လူတွေအသိစိတ်ပျောက်သွားတယ်။ ရူးသွားတယ်ဆိုတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ အဆိုးမြင်လွန်းတဲ့ အတွေးတွေ စိတ်ထဲပြည့်နှက်သွားတဲ့အခါ အဆိုးမြင်စိတ်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာကြောင့် အသိစိတ်ပျောက်တာတွေ၊ ရူးသွပ်တာတွေဖြစ်လာရတာဖြစ်ပါတယ်။ သင်တို့မှာလည်း စိုးရိမ်စရာတွေရှိနေရင် ကိစ္စကြီးကြီး ၊ ငယ်ငယ်အရမ်းကြီးတွေးတာမျိုးမလုပ်ပါနဲ့။
စိုးရိမ်စရာတွေကို တအားကြီးတွေးနေမယ့်အစား ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုတဲ့နည်းလမ်းတွေကိုပဲတွေးပါ။ အကြွေးတွေ တင်နေတယ်ဆိုပါစို့။ ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူးလို့ ဘယ်တော့မှမတွေးပါနဲ့။ အဲ့လိုမျိုးတွေးတာက အထောက်အကူမရဘဲ တစ်ပူပေါ်တစ်ပူဆင့်ပြီး စိုးရိမ်စရာပဲတိုးလာပါလိမ့်မယ်။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။
- ချင့်ချင့်ချိန်ချိန် အေးအေးဆေးဆေး တွေးတောစဉ်းစားနိုင်စေခြင်း
အကောင်းမြင်တာက ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ စဉ်းစားဆင်ခြင်နိုင်မှုကိုရရှိ စေနိုင်ပြီး ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ အထောက်အကူပြုပါတယ်။ စိတ်က ခိုင်မာတဲ့ စိတ်ကူးတွေကို တွေးတောမယ်ဆိုရင် ဆုံးဖြတ်ချက်က ကျိုးကြောင်းညီညွတ်ပြီး ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်မျိုးကိုချမှတ်နိုင်မှာဖြစ်ပါတယ်။
- အကောင်းမြင်စိတ်က အရည်အသွေးကိုတိုးတက်စေနိုင်ခြင်း
မိနစ်အနည်းငယ်လောက်ပဲ ကောင်းမွန်တဲ့ခံစားချက်လေးတွေရရှိပြီးရင် အကောင်းမြင်စိတ်ရဲ့ အကျိုးကျေးဇူးကို ရရှိမှုက အဆုံးမသတ်ပါဘူး။ အကောင်းမြင်စိတ်ရဲ့ အကြီးမားဆုံးသော အကျိုးကျေးဇူးက အရည်အသွေးတွေ တည်ဆောက်နိုင်စွမ်းကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။
အကောင်းမြင်စိတ်ကို ဘယ်လိုပျိုးထောင်မလဲ
အကောင်းမြင်စိတ်က ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တာကြောင့် အကောင်းမြင်စိတ်ကို ပျိုးထောင်နိုင်မယ့် အယူအဆလေး ၃ ရပ်ကိုမျှဝေပေးလိုက်ပါတယ်။
တရားထိုင်ပါ။
နေ့စဉ် တရားထိုင်တာက အကောင်းမြင်စိတ်ကူးကို ပိုမိုရရှိစေပါတယ်။ တရားပုံမှန်ထိုင်တဲ့ သူတွေက အဖိုးတန်တဲ့ ရေရှည်အရည်အသွေးတွေကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ လေ့လာမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ နေ့စဉ်တရားထိုင်သူတွေက စိတ်တညငြိမ်သလို၊ လူမှုဆက်ဆံရေးမှာလည်း အထောက်အပံ့ရရှိစေတဲ့အပြင် နာမကျန်းဖြစ်မှုတွေကိုပါ ကျဆင်းစေနိုင်ပါတယ်။
စာရေးပါ။
လေ့လာမှုတစ်ရပ်မှာ အုပ်စု ၂ စုခွဲပြီး တစ်စုကို တစ်နေ့တာမှာတွေ့ကြုံခဲ့ရတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ကို ၃ ရက်ဆက်တိုက်ရေးချခိုင်းပါ။ နောက်တစ်ဖွဲ့ကိုတော့ အခြားအကြောင်းအရာတွေကိုပဲ ရေးခိုင်းခဲ့ပါတယ်။
၃ လကြာတဲ့အခါမှာတော့ ကောင်းမွန်တဲ့ အတွေ့အကြုံကို ချရေးတဲ့သူတွေက စိတ်ခံစားမှုပိုမိုကောင်းမွန် လာတာကိုတွေ့ရှိသလို နာမကျန်းဖြစ်တာလည်းလျော့ပါးသွားတာကိုတွေ့ရှိခဲံရပါတယ်။
စိတ်ဝင်စားတဲ့ အားကစားတစ်ခုခုကိုလုပ်ပေးပါ။ (ကစားပေးပါ။)
တစ်နေ့တာအချိန်ထဲမှာ အစည်းအဝေးတက်တာ၊ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တာနဲ့ အပတ်စဉ်လုပ်ငန်းတွေလုပ်ဆောင်တာအပြင် နေ့စဉ်လုပ်ငန်း ဆောင်တာတွေအတွက် အချိန်ခွဲဝေသတ်မှတ်မှုထဲမှာ ကသားရမယ့်အချိန်ကိုလည်း ထည့်သွင်းသတ်မှတ် ပေးပါ။
သင့်ကိုယ်သင် ရယ်မောပြုံးရွှင်ချိန်ပေးပြီး အကောင်းမြင်စိတ်ရဲ့ ကောင်းကျိုးကို ခံစားလိုက်ပါ။ အားကစား တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် စိတ်ဝင်စားတဲ့ ကစားနည်းတစ်ခုခုကိုလုပ်ဖို့ အချိန်ပေးလိုက်တာက အရည်အချင်းသစ်တွေ တိုးတက်ရရှိစေပြီး ပျော်ရွှင်မှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။
အကောင်းမြင်တဲ့စိတ်ထားရှိစေနိုင်ဖို့ လက်တွေ့ကျင့်သုံးရမယ့်နည်းလမ်းများ
- အကောင်းမြင်စိတ်နဲ့ နေ့တစ်နေ့ကို စတင်လိုက်ပါ။
တစ်နေ့တာလုံးမှာ အကောင်းမြင်စိတ်လေး ဖြစ်ပေါ်နေစေဖို့ဆိုရင် အရာရာအဆင်ပြေနေမှာဖြစ်ပါတယ်။ မနက်ခင်းမှာ စတင်တဲ့ပုံစံက တစ်နေ့တာလုံးအပေါ်အကျိုးသက်ရောက်မှုရှိနေစေမှာဖြစ်တာကြောင့် မိုးလင်း အိပ်ရာကနိုးထလာစဉ်ကတည်းက စိတ်ကို ကြည်လင်နေအောင်ထားရှိရမှာဖြစ်ပါတယ်။ မိမိကိုယ် မိမိမှန်ထဲမှာကြည့်ပြီး ဒီနေ့က ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါလို့ ပြောလိုက်ပါ။ တစ်နေ့တာလုံး ကောင်းတာတွေဖြစ်လာမှာပါလို့ ရေရွတ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။