နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

အိပ်စက်ခြင်းကို စိတ်ဝင်စားတဲ့သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲလို့ ရှာဖွေနေတဲ့သူတွေဆို မယ်လတိုနင်အကြောင်းကို သိထားပြီးသားဖြစ်မှာပါ။ မယ်လတိုနင်ဆိုတာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းကို အစားအစာတွေကနေလည်း ရနိုင်ပါတယ်။ အိပ်ခါနီးအချိန်မှာ မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ မယ်လတိုနင်နဲ့ အိပ်စက်ခြင်း မယ်လတိုနင်ဆိုတာ ပင်နီရယ်ဂလင်းလို့ခေါ်တဲ့ ဦးနှောက်ထဲက ဂလင်းကနေ ထွက်လာတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ နေဝင်လာပြီ၊ မှောင်လာပြီဆိုရင် ခန္ဓာကိုယ်က အချက်ပြလိုက်တာကြောင့် မယ်လတိုနင်ဟော်မုန်းထွက်လာပြီး အိပ်ဖို့ စပြီး ပြင်ဆင်ပါတော့တယ်။ များသောအားဖြင့်တော့ ည၉နာရီ ဝန်းကျင်လောက်မှာပါ။ မယ်လတိုနင်ဟော်မုန်းတွေ သွေးထဲမှာ များလာပြီဆိုရင်တော့ လူက တဖြည်းဖြည်း အိပ်ငိုက်လာမှာပါ။ ပြီးရင်တော့ မနက်လင်းပိုင်းလောက် ရောက်ရင် တဖြည်းဖြည်း ပြန်နည်းလာတာကြောင့် လူက အိပ်ရာက နိုးလာပြီး […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အသားအရေလှချင်ရင် ညနက်မှ အိပ်တဲ့အကျင့်ကို အရင်ဖျောက်ပါ

လူငယ်တော်တော်များများကို အသားအရေလှချင်လားလို့ မေးလိုက်ရင် မလှချင်ဘူးလို့ ဖြေမယ့်သူရှိမယ်မထင်ပါဘူးနော်။ အသားအရေလှဖို့အတွက် အရေပြားအလှအပ ထိန်းသိမ်းတဲ့ပစ္စည်းတွေ၊ ဆပ်ပြာအကောင်းစားတွေ၊ နာမည်ကြီးတံဆိပ်တွေတော့ ဈေးကြီးပေးပြီး အသုံးပြုကြပေမယ့် တကယ်အရေးကြီးတဲ့ အိပ်ချိန်မှန်ဖို့ကိုတော့ လူတွေက မေ့တတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာ ဘာကြောင့်အိပ်ချိန် ပြည့်ဝမှုသည် အရေပြားအလှအပအတွက် အရေးကြီးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အိပ်ရေးပျက်တာ များလာခြင်း အလုပ်များလို့၊ ကျောင်းစာတွေ ပိနေလို့၊ ဖုန်းသုံးနေလို့၊ ရုပ်ရှင်လက်စမဖြတ်နိုင်လို့၊ စသဖြင့် အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်နဲ့ လူငယ်တွေ အိပ်ရေးအပျက်ခံပြီး နေလာကြပါတယ်။ တစ်နေ့ကို ပုံမှန်အိပ်ချိန် အနည်းဆုံး ၇နာရီမရတဲ့အခါမှာ ခန္ဓါကိုယ်တစ်ခုလုံးက အရေပြားတွေမှာ ဒီလိုပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သတိထားသင့်တယ်နော်။ ၁။ မကောင်းတဲ့ ဟော်မုန်းဓါတ်တွေ များလာခြင်း အိပ်ချိန်မပြည့်တဲ့အခါ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် ဟော်မုန်း (Cortisol Hormone) တွေကို ပိုပြီးထုတ်လွှတ်ပါတယ်။ ဦးနှောက်က စိတ်ဖိစီးမှုဖြစ်နေတယ်လို့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်ခြင်းပုံစံ အမျိုးမျိုးနဲ့ ကျန်းမာရေး ။ ။

