နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မယ်လတိုနင်နဲ့ အိပ်စက်ခြင်း မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

တစ်ဘဝစာ အကျိုးရှိချင်ရင် အိပ်ရေးဝဝ အိပ်ကြနော်

ညညဆို အိပ်စက်ရခက်ခဲ၊ မနက်မနက်ဆို အိပ်ယာထဖို့ မနည်းကြိုးစားနေရတဲ့ အခြေအနေကြီးနဲ့ ရင်ဆိုင်နေရပြီလား။ အိပ်စက်တယ်ဆိုတာက လူတစ်ယောက်ရဲ့ ရှင်သန်နေထိုင်မှုမှာ သိပ်ကိုအရေးကြီးတဲ့ ကိစ္စနော်။ ဒီတော့ ညည ကောင်းကောင်းမအိပ်နိုင်ဖြစ်နေရင် နောက်တစ်နေ့ကျ လေးလံထိုင်းမှိုင်းပြီး ငူငိုင်နေတော့မှာပေါ့။ နေ့စဉ်ဘဝမှာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ရှိမနေရင် ဘဝက နေရထိုင်ရတာ မအီအသာနဲ့ ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ အရမ်းအိပ်တာ မကောင်းဘူး၊ ဒါပေမယ့် အိပ်ချိန်နည်းတာ၊ အိပ်ရေးမဝတာက လူကိုပိုပြီး အနှောင့်အယှက်ပြုတယ်။ လုံလုံလောက်လောက် အိပ်ထားတဲ့လူတွေကသာ နေ့စဉ်ကျန်းမာရွှင်လန်းနေမှာလေ။ အိပ်ရေးဝတဲ့အခါ အာရုံကြောတွေ အားကောင်းလာမယ်။ Multiple sclerosis လိုမျိုး auto immune disease တွေ မဖြစ်တော့ဘူး။ နောက်ပြီး အိပ်ရေးဝသူတွေဟာ ကိုယ်ခံအားကောင်းကြတယ်။ ဒါကြောင့် အအေးမိ၊ တုပ်ကွေးလို နာမကျန်းဖြစ်တာလောက်က မှုစရာမလိုတော့ဘူး။  နောက်ထပ် သိထားရတာက COVID-19 ကိုလည်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

အိပ်စက်ခြင်းဟာ အင်မတန်အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အိပ်ရေးမဝဘူးဆိုရင် လန်းဆန်းတက်ကြွနေမှာ မဟုတ်သလို ရေရှည်မှာလည်း စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားရောဂါတွေအပြင် accidentနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ပိုပြီးဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အိပ်တယ်လို့ ပြောလိုက်ရင် အတော်များများက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ထက် အိပ်ရေးဝဖို့ ဘယ်နှနာရီ အိပ်ရမယ်ဆိုတဲ့ quantity ကိုပဲ ဂရုပြုမိကြပါတယ်။ မှန်ပါတယ်။ တစ်ညကို ဘယ်လောက်အိပ်ရမယ်ဆိုတဲ့ အိပ်ချိန်ပမာဏက အရေးကြီးပါတယ်။ အိပ်ချိန်နည်းရင် တစ်နေ့တာမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် တချို့သူတွေမှာ တစ်ညကို ၈နာရီ၊ ၉နာရီ အိပ်ပြီး နိုးလာရင်လည်း အိပ်ရေးမဝတာ၊ မလန်းဆန်းတာမျိုးတွေ ရှိပါတယ်။ စာရေးသူကိုယ်တိုင်လည်း မကြာခဏ ဖြစ်ဖူးသလို လူတိုင်းလည်း ကြုံတွေ့ဖူးမယ်ထင်ပါတယ်။ အဲဒါက ဘာကြောင့်လည်းဆိုတော့ quantity လုံလောက်ပေမယ့် Quality မကောင်းလို့ပါ။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ

အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပါ။ ကောင်းကောင်း အိပ်မပျော်ရင် စိတ်ရောကိုယ်ပါ မကျန်းမမာဖြစ်နိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ မှန်ကန်သင့်လျော်ပြီး အိပ်စက်ခြင်းကို အားပေးတဲ့ အစားအစာတွေကို မှီဝဲပေးမယ်ဆိုရင် ညစဉ် အိပ်မပျော်တဲ့ဝေဒနာကို ခံစားရနိုင်ခြေနည်းပါးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအစားအစာတွေက ကောင်းကောင်းအိပ်စက်အနားယူနိုင်အောင် ကူညီပေးမယ့် သင့်လျော်တဲ့ အစားအစာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။ ကီဝီသီး - ကီဝီသီးကို မြန်မာပြည်မှာတော့ အစားနည်းကြပါတယ်။ ဒါပေမယ့် ကီဝီသီးဟာ သင့်ရဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် C ၊ ဗီတာမင် E ၊ Folate နဲ့ တခြားသော သက်စောင့်ဓာတ်များစွာပါဝင်တဲ့ ကီဝီသီးဟာ ကောင်းကောင်းအိပ်စက်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ချယ်ရီသီး - ချယ်ရီသီးနဲ့ ချယ်ရီသီးဖျော်ရည်တွေကလည်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝဝအိပ်ချင်သူတွေ သောက်သုံးပေးသင့်တဲ့ အဖျော်ယမကာ ၁၀ မျိုး

