backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိပ်တိုင်း ကျန်မားရေးအတွက် အကျိုးရှိသလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိပ်တိုင်း ကျန်မားရေးအတွက် အကျိုးရှိသလား ။ ။

အိပ်တယ်ဆိုတာ လူတိုင်း မွေးကတည်းက နေ့တိုင်းလုပ်နေရတဲ့ မလုပ်မဖြစ် အလုပ်တွေထဲက တစ်ခုပါ။ ပြောကြတာတွေရှိပါတယ်။ အိပ်မှအားရှိတာ။ အိပ်ရေးပျက်ရင် မကောင်းဘူးစတာတွေပေါ့။ သူတို့တွေ ပြောကြသလိုမျိုး အိပ်တိုင်း ကောင်းတာလား။ ။

ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေး ပေါ်ထွက်လာရတာဖြစ်ပါတယ်။ ဒါဆို ဘယ်လိုမျိုး အိပ်စက်တာက အတော်အသင့်လဲ ။

 

အသက်အရွယ်

မွေးကင်းစ ကလေးငယ်

နို့စို့အရွယ်ကလေးငယ်

လမ်းလျှောက်တတ်စအရွယ် ကလေးငယ်

မူကြိုအရွယ် ကလေးငယ်

ကျောင်းနေအရွယ် ကလေးငယ်

ဆယ်ကျော်သက်

အရွယ်ရောက်ပြီးတဲ့သူ

သက်ကြီးရွယ်အို

တစ်နေ့တာ ရှိသင့်တဲ့အိပ်စက်ချိန်

၁၄ နာရီ ကနေ ၁၇ နာရီ

၁၂ နာရီ ကနေ ၁၅ နာရီ

၁၁ နာရီ ကနေ ၁၄ နာရီ

၁၀ နာရီ ကနေ ၁၃ နာရီ

၉ နာရီကနေ ၁၁ နာရီ

၈ နာရီ ကနေ ၁၀ နာရီ

၇ နာရီ ကနေ ၉ နာရီ

၇ နာရီ ကနေ ၈ နာရီ

အိပ်စက်ချိန်မလုံလောက်တဲ့အခါ ရောဂါလက္ခဏာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်လာရမှာဖြစ်သလို အိပ်ချိန်တအားများရင်လည်း ကျန်းမာရေးထိခိုက်လာနိုင်တာမျိုးတွေရှိပါတယ်။ အိပ်ချိန်နည်းတာကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို လူတိုင်းသိပြီးဖြစ်တာကြောင့် အိပ်ချိန်များတာကရော ဘယ်လို ကျန်းမာရေးကို ထိခိုက်စေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အအိပ်များတာကြောင့်ဖြစ်နိုင်တဲ့ရောဂါများ

ဆီးချို လေ့လာမှုတွေအရ အိပ်ရေးပျက်တာက ဆီးချိုရောဂါကိုဖြစ်စေနိုင်သလို အအိပ်များလွန်းတာကလည်း ဆီးချိုရောဂါကိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ။

နှလုံးရောဂါ တစ်ညကို အိပ်ချိန် ၉ နာရီ ကနေ ၁၁ နာရီ ကြားအိပ်စက်တဲ့အမျိုးသမီးတွေက တစ်ညကို ၈ နာရီသာအိပ်တဲ့အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေက ၃၈ ရာခိုင်နှုန်းကျော်ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။ အအိပ်များတာနဲ့ နှလုံးရောဂါကြားကဆက်စပ်မှုကို အခုထိတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ ။

အဝလွန်ခြင်း အိပ်ချိန်တအားနည်းတာကြောင့် ကိုယ်အလေးချိန်တိုးနိုင်သလို အိပ်ချိန်တအားများတာကြောင့်လည်း ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ ၆ နှစ်ကျော်လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ညတိုင်းအိပ်ချိန် ၉ နာရီ ကနေ ၁၀ နာရီအတွင်းအိပ်စက်သူတွေက တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီကြားအိပ်တဲ့သူတွေထက် အဝလွန်နိုင်ခြေ ၂၁ ရာခိုင်နှုန်းပိုများနေတာကိုတွေ့ရှိခဲ့ပါတယ်။

ခေါင်းကိုက်ခြင်း– အိပ်စက်ချိန်က ပုံမှန်အိပ်စက်နေကျအတိုင်းအတာထက် ပိုများသွားရင် အချို့သူတွေမှာခေါင်းကိုက်တာကိုခံစားရလေ့ရှိပါတယ်။ သုတေသီတွေကတော့ အအိပ်များတာကserotonin အပါအဝင် ဦးနှောက်ထဲကneurotransmitterတွေအပေါ်မှာ သက်ရောက်မှုရှိတာကြောင့် လို့ယူဆကြပါတယ်။နေ့ဘက်မှာ တအားအိပ်ထားတဲ့သူတွေမှာ ညအခါကောင်းကောင်းအိပ်မပျော်ဘဲဖြစ်တတ်တာကြောင့်နောက်တစ်နေ့မနက်မှာခေါင်းမကြည်၊ ခေါင်းကိုက်ေနတာမျိုးတွေခံစားရနိုင်ပါတယ်။

ခါးနာခြင်း –အိပ်နေတဲ့အချိန် တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ခါးကထိန်းထားရတဲ့အတွက် အိပ်ချိန်များလေလေ ခါးနာလေလေပါပဲ။ ။

စိတ်ဓါတ်ကျခြင်း –များသောအားဖြင့်တော့ အိပ်ချိန်နည်းတာနဲ့ စိတ်ဓါတ်ကျတာနဲ့က ဆက်စပ်နေတာပါ။ ဒါပေမယ့် တစ်ချို့လူတွေက စိတ်ဓါတ်ကျတဲ့အခါ ပုံမှန်ထက်ပိုမိုအိပ်စက်တတ်ကြပါတယ်။။ အိပ်တာ အရမ်းများသွားရင်လည်း လန်းဆန်းမှု မရှိတော့ဘဲ စိတ်ဓါတ်ကျတာ ပိုဆိုးသွားနိုင်ပါတယ်။ ။

သေဆုံးစေနိုင်ခြင်း–လေ့လာမှုတော်တော်များများမှာ တစ်ညကို ၉ နာရီ (သို့) ၈ နာရီကျော်အထိအိပ်စက်လေ့ရှိသူတွေဟာ တစ်ညကို ၇ နာရီကနေ ၈ နာရီလောက်သာအိပ်စက်သူတွေထက်သေဆုံးနိုင်ခြေပိုများနေတာကိုတွေ့ရှိရပါတယ်။ စိတ်ဓါတ်ကျတာနဲ့ လူမှုစီးပွားအဆင့်အတန်းနိမ့်ကျမှုကလည်း အိပ်စက်ချိန်များနေတာနဲ့ဆက်စပ်နေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် တစ်ညကို ၇ နာရီ ကနေ ၈ နာရီအထိအိပ်စက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်မှုအလေ့အကျင့်ကိုမွေးမြူပါ။ အိပ်ချိန် ထချိန်မှန်အောင်အလေ့အကျင့်လုပ်ပါ၊ အိပ်ခါနီး အရက်နဲ့ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေမစားပါနဲ့။လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အိပ်ယာဝန်းကျင်ကို အိပ်ချင်စဖွယ်ဖြစ်အောင်လုပ်ဆောင်တာကကောင်းမွန်တဲ့ အိပ်စက်မှုရရှိအောင်အထောက်အကူပြုပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement