နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မယ်လတိုနင်နဲ့ အိပ်စက်ခြင်း မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရာမဝင်ခင် စာဖတ်ပါ

အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းကို အကျိုးပြုနိုင်တယ်ဆိုတာကို တော်တော်များများ ဖတ်ဖူးမှတ်ဖူးကြပါတယ်။ ဒါပေမယ့် လူအတော်များများမသိကြတာတော့ အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းတစ်ခုတည်းကိုသာ အကျိုးပြုတာမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများအပြားကိုလည်း ဆောင်ယူလာပေးနိုင်ပါတယ်။ Tesla ရဲ့ CEO (အမှုဆောင် အရာရှိချုပ်) ဖြစ်တဲ့ အီလွန် မတ်စ်ဟာ အိပ်ရာမဝင်ခင်မှာ စာဖတ်တဲ့ အလေ့အထရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒုံးပျံတွေတည်ဆောက်ဖို့ စာအုပ်တွေဖတ်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့လိုလေ့လာဖို့ အိပ်ရာမဝင်ခင် အချိန်တွေမှာ စာဖတ်ခဲ့တာပါ။ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေထဲမှာ အိပ်ရာမဝင်ခင် စာဖတ်ကြသူတွေအမြောက်အများရှိပါတယ်။ Facebook ရဲ့ မာ့ခ် ဇက်ကာဘတ်တို့၊ ဝါရင် ဘတ်ဖတ်တို့လည်း ဒီလို အလေ့အထမျိုးတွေ ရှိကြပါတယ်။ ဝါရင် ဘတ်ဖတ်ဆိုရင် တစ်နှစ်မှာ စာအုပ် ၆၀ ဖတ်လေ့ရှိပြီးတော့ အဲ့ဒီစာအုပ်အားလုံးကို ညပိုင်းတွေမှာ ဖတ်ကြတာပါ။ ဒီလို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝရင် ပိုလှတယ်တဲ့

တကယ်လို့များ သင်က အလှအပကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုပါစို့။ အိပ်စက်ခြင်းဟာ သင့်ရဲ့ အလှတရားကို အထောက်အကူပြုစေမယ့် အကောင်းဆုံးလက်နက်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ အိပ်ရေးဝရင် ပိုလှတယ်တဲ့ ဆိုတာ အလကားမှမဟုတ်တာ။ လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီ ပတ်ဝန်းကျင်လောက် ပုံမှန် အိပ်စက်ပေးမယ်ဆိုရင် အသားအရေ လှပနုပျိုမှုကို အများကြီး အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ပုံမှန်အိပ်စက်ပေးမယ်ဆိုရင် ၂ ပတ်ကနေ ၃ ပတ်အတွင်း မိမိရဲ့ရုပ်ရည်ဟာ ပိုမိုကြည့်ကောင်းလာနိုင်တယ်လို့ သိပ္ပံဆိုင်ရာ လေ့လာချက်တွေက ဆိုထားကြပါတယ်။ လူ့ခန္ဓာကိုယ်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာ ရုပ်ခန္ဓာကြီးရဲ့ ယိုယွင်းနေမှုတွေကို ပြန်လည်ပြင်ဆင်ပေးနေမှာဖြစ်တာကြောင့်ပါ။ တစ်နေ့ကို အိပ်ချိန် ပျမ်းမျှ ၆ နာရီထက် နည်းပါးမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့လာရမှာဖြစ်ပါတယ်။ အိပ်ရေးဝရင် ပိုလှတယ်တဲ့ လုံလောက်စွာ အိပ်စက်ရင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု

အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း အကျိုးရှိစေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။ နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်သူတွေအတွက် ဆေးတစ်ခွက်ဖြစ်မယ့် ချယ်ရီသီး

