နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မယ်လတိုနင်နဲ့ အိပ်စက်ခြင်း မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်

အိပ်ရာကနေထလိုက်ပြီး ရုံး၊ ကျောင်းကိုသွားနေချိန်အထိ လူက အိပ်ချင်မူးတူး၊ အဝတ်အစားက ဖရိုဖရဲနဲ့ ပြေးပြေးလွှားလွှားသွားနေရတာတွေ များနေပြီလား။ ဒီမနက်တော့ စောစောထပြီး ပြင်ဆင်မယ်ကွာဆိုပြီး ကြိမ်းဝါးနေပေမယ့် မနက်တိုင်းမှ မနက်စာကို တစ်ဝက်တစ်ပျက်နဲ့ အလျင်စလိုစားသောက်ပြီး ပြေးလွှားသွားနေရတာချည်းပဲ ကြုံနေရပြီလား။ သူများတွေလို မနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွစွာနဲ့ ကြွကြွရွရွ လှလှပပလေး လုပ်ငန်းခွင်တွေ၊ စာသင်ခန်းတွေဆီသွားဖို့ ကိုယ်က ဘာလို့ ခက်ခဲနေတာပါလိမ့်။ လန်းဆန်းတဲ့ မနက်ခင်းလေးဖြစ်စေဖို့ တကယ်တမ်း လိုအပ်တာက အလေ့အကျင့်ပါပဲ။ မှန်ကန်တဲ့ အလေ့အကျင့်လေးရှိမယ်ဆိုရင် သင်လည်း မနက်စောစောမှာ လန်းဆန်းတက်ကြွစွာနဲ့ နေ့သစ်ကို စတင်နိုင်မှာပါ။ ဒီလိုမနက်ခင်းလေးတွေကို ပိုင်ဆိုင်စေဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို နေ့စဉ် လိုက်နာပေးဖို့ လိုပါလိမ့်မယ်။ ခြေလှမ်းသေးသေးကနေစ - မနက်တိုင်း အိပ်ရာကနေ အချိန်မှန်မှန်ထနိုင်ဖို့ အရင်ဆုံးလုပ်ရမယ်။ ဒီ ခပ်သေးသေး ခြေလှမ်းလေးဟာ အချိန်ကြာလာတဲ့အခါ ဘယ်လောက်တောင် အကျိုးရှိတယ်ဆိုတာကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

ပူပြင်းလှတဲ့ နွေရာသီမှာ အဲကွန်း ဒါမှမဟုတ် ပန်ကာတစ်လုံးမပါဘဲနဲ့ အိပ်ပျော်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါဆိုရင် တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်ဖို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးကိုရော ထိခိုက်နိုင်သလား စတဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေမှာပါ။ ကဲ ဒီလိုဆိုရင်တော့ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း ကို ကြည့်လိုက်ကြရအောင်။ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း အတူတူ အဖြေထုတ်ကြည့်ကြမယ်နော်။ ၁။      ‘White Noise’ ကို ဖန်တီးပေးနိုင်တယ်။ အနောက်နိုင်ငံတွေမှာ ‘White Noise’ ဆိုတဲ့အရာကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာတွေ့ရပါတယ်။ ‘White Noise’ ဆိုတာ ဘာလဲ။ လူအချို့ဟာ တိတ်ဆိတ်ငြိမ်သက်နေချိန်မှာ  အိပ်မပျော်တတ်ကြ ပါဘူး။ ဆူညံသံတချို့ကို ကြားနေရမှသာ အိပ်စက်တတ်ကြပါတယ်။ အသံအတုကို ဖန်တီး ပေးနိုင်တဲ့ ‘White Noise machine’ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ

