စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေသလဲ ..... သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ဘာကြောင့်များမဖြစ်ရတာလဲလို့တွေးမိတဲ့အခါမျိုးမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းဟာ ကိုယ်စိတ်ထဲကရှိနေတဲ့ အရာတွေအတိုင်းဖြစ်လာတတ်တယ်ဆိုတာကို သတိရပေးပါ။ အဖြစ်အပျက်တွေက ကိုယ့်အတွေးတွေအတိုင်း စိတ်ကလုပ်ဆောင်ဖြစ်ပျက်နေတာပါပဲ။ မိမိရဲ့ အတွေးတွေက မိမိရဲ့ဘဝအပေါ် နည်းလမ်းမျိုးစုံနဲ့တိုက်ရိုက်လွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့သူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အခြားသောစိတ်ပိုင်း ဆိုင်ရာ အပျက်သဘောဆောင်မှုတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ကြပါတယ်။ အကောင်းမြင်တတ်သူတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားရတာမျိုး နည်းပါးသလို ကိုယ်ခန္ဓာပိုင်းမှာလည်း ရောဂါကြီးကြီးမားမား ခံစားရတာမျိုးမရှိပါဘူး။ အကောင်းမြင်တဲ့စိတ်ထားက စိတ်ရှုပ်ထွေးပြီး စိတ်ထိခိုက်နေသူတွေအတွက် ကုသမှုတစ်ရပ်ပဲဖြစ်ပါတယ်။ အကောင်းမြင်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေမှာ အထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်ခြင်းက ယုံကြည်မှု ပိုမိုရရှိစေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါ၊ စိတ်ဓာတ်ကျခြင်း နဲ့ အခြားသော စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ ဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အကောင်းမြင်စိတ်ကြောင့်ရရှိနိုင်တဲ့ […]


စွဲလမ်းမှုပြဿနာများ

လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania)

လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) ဆိုတာဘာလဲ လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania) ဆိုတာ လိင်စိတ်ဆန္ဒပြင်းပြမှုလွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။ လိင်စိတ်လွန်ကဲမှုဆိုတာ ကိုယ်တိုင် သာယာမှုမရှိဘဲ၊ ထိန်းချုပ်လို့မရနိုင်ဘဲ ၊ကိုယ်တိုင်မလိုလားဘဲ အကြိမ်ကြိမ်ပြုလုပ်မိနေတဲ့ အပြုအမူတွေဖြစ်ပါတယ်။Nymphomania ဖြစ်နေတဲ့သူတွေဟာ အလိုလိုဖြစ်လာတဲ့အာသာဆန္ဒပြင်းပြမှုကိုဖြေဖျောက်ဖို့ လိင်ဆက်ဆံဖော်များခြင်း(promiscuity) လိုမျိုး ရောဂါအန္တရာယ်များတဲ့လုပ်ရပ်တွေလုပ်မိတတ်ပါတယ်။ ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ဖြစ်နိုင်သလို သူ့ရဲ့လက္ခဏာတွေက လိင်ကိစ္စအပြုအမူတွေအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာပြဿနာရှိလာခြင်း၊ မလိုလားအပ်တဲ့ အတွေးတွေအကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်း(စိတ်စွဲလမ်းခြင်း)၊ ရှက်စိတ်၊အပြစ်ရှိစိတ်နဲ့ ချို့ယွင်းချက်ရှိသလို ခံစားနေရခြင်းတို့ပါဝင်ပါတယ်။ nymphomania ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ တခြားစိတ်ရောဂါဝေဒနာတွေလိုပဲnymphomania ဟာ ပတ်ဝန်းကျင်၊ မျိုးရိုးအခံ၊ဘဝအနေအထား စတဲ့အချက်တွေရဲ့ ရလဒ်အဖြစ် ခံစားလာရတတ်ပါတယ်။ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့serotonin, dopamine နဲ့ norepinephrine လို ဦးနှောက်တွင်း neurotransmittersတွေမညီမျှမှု၊ ဦးနှောက်ကို ထိခိုက်စေတဲ့ရောဂါတချို့၊ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်လှုပ်ရှားမှုလမ်းကြောင်း( neural circuits)မှာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မိသားစုဖိစီးမှုဒဏ်ကို ဘယ်လိုလျှော့ချမလဲ