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်အနားယူတဲ့ ပုံစံတွေက မတူကြပါဘူး။ လူအများကြီး မပြောနဲ့။ လူတစ်ယောက်တည်းမှာတင် စစအိပ်တုန်းကတစ်ပုံစံ၊ နောက်ပိုင်းကျ ပုံစံမအမျိုးမျိုးပြောင်းပြီး အိပ်တဲ့သူချည်းပါပဲ။ ဒီတော့ ကိုယ်အိပ်တဲ့ပုံစံတွေက ကိုယ့်ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှု ရှိလဲမသိချင်ကြဘူးလား။ အိပ်စက်တဲ့ပုံစံတွေအကြောင်းဘာလို့ပြောနေရတာလဲဆိုတော့ ကိုယ်အိပ်တဲ့ ပုံစံတွေကြောင့် အိပ်ရင်းဟောက်တာ၊ ရင်ပူတာတွေနဲ့ အသားအရေတွန့်တာတွေဖြစ်နိုင်လို့ပါ။ ဒီတော့ ဘယ်လိုအိပ်စက်နည်းပုံစံတွေက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမှာလဲ ။ ။ ပက်လက်လှန်အိပ်ခြင်း။ အားသာချက် - ပက်လက်လှန်အိပ်ခြင်းက သင့်ကျောရိုးနဲ့ လည်ပင်းကို သက်တောင့်သက်သာရှိစေပြီး ကျောပြင်ကိုဆန့်စေတဲ့အတွက်ကြောင်း ကိုယ်ခန္ဓါကို တကယ်အနားရစေမယ့် ပုံစံတစ်ခုပါ။ ပက်လက်လှန်အိပ်နေတဲ့အတွက်ကြောင့် မျက်နှာနဲ့ ေအာက်ဆီဂျင်နဲ့ထိတွေ့မှု များပြီး အရေးအကြောင်း တွေ လျော့ပါးစေမှာ ဖြစ်ပါတယ်။ အားနည်းချက် - အိပ်နေရင်းနဲ့ အသက်ရှူရပ်ရပ်သွားတဲ့ SLEEP APNEA ဆိုတဲ့ပြဿနာဟာ ပက်လက်လှန်အိပ်ရင် ပိုဆိုးသွားနိုင်တဲ့ ပြဿနာတစ်ခုပါ။ တစ်ချို့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ

မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ ....... အိပ်တဲ့ပုံစံ အမျိုးမျိုးရှိတဲ့အထဲမှာမှ မှောက်အိပ်တဲ့ ပုံစံကတော့ ကျန်းမာရေးနဲ့ မညီညွတ်ဆုံး အနေအထားလို့ဆိုနိုင်ပါတယ်။ လူတွေသိထားကြတာကတော့ မှောက်အိပ်ရင် ဗိုက်အောင့်ဗိုက်နာဖြစ်မယ်၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ကလေးကို သွားပြီးထိခိုက်နိုင်တယ်ဆိုတာပေါ့။ တကယ်တော့ မှောက်အိပ်တာမှာလည်း သူ့ရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေဆိုတာ အမြဲတမ်းရှိနေတတ်တာကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ပြောပြပေးသွားချင်ပါတယ်။ မှောက်အိပ်လို့ ဘာကောင်းကျိုးရှိလဲ။ အိပ်နေတဲ့အချိန်မှာ ဟောက်တတ်တဲ့သူတွေအတွက် ဟောက်သံထွက်တာ နည်းသွားမယ်။ အသက်ရှူကျပ်ပြီး အိပ်မပျော်ဖြစ်တဲ့သူတွေအတွက် မှောက်အိပ်ခြင်းနည်းလမ်းက အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကျိုးနည်းပြီး ဆိုးကျိုးများတာကြောင့် တစ်ရေးတမော မိနစ်အနည်းငယ်လောက်ပဲ အိပ်လို့ အဆင်ပြေပြီး ကြာရှည်အိပ်မယ်ဆိုရင်တော့ ကိုယ်ခန္ဓာအရိုးအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအတွက် ဘယ်လိုဒုက္ခဖြစ်စေလဲ။ ၁။ ပထမဆုံး အနေနဲ့ ကျောရိုးမှာ ဒဏ်စဖြစ်ပါတယ်။ မှောက်အိပ်တဲ့အခါ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အအိပ်ဆတ်တဲ့သူတွေ ဒါတွေကို သိထားသင့်တယ်နော်

