နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မယ်လတိုနင်နဲ့ အိပ်စက်ခြင်း မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။

နေ့ခင်းဆို တမှေး အိပ်လိုက်ရမှ၊ နေ့လည်စာလေးစားပြီး ထမင်းလုံးစီလိုက်ရမှ ဆိုတဲ့သူတွေ ရှိပါသလား။ တချို့ နေ့လယ်ခင်း တရေးအိပ်တာ ကို ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောတဲ့သူရှိသလို တချို့ကျတော့လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ပြောကြတဲ့သူတွေလည်းရှိပါတယ်။ ဒီလို နှစ်ခြမ်းကွဲနေတဲ့ အုပ်စုကြီး ဘယ်သူက မှန်လဲ ဘယ်သူမှားလဲ။ နေ့လယ်ခင်း တရေးအိပ်ခြင်း။  အရာရာတိုင်းက အကောင်းနဲ့ အဆိုးအမြဲဒွန်တွဲနေတာပါ။ အသွားမတော် တစ်လှမ်း အစားမတော်တစ်လုတ်ဆိုသလိုပဲ မှန်ကန်တဲ့ ဘောင်ထဲက လုပ်မှသာ ကောင်းကျိုးတွေ ပြည့်ပြည့်ဝဝ ခံစားရမှာပါ။ ဒီလိုပဲ နေ့လယ်ခင်း တရေးအိပ်တာ မှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။ နေ့လယ်ခင်း တရေးအိပ်တာ ဟာ ညဘက်အိပ်မပျော်တဲ့သူတွေအတွက်တော့ တကယ်ကို အားပြည့်စေမယ့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေး

လူတိုင်းမှာ သူတို့နှစ်သက်တဲ့ အိပ်စက်မှုပုံစံတွေရှိကြပါတယ်။ ကိုယ်အိပ်နေကျအိပ်စက်မှုပုံစံမဟုတ်ရင် အိပ်မပျော်တဲ့သူတွေတောင်ရှိတတ်ကြပါသေးတယ်။ တစ်နေ့တာလုံးပင်ပန်းလာသမျှကိုပြေလျော့စေဖို့ အိပ်စက်တဲ့အခါပြည့်ပြည့်ဝဝလေးဖြစ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အိပ်ရာကနိုးလာတော့ ခြေလက်တွေနာနေတယ်၊ တစ်ကိုယ်လုံးတောင့်တင်းနေတာပဲ၊ ဇက်ကြောကြီးကတင်းနေတယ်လို့ ကြုံဖူးမှာပေါ့။ ဒါက အိပ်စက်မှုပုံစံကြောင့်ဖြစ်ရတာပါ။ အိပ်စက်မှုပုံစံကလည်း ကျန်းမာရေးအပေါ်သက်ရောက်မှုလေးတွေရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ အိပ်စက်မှုပုံစံက ကျန်းမာရေးအပေါ်ဘယ်လိုများသက်ရောက်နေသလဲဆိုတာကိုပြောပြပေးမယ်နော်။ တစ်နေ့တာလုံးမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရရှိစေဖို့အတွက် တစ်ညတာမှာ အိပ်စက်ချိန် ၇ နာရီ ကနေ ၈ နာရီရှိဖို့လိုပါမယ်နော်။ ဒီလိုအပ်စက်တဲ့အချိန်မှာလည်း အိပ်စက်မှုပုံစံမှန်မှန်လေးအိပ်စက်ပါမှ ခန္ဓာကိုယ်ကပြန်အားပြည့်လာမှာပါ။ အိပ်စက်မှုပုံစံမမှန်တဲ့အခါကျောနဲ့လည်ပင်းကနာကျင်တာ၊ ဗိုက်ထဲက မအီမသာဖြစ်တာ နဲ့ အရွယ်မတိုင်ခင် မျက်နှာမှာအရေးအကြောင်းပေါ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အိပ်စက်မှုပုံစံ ကကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေတာလဲ ပက်လက်အိပ်စက်မှုပုံစံ သင်ဟာ ပက်လက်အိပ်တယ်၊ လက်နှစ်ဘက်ကိုဘေးတစ်ဖက်စီမှာ ဆန့်ဆန့်လေးထားပြီး အိပ်တတ်တာဆိုရင်တော့ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံလို့ဆိုရပါမယ်။ ဒီအိပ်စက်မှုပုံစံကကျောရိုးနဲ့လည်ပင်းအရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ အခြားသူတွေထက်တော့ ပိုဟောက်နိုင်ပါတယ်နော်။ Starfish အိပ်စက်မှုပုံစံ ဒီအိပ်စက်မှုပုံစံကတော့ ပက်လက်အနေအထားအိပ်တာဆိုပေမယ့် လက်နှစ်ဖက်ကို အပေါ်မြှောက်ထားတတ်ပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ

သင်က စူပါဟီးရိုးမဟုတ်ပါဘူး။ ဒါကြောင့် အိပ်စက်ချိန်လိုအပ်မှာပါ။ အလုပ်အရမ်းများလို့ ရံဖန်ရံခါအိပ်ချိန်နောက်ကျတာက ကိစ္စမရှိပေမယ့်နေ့တိုင်းနောက်ကျနေတာကတော့မကောင်းပါဘူး။ ခန္ဓါကိုယ်မှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ရရှိတဲ့ အိပ်စက်ချိန်လေးမှာပြည့်ပြည့်ဝဝအိပ်စက်ပြီး အိပ်ရေးမဝတာ။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အကြောင်း ပြောပြပေးပါရစေနော်။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အိပ်မပျော်သူတွေအတွက်အသုံးတည့်မယ့် ယောဂပို့စ်များ ကတော့ နံရံကပ်ပြီးခြေထောက်နှစ်ဖက်စလုံးမြှောက်မယ် အရင်ဆုံးနံရံကို မျက်နှာမူပြီးထိုင်လိုက်ပါ နံရံနဲ့ ၆ လက်မခွာထားပါမယ် ပြီးရင်လှဲချလိုက်ပါ ခြေထောက်ကို နံရံမှီရင်း အပေါ်ကိုဆန့်ထုတ်ပေးပါ လက်တွေကိုဘေးဘက်မှာ လက်ဖဝါးဖြန့်ရက်အနေအထားနဲ့ သက်တောင့်သက်သာလေးချထားပါ အသက်ကိုဖြည်းဖြည်းချင်းရှုပေးပါ အကြောတွေပြေလျော့လာပါလိမ့်မယ် ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။ ခါးလှည့်အကြောလျှော့မယ် ခြေထောက်ကို တင်ပျဉ်ခွေထိုင်လိုက်ပါ။ ညာလက်ကို ဘယ်ဘက်ဒူးခေါင်းပေါ်မှာထားပြီး ဘယ်ဘက်လက်ကို ခါးနောက်ဘက်မှာထားပေးပါ အသက်ရှုထုတ်ရင်း ခါးကိုဖြည်းဖြည်းချင်းအကြောလျှော့ပြီးလျည်ေ့ပးပါ။ခေါင်းကိုပါလိုက်လှည့်ပေးပါ လက်တင်ထားတဲ့ ဒူးရှိရာဘက်ကို မျက်နှာမူပြီး ပခုံးကိုကျော်ကြည့်ပါ။ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပေးပါ ပြီးရင်ခန္ဓါကိုယ်ကို တည့်တည့်ပြန်နေပါ နောက်တစ်ဖက်ကိုလည်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

