘယ်လိုကျန်းမာစေတာလဲ။ ချစ်ခင်ရသူတွေနဲ့ အတူရှိနေတာက သွေးဖိအားကို ကျစေပါတယ်။ Psychosomatic Medicine ဂျာနယ်မှာ ပါဝင်တဲ့ သုတေသနရလဒ်အရ ချစ်သူနဲ့ အတူအချိန်ဖြုန်းတာက သူစိမ်းနဲ့ အချိန်ဖြုန်းတာနဲ့ ယှဉ်ရင် သွေးဖိအားကို သိသိသာသာ ကျစေပါတယ်တဲ့။ အထူးသဖြင့် အတူရှိနေချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ်ပြောတာကို နားထောင်ပေးရုံနဲ့တင် စိတ်ဖိစီးမှုတွေ လျော့ကျပြီး သွေးဖိအား ကျလာတာပဲ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ […]


နှလုံးပျက်စီးခြင်း

ဒီလက္ခဏာတွေ ရှိနေရင် နှလုံးလေး ကို ဂရုစိုက်ဖို့ လိုနေပါပြီ။

လူတော်တော်များများ ယူဆလက်ခံထားတာက ရင်ဘတ်အောင့်မှ နှလုံးရောဂါလို့ပါ။ တကယ်ကတော့ နှလုံးရောဂါဖြစ်တိုင်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ပဲ အောင့်တာ မဟုတ်ပါဘူး။ နှလုံးလေး ထိခိုက်နေတယ်လို့ ဆက်စပ် ယူဆလို့ မထင်ရလောက်တဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေလဲဆိုတာက သတိထားလို့ရအောင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်စို့နော်။ နှလုံး ထိခိုက်မှု အဖြစ်များသလား ...... နှလုံးရောဂါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ကမ္ဘာတလွှားမှာ အသက်ဆုံးရှုံးမှုတွေ အတော်များလာပါတယ်။ အကြောင်းကတော့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ မရှိသလောက် နည်းလာတာ၊ အစားအသောက်၊ အထိုင်များတာတွေကြောင့်လည်း နှလုံးကျန်းမာရေးကို ထိခိုက်လာရတာပါ။ အလုပ်တွေ အရမ်းလုပ်ပြီး အအိပ်နည်းတာ၊ အိပ်ရေးပျက်တာများတာ၊ လေ့ကျင့်ခန်းတွေ မလုပ်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးမှု များလာတာကြောင့်လည်း နှလုံးကျန်းမာရေးကို ထိခိုက်တာတွေ ရှိလာရတာပါ။ ဒီလို လုပ်ဆောင်မှုတွေကို နေ့စဉ် လုပ်ဆောင်လာတဲ့အခါ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ။

နေ့စဉ် စားသောက်မှုတွေက နှလုံးသွေးကြော ကျန်းမာရေးအပေါ် အများကြီး သက်ရောက်နေတယ်ဆိုတာကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ဆိုရင် အစားအစာတွေကို သေချာလေး စိစစ် စားသုံးဖို့ လိုပါမယ်။ အစားအစာတွေကို သေချာ ဂရုစိုက် စားသောက်တာက နှလုံးသွေးကြောတွေထဲ အညှိတက်ပြီး သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေ အပါအဝင် နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြော ကျဉ်းတာ ဘယ်ကစ အချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးထဲမှာ ကိုလက်စထရော များစေပါတယ်။ ကိုလက်စထရော များရုံနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုလက်စထရောက အဆီ၊ ကယ်လ်ဆီယမ် နဲ့ သွေးထဲမှာပါတဲ့ အချို့သောအရာတွေနဲ့ ပေါင်းမိပြီး အညှိတွေ ဖြစ်လာပြီး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း