နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မယ်လတိုနင်နဲ့ အိပ်စက်ခြင်း မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့

တစ်နေကုန်သုံးလိုက်ရတဲ့ ဖုန်းဆိုတာ မနက်မိုးလင်းလို့ နာရီalarmထပိတ်ရာက စလို့ ညမိုးချုပ် အိပ်တဲ့အထိပါပဲ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီလက်တစ်ဖဝါးစာ ဖုန်းလေးတစ်ခုရှိရုံနဲ့ အကုန်လုပ်လို့ရနေတာကြောင့် လက်က မချနိုင် ဖြစ်နေတာကိုလည်း အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ညအိပ်ချိန်ထဲကနေပါ ဖဲ့ပြီး ပေးနေရပြီဆိုရင်တော့ ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတစ်ပိုင်း ပြီးရင် ဆက်မကြည့်ဘူးလို့ ပြောပြီး မိုးလင်းသွားတဲ့ နေ့တွေ၊ ခဏလောက်သုံးပြီးရင် အိပ်တော့မယ်ဆိုပြီး နာရီပေါင်း များစွာကြာသွားတာတွေက သူသူကိုယ်ကိုယ်ပါပဲ။ ဒီတော့ မိုးလင်းရင် ဒီအကျိုးဆက်ကို ကောင်းကောင်းကြီး ခံစားရတော့တာပါပဲ။ ဒီတော့ ပြောချင်တာက အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့ ဂရုစိုက်ဖို့ပါ။ အိပ်ရာထဲမှာ ဖုန်းသုံးတဲ့အခါ ညဘက် မအိပ်ဘဲ ဖုန်းသုံးတဲ့အခါ အိပ်ရေးတွေ ပျက်လာတယ်။ ဖုန်းက ထွက်တဲ့ အလင်းရောင်က အိပ်စက်ခြင်း ဟော်မုန်း မယ်လတိုနင် မထွက်အောင် တားဆီးပေးတာကြောင့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်စောစောအိပ်ရင် ဘာတွေ ဖြစ်လာနိုင်လဲ

ညဇီးကွက်လေးတွေ အိပ်ချိန်ပုံမှန်လေး ဖြစ်ဖို့ အိပ်ရာဝင်ချိန်တွေ ပြောင်းလဲဖို့ လိုပြီနော်။ ဘာကြောင့် စောစောအိပ်သင့်လဲဆိုတဲ့ အကြောင်းရင်းတွေကတော့… ၁။ စိတ်ဖိစီးမှုတွေ နည်းစေပါတယ်။ အိပ်ရေးဝဝ အိပ်ခြင်းက ခံစားချက်တွေကို ပိုမိုကောင်းမွန်စေတဲ့အပြင် စိတ်ပန်း၊ လူပန်းဒဏ်ကိုလည်း ပိုပြီး ခံနိုင်ရည် ရှိစေပါတယ်။ တစ်ရက်ကို ၇နာရီကနေ ၉နာရီထိ မအိပ်ဘဲနေမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုတွေ ပိုများပြီး ဒီပင်ပန်းမှုတွေက ဦးနှောက်ပေါ် မကောင်းတဲ့ အကျိုးဆက်တွေ သက်ရောက်နိုင်ပါတယ်။ ဒီအကျိုးဆက်တွေထဲ စိတ်ကျရောဂါ၊ စိတ်ပူပန်သောကများတာနဲ့ အခြားသော ခံစားချက်ဆိုင်ရာ ဝေဒနာတွေ ပါဝင်ပါတယ်။ လက်ရှိထက် ပိုပျော်ရွှင်ပြီး စိတ်ဖိစီးမှုတွေ ပိုနည်းသွားဖို့ဆိုရင် လုပ်ရမယ့် နည်းလမ်းက လွယ်လွယ်လေးပါပဲ။ စောစော အိပ်ရာဝင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အတိုပြောရရင် တစ်နာရီ ပိုအိပ်ပါပေါ့။ နေထွက်ချိန်မှာ ထပါ။ ဒါဆို ဇီဝနာရီလည်း မှန်ကန်သွားပါလိမ့်မယ်။ ၂။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