အိပ်ချင်လိုက်တာ၊ မျက်လုံးတွေ စပ်တယ်။ ညက အိပ်ရေးမဝဘူး၊ ကောင်းကောင်း အိပ်မပျော်ဘူး။ တစ်နေကုန် ဘယ်လို ကျော်ဖြတ်ရမလဲ မသိဘူး။ အလုပ်ထဲမှာ အိပ်ငိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ဒီလို ဖြစ်တဲ့အခါ အကြောင်းအရင်းကို စဉ်းစားမိရဲ့လား။ ညမအိပ်ခင်စားမိတဲ့ အစားအစာတွေကြောင့် ညအိပ်ချိန်မှာ ကောင်းကောင်း အိပ်မပျော်တာမျိုး ဖြစ်နိုင်တယ်ဆိုတာကို သိပါရဲ့လား။ ဒီတော့ ညဘက်မှာ ကောင်းကောင်း အိပ်မပျော်လို့ နောက်တစ်နေ့မှာ အလုပ် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ညအိပ်ရာ မဝင်ခင် ဒါလေးတွေ ရှောင်ပေးပါနော်။ ညအိပ်ခါနီး ဒါတွေမစားပါနဲ့ ဒီတော့ ပြည့်ဝစွာ အိပ်စက် အနားယူနိုင်စေဖို့ ဘာတွေ မစားရဘူးလဲ ပြောပြမယ်နော်။ ညအိပ်ခါနီး ဒါတွေမစားပါနဲ့ အိပ်စက်မှုက လူတစ်ယောက်ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အတွက် တော်တော်လေး အရေးပါတဲ့ အရာပါ။ ဒီတော့ အဖိုးအခ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်တိုင်း ကျန်မားရေးအတွက် အကျိုးရှိသလား ။ ။

အိပ်တယ်ဆိုတာ လူတိုင်း မွေးကတည်းက နေ့တိုင်းလုပ်နေရတဲ့ မလုပ်မဖြစ် အလုပ်တွေထဲက တစ်ခုပါ။ ပြောကြတာတွေရှိပါတယ်။ အိပ်မှအားရှိတာ။ အိပ်ရေးပျက်ရင် မကောင်းဘူးစတာတွေပေါ့။ သူတို့တွေ ပြောကြသလိုမျိုး အိပ်တိုင်း ကောင်းတာလား။ ။ ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေး ပေါ်ထွက်လာရတာဖြစ်ပါတယ်။ ဒါဆို ဘယ်လိုမျိုး အိပ်စက်တာက အတော်အသင့်လဲ ။     အသက်အရွယ် မွေးကင်းစ ကလေးငယ် နို့စို့အရွယ်ကလေးငယ် လမ်းလျှောက်တတ်စအရွယ် ကလေးငယ် မူကြိုအရွယ် ကလေးငယ် ကျောင်းနေအရွယ် ကလေးငယ် ဆယ်ကျော်သက် အရွယ်ရောက်ပြီးတဲ့သူ သက်ကြီးရွယ်အို     တစ်နေ့တာ ရှိသင့်တဲ့အိပ်စက်ချိန် ၁၄ နာရီ ကနေ ၁၇ နာရီ ၁၂ နာရီ ကနေ ၁၅ နာရီ ၁၁ နာရီ ကနေ ၁၄ နာရီ ၁၀ နာရီ ကနေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်

ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေ ရှိပါတယ်။ လူအတော်များများသည် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းမျိုးကို ကြားဖူးကြပါလိမ့်မည်။ ယင်းအပြုအမူသည် အာရှသားများအဖို့ ကြောင်တောင်တောင်နိုင်သော်လည်း အနောက်တိုင်းသားများအဖို့ မဆန်းတော့ပါ။ အောက်ပါတို့သည် ကိုယ်လုံးတီးအိပ်စက်ခြင်းမှ ရရှိနိုင်မည့် သင်မကြားဖူးသေးသော အကျိုးရလဒ်များ ဖြစ်ပါသည်။ ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်လား။ နှစ်ဦးသားချစ်ခြင်းကို တိုးလာစေခြင်း အဝတ်အစားမပါဘဲ အိပ်စက်သူများသည် နှစ်ဦးသားချစ်ခြင်းကို တိုးလာစေကြောင်း ဗြိတိန်ရှိ အိပ်ရာခင်း ကုမ္မဏီတစ်ခုက အရွယ်ရောက်ပြီးသူ ၁၀၀၀ ကို သုတေသနပြုလုပ်ထားပါသည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကိုယ်လုံးတီးအိပ်စက်သူများ၏ ၅၇ %သည် နှစ်ဦးသားချစ်ခြင်းတွင် စိတ်ပျော်ရွှင်မှုများ ရရှိကြပြီး ၄၈%သည် ကိုယ်လုံးတီးအိပ်စက်ခြင်းနှင့် သင့်တင့်ကြောင်း တွေ့ရပါသည်။ အိပ်ရေးဝခြင်း အိပ်ချင်စိတ်ဖြစ်လာရန်အတွက် သင့်ခန္ဓာကိုယ် အတွင်းပိုင်းအပူချိန်သည် ဒီဂရီတစ်ဝက်ခန့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ

ညဘက်မှာ ဘာကြောင့်မှန်းမသိဘဲ အိပ်မပျော်တာတွေ ရှိသလို အတွေးတွေ လွန်ပြီး အိပ်မပျော်တာတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ဟာ ကျန်းမာရေး ကောင်းမွန်နေစေဖို့အတွက် အိပ်ချိန် လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုဆိုရင်တော့ ညဘက်အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ရမှာ ဖြစ်သလို ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ ကောင်းကောင်းအိပ်ပျော်အောင် ညအိပ်ရာမဝင်ခင် ဘာတွေစားမလဲ ဗာဒံစေ့ ဗာဒံစေ့ကတော့ ညဘက်အိပ်မပျော်တဲ့သူတွေ စားပေးသင့်တဲ့ အစေ့အဆံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗာဒံစေ့မှာ ဖော့စဖော့ရပ်၊ မဂ္ဂနီဆီယမ်တွေ လုံလုံလောက်လောက် ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေ ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်ပြီး အဆီလည်း နည်းပါတယ်။ အဓိကကတော့ ဗာဒံစေ့ တစ်အောင်စမှာ ခန္ဓာကိုယ်က […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းများ

လူရယ်လို့ ဖြစ်လာပြီဆိုရင် လူတစ်ခု ပူမှုရယ် ဆယ်ကုဋေဆိုသလို ဆင်လည်းဆင့်အထွာ၊ မြင်းလည်း မြင်းအထွာ ရုန်းရကန်ရ လှုပ်ရှားရပါတယ်။ ပညာရှာသူဆိုလည်း ကျောင်းစာတွေ၊ စာမေးပွဲတွေကြောင့်ပူရ၊ စီးပွားရှာသူဆိုလည်း တွက်ရချက်ရ၊ တွေးရတောရ၊ ကြင်ယာရှာသူဆိုလည်း အချစ်စိတ်တွေတက်ရ၊ လွမ်းရဆွေးရနဲ့ စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများဆိုသလို ခံစားရတတ်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေ အများကြီးထဲမှာမှ ဒီစိတ်ဖိစီးမှုဆိုတဲ့အချက်ဟာ ထိပ်ဆုံးမှာ ပြိုင်ဖက်မရှိ ရပ်တည်နေပါတယ်။ ဒါကြောင့် အရွယ်သုံးပါးမရွေး တချိန်ချိန်မှာ ခံစားရလာနိုင်တဲ့ အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။   ၁။ အိပ်ရာထဲမှာပဲ ပေကပ်မနေပါနဲ့။ သန်းခေါင်ယံညနက် ကျော်လွန်လာချိန်ထိ အိပ်လို့ရယ်မှ မပျော်နိုင်သေးဘဲ တလူးလူးတလွန့်လွန့်နဲ့ ဖြစ်နေပါသလား။ အိပ်ယာဝင်ပြီး နာရီဝက်၊ တစ်နာရီကြာပြီးတဲ့အထိ မကျိန်းစက်နိုင်သေးဘူးလား။ ဒါဆိုရင် အိပ်ရာထဲမှာပဲ ငြူစူငုတ်တုတ်ကြီး ထိုင်မနေ၊အိပ်မနေပါနဲ့တော့။ အိပ်ရာထဲက ခဏထပြီး စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ သာယာငြိမ့်ညောင်းတဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ရင်ပူခြင်းမဖြစ်အောင် ဘယ်လိုအိပ်စက်မလဲ