ညဘက် အိပ်စက်တဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အိပ်စက်မှုပုံစံကို ရွေးချယ်အိပ်စက်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဟောက်တတ်တဲ့သူလား၊ နောက်ကျောနာကျင်တတ်တဲ့သူလား၊ ခါးနာတတ်တဲ့လူလား စသဖြင့် ကိုယ့်မှာရှိနေတဲ့ ဝေဒနာကို ကိုက်ညီသက်သာစေမယ့် ပုံစံမျိုးနဲ့ အိပ်စက်မယ်ဆိုရင် ပိုမိုပြီး သက်သောင့်သက်သာဖြစ်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အိပ်စက်နေချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ သက်သောင့်သက်သာရှိလှမှာမဟုတ်သလို အပြည့်အဝ အနားယူမှုလည်းဖြစ်မှာမဟုတ်တာကြောင့် ရေရှည်မှာ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေ စွဲကပ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ အိပ်စက်နိုင်စေဖို့ဆိုရင် နူးညံ့တဲ့ ခေါင်းအုံးနဲ့ မွေ့ရာတို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ ပုံမှန်အိပ်စက်မှုတွေမှာ အထောက်အကူဖြစ်စေပါတယ်။ အလွန်ဟောက်တတ်တဲ့သူနဲ့ အိပ်ရလို့ အိပ်မပျော်ဖြစ်နေတာ၊ စောစောစီးစီးတွေ နိုးနေတာ၊ မီးအလင်းရောင် မြင်နေရရင် အိပ်မပျော်တာမျိုးတွေ ကြုံနေရပြီဆိုရင် ပြန်လည်အိပ်ပျော်ဖို့ ကိုယ့်ရဲ့ လက်ရှိအိပ်စက်နေတဲ့ ပုံစံကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ ဆန်ဒီယေဂို တက္ကသိုလ်ရဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မီးဖွင့် ပြီး အိပ်တာ ကျန်းမာရေးအတွက် ကောင်းလား။

လူတိုင်းအတွက် အိပ်စက်ခြင်းဟာ ခဏတာ အတွက်ရော၊ ရေရှည် အတွက်ပါ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းရမှသာ စိတ်ရော၊ လူပါ အမြဲ ကျန်းမာရွှင်လန်းနေနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် တချို့ကတော့ မီးပိတ်ပြီးမှ အိပ်တတ်တယ်၊ တချို့ကတော့ မီးဖွင့်ထားမှ အိပ်ပျော်တယ် စသည်ဖြင့် အိပ်တာနဲ့ ပတ်သတ်ပြီး အမျိုးမျိုး ကွဲပြားနေကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မီးဖွင့်ပြီး အိပ်ခြင်းနဲ့ ကျန်းမာတဲ့အိပ်စက်ခြင်း ဘယ်လို ဆက်နွယ်နေတယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။ (၁) ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ လူတိုင်းအတွက် ဘာ့ကြောင့် အရေးပါသလဲ။ ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ ၁။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိန်းသိမ်းပြုပြင်ပေးနိုင်ခြင်း။ ၂။ ဖျားနာခြင်းတွေနဲ့ နာတာရှည်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ခြင်း။ ၃။ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း။ ၄။ ကြွက်သားတွေ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည် သန်စွမ်းလာအောင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ရာ မဝင်ခင် ရှောင်သင့်တဲ့ အစားအစာတွေ

ပုံမှန် ကျွန်တော်တို့ အစာစားချိန်ဟာ မနက်၊ နေ့လည်၊ ည ဆိုပြီး ယေဘုယျအားဖြင့် ၃နပ် ခွဲထားပါတယ်။ တချို့လူတွေကတော့ ကိုယ်အလေးချိန် တက်ချင်လို့၊ သို့မဟုတ် ကျချင်လို့ diet လုပ်တဲ့အနေနဲ့ အကြိမ်ရေ ခွဲစားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ညအိပ်ချိန်နဲ့ နီးအောင် အစာစားတာကတော့ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ကလီစာတွေက တစ်နေ့လုံး အလုပ်လုပ်ထားတဲ့အတွက် ညအိပ်ခါနီးဆိုရင် ပင်ပန်းပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က မအိပ်ဘဲ အစားတွေ စားနေမယ်ဆိုရင် အစာခြေစနစ်ကို သွားပြီး ထိခိုက်ပါတယ်။ ဒါ့အပြင် လူက ဗိုက်ပြည့်တင်းနေတဲ့အခါ ရင်ပြည့်သလို ဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်တော့သလို မနက်ထလာရင်လည်း အီလည်လည် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ရာမဝင်ခင် ရေသောက်ရအောင်