အရောင်ရင့်စိုစိုနဲ့ ချယ်ရီသီး တွေကို မားကတ်တွေမှာ အမြဲလိုလိုတွေ့ရတာများပါတယ်။ ပြည်တွင်းမှာမရနိုင်ဘဲ သွင်းကုန်အသီးတစ်မျိုးဖြစ်တဲ့ ချယ်ရီသီးကို ဘာလို့ကြိုက်ကြ၊ စျေးကြီးပေးဝယ်ကြတာလဲ။ သူ့အရသာက အချိုလည်းမပြင်း၊ အချဉ်လည်းမပြင်း၊ အရမ်းလည်းမမွှေးဘဲ လူကြိုက်များတဲ့အကြောင်းရင်းက ဆိုးကျိုးသက်ရောက်မှုနည်းပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိနေလို့ပါပဲ။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့လို နာတာရှည်ဝေဒနာရှင်တွေအတွက် အသုံးဝင်ဆုံးဓာတ်စာတစ်မျိုးပဲလေ။ ဒါဆိုရင် ချယ်ရီသီးက ဘယ်လိုအာနိသင်တွေရှိနေတာလဲ မသိချင်ဘူးလား။ လေ့လာမှုတွေအရတော့ ချယ်ရီသီးတစ်ပန်းကန်လုံးစာ(၂၁လုံးခန့်) စားရင် ကယ်လိုရီ ၁၀၀ တောင်မရှိသလို တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် စီရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်တဲ့။ ချယ်ရီသီး က - အိပ်မပျော်ခြင်းကို ကုစားပေးတယ် ချယ်ရီသီးတွေဟာ အိပ်စက်မှုစက်ဝန်းကို ထိန်းချုပ်ပေးနိုင်တဲ့ မယ်လာတိုနင်ဟော်မုန်းကို ရရှိနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းရရှိနိုင်တဲ့ အစားအစာအရင်းအမြစ်က နည်းနည်းတော့ ရှားတယ်လေ။ သုတေသနရလဒ်မှာဆိုရင် ချယ်ရီသီးဖျော်ရည်ကို မနက်တစ်ကြိမ်၊ ညခါနီး တစ်နာရီအလိုလောက်မှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ

ညညအိပ်မပျော်ဘူး။ မနက်နိုးလာတိုင်းလည်း အိပ်ရေးမဝဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ တစ်ညတာ အိပ်စက်မှုက ကျန်းမာပျော်ရွှင်နေစေဖို့ အများကြီး အထောက်အကူပြု ပါတယ်။ ဒါကြောင့် ညစဉ် ကောင်းစွာ အိပ်ပျော်စေဖို့ မအိပ်ခင်မှာ ဒီသောက်စရာလေးတွေကို သောက်ပေးပါ။ ညအိပ်ပျော်အောင် ဘာတွေသောက်ရမလဲ ဆိုတော့ - Malt milk Malt milkတွေမှာ သံဓာတ်၊ ဇင့်၊ ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် B အပြင် အမိုင်နိုအက်ဆစ်တို့ ပါဝင်နေတာကြောင့် ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။ နို့ မအိပ်ခင် ၁ နာရီခွဲ အလိုလောက်မှာ နွားနို့ ပူပူလေး တစ်ခွက် သောက်ပေးတာက ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားယူနိုင်စေဖို့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား

မနက်ခင်းအေးအေးလေးမှာ လက်ဖက်ရည်အရသာရှိရှိလေး သောက်ရတာ၊ ကော်ဖီပူပူလေးသောက်ရတာ ကြိုက်လို့ဆိုပြီး သောက်တယ်။ နေ့လယ်ခင်းကျ အပျင်းပြေဆိုပြီး လက်ဖက်သုပ်လေးစားတယ်။ ကော်ဖီလေးသောက်တယ်။ အချိုရည်တစ်မျိုးမျိုးသောက်လိုက်တယ်ဆိုပါတော့ ညကျတော့လည်း စာအုပ်လေးဖတ်ရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ကဖင်းကတော်တော်လေးများပြီလေ။ ဒီလို ကဖင်းများတာက တစ်နေကုန်တော့ မသိဘူးပေါ့။ ညရောက်တော့ အလန်းလွန် အလွန်လန်းလို့  အိပ်မရဖြစ်နေပြီဆိုရင်တော့ သေချာတယ်။ တစ်နေကုန် ကဖင်းကို တော်တော်လေး စားမိလိုက်ပြီဆိုတာလေ။ ဒီလိုနဲ့ ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား ..... ကဖင်းများနေပြီလား........ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များနေပြီဆိုရင် ကတုန်ကယင်ဖြစ်မယ် အတွေးများမယ် စကားတွေအရမ်းပြောမိမယ် အာရုံမစိုက်နိုင်ဖြစ်မယ် မအီမသာဖြစ်မယ် သွေပေါင်ချိန် တက်မယ် နှလုံးခုန်မြန်မယ် စိတ်တိုလွယ်မယ် စိုးရိမ်စိတ် များမယ် အိပ်မပျော် ဖြစ်မယ် ချွေးစေးတွေ ထွက်မယ် မူးဝေမယ် အော့အန်မယ် အရမ်းမောနေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ကဖင်းတွေလွန်လို့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝအောင်အိပ်ကြပါ

