အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

ညအိပ်မပျော်ခြင်း

မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တာ ဘာကြောင့်လဲ

မနက်အစောကြီးနိုးတာ မကောင်းဘူးလားလို့ ခေါင်းစဉ်ကြည့်ပြီး တွေးမိနိုင်ပေမယ့် ဒါက လူတိုင်းဖြစ်ချင်တဲ့ မနက်စောစော နိုးတာမျိုး မဟုတ်ပါဘူး။ မနက်စောစောနိုးတယ်ဆိုပေမယ့် ညကလည်း စောစောအိပ်ထားတာ မဟုတ်ပါဘူး။ ညကိုလည်း သန်းခေါင်ကျော်လောက်မှ အိပ်ပြီး မနက်ကျ ၃-၄နာရီလောက်တည်းက နိုးနေတာမျိုးပါ။ မနက်အစောကြီးနိုးပြီး ပြန်အိပ်မရ တော့ပါဘူး။ ဒါက ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက အိပ်မပျော်ခြင်း ရောဂါ တစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ မနက်အစောကြီးနိုးပြီး ပြန်အိပ်မရတာက Sleep maintenance insomnia လို့ ခေါ်တဲ့ အိပ်မပျော်ခြင်း ရောဂါတစ်မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ တချို့တွေကလည်း Early morning awakening insomnia လို့ ခေါ်ပါတယ်။ ကိုယ်အိပ်ရာထမယ်လို့ မှန်းထားတဲ့ ဒါမှမဟုတ် အိပ်ရာထသင့်တဲ့ အချိန်ထက် စောနိုးနေတာမျိုးပါ။ ညကလည်း နောက်ကျမှအိပ်၊ မနက်ကျ စောနိုး၊ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မယ်လတိုနင်နဲ့ အိပ်စက်ခြင်း မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး […]


ညအိပ်မပျော်ခြင်း

ညအိပ်မပျော်တာ ခံစားနေရတာလား!

အရင်က အိပ်မပျော်တာကို လူကြီးတွေမှာ ခံစားရတာ များပေမယ့် အခုနောက်ပိုင်းမှာတော့ လူလတ်ပိုင်းတွေမှာပါ ခံစားလာရပါတယ်။ တစ်ခါတလေမှာ အချို့တွေက ကိုယ်တိုင်မှာ အိပ်မပျော်တာကို ခံစားနေရလားဆိုတာကိုတောင် မသိကြတာမျိုးလည်း ရှိပါတယ်။ ဒီတော့ ကိုယ်တိုင်ရော ညအိပ်မပျော်တာ ခံစားနေရတာလား! ဆိုတာကို သိနိုင်စေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးလိုက်ပါတယ်။ ညဘက် အိပ်မပျော်ဘူးဆိုတာ ဘာများလဲ! ညဘက် အိပ်မပျော်ဘူးဆိုတာက အိပ်သင့်တဲ့သလောက် မအိပ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ အိပ်ရေးဝဝ မအိပ်ရတဲ့ သဘောပေါ့။ ကောင်းကောင်း မအိပ်ရတာ၊ အိပ်ပျော်ဖို့ ခက်တာ၊ အိပ်ချင်စိတ် ရှိပေမယ့် အိပ်လို့ မရတာမျိုးတွေပေါ့။ အချို့သောသူတွေအတွက်ကတော့ အိပ်မပျော်တာက ကြီးမားတဲ့ နှောင့်ယှက်မှု တစ်ခုကြီးပါ။ https://hellosayarwon.com/healthy-sleep/insomnia/effects-of-sleeplessness-overtime/ ခန္ဓာကိုယ်အတွက် အိပ်စက်မှုက အရေးကြီးသလား! ခန္ဓာကိုယ်က အိပ်စက်မှုကို လိုအပ်တဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။ အိပ်ရေးပျက်တာက စိတ်ကြည်လင်မှု နည်းစေသလို […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ်ရှိလား

လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ခေါင်းမူးနေတုန်း အိပ်ရင် သေတတ်တယ်။ ဘယ်တုန်းကတော့ ဘယ်သူ ခေါင်းမူးတာကို လှဲအိပ်လိုက်တာ သေသွားတယ်။ ခေါင်းမူးနေရင် မအိပ်ရဘူး စသဖြင့်ပေါ့။ ခေါင်းမူးနေတုန်း အိပ်တာက တကယ်ပဲ အန္တရာယ်ရှိလားဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။ ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ်ရှိလား ခေါင်းမူးနေတုန်း အိပ်ရင် အသက်အန္တရာယ် ရှိမရှိဆိုတာက ဘာကြောင့်ခေါင်းမူးတာလဲဆိုတာ‌ပေါ် မူတည်ပါတယ်။ ခေါင်းမူးစေတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပြီး တချို့က အန္တရာယ်မရှိပါဘူး။ တချို့ကတော့ ချက်ချင်း ဆေးကုဖို့လိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဆေးကုဖို့လိုတဲ့ အခြေအနေမှာ သွားအိပ်နေရင်တော့ သေချာပေါက် အသက်အန္တရာယ်ဖြစ်မှာပါ။ ဒီလိုမဟုတ်ဘဲ ပင်ပန်းလို့ ခေါင်းမူးတာဆိုရင်တော့ အိပ်ပြီး နားလိုက်မှ သက်သာမှာပေါ့။ ဒါကြောင့် ဘာကြောင့်မူးလဲဆိုတာကို အရင်သိဖို့ လိုပါတယ်။ ခေါင်းမူးစေတဲ့ အကြောင်းရင်းများ ခေါင်းမူးစေတဲ့ အကြောင်းရင်းတွေကိုတွေထဲမှာ အဖြစ်များတဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် ဘယ်လိုအိပ်မလဲ

ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် အိပ်ဖို့ဆိုတာ ခက်ပါတယ်။ ဒီနေ့လို အလုပ်များတဲ့ခေတ်မှာ ညဘက် ၈နာရီပြည့်အောင် အိပ်ဖို့၊ အိပ်ချိန်မှန်ဖို့ဆိုတာတောင် ခက်လှတာ ညဆိုင်းဝန်ထမ်းတွေဆိုရင် ပိုပြီးပင်ပန်းမှာပါ။ ဒါကြောင့် ညဆိုင်းဝန်ထမ်းတွေ အိပ်ရေးဝအောင် အိပ်နိုင်ဖို့၊ အလုပ်ခွင်ထဲမှာ လန်းဆန်းနေဖို့ နည်းလမ်းကောင်းတွေကို ပြောပြပေးပါမယ်။ ညဆိုင်းဝန်ထမ်းတွေမှာ ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာများ အိပ်စက်ချိန်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနားပေးတဲ့အချိန်ပါ။ အိပ်ရမဲ့ အချိန်မှာ မအိပ်မိဘူးဆိုရင် ဇီဝဖြစ်စဉ်တွေ ကမောက်ကမဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ညဆိုင်းဆိုရင်  သိပ်မသိသာပေမဲ့ နေ့တိုင်းညဘက်ပဲ အလုပ်ဆင်းရတာ ဒါမှမဟုတ်  ညဆိုင်းနဲ့ အလှည့်ကျ လုပ်ရတာ ကြာလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေ ပြောင်းလဲလာနိုင်ပါတယ်။ အမြင်သာဆုံးကတော့ အိပ်ဖို့ခက်လာတာ၊ အိပ်ရေးမဝတာ၊ အလုပ်ထဲမှာ အိပ်ငိုက်လာတာပဲ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံး ရတဲ့ အကြောင်းအရင်း

ညတုန်းက ကိုယ်နဲ့ စကားပြောတုန်းက အ‌ကောင်း၊ အိပ်ရာဝင်သွားတာလည်း ပုံမှန်ပဲ။ မနက်ကျတော့ အသက်မရှိတော့ဘူးဆိုတာမျိုးတွေ ကြားဖူးမှာပါ။ အိပ်နေတုန်း ဆုံးသွားတော့ ဝေဒနာ မခံရဘူးပေါ့လို့ ယူဆကြတဲ့ သူတွေ ရှိသလို ငါရော အဲ့လိုမျိုး အိပ်နေတုန်း ဆုံးသွားမှာလားဆိုပြီး တွေးမိတဲ့ သူလည်း ရှိမှာပါ။ ဒါကြောင့် အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံး ရတဲ့ အကြောင်းအရင်း တွေကို ပြောပြပေးချင်ပါတယ်။ အကောင်းကြီးကနေ ရုတ်တရက်ဆုံးတာ ဘာကြောင့်လဲ ရောဂါကြီးကြီးမာမား မရှိပါဘဲနဲ့ အိပ်ပျော်နေတုန်း ရုတ်တရက်သေဆုံးတာကတော့ ရှားပါတယ်။ တချို့ကလည်း နေကောင်းကျန်းမာနေလျက်နဲ့ အိပ်နေတုန်း ဆုံးသွားတာပဲဆိုပြီး ပြောကြပါတယ်။ ဖြစ်နိုင်တာက ရောဂါရှိနေတာကို မသိလို့ ဖြစ်မှာပါ။ နှလုံးရောဂါလို၊ အဆုတ်ရောဂါတွေက သိပ်ပြီး လက္ခဏာ မပြတတ်ဘူးလေ။ အဖြစ်အများဆုံး အကြောင်းရင်းတွေကို ပြောပြရရင် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့

နွေအပူဒဏ်ကို အခုချိန်မှာ လူတိုင်းလိုလို အလူးအလဲ ခံနေကြရပါတယ်။ ဒီလိုမျိုး နေပူနေချိန်မှာ အပူဒဏ်ကြောင့် နေရထိုင်ရ မသက်မသာဖြစ်သလို အနေအထိုင်လည်း မကောင်း၊ အစားအသောက်တွေလည်း ပျက်ကြပါတယ်။ အပူဒဏ်ကြောင့် ခံစားရတဲ့ ပြဿနာက ဒီလောက်နဲ့ မပြီးသေးပါဘူး။ အပူချိန်က ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်အောင်လည်း လုပ်ဆောင်ပါသေးတယ်။ ဒီတော့ နွေပူညတွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ နွေပူညတွေက အိပ်ပျော်ရခက်စေပါတယ် နွေရာသီရဲ့ ပူပြင်းမှုက ညဘက်တွေမှာ အိပ်ရေးပျက်စေလောက်တဲ့အထိ နှောင့်ယှက်နိုင်ပါတယ်။ ဒီလိုနဲ့ နွေမနက်ခင်းတွေမှာ ညီးစီစီ ဖြစ်တာ၊ အားမရှိသလို ခံစားရတာတွေကို ခံစားရတာပါ။ နွေရာသီမှာ အိပ်ပျော်ရခက်စေတာက ပတ်ဝန်းကျင်မှာ အပူရှိန်တွေ မြင့်တက်နေတာကတစ်ကြောင်း ခန္ဓာကိုယ်မှာ အပူချိန် မြင့်တက်နေတာကလည်း တစ်ကြောင်းပါ။ လေထုထဲမှာ စိုထိုင်းဆ များလေလေ နွေညတွေမှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့