သင့်အိပ်ခန်းထဲက အပင်လေးတွေ

သင့်ရဲ့ပတ်ဝန်းကျင်မှာ သစ်ပင်ပန်းမန်များကို မြင်ရခြင်းဟာ အင်မတန်ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သင့်အနေနဲ့ သစ်ပင်သစ်ရွက်တွေ ပန်းတွေကို မမြင်ရတော့ရင် လူသားတယောက်အနေနဲ့ ဘယ်လောက်အထီးကျန်သွားမယ်ဆိုတာ သင်မသိသေးပါဘူး။ အကြောင်းကတော့ ဒီလိုအဖြစ်မျိုးကို မကြုံဖူးသေးလို့ပါပဲ။ အဆိုပါအနေအထားမျိုးကို ထုတ်ပြောခဲ့သူကတော့ အာကာသသူရဲကောင်းတဦး ဖြစ်ပါတယ်။ သူ့ရဲ့ အာကာသစခန်းမှာလည်း အပင်လေးများစိုက်ပျိုးပြီး အိပ်ပျော်အောင် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ သုတေသီများရဲ့ လေ့လာချက်အရ နေအိမ်အိပ်ခန်းများအတွင်းမှာ အပင်လေးများ စိုက်ပျိုးထားရှိခြင်းဟာ လူရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး ညဖက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ အပင်ငယ်လေးများကို အိပ်ခန်းထဲထားတဲ့အခါ သင့်ကိုတယောက်တည်းဖြစ်နေတယ်လို့ ခံစားရတာမျိုးကို လျော့ပါးစေပါတယ်။ ပတ်ဝန်းကျင်နဲ့ ထီးတည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပျောက်စေပါတယ်။ ညအချိန်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ တည်ငြိမ်အေးချမ်းသောအရောင် သုတေသနတွေအရ အိပ်ခန်းတွေထဲထားတဲ့ အပင်များရဲ့ အရောင်ဟာလည်း သင်ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီရာမှာ အရေးပါပါတယ်။ ဥပမာ အစိမ်းရောင်၊ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

စိတ်ဖိစီးမှုများပြီး အိပ်ရေးတွေပျက်နေပြီလား။ ကောင်းမွန်တဲ့ အိပ်စက်မှု အလေ့အကျင့်လေးတွေနဲ့ ဖြေရှင်းလိုက်ကြရအောင်။

“အိပ်စက်ခြင်း” ဆိုတဲ့ ဖြစ်စဉ်ကြီးက လူနေမှုဘဝတစ်ခုလုံးကို မတူခြားနားသွားအောင် လုပ်နိုင်တယ်ဆိုတာ သိပါရဲ့လား။ အိပ်ရေးဝဝ အိပ်ပျော်တဲ့သူနဲ့ အိပ်ရေးမဝတဲ့သူ အကြားမှာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လုပ်အားနှုန်း၊ တက်ကြွလန်းဆန်းမှု၊ ပျော်ရွှင်မှုတွေ သိသိသာသာ ခြားနားနေတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ အိပ်ရေးဝဝ အိပ်ပျော်အောင် အိပ်စက်တဲ့ နည်းလမ်းကို Sleep Hygiene လို့တောင် ခေါ်ဆိုကြတယ်။ ဒီနေ့ခေတ်လို စိတ်ဖိစီးမှုများပြီး ဘယ်တော့မှအိပ်ရေးမဝတဲ့ အခြေအနေမျိုးတွေမှာဆို Sleep hygiene ဟာ အရမ်းအရေးကြီးလာပါတယ်။ အထူးသဖြင့် မနက်စောစောထရလေ့ရှိတဲ့ လုပ်ငန်းခွင်ကလူတွေ၊ ကျောင်းတက်နေသူတွေအတွက်ဆိုရင် ပိုပြီးတောင် အသုံးဝင်ပါတယ်။ Sleep Hygiene ကို လိုက်နာရင် အိပ်ရေးဝမယ်၊ လန်းလန်းဆန်းဆန်းရှိနေမယ်။ ဒီတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို ပြည့်ပြည့်ဝဝ အာရုံစူးစိုက်ပြီး လုပ်နိုင်မယ်။ စိတ်ညစ်စိတ်တိုမလွယ်တော့ဘူး။ ဖန်တီးနိုင်စွမ်းတွေအားကောင်းလာမယ်။ အလုပ်လုပ်နိုင်စွမ်းတွေတိုးတက်လာမယ်။ စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်နေလိမ့်မယ်။ ဒါက Sleep Hygiene ရဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