လူတိုင်း ကောင်းကောင်းအိပ်ပျော်ချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် လူတိုင်းတော့ ဆန္ဒမပြည့်ဝကြပါဘူး။ တချို့က အိပ်ရေးဝဝအိပ်ချင်သူတွေ အနေနဲ့ အိပ်မပျော်ကြတာမို့ အခက်တွေ့နေကြပါတယ်။ ဒီအခြေအနေကို ကုစာပေးနိုင်မယ့် နည်းလမ်းကတော့ အိပ်ရာဝင်ခါနီးမှာ သင့်လျော်တဲ့ အဖျော်ယမကာ တချို့ကို မှီဝဲ သောက်သုံးပေးတာပါပဲ။ တချို့သော သဘာဝအစားအစာတွေဟာ အိပ်ပျော်အောင် ကူညီပေးနိုင်ကြပါတယ်။ ဒါပေမယ့် ညပိုင်းတွေမှာ အစားအစာမှီဝဲတာက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တာမို့ အိပ်ချိန်နဲ့ ဝေးဝေး ဖျော်ရည်တွေကို မှီဝဲပေးတာက ပိုကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီး ၁နာရီနဲ့ ၁ နာရီခွဲဝန်းကျင်မှာ အောက်ပါ ဖျော်ရည်တွေကို သင့်တင့်တဲ့ ပမာဏ မှီဝဲပေးမယ်ဆိုရင် ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့ အကူအညီပေးနိုင်လိမ့်မယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။ အိပ်ရေးဝဝအိပ်ချင်သူတွေ အတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် အဖျော်ယမကာများ နို့ အိပ်စက်ခြင်းအတွက် အကောင်းဆုံး လက်နက်ပါပဲ။ နို့မှာပါဝင်တဲ့ Amino Acid […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့

ကျွန်မတို့အားလုံးနီးပါးဟာ တစ်ခါတရံမှာ အိပ်မပျော်တဲ့ညတွေကို ပိုင်ဆိုင်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ညပေါင်းများစွာ ဆက်တိုက်ဆိုသလို အိပ်မပျော်ဖြစ်နေရင်တော့ သင့်အနေနှင့် အကြောင်းရင်းကို အဖြေရှာပြီး အိပ်ပျော် အောင်ကြိုးစားသင့်နေပါပြီ။ ဒီဆောင်းပါးလေးမှာတော့ အိပ်မပျော်ခြင်းကို သက်သာစေမယ့် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ညဘက်ကောင်းကောင်း အိပ်ပျော် စေဖို့ ဒီအချက်တွေလိုက်နာစို့ (၁) ညဘက် ပုံမှန်အိပ်စက်ချိန် ထားပါ။ ကျန်းမာသောလူတစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်ညကို အနည်းဆုံး(၇)နာရီအိပ်စက်ဖို့လိုပါတယ်။ ညစဉ်ပုံမှန်အိပ်စက်ချိန်ထားပြီး ညတိုင်းအချိန်အတိအကျမှာ အိပ်ရာဝင်ဖို့ ကြိုးစားပါ။ တကယ်လို့ အိပ်ရာပေါ်ရောက်ပြီး မိနစ်၂၀အတွင်းမှာ အိပ်မပျော်သေးဘူးဆိုရင်တော့ ခဏထပြီး သီချင်းနားထောင်တာမျိူး စာဖတ်တာမျိူး လုပ်နိုင်ပါတယ်။ အနည်းငယ်ပင်ပန်းလာပြီဆိုရင်တော့ သူ့အလိုလိုအိပ်ပျော်သွားပါလိမ့်မယ်။ (၂) တစ်နေ့တာ စားသောအစားအသောက်များကို ပြန်လည်ဆန်းစစ်ပါ။ အိပ်ရာဝင်ခါနီးမှာ ဗိုက်ဟောင်းလောင်းဖြစ်နေတာမျိုးရော ဗိုက်အပြည့်ကြီးစားထားတာမျိုးရော မပြုလုပ်သင့်ပါဘူး။ နှစ်ချက်စလုံးက အိပ်မပျော်စေဖို့ ပိုတွန်းအားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မအိပ်ခင် ၃နာရီလောက်မှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာပျော်ရွှင်ခြင်းအတွက် သိပ်ကိုအရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမယ့် ဘာကြောင့် အိပ်ရေးဝဖို့ က အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ ။ ဘယ်လို အိပ်စက်သင့်လဲဆိုတာကိုရော သိကြပါရဲ့လား။ ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ လူခန္ဓာကိုယ်ကြီးအတွက် အရေးပါလှပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အိပ်ရေးဝဝမအိပ်စက်ဖြစ်ကြပါဘူး။ ခုခေတ်မှာဆို ပိုဆိုးပါတယ်။ လူတိုင်းက အရင်တုန်းကထက် အိပ်စက်ချိန်ပိုနည်းပါးလာကြတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ လူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့အတွက် အိပ်စက်ပေးဖို့လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ၈နာရီလောက်အိပ်ပေးမှ တက်ကြွ လန်းဆန်းတဲ့ နေ့ရက်လေးတွေ ရရှိမှာပါ။ တစ်ခါတစ်လေ အိပ်ရေးပျက်တာက အရမ်းကြီး ပြဿနာမရှိဘူးဆိုပေမယ့် အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ခန္ဓာ အတွက်ရော၊ စိတ်ခံစားချက်တွေပါ သိသိသာသာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ဖို့ တိုက်တွန်းနေရတာပါ။ အိပ်ရေးဝဝအိပ်စက်ဖို့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ

တစ်နေကုန် ရုံးအလုပ်၊ အိမ်အလုပ်တွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်သမျှကို ပျောက်သွားစေဖို့ အကောင်းဆုံးအချိန်ဟာ ညအိပ်ချိန်ပါပဲ။ ညဘက်မှာ ကောင်းစွာ အိပ်စက်အနားယူနိုင်ဖို့ဆိုတာ ခန္ဓာကိုယ်နဲ့ အရေပြားက ပူလောင်အိုက်စက်နေတာမျိုး မရှိဘဲ အေးအေးလေးနဲ့ လေဝင်လေထွက်ကောင်းနေမှ အဆင်ပြေမှာပါ။ မြန်မာနိုင်ငံလို ပူနွေးစိုစွတ်တဲ့ နိုင်ငံမှာဆိုရင် ညဘက်အိပ်စက်ဖို့ အဝတ်အစားကို သေချာရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ ။ ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ ဆိုတော့ အမျိုးသားများအတွက် လမ်းညွှန် မြန်မာအမျိုးသားတွေအတွက် အကောင်းဆုံးရွေးချယ်မှုကတော့ စွပ်ကျယ်နဲ့ ပုဆိုးပါပဲ။ ချည်သားစွပ်ကျယ်က ချွေးကို စုပ်ယူပေးသလို ပုဆိုးက လေဝင်လေထွက် ကောင်းတဲ့အတွက် လိင်အင်္ဂါက အနံ့အသက်ဆိုးတွေကိုလည်း လျော့နည်းစေပါတယ်။ ဘောင်းဘီကျပ်ကျပ်တွေလိုမျိုး ကိုယ့်အရေပြားနဲ့ အမြဲထိကပ်နေတာမဟုတ်လို့ အရေပြားယားယံတာ၊ ခြောက်သွေ့တာမျိုးလည်း သိပ်ပြီးမဖြစ်စေနိုင်ပါဘူး။ ဘောင်းဘီဝတ်ရတာမှ ကြိုက်တယ်ဆိုရင် အားကစား ဘောင်းဘီအတိုကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်ရခက်နေသူတွေအတွက် အလွယ်တကူအိပ်ပျော်စေမယ့် နည်းလမ်း ၁၂ ခု

ညရောက်ရင် အိပ်မှာပဲလို့ လူတိုင်းတွေးကြပါတယ်။ ဒါက သဘာဝမို့ပါ။ ဒါပေမယ့် ညရောက်တိုင်း အလွယ်တကူအိပ်ပျော်ရဲ့လားဆိုတာ တကယ်တွေးကြည့်ရင် ထင်သလောက်တော့ မဟုတ်တာကို သတိထားမိလာမှာပါ။ အထူးသဖြင့်တော့ အိပ်စက်ရခက်နေသူတွေအတွက် ပေါ့။ အိပ်ရာဝင်ချိန်ရောက်တိုင်း အိပ်စက်ဖို့ ခက်ခဲနေတာမျိုး လူတိုင်း ကြုံဆုံဖူးမှာပါ။ ဒီကနေ့ခေတ်လို လူတိုင်းနီးပါး ပူပင်သောကတွေများနေချိန်မျိုးမှာ ညညအိပ်မပျော်နိုင်သူတွေ အမြောက်အများရှိနေပါတယ်။ လူတွေ တွေးထင်သလောက် အလွယ်တကူအိပ်မပျော်နိုင်တဲ့အခါ အိပ်ရေးပျက်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်လာပါတယ်။ အိပ်ရေးပျက်တာဟာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာမို့ ခုလိုကာလမျိုးမှာ အန္တရာယ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ညအချိန်တွေမှာ အချိန်မှန်မှန် အိပ်ရေးဝဝအိပ်စက်ဖြစ်ဖို့ အလွယ်တကူအိပ်ပျော်ဖို့ လိုအပ်လာပါပြီ။ သိပ္ပံနည်းကျလေ့လာချက်တွေအရ တွေ့ရှိထားတဲ့ အိပ်စက်ရလွယ်ကူစေတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဒီလွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို ပြောပြပါရစေ။ အိပ်စက်ရခက်နေသူတွေအတွက် အလွယ်တကူအိပ်ပျော်စေမယ့် နည်းလမ်း ၁၂ ခု ၁။ အပူချိန်လျှော့ချပါ အခန်းအပူချိန် မြင့်မားရင် အိပ်ပျော်ဖို့ခက်ပါတယ်။ အေးရင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ

သင်ဟာ နေ့စဉ် ကိစ္စများမြောင်နဲ့ မအားမလပ် လှုပ်ရှားတက်ကြွနေမယ် ဆိုပါစို့။ အားရတယ် မရှိဘူး ဇယ်ဆတ်သလိုလုပ်နေရတာပဲ လို့လည်း နှုတ်ကနေ ဖွင့်ဟညည်းတွားမိပါလိမ့်မယ်။ သင်ဟာ တကယ်ကိုပဲ အလုပ်နဲ့ လက်နဲ့မပြတ်သူဆိုရင် နောင်မှာလည်း အလုပ်တွေကို အင်ပြည့်အားပြည့် လုပ်နိုင်အောင် ခေတ္တအနားယူဖို့တော့ လိုပါတယ်။ စိတ်ရောကိုယ်ပါ အပြည့်အ၀ အနားယူခြင်းကို ဆိုလိုပါတယ်။ နားနေချိန်မှာတောင် စိတ်ထဲမှာ လုပ်စရာတွေကို တန်းစီစဉ်းစားနေခြင်းဟာ သင့်အားအင်တွေကို ထင်သလောက် ပြန်ပြည့်ဝစေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ ။ ဒီလိုအခြေအနေတွေကြုံရင် အနားယူပါ ဂနာမငြိမ်ဖြစ်နေခြင်း သင့်အနေနဲ့ အလုပ်စားပွဲကထပြီး ထမင်းစားဖို့၊ တစ်နေရာမှာထိုင်ပြီး ကော်ဖီသောက်ဖို့တောင် အချိန်မပေးနိုင်ဖြစ်နေပါလိမ့်မယ်။ အပေါင်းအသင်းများနဲ့ တွေ့ဆုံစားသောက်စဉ်မှာလည်း သင့်စိတ်ဟာ စကားဝိုင်းမှာ ရှိမနေပါဘူး။ ထိုင်ရမလို ထရမလို အလုပ်ပဲပြေးလုပ်ရမလို ဝေခွဲမရဖြစ်နေတတ်ပါတယ်။ ကောင်းကောင်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ

ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ .... အိပ်စက် ခြင်းဟာ လူ့ကျန်းမာရေးနဲ့ အမြဲဆက်စပ်နေတတ်ပါတယ်။ လူတစ်ယောက်ကျန်းမာရွှင်လန်းစွာ ရှင်သန်နေထိုင်ချင်တယ်ဆိုရင် အိပ်စက်ချိန်ကို သတိထားဖို့ လိုအပ်မှာပါ။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ည ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်တွေမှာ အိပ်စက်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းကြပါတယ်။ ဒီအချိန်မှာစတင်အိပ်စက်ပြီး ပျမ်းမျှ ၆-၈ နာရီလောက် အိပ်စက်ပေးဖို့လည်း အကြံပေးတတ်ကြပါတယ်။ အကြောင်းကတော့ အိပ်ရာဝင်နောက်ကျခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ဟာ ဆက်စပ်နေတာကြောင့်ပါ။ အိပ်ရေးမဝဘူးဆိုရင် သင့်ကျန်းမာရေးဟာလည်းထိခိုက်လာနိုင်ပါတယ်။ ပြောင်းပြန်အနေနဲ့ အိပ်ရာစောစောဝင်ပြီး အိပ်ရေးဝဝအိပ်မယ်ဆိုရင် သင့်ကျန်းမာရေးကို အကျိုးရှိစေမှာပါတဲ့။ ညဉ့်မနက်ခင် စောစော အိပ်စက် ရင် သင် အရမ်းကျန်းမာလာမယ်ဆိုတာ သိပါလေစ တကယ်လို့သင်သာ သန်းခေါင်မတိုင်ခင် ဒါမှမဟုတ် ည ၉ နာရီနဲ့ ၁၀ နာရီအကြားမှာ ပုံမှန် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်