ကျန်းမာစေဖို့ ရေသောက်ရမယ်ဆိုတာ အားလုံးသိထားပြီးသားပါ။ လူတစ်ယောက်က အကြမ်းအားဖြင့် တစ်ရက်ကို ရေ ၂-၃လီတာလောက် သောက်ဖို့ လိုပါတယ်။ တစ်နေကုန် ရေသောက်ဖြစ်ရင်တောင် အိပ်ချိန်မှာတော့ ညဘက် ရှူးထပေါက်မှာစိုးလို့ မသောက်ကြပါဘူး။ တစ်ညကို ၇-၈နာရီလောက် အိပ်ရတဲ့အတွက် အဲ့ဒီအချိန်မှာ ရေဓာတ်လိုအပ်နေနိုင်ပါတယ်။ ဒါကြောင့်  ညအိပ်ရာမဝင်ခင် ရေသောက်ရအောင် လို့ပြောတဲ့အခါ ရေဓာတ်လိုအပ်ချက်လည်း ပြည့်မီအောင် ညဘက်လည်း ရှူးထမပေါက်ရအောင် နည်းလမ်းလေးတော့ လိုတာပေါ့။ ညအိပ်ရာမဝင်ခင်ရေသောက်တာ ကောင်းလား......... အသက်ရှူတာ၊ ချွေးထွက်တာနဲ့ ဆီးထသွားတာတို့ကြောင့် တစ်ညတာမှာ ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးတာတွေရှိပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် နာရီဝက်၊ ၁နာရီလောက်အလိုမှာ ရေအနည်းငယ် သောက်ပေးပါ။ အများ​ကြီးတော့ မသောက်စေချင်ပါဘူး။ အကြောင်းက ရေအများကြီးသောက်မိတဲ့ အခါ ဆီးခဏခဏ ထသွားရတာကြောင့် မလိုအပ်ဘဲ အိပ်ရေးပျက်တာမျိုးတွေ ခံစားရနိုင်တာကြောင့်ပါ။ အသက်အရွယ်ကြီးရင့်တဲ့သူတွေအနေနဲ့ကတော့ ညအိပ်ရာမဝင်ခင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကမ္ဘာ့အကျန်းမာဆုံး လူသားတွေရဲ့ အိပ်ချိန် စည်းမျဉ်း (၈) ခု

ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်က လူတစ်ယောက် ကျန်းမာပျော်ရွှင်စေဖို့ရော အသက်ရှည်စေဖို့ကိုပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကမ္ဘာ့အကျန်းမာဆုံး လူသားတွေရဲ့ အိပ်ချိန် စည်းမျဉ်း (၈) ခု အကြောင်း လေ့လာလိုက်စို့နော်။ ကိုစတာရီကာ၊ ဂရိနဲ့ ဂျပန် တို့လို အသက်ရှည်သူ အများဆုံးရှိတဲ့ နိုင်ငံတွေမှာ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေ များတဲ့ အပြင် ကျန်းမာရေးလည်း ပိုကောင်းကြပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု နဲ့ အလေ့အထဆိုင်ရာ လျှို့ဝှက်ချက်တွေ ဆိုတာလည်း တကယ်တော့ ထူးထူးခြားခြား မရှိနေပါဘူး။ သူတို့က သဘာဝကျကျ လှုပ်လှုပ်ရှားရှား နေတယ်၊ ဘဝကို ရည်ရွယ်ချက်ရှိရှိ အသက်ရှင်တယ်၊ ဒါမှမဟုတ် နေ့တိုင်း ဝိုင်နီ တစ်ခွက်သောက်တယ် ဒါမျိုးပါပဲ။ ကမ္ဘာ့နေရာ အနှံ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကျန်းမာတဲ့ အိပ်စက်ခြင်း မျိုးရအောင် ဘာတွေ သတိထားရမလဲ။

