· လေ့လာမှတ်သားနိုင်စွမ်းကျဆင်းခြင်း။
· စိတ်ခံစားလွယ်ခြင်း။
· စိတ်ကျဝေဒနာခံစားရခြင်း။
· မတော်တဆမှုဖြစ်နိုင်ချေများခြင်း။
· တုပ်ကွေး၊အအေးမိဖြစ်လွယ်ခြင်း။
· ဆီးချိုအမှတ်(၂) ဖြစ်ခြင်း။
· နှလုံးရောဂါဖြစ်ခြင်း။
ဒီတော့ ညဖက် ရင်ပူတာကို ကာကွယ်ပေးနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။
ရင်ပူခြင်းမဖြစ်အောင် ဘယ်လိုအိပ်စက်မလဲ
ခေါင်းအုံးမြင့်မြင့်အုံးပါ။
သင်လဲလျောင်းတဲ့အခါ ခေါင်းကို ခန္ဓာကိုယ်ထက် ၁၀-၁၅ စင်တီမီတာလောက် ပိုပြီးမြှင့်ထားဖို့ ဆရာဝန်တွေက အကြံပေးလေ့ရှိပါတယ်။ လျှောစောက်ပုံစံရှိအောင် အထူးပြုလုပ်ထားတဲ့ ခေါင်းအုံးတွေဟာလည်း သင့်ခန္ဓာကိုယ် ခါးနေရာလောက်ကနေစပြီး ၁၀-၂၅ စင်တီမီတာလောက် မြင့်နေအောင် လုပ်ပေးထားနိုင်တဲ့အတွက် ရင်ပူခြင်း(အက်ဆစ်ဆန်တက်ခြင်း) ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ကမ္ဘာ့ဆွဲငင်အားကို အသုံးပြုပြီး အစာတွေကို အစာအိမ်ထဲ ရှောရှောရှုရှုရောက်အောင် ကူညီပေးနိုင်တာမို့ အသုံးဝင်လှပါတယ်။
ခေါင်းအုံးမြင့်မြင့်အုံးတာက ဇက်ကြောနာကျင်စေတယ်ဆိုရင် ခေါင်းအုံးကို မမြှင့်ဘဲ ကုတင်ခေါင်းရင်းကို မြှင့်လို့လည်း ရပါတယ်။
ဘယ်ဖက်စောင်းအိပ်ပါ။
ရင်ပူခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် သင်အိပ်စက်တဲ့ ပုံစံအနေအထားကို ပြောင်းလဲနိုင်ပါတယ်။ အိပ်တဲ့အခါ ဘယ်ဖက်စောင်းအိပ်ခြင်းဟာ အက်ဆစ်ဆန်တက်ခြင်းကို သက်သာစေပါတယ်။
ဝိတ်ချပါ။
၁ကီလို (နှစ်ပေါင်သာသာ)လောက် ဝိတ်ချရင်တောင် ရင်ပူခြင်းဝေဒနာကို သက်သာစေတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ သင်ဝလာလေလေ အက်ဆစ်ဆန်တက်တာ ဆိုးလေဆိုတာ သိထားရပါမယ်။
ပွပွချောင်ချောင်အဝတ်တွေကို ဝတ်ပါ။
ခပ်ကျပ်ကျပ်အဝတ်တွေ (အထူးသဖြင့် ခါးနေရာမှာ ကျပ်နေတဲ့ အဝတ်အစားတွေ)ကို ဝတ်ရင် အစာအိမ်ကို ဖိထားညှစ်ထားသလို ဖြစ်စေတဲ့အတွက် ရင်ပူတာကို ပိုဆိုးစေပါတယ်။ အိပ်တဲ့အခါ အဝတ်ကျပ်ကျပ်တွေ၊ အတွင်းခံတွေ မဝတ်တာ အကောင်းဆုံးပါ။
အစာကို တခါစားရင် နည်းနည်းပဲ စားပါ။
များများစားရင် သင့်အစာအိမ်ထဲမှာ အစာတွေ ပိုများလာပါမယ်။ အစာတွေ ပိုများတဲ့အခါ သူတို့ကို ချေဖျက်ဖို့ အချိန်ပိုယူရပါတယ်။ အစာအိမ်ထဲမှာ ကြာကြာနေရလေလေ အက်ဆစ်ဆန်တက်တာ ဖြစ်နိုင်ချေများလေပဲ ဖြစ်ပါတယ်။
ညအိပ်ရာဝင်ခါနီးမှ အစာစားတာတွေကို ရှောင်ပါ။
