လူတိုင်းမှာ သူတို့နှစ်သက်တဲ့ အိပ်စက်မှုပုံစံတွေရှိကြပါတယ်။ ကိုယ်အိပ်နေကျအိပ်စက်မှုပုံစံမဟုတ်ရင် အိပ်မပျော်တဲ့သူတွေတောင်ရှိတတ်ကြပါသေးတယ်။ တစ်နေ့တာလုံးပင်ပန်းလာသမျှကိုပြေလျော့စေဖို့ အိပ်စက်တဲ့အခါပြည့်ပြည့်ဝဝလေးဖြစ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အိပ်ရာကနိုးလာတော့ ခြေလက်တွေနာနေတယ်၊ တစ်ကိုယ်လုံးတောင့်တင်းနေတာပဲ၊ ဇက်ကြောကြီးကတင်းနေတယ်လို့ ကြုံဖူးမှာပေါ့။ ဒါက အိပ်စက်မှုပုံစံကြောင့်ဖြစ်ရတာပါ။
Which Sleep Style Is Healthiest?https://www.health.com/health/gallery/0,,20479110,00.html? Accessed Date 26 December 2018