တစ်နေ့တာလုံးအတွက် လန်းဆန်းနေဖို့၊ စိတ်ကြည်လင်နေဖို့၊ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့ အတွက် အိပ်စက်ခြင်း ဟာ အရမ်းကို အရေးကြီးပါတယ်။  အိပ်စက်တဲ့ အခါမှာလည်း healthy and good night sleep လို့ခေါ်တဲ့ ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးဖြစ်မှသာ စိတ်ကျန်းမာရေး ရော၊ ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ အကောင်းဆုံးရလဒ်တွေ ကိုရလာမှာပါ။ ဒါ့ကြောင့် သင့်အတွက် အကျိုးရှိပြီး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုး ရစေဖို့ အတွက် ဘယ်လိုတွေ အိပ်စက်သင့်တယ်၊ ဘာတွေ သတိထားရှောင်ကြဉ်ရမယ်ဆိုတာလေးတွေ သိထားဖို့ လိုအပ်လာပါပြီ။ (၁)ပထမဦးဆုံး အချက်အနေနဲ့ ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားဖို့ပါ။ ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီ အချိန်ရောက်တိုင်း အိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ပိုကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးရအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ အားလပ်ရက် ပိတ်ရက်တွေ၊ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

အိပ်ရေးကောင်းကောင်းဝဖို့ဆိုတာဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို အားပြည့်လန်းဆန်းစေပါတယ်။ ကောင်းစွာအိပ်စက်အနားယူပြီးချိန်မှာ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်းရည်၊ ဖန်တီးနိုင်မှုစွမ်းရည် စတာတွေ မြင့်မားနေတတ်ပါတယ်။ ဒါ့အပြင် လုံလောက်စွာ အိပ်စက်ခြင်းဟာ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်း စတာတွေကိုလည်း ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အဆိုပါအကျိုးကျေးဇူးများကို သိရှိကြပေမယ့်လည်း လူသားများအနေနဲ့ အိပ်ချိန်ဟာ နည်းသည်ထက်နည်းလာကြပါတယ်။ မှတ်သားထားရမယ့် အချက်ကတော့ အိပ်စက်ခြင်း အလေ့အထဟာ မွေးမြူလို့ ရပါတယ်။ အိပ်ရေး၀၀အိပ်စက်နိုင်ဖို့ အကူအညီပေးမယ့် အချက်တွေလည်း ရှိပါတယ်။ ယခုဖော်ပြမယ့် အချက်အလက်တွေကတော့ အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ ပဲ ဖြစ်ပါတယ်။ အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ ၁။ မယ်လတိုနင် မယ်လတိုနင်ဟာ ကိုယ်ခန္ဓာထဲကနေ သဘာဝအလျောက် ထွက်ရှိတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဦးနှောက်ကို အိပ်ချိန်ရောက်ပြီဖြစ်ကြောင်း အချက်ပြတဲ့ဟော်မုန်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ

ညအချိန် ကောင်းကောင်းအိပ်စက်အနားယူခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ မအိပ်မနေ အလုပ်လုပ်ကိုင်ခြင်းဟာ ဂုဏ်ယူစရာဖြစ်ပေမယ့် မကြာခဏ အိပ်ရေးပျက်လာမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ တိုးတက်ခေတ်မီပြီး အပြိုင်အဆိုင်များလာခြင်း၊ စိတ်ဖိစီးမှုများလာခြင်း စတာတွေကြောင့် အိပ်စက်ခြင်းကို ထိခိုက်လာစေပါတယ်။ ဒီတစ်ခေါက်တော့ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ၁။ အိပ်ရေးမဝရင် ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။ အိပ်ချိန် ကောင်းကောင်းမရှိခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ သုတေသနစာတမ်းအချို့အရ အိပ်စက်ချိန် အလုံအလောက်မရှိသူများဟာ အိပ်ရေးဝသူများထက် သိသိသာသာ ဝတတ်တယ်လို့ သိရပါတယ်။ တကယ်တော့ အဝလွန်ခြင်းနဲ့ အိပ်ချိန် နည်းပါးခြင်းဟာ သိသာစွာ ဆက်စပ်မှု ရှိပါတယ်။ သုတေသနတခုမှာ အိပ်စက်ချိန် အလုံအလောက်မရှိတဲ့ ကလေးနဲ့လူကြီးတွေကို လေ့လာခဲ့ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်