ညဉ့်နက်တဲ့အထိ အလုပ်တွေလုပ်နေရလို့ပဲဖြစ်ဖြစ်၊ ဇာတ်လမ်းကြည့်ကောင်းလို့ပဲဖြစ်ဖြစ် ရံဖန်ရံခါ အိပ်ရေးပျက်တာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေတော့ ကိစ္စမရှိပေမဲ့ နေ့တိုင်းလိုလို အိပ်ရေးဝအောင်မအိပ်ရရင်တော့ ကျန်းမာရေးထိခိုက်လာတော့မှာပါ။ ဒါဆိုဘာလို့ အိပ်ရေးဝအောင်အိပ်ဖို့လိုတာလဲ၊ အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာဘယ်လိုတွေထိခိုက်လာနိုင်သလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။ အိပ်ရေးမဝတာက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးကောင်းကောင်းဝအောင်မအိပ်ရတဲ့ ရက်တွေများလာရင် ပြင်ပကဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူဝင်ရောက်ပြီး အအေးမိတုပ်ကွေးရောဂါလိုရောဂါတွေ ပိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ တခြားရောဂါတစ်ခုခုကြောင့် နေထိုင်မကောင်းဖြစ်နေချိန်မှာ ကောင်းကောင်းမအိပ်စက်ရရင်လည်း ရောဂါပျောက်ကင်းဖို့အချိန်ပိုကြာသွားနိုင်ပါတယ်။ ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုရင် ကျွန်တော်တို့တွေအိပ်ပျော်နေချိန်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်က cytokines လို့ခေါ်တဲ့ ပရိုတင်းတွေထုတ်လုပ်ပေးပါတယ်။ ဒီပရိုတင်းတွေက အိပ်စက်မှုကိုအားပေးပါတယ်။ တချို့ cytokine အမျိုးအစားတွေက ရောဂါဖြစ်နေချိန်၊ စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်လိုအပ်ချက်အရပိုထွက်လာပါတယ်။ အိပ်ရေးဝအောင်မအိပ်ရင် ဒီပရိုတင်းတွေထွက်ရှိမှုနည်းသွားပါတယ်။ နောက်ပြီး အိပ်ရေးပျက်တာများရင် ပြင်ပရောဂါပိုးမွှားတွေကို တိုက်ထုတ်မယ့် ပဋိပစ္စည်းတွေ၊ ဆဲလ်တွေလည်း အရေအတွက် နည်းပါးလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုတိုပြောရရင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်အိပ်ပျော်အောင် ဘယ်လိုအိပ်ကြမလဲ။

ပြိုင်ဆိုင်မှုတွေများလာတဲ့ ကမ္ဘာကြီးမှာ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဆိုတာ နေ့စဉ် စိန်ခေါ်မှုကြီးလိုဖြစ်လာပါတယ်။ ဒါပေမယ့် မျက်စိအကျင့်၊ ဝမ်းအချင့် ဆိုတဲ့ စကားအရဆို အိပ်ရေးဝဖို့နဲ့ အိပ်ချိန်မှန်ဖို့က ကိုယ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် သဘာဝတရားအရ အကောင်းဆုံး အားသစ်လောင်းပေးတဲ့ နှစ်ခြိုက်စွာ အိပ်စက်နိုင်မှုဆီကို ညင်ညင်သာသာလေး အရောက်လှမ်းနိုင်ဖို့ ညဘက်အိပ်ပျော်အောင် ဘယ်လိုအိပ်ကြမလဲ။ ရိုးရိုးရှင်းရှင်း လိုက်လုပ်လို့ရတဲ့ အရာလေးတွေကို သိရအောင်လို့ ဆက်ဖတ်ကြည့်ပါနော်။ ညဘက်အိပ်ပျော်အောင် ဘယ်လိုအိပ်ကြမလဲ။ ၁။   ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ပါ။ အိပ်ချိန်ရောက်ပြီဆိုရင် ဦးနှောက်က ကိုယ်ခန္ဓာကို အချက်ပြရင်း ဇီဝနာရီက အဲဒီအိပ်ချိန်အတိုင်း ချိန်ညှိသွားမှာပါ။ အိပ်ရာဝင်ခါနီး တခြားဘာအတွက်မှ အချိန်မပေးပါနဲ့ ။ တခြားကို စိတ်ရောက်နေရင် ခန္ဓာကိုယ်က နားချင်နေတာတောင် စိတ်က ဆန့်ကျင်ဘက်အရာကို လုပ်နေမိမှာပါ။ အဲ့လို အိပ်ခါနီး စိတ်ပူမနေရအောင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ

ည အိပ်ချိန် ပြည့်ဝစွာရှိခြင်းဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကိုယ်က ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူနိုင်မှ နောက်တစ်နေ့ နိုးလာတဲ့အခါ လူကလန်းဆန်းတက်ကြွနေပြီးတော့ အားအင်အပြည့်အဝရှိနေမယ်။ ကိုယ်တွင်းအင်္ဂါတွေလည်း ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်လို့ ကျန်းမာစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားမယ်လို့ ထင်ပါတယ်။ လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တွေဟာ အိပ်ချိန်နည်းလာကြတယ်။ ညကို နောက်ကျမှအိပ်လာကြတယ်။ မနက်နဲ့ ညအိပ်ချိန် မှားယွင်းလာကြတယ်။ အဲ့တော့ ဘာဖြစ်သလဲ၊ သဘာဝက ပုံမှန်လည်ပတ်ဖို့ ဖန်တီးထားတဲ့ ဂေဟစနစ်က ပျက်စီးလာတော့တာပေါ့။ ဒါကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်ကို မလျှော့လိုက်ပါနဲ့။ အိပ်ချိန်လျော့လျင် အသက်ပါမြန်မြန်တိုတတ်တယ်ဆိုတာ သတိပြုပေးပါ။ ခုဆောင်းပါးမှာ လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ နေ့ရက်တိုင်းဟာ ပိုပြီး ပျော်ရွှင်စရာကောင်းလာမယ်။ ဒီအချက်က တိုက်ရိုက်ကော သွယ်ဝိုက်ပြီးတော့လည်း မှန်ကန်ပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက်

ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက် ဆိုလို့ ဘာများ သောက်ရမလဲဆိုပြီး စဉ်းစားနေပြီလား! ဆေးသောက်ရမှာ မဟုတ်တဲ့ နည်းလမ်းလေးကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ညဘက်ဆိုရင် ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာတောင် တော်ရုံနဲ့ အိပ်မပျော်သွားတတ်ဘူးလား၊ ဘာအကြောင်းမှ ခေါင်းထဲမှာ တွေးနေတာမျိုးမရှိဘဲနဲ့တောင် စိတ်ကို ငြိမ်အောင်ထားလို့မရဘူးလား၊ အိပ်ဆေးသောက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေးပူနေလား။ ဒီလိုမျိုး အိပ်မပျော်တဲ့ညတွေ များလာပြီဆိုရင် အနှေးနဲ့ အမြန်ကျန်းမာရေးထိခိုက်လာမှာကို သတိထားသင့်တယ်နော်။ ဒါကြောင့် ခုဆောင်းပါးမှာ ညဘက်တွေ အိပ်ပျော်ဖို့ ခဲယဉ်းတဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက် ညညအိပ်မပျော်တဲ့သူတွေအတွက် သင့်တော်မယ့် အိပ်ဆေးတစ်ခွက် ဆိုတာကတော့ သီချင်းစာသားမပါဘဲ စိတ်ကိုလုံးဝအေးချမ်းသွားစေပြီး အာရုံတွေကို လွင့်ပြယ်သွားစေလောက်မယ့် တီးလုံးတွေကို နားဆင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုသီချင်းတွေကို နားဆင်သင့်တာလဲ။ တေးဂီတဆိုတာ ကျွန်တော်တို့ လူ့စိတ်အာရုံကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်