အိပ်တဲ့အခါမှာ ဘေးပတ်ဝန်းကျင်က အသံဘယ်လောက်ဆူညံနေနေ လုံးဝမနိုးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့သူတွေကို အအိပ်မက်သူတွေလို့ ဆိုနိုင်ပြီး သူတို့နဲ့ ပြောင်းပြန် အသံနည်းနည်းကြားလိုက်တာနဲ့ လန့်နိုးလာတဲ့သူတွေကို အအိပ်ဆတ်တယ်လို့ ဆိုနိုင်ပါတယ်။  ဒီအချက်လေးတွေကိုတော့ အအိပ်ဆတ်တဲ့သူတွေ ဒါတွေကို သိထားသင့်တယ်နော် ...... အအိပ်ဆတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းအများစုကတော့ အအိပ်ဆတ်တဲ့ မိဘမျိုးရိုးက ဆင်းသက်လာတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ အိပ်ပျော်နေစဉ် ဦးနှောက်ထဲမှာဖြစ်နေတဲ့ အာရုံကြောလှိုင်းတွေ အလုပ်လုပ်တဲ့ပုံစံ ကိုယ်မသိသေးတဲ့ အိပ်စက်ခြင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါတစ်ခုခုရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ လက်ရှိမှာတော့ အအိပ်ဆတ်ခြင်းကို ဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်းမရှိသေးပါဘူး။ အအိပ်ဆတ်တဲ့သူတွေမှာ ပုံမှန်လူတွေထက် ပိုပြီး အိပ်ချိန်နည်းတတ်သလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ခဲယဉ်းတဲ့အတွက် ရေရှည်ကျန်းမာရေးမှာ ထိခိုက်လာနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အိပ်စက်ခြင်းအဆင့် ၂မျိုးဆိုတာ ဘာလဲ။ ပုံမှန်အားဖြင့် အိပ်ပျော်သွားပြီးနောက်မှာ မျက်လုံးကလှုပ်ရှားနေပြီး အိပ်မက်မက်တဲ့ REM အဆင့်နဲ့ မျက်လုံးလှုပ်ရှားခြင်းမရှိဘဲ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကောင်းကောင်းအိပ်ပျော်ချင်ရင် မအိပ်ခင် ရေနွေးနွေးချိုးပါ

မအိပ်ခင်ရေနွေးနွေးနဲ့ချိုးတာက ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်ဆိုတာ သိတဲ့သူတွေ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်အချိန်မှာချိုးတာ အကောင်းဆုံးဖြစ်မလဲ ဆိုတာ သုတေသနအသစ်က အဖြေရှာပေးခဲ့ပါတယ်။ညဘက်မှာ ဖြောင့်ဖြောင့်ဖြူးဖြူး အိပ်မပျော်နိုင်သူအတွက်က ကောင်းကောင်းအိပ်ပျော်စေနိုင်ဖို့ အကြံပြုချက်တွေ အများကြီးရှိပါတယ်။ ဥပမာ - ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ဖို့၊ အိပ်ခန်းလေးကို အိပ်ချင့်စရာဖြစ်အောင်ပြင်ဆင်ဖို့၊ အိပ်ခါနီးမှာ အယ်လ်ကိုဟောတွေရှောင်ဖို့ စတာတွေပေါ့။ ဒီထဲမှာမှရေနွေးနွေးနဲ့ ရေချိုးတာက လူသိများတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ရေနွေးလေးနဲ့ချိုးတဲ့အခါ ခန္ဓာကိုယ်ကို အကြောအခြင်တွေပြေလျော့စေနိုင်တဲ့အပြင် ခန္ဓာကိုယ်အပူချိန်က ကျသွားလေ့ရှိတာကြောင့်လည်း အိပ်လို့ကောင်းစေတာပါ။ ဒါဆို ဘယ်အချိန်အိပ်အိပ်၊ မအိပ်ခင် ဘယ်နှနာရီအလိုမှာ ချိုးချိုး အကျိုးအာနိသင်အတူတူပဲလား။ ဒီမေးခွန်းကိုUniversity of Texas ရဲ့ သုတေသီ Shahab Haghayegh ဦးဆောင်တဲ့အဖွဲ့က အဖြေရှာလေ့လာခဲ့ကြပါတယ်။ ရေချိုးချိန်နဲ့ အိပ်စက်မှုအရည်အသွေး ဒီသုတေသနမှာPubMed ၊ CINAHL ၊Cochran ၊Medline၊ PsycInfo နဲ့ Web of […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘာကြောင့် ဘယ်ဘက်ကို စောင်းအိပ်သင့်တာလဲ

