backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဝေဒနာကုဆေးများအကြောင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဝေဒနာကုဆေးများအကြောင်း

စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေဆိုတာ ချစ်ခြင်း၊ မုန်းခြင်း၊ ဒေါသ၊ ယုံကြည်မှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု စတာတွေပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုဟာ အချိန်တိုတခုအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်တခု အပေါ် တုံ့ပြန်မှုတခုလည် ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ခံစားမှုဆိုတာ စိတ်အခြေအနေနဲ့ ဆက်စပ်နေပေမယ့် ပုံစံကွဲပါတယ်။ စိတ်အခြေအနေဆိုတာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်အနှောက်အယှက်ဖြစ်မှု၊ ရောင့်ရဲမှု၊ စိုးရိမ်မှုစတဲ့ ယေဘုယျဆန်ပြီး ကြာရှည်တဲ့ ခံစားမှုကို ဆိုလိုပါတယ်။

မကြာသေးမီက သုတေသနပြုချက်အရ စိတ်ဒဏ်ရာ ရရှိမှုဟာ မော်တော်ကားမတော်တဆမှု၊ အိမ်ထောင်ရေး အချစ်ရေး ကွာရှင်းပြတ်စဲမှု၊ အနိုင်ကျင့်ခံရမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ နေထိုင်မကောင်းမှု၊ မသန်မစွမ်းဖြစ်မှု စတာတွေကြောင့် ရရှိနိုင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ တချို့ဖြစ်ရပ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု မရှိရင်တောင် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားစေနိုင်ပါတယ်။

ဦးနှောက်ကို အဓိကအားဖြင့် ၃ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။

ဦးနှောက်အပြင်လွှာ။ အပေါ်ယံမှာ တည်ရှိပြီး မြင့်မားတဲ့ အတွေးအခေါ်စွမ်းရည်တွေ ပေါ်ထွက်လာရာ နေရာဖြစ်ပါတယ်။ ဦးနှောက်ရဲ့ အဖွံ့ဖြီုးဆုံး အရှေ့ပိုင်းအပြင်လွှာ ပါဝင်ပါတယ်။

အာရုံကြောကွန်ယက်ပိုင်း။ ဦးနှောက်ရဲ့ ဗဟိုကျတဲ့ အစိတ်အပိုင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပေါ်ထွက်လာရာ နေရာဖြစ်ပါတယ်။

ဦးနှောက်ပင်စည်။ အခြေခံကျတဲ့ အသက်ရှင်မှုဆိုင်ရာ လုပ်ငန်းတာဝန်တွေဟာ ဒီအစိတ်အပိုင်းမှာ ပါဝင်ပါတယ်။

စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာရမှုကြားက ကွာခြားချက်ကို သိသာစေတဲ့အချက်ကတော့ ရလာဒ်ကို ကြည့်တာပါပဲ။ နေ့စဉ်ဘ၀ ပေါင်းသင်းဆက်ဆံရေးကနေ ရလာတတ်တဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ ဖြစ်ရပ်တွေဟာ ဘယ်လောက်စွဲထင်ကျန်ရစ်ခဲ့သလဲ ဆိုတာပေါ် မူတည်ပါတယ်။

စိတ်ဖိစီးမှုဟာ အာရုံကြောစနစ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ပျက်ပြားစေပါတယ်။ ဒါပေမယ့် အချိန်အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ရက်အနည်းငယ်ကြာသွားရင် အာရုံကြောစနစ်ဟာ ပြန်လည်တည်ငြိမ်သွားပြီး ပုံမှန်ပြန်ဖြစ် သွားနိုင်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိမှုများရဲ့ အကြောင်းအရင်း

တိကျတဲ့အဖြေ မရှိပါဘူး။ ဒါပေမယ့် အောက်ပါအချက် တခု ဒါမှမဟုတ် အများအပြား ပါဝင်နေတတ်ပါတယ်။

– ဖြစ်ရပ်၏ ဆိုးရွားမှု

– ကြုံတွေ့ရသူ၏ ရာဇဝင် (ပြန်မမှတ်မိတတ်တာမျီုးတွေတောင် ရှိပါတယ်)

– ကြုံတွေ့ရသူအတွက် ၎င်းဖြစ်ရပ်ဟာ ဘယ်လောက်ထိ ကြီးမားသနည်းဟူသော အချက် (ဖြစ်ဖြစ်ချင်းမှာ သိပ်မသိသာပါဘူး)

– ကြုံတွေ့ရသူ၏ ကိုင်တွယ်ဖြေရှင်းနိုင်မှု၊ တန်ဖိုးထားမှုနှင့် ယုံကြည်မှု (တချို့အရာတွေဟာ မဖော်ထုတ်နိုင်ပါဘူး)

– မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် ပညာရှင်များ၏ တုံ့ပြန်မှု၊ အားပေးကူညီမှု စတာတွေ ဖြစ်ပါတယ်။

စိတ်ခံစားမှုဆိုင်ရာ ရရှိမှု၏ လက္ခဏာများ

အောက်ပါ လက္ခဏာတွေဟာ အတွေ့များပါတယ်။ ဖြေရှင်းမရတဲ့ စိတ်ဒဏ်ရာများဟာ အထူးသဖြင့် ငယ်ရွယ်စဉ်ကာလတွေမှာ ကြုံတွေ့ရတာဖြစ်ခဲ့ရင် ဘဝတလျှောက်လုံးကို လွှမ်းမိုးနေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာများ

– အစားအသောက်ပြောင်းလဲခြင်း (ယခင်ကထက် ပိုစားခြင်း၊ အစားပျက်ခြင်း)

– အိပ်စက်မှု ပြောင်းလဲခြင်း (ပိုအိပ်ခြင်း၊ အိပ်ချိန်နည်းသွားခြင်း)

– လိင်မှုကိစ္စတွင် မစွမ်းဆောင်နိုင်တော့ခြင်း

– စွမ်းအင်နည်းခြင်း

– အကြောင်းရင်း မသိရဘဲ နာတာရှည် နာကျင်ကိုက်ခဲခြင်း

စိတ်ပိုင်းဆိုင်ရာများ

– စိတ်ဓါတ်ကျခြင်း၊ အလိုလိုငိုကြွေးနေခြင်း၊ မျှော်လင့်ချက်မဲ့နေခြင်း

– စိုးရိမ်ပူပန်ခြင်း

– ကြောက်ရွံ့တတ်ခြင်း

– စိတ်စွဲပြီး စိတ်စေ့ဆော်မှုဖြင့် ပြုမူနေတတ်ခြင်း

– ထိန်းချုပ်မှုမဲ့ခြင်း

– ဒေါသထွက်လွယ် စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်း

– စိတ်ခံစားမှုမဲ့ပြီး ထိုင်းမှိုင်းနေတတ်ခြင်း

– ပုံမှန် လုပ်ရိုးလုပ်စဉ်နှင့် ပေါင်းသင်းဆက်ဆံရေးမှ ခွဲထွက်သွားခြင်း

သိမြင်မှုဆိုင်ရာများ

– မှတ်ဉာဏ်ချို့ယွင်းနေတတ်ခြင်း (အထူးသဖြင့် ထိခိုက်မှုအကြောင်း)

– ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ခက်ခဲနေခြင်း

– အာရုံစူးစိုက်နိုင်မှု ကျဆင်းခြင်း

– အသိစိတ်ကင်းလွတ်နေတတ်ခြင်း

– အာရုံစိုက်မှုကင်းမဲ့ပြီး အလွန်အကျွံ ပြုမူတတ်သော လက္ခဏာများ တွေ့ရခြင်း

အဆိုးဆုံးအခြေအနေမှာ ထိခိုက်မှုဖြစ်စေတဲ့ ဖြစ်ရပ်ကို တုံ့ပြန်မှု နှောင့်နှေးနေတတ်ပါတယ်။

စိတ်ဒဏ်ရာပြန်လည် ကြုံတွေ့ရခြင်း

– အလိုလို ပေါ်လာသော အတွေးများ

– ပြန်လည်သတိရခြင်းများ၊ အိပ်မက်ဆိုးများ

– ထိခိုက်သည့်ဖြစ်ရပ်နှင့်ဆိုင်သည့် ပုံရိပ်များ၊ ခံစားမှုများ ရုတ်တရက် ပေါ်လာခြင်း

စိတ်ခံစားမှုကင်းမဲ့နေခြင်း

– အတိတ်မေ့ခြင်း

– ယခင်ဖြစ်ရပ်နှင့်တူသည့် အနေအထားများကို ရှောင်ကြဉ်ခြင်း

– စိတ်လွတ်နေခြင်း

– စိတ်ဓါတ်ကျခြင်း

– အပြစ်ရှိသလို ခံစားနေရခြင်း

– အချိန်ကာလနှင့် ပတ်သက်သည့် ခံစားမှု ပြောင်းလဲလာခြင်း

နိုးကြွခြင်း

– အလွန်အမင်း နိုးကြွားတက်ကြွခြင်း၊ စောင့်ကြည့်ခံနေရသည်ဟု ထင်မြင်နေခြင်း

– တုံ့ပြန်မှုလွန်ကဲခြင်း၊ ဒေါသဖြစ်လွယ်ခြင်း

– အထွေထွေစိတ်ပူပန်တတ်ခြင်း

– အိပ်မပျော်ခြင်း

– သေဆုံးသည်ဟု စိတ်စွဲနေခြင်း

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement