နီကိုတင်း – ကဖင်းလိုပါပဲ။ စိတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် နီကိုတင်း အရင်းအမြစ် တစ်ခုဖြစ်တဲ့ ဆေးလိပ်ကို အိပ်ရာဝင်ခါနီး မသောက်ပါနဲ့။
အယ်လ်ကိုဟော – အရက်က မူးစေတော့ ပိုအိပ်မပျော်ဘူးလားလို့ မေးစရာ ရှိမှာပေါ့။ အရက်မူးလို့ အိပ်ပျော်လည်း တစ်နာရီထက်ပိုပြီး အိပ်မပျော်နိုင်ပါဘူး။ ခဏခဏ နိုးတာ၊ ဆီးခဏခဏ ထသွားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အိပ်ရာမဝင်ခင် ၂ နာရီလောက် အလိုကတည်းက အရက်နဲ့ အခြားသော အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။
အစပ်ကဲတဲ့ စားစရာတွေ – ခပ်စပ်စပ်လေးက စားရတာ အရသာရှိသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတောင် ရှိစေနိုင်တယ်ဆိုပါတယ်။ ဒါပေမယ့် ခပ်စပ်စပ်စားစရာလေးကို ညအိပ်ခါနီး စားတာကတော့ အကြံကောင်း တစ်ခု မဟုတ်ပါဘူး။ ရင်ပူပြီး ကောင်းကောင်းအိပ်မပျော်တာမျိုး ခံစားရနိုင်ပါတယ်။
အဆီများတဲ့ စားစရာတွေ – အဆီများတဲ့ အစားအစာတွေက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အဆီတွေက အစာကျေချက်မှုကို ဖြစ်စေပြီး အစာအိမ်ထဲမှာ အစာခြေရည်တွေကို ထွက်ရှိစေပြီး အစာခြေရည်တွေက အစာရေမျိုဆီကို ပြန်ဆန်တက်တဲ့အခါ မအီမလည်ခံစားရပြီး ကောင်းကောင်း အိပ်မပျော်တော့ဘူးပေါ့။
ကဲ ဒီအစားအစာတွေကို ညအိပ်ခါနီးမစားဘဲ ရှောင်ကြဉ်ရင်း ပြည့်ဝတဲ့ အိပ်စက်ချိန်လေး ရရှိပိုင်ဆိုင်ပြီး နေ့ရက်တိုင်းကို ပျော်ရွှင်လန်းဆန်းစွာဖြတ်သန်းနိုင်ကြပါစေနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။