အရင်ဆုံး အိပ်ရာပေါ်မှာ သက်တောင့်သက်သာ လှဲလိုက်ပါ ပြီးရင် ခြေဖဝါးနှစ်ခုကို ထိကပ်တဲ့ပုံစံနဲ့ ဒူးကွေးလိုက်ပါ လက်ဖဝါးဖြန့်ရက် ပုံစံနဲ့ လက်တွေကို ဖြေလျှော့ ဆန့်တန်းထားပါ တကယ်လို့များ ဒူးထဲက နာနေမယ်ဆိုရင် ဒူးအောက်ဘက်မှာ ခေါင်းအုံး ခပ်ပါးပါးလေး ခံထားပေးပါ ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။ ကလေးလေးလို နေပြီး အကြောလျှော့မယ်
- ခြေဖနောင့်ပေါ်မှာ သက်တောင့်သက်သာလေး ထိုင်ပေးပါ။ မြင်သာအောင် ပြောပြရရင် ကိုရီးယားကားထဲမှာ ဒူးတုတ်ထိုင်သလိုပေါ့။
- ပြီးရင် ခန္ဓါကိုယ်ကို အရှေ့ဘက်ကို ကိုင်းလိုက်ပါ။ နဖူးကို အိပ်ရာနဲ့ ထိတဲ့အထိပေါ့
- ရင်ဘတ်ကို ဒူးနဲ့ထိတဲ့အထိ ခန္ဓါကိုယ်ကို ချိုးချထားပါ။ သက်တောင့်သက်သာ ဖြစ်နေပါစေနာ်။
- လက်မောင်းတွေကိုလည်း ရှေ့ဘက်ကို ဆန့်ထုတ်ထားပါ။
- အခု ပြောခဲ့တဲ့ ပုံစံအတိုင်း သက်တောင့်သက်သာလေး နေပြီး အသက်မှန်မှန်လေး ရှုပေးပါ
- ဒီ လေ့ကျင့်ခန်းကို ၂ မိနစ်ကြာအောင် လုပ်ပေးပါ။
ဒူးတွေကို ပိုက်ပြီးအကြောလျှော့မယ်
- ပက်လက်လှဲလိုက်ပါ။
- ဒူးကွေးပြီး ဒူးနှစ်ဖက်စလုံးကို ရင်ဘတ်နဲ့ထိကပ်နေအောင် ပိုက်လိုက်ပါ
- ခြေမျက်စိနားကနေ ဒူးနှစ်ဖက်စလုံးကို သိုင်းဖက်ထားပေးပါ
- ဒူးကိုပိုက်ပြီး အသက်ရှုသွင်းရင်းနဲ့ ထထိုင်ပါ။ အသက်ရှုထုတ်ရင်းနဲ့ပြန်လှဲချပါ
- တစ်မိနစ်ကြာအောင်လုပ်ပေးပါ။
ပြီးရင်တော့ လက်တွေခြေထောက်တွေကို သက်တောင့်သက်သာ ဆန့်ထားပြီး ဝင်သက်ထွက်သက် မှတ်ပေးပါ။ဖြည်းဖြည်းချင်း အိပ်ပျော်သွားပြီး နိုးလာချိန်မှာလည်း အိပ်ရေးဝပြီး လန်းဆန်းနေပါလိမ့်မယ်။
ညတိုင်းအိပ်ရေးဝလို့ လန်းဆန်းတက်ကြွစွာနိုးထနိုင်ကြပါစေကြောင်း……
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။