စိတ်ဖိစီးမှုဟာ သင့်အနားက အရာတွေကြောင့် ဖြစ်တယ်ဆိုရင် ဒါကို လွတ်မြောက်ဖို့ ခဲယဉ်းပါတယ်။ သင်ဟာ သူငယ်ချင်းတွေကို ရွေးချယ်နိုင်သော်လည်း မိသားစုကို ရွေးချယ်နိုင်ခြင်း မရှိပါဘူး။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ လာလည်တဲ့ အမျိုးတွေ အားလုံးဟာ စိတ်ဖိစီးခြင်းရဲ့ အရင်းအမြစ် ဖြစ်လာနိုင်ပါတယ်။     မိဘဖြစ်ခြင်းရဲ့ စိတ်ဖိစီးမှု ကလေးငယ်တွေဟာ သင့်ကိုပျော်ရွှင်စေသလို ခက်ခဲတဲ့အချိန်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မိဘတစ်ယောက် ဖြစ်လာခြင်းဟာ နေ့စဉ် အလုပ်လုပ်တဲ့ပုံစံ၊ အိပ်တဲ့ပုံစံမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီထက်ခက်ခဲတဲ့ အခက်အခဲတွေ ဘဝမှာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီစိတ်ဖိစီးခြင်းဟာ ဒီအတိုင်းပျောက်သွားမှာ မဟုတ်လို့ သက်သာစေတဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ သင့်ရှေ့က မိဘအတော်များများဟာ ဒီပြဿနာတွေကို ကြုံခဲ့ပြီး ဖြစ်တာမို့ သူတို့နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အကူအညီပေးခြင်းတွေကို လက်ခံပါ။ တကယ်လို့ သင်ဟာ တတ်နိုင်သူဆိုရင် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

တစ်ဦးတည်းသော မိဘတစ်ယောက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ

အခုအချိန်မှာ မိဘတစ်ဦးတည်းရှိတဲ့ မိသားစု အရေအတွက်ဟာ သိသာစွာ မြင့်တက်လာပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ကို ကြီးပြင်းလာအောင် စောင့်ရှောက်ရခြင်းဟာ ဘယ်တော့မှ မလွယ်ကူပါဘူး။     တစ်ဦးတည်းသောမိဘတွေ ရင်ဆိုင်ရမယ့် ပြဿနာတွေက ဘာတွေလဲ။ အချို့ပြဿနာတွေကို တစ်ဦးတည်းသောမိဘတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ပထမဦးစွာ အိမ်ထောင်ဖက် အကူအညီမရရှိတာကြောင့် ပြဿနာတိုင်းဟာ နှစ်ဆ ဖြစ်နိုင်ပါတယ်။ ကလေးရဲ့ အလုပ်တိုင်းကို နေ့တိုင်းအကုန် လုပ်ပေးဖို့ တာဝန်ရှိနေပါတယ်။ ရလဒ်အနေနဲ့ ဖိအားများစွာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဖိအားတွေက သင်ကလေးကို သင့်လျော်အောင် မစောင့်ရှောက်နိုင်တော့ဘူးလို့တောင် အထင်ရောက်စေပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိဘ တွေဟာ ငွေကြေးပိုင်းဆိုင်ရာ ပြည့်စုံမှု မရှိကြပါဘူး။ နောက်ဆုံးအနေနဲ့ကတော့ တစ်ဦးတည်းသောမိဘတွေရဲ့ ကလေးငယ်တွေဟာ ကြီးပြင်းလာတဲ့အခါ စံထားစရာ အမျိုးသမီး၊ အမျိုးသား တစ်ဦးဦး ပျောက်ဆုံးတတ်ကြပါတယ်။ ဒီစိန်ခေါ်မှုတွေကို တစ်ဦးတည်းသောမိဘတွေက ဘယ်လိုကျော်ဖြတ်နိုင်မလဲ။ သင့်မေတ္တာကို ဖေါ်ပြပါ။ ကလေးဟာ ကောင်းမွန်တာ တစ်ခုခုကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ဝေဒနာကုဆေးများအကြောင်း

စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေဆိုတာ ချစ်ခြင်း၊ မုန်းခြင်း၊ ဒေါသ၊ ယုံကြည်မှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု စတာတွေပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုဟာ အချိန်တိုတခုအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်တခု အပေါ် တုံ့ပြန်မှုတခုလည် ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုဆိုတာ စိတ်အခြေအနေနဲ့ ဆက်စပ်နေပေမယ့် ပုံစံကွဲပါတယ်။ စိတ်အခြေအနေဆိုတာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်အနှောက်အယှက်ဖြစ်မှု၊ ရောင့်ရဲမှု၊ စိုးရိမ်မှုစတဲ့ ယေဘုယျဆန်ပြီး ကြာရှည်တဲ့ ခံစားမှုကို ဆိုလိုပါတယ်။ မကြာသေးမီက သုတေသနပြုချက်အရ စိတ်ဒဏ်ရာ ရရှိမှုဟာ မော်တော်ကားမတော်တဆမှု၊ အိမ်ထောင်ရေး အချစ်ရေး ကွာရှင်းပြတ်စဲမှု၊ အနိုင်ကျင့်ခံရမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ နေထိုင်မကောင်းမှု၊ မသန်မစွမ်းဖြစ်မှု စတာတွေကြောင့် ရရှိနိုင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ တချို့ဖြစ်ရပ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု မရှိရင်တောင် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားစေနိုင်ပါတယ်။ ဦးနှောက်ကို အဓိကအားဖြင့် ၃ပိုင်းနဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ခံစားမှု ပြင်းထန်ခြင်း၏ အဖြစ်များသောရောဂါလက္ခဏာများ

၁။ Borderline personality disorder ဆိုတာ ဘာလဲ။ Borderline personality disorder ဟာ ပြင်းထန်တဲ့ ခံစားမှုများ၊ စိတ်၊ အပြုအမူတွေ ဖြစ်စေတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လူနာတွေဟာ သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိကြပါတယ်။ တခါတရံ သူတို့ကို မတည်ငြိမ်တဲ့ ဆက်ဆံမှုတွေ ဖြစ်စေတဲ့ အပြုအမူတွေ ရှိနိုင်ပါတယ်။ ဒီစိတ်ကျန်းမာရေးအခြေအနေဟာ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ကာစ အချိန်တွေမှာ အဖြစ်များပါတယ်။ ၂။ Borderline personality disorder ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ Borderline personality disorder ရဲ့ လက္ခဏာတွေဟာ အခြားစိတ်ကျန်းမာရေးအခြေအနေတွေနဲ့ ကွဲပြားမှုမရှိတာကြောင့် ခွဲခြမ်းရခက်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် Borderline personality disorder ကို အောက်ဖေါ်ပြပါ လက္ခဏာတွေကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ထိခိုက်မှုဖြစ်ပြီးနောက် စိတ်ဒဏ်ရာရနေတဲ့ မိသားစုဝင်ကို ဘယ်လိုဖေးမကူညီမလဲ

တကယ်လို့ သင့်မိသားစုဝင်တစ်ယောက်ယောက်ဟာ post trauma stress syndrome (PTSD) ကို ခံစားနေရရင် သူတို့ဟာ စတင်ပြီး ထူးကဲစွာ ဆက်ဆံတာကြောင့် သင်က စိတ်ရှုပ်ရပါလိမ့်မယ်။ ဒီရောဂါရှိသူ မိသားစုတွေမှာ မိသားစုဝင်တွေဟာ ကြောက်ခြင်း၊ မိသားစုကြားဆက်ဆံရေးအတွက် စိတ်ပူခြင်း၊ မိသားစုကို ဘာတွေ ဖြစ်မယ်ဆိုတာ စဉ်းစားမိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်ကတော့ လူနာတွေက post trauma stress disorder ရဲ့ ပြဿနာတွေကို ကျော်လွှားဖို့အတွက် အခြားသူတွေဆီက ပံ့ပိုးမှုနဲ့ မေတ္တာလိုအပ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ တကယ့် ပြဿနာတွေကို နားလည်ခြင်းနဲ့ သေချာကုသခြင်းတွေဟာ သူတို့ကို ပြန်ကောင်းစေပြီး ဘဝကို ဆက်လျှောက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ Post trauma stress disorder နဲ့ ဆက်ဆံရေးအပေါ်သက်ရောက်မှုများ Post trauma stress disorder […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ

ဒေါသဟာ စိတ်ရှုပ်ခြင်း၊ စိတ်ပျက်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းတွေကနေ စတင်နိုင်ပြီး ပြင်းထန်တဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ ဒေါသထွက်ခြင်းဟာ ခံစားချက်တွေကိုသက်သာစေတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါယတ်။ ဒါဟာ ပုံမှန်လူသား ခံစားမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါသကို ဘယ်လိုဖေါ်ပြရမလဲဆိုတာ မသိရင်တော့ ဒါကို anger management problem လို့ ခေါ်ပါတယ်။ စိတ်တိုခြင်းဟာ ကောင်းခြင်း၊ ဆိုးခြင်း မရှိပါဘူး။ ဒါပေမယ့် သင်ဒေါသထွက်ပုံ၊ အခြားသူတွေကို ဆက်ဆံပုံပေါ်မူတည်ပြီး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒေါသကိုမထိန်းနိုင်သူ တစ်ယောက်ဟာ နားလည်မှုလွဲခြင်းကို ဖြစ်စေနိုင်ပြီး ဒါဟာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ anger management problem ရှိသူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သတိမထားမိခြင်း၊ အခြားသူတွေကို ပြဿနာ ဖြစ်စေမှန်းကိုသတိမထားမိခြင်း တွေဖြစ်နိုင်ပါတယ်။ Anger management problem […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေကြောင်းကြံလိုစိတ်ရှိတဲ့ သူငယ်ချင်းကို ကူညီရန်အဆင့်များ

အခြေအနေ အတော်များများမှာ သေကြောင်းကြံလိုသူဟာ အကူအညီမတောင်းတတ်ကြပါဘူး။ သူတို့ဟာ ဘဝကို အရှုံးပေးလိုက်ပြီး သင့်ကို အရမ်းနောက်ကျသွားချိန်အထိ ပြဿနာတွေကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါမျိုး သင့်သူငယ်ချင်းမှာ ဖြစ်လာရင် သင်က ထိန်းချုပ်ပြီး သင့်သူငယ်ချင်းကို ကူညီပေးနိုင်ပါတယ်။ သေကြောင်းကြံခြင်းကို နားလည်ခြင်းနဲ့ ကာကွယ်ခြင်း လူတစ်ယောက် သေကြောင်းကြံခြင်းကို ကူညီခြင်း မပြုမီ သေကြောင်းကြံခြင်းရဲ့ သတိပေးလက္ခဏာတွေနဲ့ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။ သေကြောင်းကြံခြင်းရဲ့ အဓိက အကြောင်းရင်းက စိတ်ဓါတ်ကျခြင်းကြောင့် ဖြစ်ပါတယ်။ စိတ်ကျမှု ပြင်းထန်သူ အတော်များများက သူတို့ရဲ့ စိတ်ဖိစီးမှုများပြီး မျှော်လင့်ချက်မရှိတဲ့ဘဝကို သေကြောင်းကြံပြီး လွတ်မြောက်လိုကြပါတယ်။ သူတို့တွေဟာ သူတို့ကို ထိခိုက်နေတဲ့ နာကျင်မှုကို ရပ်တန့်လိုကြပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ စဉ်းစားနေပြီဆိုရင် သူ့မှာ ကိုယ့်ကိုယ်ကို မနှစ်မြို့ခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အထီးကျန်ခြင်းတွေ ရှိနိုင်ပါတယ်။ သေခြင်းတရားအကြောင်း […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျခြင်းဆိုတာဘာလဲ

စိတ်ဓါတ်ကျခြင်းဆိုတာ ဘာလဲ စိတ်ဓါတ်ကျခြင်းဆိုတာကို စိတ်ကျရောဂါလို့လည်း ခေါ်ပါတယ်။ စိတ်ထဲမှာ အမြဲလိုလို ဝမ်းနည်း ပူဆွေးနေပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာ တွေးခေါ်ပြုမူပုံတွေအပေါ် သက်ရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိပါတယ်။ ဝမ်းနည်းမှုဟာ အချိန်ကြာလာပြီး လုပ်ငန်းခွင်ကို ထိခိုက်လာရင် မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ ရှိလာရင်၊ သေကြောင်းကြံစည်လိုတဲ့ အတွေးများဝင်လာရင် စိတ်ဓါတ်ကျခြင်း ဖြစ်နေနိုင်ပါတယ်။ အဲဒီလက္ခဏာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓါတ်ကျခြင်းဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ အဖြစ်များတဲ့ ပြသနာဖြစ်ပါတယ်။ သုတေသနတွေအရ လူအားလုံးရဲ့ ၈၀ %ခန့်ရဲ့ ဘဝတလျှောက်မှာ တချိန်ချိန်တော့ ဒီပြသနာကို ဘယ်အသက်အရွယ်မဆို ကြုံဖူးတယ်လို့ ဆိုပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ တယောက်နဲ့တယောက် ကွဲပြားနိုင်ပါတယ်။ စိတ်ဓါတ်ကျနေသူခြင်းတူတူ တချို့က […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း