အစားတွေအများကြီးစားမိတဲ့အခါ အစာချေဖို့ပိုကြာတတ်သလို ညအိပ်ရာဝင်ခါနီးမှ အစာစားရင်လည်း သူတို့ကို ချေဖျက်ဖို့ အချိန်ပိုယူရပါတယ်။ ဒါ့အပြင် သင့်အစာရေမြိုဟာ အောက်ကိုပိုရောက်နေတတ်တာမို့ အစာတွေ ပြန်ဆန်တက်ဖို့ အခွင့်အလမ်းပိုလာစေပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် သုံးလေးနာရီလောက်အတွင်းမှာ ဘာမှမစားသင့်တော့ပါဘူး။
စားသောက်မှုပုံစံတွေ မှန်ကန်ပါစေ။
ထမင်းပဲစားစား၊ ဘာအစာပဲစားစား ဖြည်းဖြည်းစားပါ။ အလျင်စလို မစားပါနဲ့။ စိတ်ဖိစီးမှုများရင် အစာအိမ်ကနေ အက်ဆစ်တွေ ပိုထွက်လာစေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အစာစားနေရင်း ခါးကွေးတာမျိုး၊ လှဲအိပ်တာမျိုး၊ ခြေထောက်အပေါ်ထောင်တာမျိုးတို့ကို မပြုလုပ်သင့်ဘဲ တတ်နိုင်သမျှ မတ်မတ်နေရပါမယ်။
ရောဂါကို ပိုဆိုးစေတဲ့ အစားအသောက်မှန်သမျှ ရှောင်ပါ။
ရင်ပူခြင်းနဲ့ အက်ဆစ်ဆန်တက်ခြင်းကို ပိုဆိုးစေတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ပါ။ ဥပမာ အရက်၊ ချောကလက်၊ ပူဒီနာ၊ ကော်ဖီ၊ ဂက်စ်ပါတဲ့ အအေးတွေ၊ ချဉ်တဲ့ အသီးတွေ၊ အဆိုပါ အသီးဖျော်ရည်တွေ၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ဗနီဂါ၊ ငရုတ်ဆီ၊ ကြက်သွန်၊ အပူအစပ် နဲ့ အဆီအဆိမ့်တွေပဲ ဖြစ်ပါတယ်။
ပီကေဝါးပါ။
ပီကေဝါးခြင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ တံတွေးထုတ်လုပ်မှုကို ပိုမိုများစေပြီး အဆိုပါ တံတွေးက အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်တွေကို ဓာတ်ပြယ်စေနိုင်တဲ့အတွက် ရင်ပူတာကို သက်သာစေပါတယ်။
ဆေးလိပ်ဖြတ်ပါ။
အစာချေတဲ့ကိစ္စအတွက်သာမက သင့်ကျန်းမာရေးဘယ်လိုရှုထောင့်မျိုးကပဲ ကြည့်ကြည့် ဆေးလိပ်သောက်တာ လုံးဝမကောင်းပါဘူး။ ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ အစာရေမြိုကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် အက်ဆစ်တွေကို ပိုပြီးဆန်တက်လာစေပါတယ်။
အစာစားပြီးရင် အနားယူပါ။
အစာစားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို ရှောင်ပါ။ သင့်အစာအိမ်ကို နာရီအနည်းငယ်လောက်တော့ အေးအေးချမ်းချမ်း အလုပ်လုပ်ပါစေ။
အစာချေရည်တွေ ပြန်ဆန်တက်ပြီး ညဖက်ရင်ပူတာမျိုးဟာ လူအတော်များများမှာ ဖြစ်လေ့ရှိပေမယ့် မကုသဘဲ ထားရင်တော့ အန္တရာယ်ရှိပါတယ်။ ရင်ပူတာ ပိုဆိုးလာပြီး အော့အန်တာ ဒါမှမဟုတ် အစာမြိုရခက်တာတွေ ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။