လူတစ်ကိုယ် အကျင့်တစ်မျိုးဆိုတဲ့အတိုင်း ရုတ်တရက်လှုပ်ရှားလိုက်တာပဲဖြစ်ဖြစ်၊ အမူအကျင့်လေးတွေကလည်း မတူကြပါဘူး။ ညအိပ်တဲ့အခါလည်း အိပ်စက်နေကျ အိပ်စက်မှုပုံစံက ကိုယ့်အကျင့်နဲ့ကိုယ်ပါပဲ။ တချို့ကဘေးစောင်းအိပ်တတ်တယ်၊ တချို့က ပက်လက်ဆန့်ကားပြီးအိပ်တတ်တယ်၊ တချို့ကမှောက်အိပ်လေ့ရှိတယ်၊ လူးလိမ့်ရင်းခြေရင်းခေါင်းရင်းမှားနေတတ်သူတောင် ရှိသေးတယ်။ အိပ်တာပဲ ဘယ်လိုအိပ်အိပ်ပေါ့လို့ပြောကြမှာပဲ။ ဒါပေမယ့် လူကအိပ်နေချိန် ခန္ဓါကိုယ်ထဲမှာက မနားနေပါဘူး။ အိပ်နေတဲ့အချိန်အတွင်းမှာ မှတ်ဉာဏ်တွေသိုလှောင်မယ်၊ အစာတွေချေဖျက်မယ်၊ ကုန်ခမ်းသွားတဲ့အားတွေပြန်ဖြည့်မယ်၊အောက်ဆီဂျင်ကိုယူပြီးသွေးလည်ပတ်စီးဆင်းမယ် စတဲ့ အလုပ်တွေအများကြီးပါ။ အဲဒီအခါ ကိုယ့်ရဲ့အိပ်စက်မှုပုံစံက ဒီလုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ သင်သိရဲ့လား။ အသင့်တော်ဆုံး အိပ်စက်မှုပုံစံ အိပ်စက်ခြင်းအနုပညာမှာ အသင့်တော်ဆုံးအိပ်စက်မှုပုံစံဆိုတာရှိနေပါတယ်။ အဲဒါကတော့ ဘယ်ဘက်ကိုစောင်းအိပ်တာပါပဲ။ ဘာ့ကြောင့်လဲသိချင်လား။ အကြောင်းရင်းက (၇) ခုရှိပါတယ်။ (၁) အစာပိုကြေစေတယ် အိပ်ခါနီး ဒါမှမဟုတ် တရေးနိုး ဗိုက်ဆာတတ်ကြတာ အကြောင်းရင်းရှိပါတယ်။ ကျွန်မတို့ရဲ့ခန္ဓါကိုယ်က အိပ်စက်ချိန်အတွင်းမှာလည်း အလုပ်များသလို အဲဒီအလုပ်တွေကြောင့်လောင်စာတချို့လိုအပ်တတ်ပါတယ်။ အစာအိမ်က ဝမ်းဗိုက်ဘယ်ဘက်ခြမ်းမှာရှိတာမို့ ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ အစာတွေကို အူမကြီးဆီရောက်ရှိမှု ပိုလွယ်ကူစေနိုင်ပါတယ်။ ဒါ့အပြင် အစာခြေအင်ဇိုင်းတွေထွက်ရှိမှုကိုအားပေးတဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်း (၃) ချက်

လူတစ်ယောက် ကျန်းမာဖို့၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့၊ စိတ်ပျော်ရွှင်စေဖို့ တစ်နေ့တာ ပြည့်ဝစွာအိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း လူဆိုတာ စိတ်ဖိစီးမှုတွေ၊ အတွေးတွေ၊ အလုပ်တွေကို အိပ်ရာထဲထိ ယူလာတတ်ကြတယ်မလား။ လူငယ်တွေကျတော့လည်း ညမိုးချုပ်တဲ့အထိ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ညနောက်ကျမှအိပ်၊ ကြာလာတော့ ညဘက်စောစောအိပ်ရမယ်ဆိုရင် ဘယ်လိုမှအိပ်လို့မပျော်တော့ဘူးလေ။ ဒီလိုမျိုး ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့ သူတွေအတွက် အမြန် အိပ်ပျော်စေမယ့် နည်းလမ်း (၃) ချက်ကို ပြောပြပေးချင်ပါတယ်။ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်း (၃) ချက် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်းတွေက ၁။ အိပ်ပျော်စေမယ့် Military နည်းလမ်း ပက်လက်လှဲနေပါ မျက်နှာပေါ်မှာ ရှိတဲ့ ကြွက်သားတွေ ဖြေလျှော့ထားပါ ပုခုံးကြွက်သားကို တင်းမထားဘဲ ဖြေလျှော့ထားပါ လက်နှစ်ဖက်ကို ကိုယ်ခန္ဓာဘေးတစ်ဖက်စီမှာ ကပ်ထားပါ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် ၈နာရီရှိဖို့ ဘာကြောင့်လိုအပ်တာလဲ

ညအိပ်ချိန် ဟာ လူတစ်ယောက် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးကြီးပါတယ်။ လူက ကောင်းကောင်းအိပ်မှပဲ နောက်နေ့နိုးလာရင် အားအင်ပြည့်ဖြိုး လန်းဆန်းတက်ကြွနေမှာပေါ့။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ဆိုတာ အိပ်ချိန်ပြည့်ဝနေမှ ဖြစ်မှာပါ။ စိတ်မကောင်းစွာနဲ့ပဲ ပြောရမယ်ဆိုရင် ဒီဘက်ခေတ် လူတော်တော်များများကို စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါ ညဘက်တွေမှာ အိပ်ချိန်တော်တော်နည်းနေကြတာကို တွေ့ရပါတယ်။ ဒီတော့ ဒီနေ့ အိပ်ချိန်နည်းသွားလို့ နောက်နေ့မှ ပြန်အစားထိုးပြီး အိပ်လို့ရော မရဘူးလားဆိုပြီး မေးစရာကရှိလာပါတယ်။ အဖြေကို အလွယ်ပြောရမယ်ဆိုရင်တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်ချိန်ဆိုတာ ပြန်ပြီး အစားထိုးလို့ မရတဲ့အရာတွေထဲက တစ်ခုပါ။ တစ်ညအိပ်ရေးပျက်သွားရင် ရက်ပေါင်းများစွာ အစားထိုးရတဲ့အတွက် ခက်ခဲပါတယ်၊၊ လူတစ်ယောက်ရဲ့ ညအိပ်ချိန် တွေက ဘယ်လောက်ရှိသင့်လဲ။ ဒါကတော့ ကိုယ့်ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်ပြီး ကွာသွားနိုင်ပါတယ်။ ဥပမာအားဖြင့် မွေးကင်းစ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မနက်စောစောထပါလို့ ပြောရတဲ့ အကြောင်းအရင်း

မနက်ဆိုအစောကြီးမထချင်တဲ့ အိပ်ပုပ်လေးတွေရှိရင် လက်တို့ပြီး ဒီဆောင်းပါးလေးတူတူဖတ်ကြည့်နော်....... မနက်စောစောထရတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်တဲ့အချက်တစ်ခုမို့ဖြစ်နိုင်ရင် အိပ်ရာစောစောထတာကကောင်းတဲ့ အလေ့အထတစ်ခုလို့ပြောချင်ပါတယ်။ မနက်စောစောထတာကောင်းလား မနက်ခင်းစောစောလေးထ၊ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာစားလိုက်ရတဲ့ခံစားချက်က စိတ်ရော ကိုယ်ပါလန်းဆန်းစေနိုင်ပါတယ်။ လုပ်စရာတွေကိုစောစောစီးစီနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့ မနက်ခင်းရဲ့ သန့်စင်တဲ့လေနုအေးတွေက ခန္ဓာကိုယ်အတွက်တော်တော်လေး အထောက်အကူပြုပေးနေတာပါ။ ဒီလောက်ဆိုရင်တော့ မနက်ခင်းစောစောထတာကကောင်းတယ်လိုပပြောချင်နေတယ်ဆိုတာ သိလောက်ရောပေါ့........ မနက်စောစောထရင် ရရှိမယ့်အကျိုးကျေးဇူးတွေက မနက်စောစောလေးထလိုက်ရင် ဘာမှမထူးသွားလောက်ပါဘူး၊လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ထူးခြားသွားမှာတွေက အများကြီးပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေနိုင်ပါတယ် ညဘက်တော်တော်နဲ့ မအိပ်တတ်ကြသူတွေက ကိုယ်အလေးချိန်ပိုတက်နိုင်ပါတယ်။ အိပ်ရာဝင်ချိန်နောက်ကျလေလေ ကယ်လ်လိုရီများတာတွေ ပိုစားမိလေလေပါ။ ဒီလိုမျိုး အသင့်စား၊ အလွယ်စားအစာတွေကို အိပ်ရာဝင်နောက်ကျတိုင်း စားနေမှတော့ ကိုယ်အလေးချိန်တက်လာမယ်၊ဆိုတာပြောနေစရာတောင် မလိုအောင်ပေါ့။ ဒီလိုကနေတဆင့် ကိုယ်အလေးချိန်များလာမယ်၊ အဆီတွေပိုစုမိပြီးရောဂါတွေပါဝင်လာနိုင်ပါသေးတယ်။ ဆီးချိုရောဂါ ကင်းစေနိုင်တယ် ညဘက်ကိုစောစောအိပ်ရာဝင်ပြီး မနက်ခင်းစောစောထသူတွေက အိပ်ရေးပျက်မှုကင်းတာကြောင့် ကျန်းမာတဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုင်ဆိုင်ကြပြီး ဆီးချိုဖြစ်နိုင်ခြေတော်တော်လေးနည်းပါတယ်။ နှလုံးရောဂါဖြစ်နိုင်နည်းတယ် စောစောအိပ်တာက […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့ခင်းတစ်ရေးအိပ်ကြမယ်

ထမင်းစားပြီးသွေးလေးလိုက်တာ၊ အိပ်ချင်လာပြီလို့ ခံစားနေရတာကို တင်းခံနေမယ်လို့များတွေးနေလား။ တင်းခံမနေပါနဲ့။နေ့လယ်ခင်း အိပ်ချင်လာရင် အိပ်သာအိပ်လိုက်ပါ။ အိပ်စက်မှုက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးရှိစေတဲ့အရာပါ။နေ့ခင်းဘက်မှာ နာရီဝက် ၄၅ မိနစ်လောက် အိပ်စက်မှုက ဦးနှောက်အတွက်ရော၊ ကိုယ်ခန္ဓါအတွက်ပါအထောက်အကူပြုပေးနိုင်ပါတယ်။ နေ့လယ်ခင်းအိပ်စက်မှုက ဒီလိုမျိုးကောင်းကျိုးတွေရရှိနိုင်ပါတယ် နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်စက်မှုက မှတ်ဉာဏ်တိုးစေနိုင်တယ် လေ့လာမှုတွေအရနေ့ခင်းဘက်မှာ အိပ်စက်တာက မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သတိမေ့တာမျိုး၊ နှုတ်ဖျားလေးတင်မေ့နေတယ်ဆိုတာမျိုးမဖြစ်အောင်နေ့လယ်ခင်းအိပ်စက်ပေးပြီး ဦးနှောက် စွမ်းရည်ကိုမြှင့်တင်ပေးပါ။ ခွန်အားပြည့်စေနိုင်တယ် နေ့ခင်းအိပ်စက်မှု ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ခန္ဓါကိုယ် လှုပ်ရှားမှုကိုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့်နေ့ခင်းပိုင်းမှာ တစ်နေ့ကို မိနစ် ၂၀ ခန့်အိပ်စက်ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓါကိုယ်ကို အားပြန်သွင်းပေးရာလည်းရောက်ပါတယ်။ ထမင်းစားပြီး ခဏလောက်တော့ အိပ်စက်အနားယူပေးပါ။ စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်တယ် နေ့ခင်းပုံမှန်အိပ်စက်တဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကနေ ကင်းဝေးကြပါတယ်။နေ့ခင်း ၁ နာရီ ကနေ ၃ နာရီအတွင်းမှာ တစ်ရေးလောက်အိပ်တာက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။နေ့ခင်းပိုင်းမှာ နာရီဝက်လောက် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်