မနက်ပိုင်းလေး အလုပ်ရှိလို့၊ သွားစရာရှိလို့၊ စာမေးပွဲ ဖြေရမှာကြောင့် ဆိုပြီး နှိုးစက်တွေ နာရီဝက်ခြား တစ်ခါလောက် ပေးထားရတဲ့သူတွေထဲ သင်ကိုယ်တိုင်ရော ပါနေလား။ နှိုးစက်သံ အကျယ်ကြီး ကြားတိုင်း ကောင်းနေတဲ့ အိပ်မက်ကလေးတွေ ဘယ်လွင့်ပြေးလို့ ပြေးမှန်းမသိ ခေါင်းကိုက်ပြီး နိုးလာရလို့ စိတ်ညစ်ခဲ့ဖူးလား။ ဒီလိုမျိုး ခံစားဖူးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။ ကဲ ..... မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့ ! မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့ မနက်ခင်းအစော နှိုးစက်သံ အကျယ်ကြီးနဲ့ နိုးလာရတဲ့သူတွေဟာ ခေါင်းကိုက်ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နားဆူခြင်းတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် အိပ်နေရင်းနဲ့ အသံနဲ့ နှိပ်စက်ပြီး အတင်းနိုးထလာရသလို ဖြစ်တာကြောင့် စိတ်ကလည်း ဘယ်လိုမှ ကြည်နိုင်တော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် နာရီဝက်ခြား […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

အိပ်စက်အနားယူတာနဲ့ ပတ်သက်ပြီး လူအများစု အခုချိန်ထိကို ပေါ့သေးသေး သဘောထားနေကြဆဲပါပဲ။ ရုပ်ရှင်ကြည့်ဖို့၊ ဖုန်းသုံးဖို့အတွက်နဲ့ အိပ်ချိန်ကို စတေးကြတယ်။ အလုပ်တွေ ဖိလုပ်ပြီး အိပ်ချိန်ကို နည်းနိုင်သမျှ နည်းအောင် လျှော့ပစ်ကြတယ်။ ကလေးတွေကျတော့လည်း စာမရရင် မအိပ်ရဘူးဆိုပြီး လူကြီးတွေက ခြောက်ထားတော့ ကြောက်ပြီး မအိပ်ရဲကြတော့ဘူး အစရှိသဖြင့် အိပ်ချိန် စတေးပစ်လိုက်ရတဲ့ ပုံပြင်ပေါင်း သောင်းခြောက်ထောင်တောင် မကတော့ပါဘူး။ ဒါဆို အိပ်ချိန်က အရေးမကြီးလို့လား။ ငွေချေးသလိုမျိုးပဲ အိပ်ရေးမဝလို့ရော နောက်နေ့မှာ ဆတိုး အကြွေးဆပ်လို့ မရဘူးလား။ အိပ်ချိန်က ဘာလို့ ကျန်းမာရေးအတွက် မဖြစ်မနေ အရေးပါတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ လူတွေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ညဘက်တွေ အိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမယ့် အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့ အိပ်ဆေးမကူရပါဘဲ သဘာဝနည်းလမ်းတွေနဲ့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဘယ်လိုလုပ်ကြမလဲ။ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ အလွယ်ဆုံးနည်းလမ်းများ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဆိုရင် ၁။ အိပ်ချိန်မှန်အောင် လုပ်ပါ။ စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ သူတချို့က ညအိပ်တဲ့အခါ အဲဒီတိရစ္ဆာန်လေးတွေနဲ့ ဖက်အိပ်တာမျိုး၊ အိပ်ရာထဲ ခေါ်သိပ်တာမျိုး လုပ်တတ်ပါတယ်။ ဒီလိုဆို မေးစရာ ရှိတာက ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတာပါ။ တကယ်တမ်း ဒီလို အမူအကျင့်ကို ကျန်းမာရေးရှုထောင့်ကနေ ကြည့်လိုက်တဲ့အခါ ကောင်းတဲ့ အချက်ကလေးတွေရော ဆိုးတာလေးတွေပါ တွေ့ရတတ်ပါတယ်။ ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတော့ ကောင်းတာလေးတွေ ဆိုးတာလေးတွရှိနေပါတယ်။ သိရှိနိုင်ဖို့ ကိုယ်တိုင် လေ့လာလိုက်ပါ။ ကောင်းတဲ့ အချက်တွေက ဘာတွေလဲ။ ၁။ များသောအားဖြင့် ကြောင်တွေဟာ ခွေးတွေလောက်တော့ လူတွေနဲ့ လက်ပွန်းတသီးနေရတာ မကြိုက်ပါဘူး။ ဒါပေမယ့်လည်း လူတွေနဲ့ အနေကြာလာတဲ့ ကြောင်တွေဆိုရင်တော့ သံယောဇဉ်ပိုတွယ်လာနိုင်ပါတယ်။ အထူးသဖြင့် အိပ်တဲ့အချိန်တိုင်း လူတွေနဲ့ ဖက်အိပ်နေရတဲ့ ကြောင်တွေအတွက်တော့ ဒီအိမ်သားတွေအပေါ် ပိုပြီး […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား

လေ့ကျင့်ခန်းလုပ် တာနဲ့ ပတ်သက်ပြီး အိပ်ချိန်နဲ့ အရမ်းနီးကပ်အောင် မလုပ်သင့်ဘူးလို့ ပြောတာ ကြားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ခါနီးအချိန်နဲ့ နီးနေတော့မှ ကိုယ်ကာယ လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်တဲ့အခါ ကြွက်သားတွေ နာကျင်တာ၊ ဦးနှောက်က နိုးကြားတက်ကြွတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လုပ်နေတာ၊ မောပန်းမှုကြောင့် ဗိုက်ဆာလာတာတွေ ဖြစ်နိုင်လို့ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အနည်းဆုံး လေ့ကျင့်ခန်းနဲ့ အိပ်ချိန်ကို ၂ နာရီလောက်တော့ ခွာပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း အမျိုးအစားအရ ပြောမယ်ဆိုရင် ကိုယ်ခန္ဓာ ကြွက်သားနဲ့ အားအင်တွေကို အပြည့်အဝ စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်း သို့မဟုတ် ညနေခင်းလောက်မှာ ကစားပေးပြီး ညနောက်ကျပြီဆိုရင်တော့ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုး လုပ်ပေးတာ အကောင်းဆုံးပါပဲ။ ညဘက် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်မှာ အချဉ်စား လို့ရလား

အိပ်ရာဝင်ခါနီး အချဉ်တွေမစားနဲ့လို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောတာ ခံရဖူးကြတဲ့လူတွေ ရှိကြမယ်ထင်တယ်။ အိပ်ခါနီး အချဉ်တွေစားရင် အစာအိမ်ထိခိုက်တတ်တယ်လို့ ဆိုတတ်ကြတယ်။ တကယ်ရော ညဘက်မှာ အချဉ်စား ရင် တကယ်ပဲ အစာအိမ်ကို ထိခိုက်မှာလား? ဒါမှမဟုတ် တခြားပြဿနာတွေ ရင်ဆိုင်ရမှာလား? ဒါမှမဟုတ် ဒါက ယုံတမ်းစကား (Myth) သက်သက်ပဲလား? ညဘက်မှာ အချဉ်စား လို့ရလား ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။ အချဉ်ဓာတ်ပါဝင်တဲ့ အစာပြေစာတွေကို ရှောင်ကြဉ်သင့်ပေမယ့် ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ အလွန်အကျွံစားတာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဆိုလိုတာက ဗီတာမင် Cပါတဲ့ အသီးတိုင်းက ချဉ်တာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်