ကဲ ဒီတော့ နေ့လည်ဘက် တရေးမှေးတာမှာ ကောင်းတဲ့ အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ် စာဖတ်ပရိသတ်ကြီးရေ။
ဒီလိုဆို ကိုယ်က နေ့လယ် တရေးလည်း မှေးချင် ကျန်းမာရေးကိုလည်း မထိခိုက်စေချင်ဘူးဆို ဘယ်လို အကျိုးရှိအောင် အိပ်ရမလဲဆိုတဲ့ အချက်တွေကို ပြောပြပေးမယ်နော်။
- မိနစ် ၂၀ ထက် ကြာအောင် မအိပ်ပါနဲ့။ မိနစ် ၂၀လောက်ပဲ တရေးမှေးမှ ပြန်နိုးလာတဲ့အချိန်မှာ အားအင်တွေပြည့်ဝနေပါလိမ့်မယ်။ မိနစ် ၂၀ ထက်ကြာသွားရင် ပြန်နိုးလာတဲ့အခါ နုန်းနေသလို ခံစားရပါလိမ့်မယ်။
- နေ့လယ်ဘက်ဆို ပတ်ဝန်းကျင်က ဆူနေတာများတဲ့အတွက် ဆိတ်ငြိမ်တဲ့ ဝန်းကျင်ကို ရွေးပြီးမှ တရေးမှေးပါ။
- နေ့လယ် ၂ နာရီနောက်ပိုင်းမှ တရေးအိပ်ရင် ညဘက် အိပ်စက်ခြင်းစက်ဝန်းကို ထိခိုက်စေတတ်လို့ ၂ နာရီ မတိုင်ခင် တရေးအိပ်တာကသာ အကောင်းဆုံးပါ။
ကဲ ဒီတော့ နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကောင်းတဲ့အချက်တွေလည်းရှိသလို နည်းလမ်းမှားနေရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိတယ်ဆိုတဲ့ အကြောင်းကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။
ရေးသားသူ- Dr Thin [email protected] Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။