သုတေသနပညာရှင်တွေဟာ လူပေါင်း ၁၅၃၀၀ လောက်ကို မေးခွန်းတွေမေးပြီး လေ့လာတဲ့အခါ အဆိုပါ လူတွေထဲက လေးပုံတပုံလောက်ဟာ ညဖက်မှာ ရင်ပူတဲ့ဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။ အဆိုပါ ရလာဒ်တွေကို CHEST ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီပြဿနာဟာ လူတွေကို အိပ်ရေးပျက်စေတဲ့အတွက် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ မကြာခဏဆိုသလို ရင်ပူခြင်းဝေဒနာကို ခံစားနေရရင် ကြာလာတဲ့အခါ အစာရေမြိုကိုပါ ထိခိုက်စေပါတယ်။ အစာအိမ်ထဲကအက်ဆစ်တွေဟာ အစာအိမ်နဲ့ အူနံရံတွေကို ထိခိုက်ပျက်စီး အမာရွတ်ထင်စေကာ ဆဲလ်တွေကိုလည်း ပြောင်းလဲစေတဲ့အတွက် အစာရေမြိုကင်ဆာတွေ ဖြစ်လာစေနိုင်ပါတယ်။ ညဖက်မှာ ဒီဝေဒနာခံစားရမယ်ဆိုရင် အစာရေမြိုထဲမှာ အက်ဆစ်တွေပိုပြီး ကြာကြာရှိနေစေတာမို့ ပိုလို့တောင် ထိခိုက်စေပါသေးတယ်။ အစာအိမ်ထဲက အက်ဆစ်တွေ ဆန်တက်တာကြောင့် ညဖက်ရင်ပူတဲ့ဝေဒနာကို ခံစားရတဲ့အခါ အိပ်ရေးပျက်စေပြီး ကြာလာတဲ့အခါ အိပ်မပျော်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်ရစေပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နာတာရှည် နာကျင်မှုဝေဒနာခံစားနေရသူများတွင် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် သိထားသင့်သည်များ

သင်သည် ညဘက်တွင် အိပ်ရာမှနိုးလာပြီး ပြန်အိပ်မပျော်တော့သည့် အခါမျိုးနှင့် ကြုံဖူးပါသလား။ အကယ်၍သင်သည် နာတာရှည် နာကျင်ခြင်းကို ခံစားနေရလျှင် ၁၀ မိနစ်တာမျှအိပ်ပျော်ရန်ပင် သင့်အတွက်ခက်ခဲနေနိုင်ပါသည်။ ကောင်းမွန်စွာ အိပ်ပျော်မှသာ နေ့စဉ်အလုပ်များလုပ်ဆောင်ရာတွင် အဆင်ပြေမည်ဖြစ်သည်။ အိပ်ရေးမဝလျှင် ဦးနှောက်မကြည်လင်တော့ဘဲ နေ့စဉ်အလုပ်များကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် နာကျင်ဝေဒနာခံစားနေရသူများအတွက် ကောင်းမွန်စွာ အိပ်စက်နိုင်မည့်နည်းများကို တင်ပြလိုက်ရပါသည်။   လူတယောက်သည် တနေ့လျှင် ဘယ်လောက်အိပ်စက်သင့်သလဲ။ အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်ကွာခြားမှုရှိသော်လည်း လူတယောက်သည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၇ နာရီမှ ၉ နာရီထိအိပ်စက်ရန်လိုအပ်သည်။ သင်အိပ်စက်နေသော အချိန်တွင် ဦးနှောက်က နောက်နေ့အလုပ်လုပ်နိုင်ရန် အားအင်မွေးနေပါသည်။ ထို့ကြောင့် အိပ်ချိန်လုံလောက်စွာရှိမှ ဦးနှောက်က ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် သင်ယူလေ့လာခြင်း၊ ပြသနာများဖြေရှင်းခြင်း ၊ တိကျစွာဆုံးဖြတ်နိုင်ခြင်း နှင့် တီထွင်နိုင်စွမ်းများ တိုးလာခြင်း စသည့် ကောင်းကျိုးများကိုလည်းရရှိနိုင်ပါသည်။ သင်အိပ်စက်နေသော အချိန်တွင် သင့်ခန္ဓာကိုယ်ရှိပျက်စီးနေသော ဆဲလ်များ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်