ဆောင်းအေးအေးလေးက အိပ်လို့ကောင်းလိုက်တာဆိုတာက လူတိုင်းအတွက် မမှန်နိုင်ပါဘူး။ ဆောင်းအေးလွန်းလို့ အိပ်မရဘူး။ အေးလွန်းလို့ ညက ကောင်ကောင် အိပ်မပျော်ဘူး။ ရာသီဥတုအေးတာ အိပ်ရေးဝတယ်လို့ကို မခံစားရဘူး ဆိုတဲ့သူတွေ ရှိနေနိုင်ပါတယ်။ ဒီဆော့ ဆောင်းအေးအေးမှာ ဖျားနာမှု ကင်းစေဖို့ မရှိမဖြစ် လိုအပ်တဲ့ ပြည့်ဝတဲ့ အိပ်စက်ချိန်လေး ပြည့်ဝစေဖို့အတွက် ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့ ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် စောင်တွေ ၂ ထပ် ၃ ထပ်ခြုံတာထက် ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မနက်ခင်းမှာ လုံလောက်တဲ့ အလင်းရောင် ထိတွေ့ပါ ဆောင်းရာသီမှာ နေရောင်နဲ့ ထိတွေ့နိုင်ခြေ နည်းတာကြောင့် ခန္ဓာကိုယ်က မယ်လ်လာတိုနင်တွေကို […]


ညအိပ်မပျော်ခြင်း

အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ

အိပ်ရေးပျက်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို လူတိုင်းလည်း အိပ်ရေးပျက်တာကို ကြုံဖူးမှာပါ။ အိပ်ရေးပျက်တာက ဆီးချို၊ သွေးတိုးလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အိပ်ရေးပျက်ခြင်းက စိတ်ကျန်းမာရေးကို ဘယ်လိုတွေတောင် ထိခိုက်စေမလဲ ဆိုတာကိုရော သိပြီးပြီလား ..... မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အိပ်ရေးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး သံသရာ အိပ်ရေးပျက်တာနဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေက တော်တော်လေးကို ဆက်စပ်နေတဲ့အရာပါ။ အိပ်ရေးပျက်တာက စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်သလို စိုးရိမ်စိတ်များနေတာ စိတ်ဖိစီးနေတာတွေကလည်း အိပ်ရေးပျက်တာ၊ အိပ်မပျော်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုတွေ သံသရာလည်နေတာပါ။ ဒါပေမယ့် အိပ်ရေးပျက်တာက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။ https://wp.hellosayarwon.com/healthy-mind/bad-habits-for-mental-health/ အိပ်စက်မှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အရေးကြီးတယ်လို့ ပြောရတဲ့ […]


ညအိပ်မပျော်ခြင်း

မအိပ်မနေ အသက်ရှည် ဆိုပေသော်ငြားလည်း

မအိပ်မနေ အသက်ရှည် ဆိုပေသော်ငြားလည်း အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အိပ်စက်မှုက လူတစ်ယောက်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့်ပါ။ အိပ်ရေးမဝရင် လူတစ်ယောက်က ရေရှည်မှာ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းလာမှာ ဖြစ်သလို နေ့စဉ်ဘဝမှာရော ကျန်းမာရေးကိုပါ ထိခိုက်စေလာပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ နေ့ဘက်မှာ အလုပ်တွေလုပ်တယ်။ ညဘက်မှာ ဘားတွေ သွားတယ်။ ပါတီတွေတက်တယ်။ မိုးလင်းတော့ ခဏလေးမှေးပြီး အလုပ်ခွင်ဝင်လိုက်တာပဲ အဆင်ပြေပါတယ် ဆိုသူလေးတွေအတွက် ညဘက် အိပ်ရေးပျက်တာက ရက်ဆက်ဖြစ်လာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုတွေ ထိခိုက်စေနိုင်လဲဆိုတာကို ပြောပြပေးပါတယ်။ လူငယ်ဆိုတော့ အိပ်ရေးပျက်လည်း ထိခိုက်တာမျိုး သိပ်မရှိဘူးလို့ ထင်ပါသလား အိပ်ချိန် ပြည့်ဝဖို့ဆိုတာက လူကြီးတွေ၊ ကလေးသေးသေးလေးတွေနဲ့ပဲဆိုင်တာပါ။ ကျန်းမာဖျတ်လတ်နေတဲ့ လူငယ်တွေအတွက် မဟုတ်ပါဘူး လို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း