backup og meta

မိသားစုဖိစီးမှုဒဏ်ကို ဘယ်လိုလျှော့ချမလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိသားစုဖိစီးမှုဒဏ်ကို ဘယ်လိုလျှော့ချမလဲ

    စိတ်ဖိစီးမှုဟာ သင့်အနားက အရာတွေကြောင့် ဖြစ်တယ်ဆိုရင် ဒါကို လွတ်မြောက်ဖို့ ခဲယဉ်းပါတယ်။ သင်ဟာ သူငယ်ချင်းတွေကို ရွေးချယ်နိုင်သော်လည်း မိသားစုကို ရွေးချယ်နိုင်ခြင်း မရှိပါဘူး။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ လာလည်တဲ့ အမျိုးတွေ အားလုံးဟာ စိတ်ဖိစီးခြင်းရဲ့ အရင်းအမြစ် ဖြစ်လာနိုင်ပါတယ်။

    မိဘဖြစ်ခြင်းရဲ့ စိတ်ဖိစီးမှု

    ကလေးငယ်တွေဟာ သင့်ကိုပျော်ရွှင်စေသလို ခက်ခဲတဲ့အချိန်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မိဘတစ်ယောက် ဖြစ်လာခြင်းဟာ နေ့စဉ် အလုပ်လုပ်တဲ့ပုံစံ၊ အိပ်တဲ့ပုံစံမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။

    ဒီထက်ခက်ခဲတဲ့ အခက်အခဲတွေ ဘဝမှာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီစိတ်ဖိစီးခြင်းဟာ ဒီအတိုင်းပျောက်သွားမှာ မဟုတ်လို့ သက်သာစေတဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

    • သင့်ရှေ့က မိဘအတော်များများဟာ ဒီပြဿနာတွေကို ကြုံခဲ့ပြီး ဖြစ်တာမို့ သူတို့နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    • အကူအညီပေးခြင်းတွေကို လက်ခံပါ။ တကယ်လို့ သင်ဟာ တတ်နိုင်သူဆိုရင် သန့်ရှင်းရေး လုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အဝတ်လျှော်ခြင်းတွေကို အလုပ်ရှု့ပ်ချိန်တွေမှာ ကူညီဖို့ လူငှားသင့်ပါတယ်။

    • အရေးကြီးတဲ့ စာရွက်စာတမ်းတွေအတွက် သော့ခတ်နိုင်ပြီး မီးလောင်ခံနိုင်တဲ့ စနစ်တစ်ခုကို တည်ဆောက်ထားပါ။

  • ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ စိတ်ဖိစီးမှု လျော့ပါးစေတဲ့ နည်းတွေကို အသုံးပြုသ့်ပြီး စိတ်ကျလက္ခဏာတွေကို သတိပြုပါ။ အနားယူဖို့ အချိန်ပေးပါ။ သင့်ဟာ သင့်ကလေးငယ် အတုယူစရာ လူဖြစ်လာမှာ ဖြစ်ပါတယ်။

  • အစီအစဉ်ဆွဲပါ။ နောက်ရက်အတွက် အဆင်သင့်ဖြစ်အောင်လုပ်ပြီး အိမ်အပြင်ထွက်ဖို့ အချိန်ပိုပေးပါ။

  • သင်ဟာ အရာရာကို မမှတ်မိနိုင်ရင် စာရင်းပြုစုထားပြီး ပြက္ခဒိန်မှာ မှတ်ထားပါ။

  • သင့်ကလေးငယ်နဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ ပင်ပန်းမှုတွေကို ကူညီပါ။

  • အလုပ်နဲ့ မိသားစု ညီမျှအောင်နေခြင်း

    သင်ဟာ အလုပ်လုပ်နေသူဆိုရင် ကလေးတစ်ယောက်ကို ကြီးပြင်းအောင်စောင့်ရှောက်ရာမှာ စိန်ခေါ်မှု မြောက်မြားစွာ တွေ့နိုင်ပါတယ်။ ပင်ပန်းဆင်းရဲတဲ့ အချိန်တွေမှာ ဒီဆုံးဖြတ်ချက်ကို ဘာကြောင့်လုပ်တယ်ဆိုတာ သတိရပါ။

    မိသားစုနဲ့ အလုပ်ကြားမှာ မလွှဲသာမရှောင်သာ အငြင်းပွားမှုတွေ ဖြစ်နိုင်တာမို့ တတ်နိုင်သမျှ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ပါ။ သင့်ကို ကူညီပေးနိုင်မယ့် ကွန်ရက်ကို ကျယ်ပြန့်အောင်လုပ်ပြီး အရေးပေါ်သုံးဖို့ ငွေကြေး စုထားကာ အားအင်ပြည့်ဝအောင် နေသင့်ပါတယ်။

    သင့်ကိုယ်သင် ဖိအားအလွန်မများစေသင့်ပါဘူး။ အစီအစဉ် ကြိုတင်ပြုလုပ်ထားပြီး သင်လိုအပ်တဲ့အခါ အကူအညီယူသင့်ပါတယ်။

    မိဘတစ်ဦးတည်းစောင့်ရှောက်ခြင်း

    မိဘတစ်ဦးတည်းစောင့်ရှောက်ခြင်းဟာ ခက်ခဲပါတယ်။ အခက်ခဲဆုံးအပိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မှီခိုရန် လူကြီးမရှိခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပျော်ရွှင်စေမယ့် အချက်ရှိပါတယ်။

    • အကူအညီ နေရာမျိုးစုံမှယူပါ။ အခြားမိဘတွေနဲ့ ပေါင်းစည်းနေပါ။ သင့်နောက်မှာတစ်ယောက်ယောက်ရှိနေတယ်ဆိုတာ သိနေရင် တိုက်ခိုက်ရလွယ်ကူပါတယ်။

    • တည်ငြိမ်တဲ့ ငွေရေးကြေးရေး အခြေအနေကို တည်ဆောက်ပါ။

    • သင့်ကလေးငယ်တွေကို အမြဲအားပေးပြီး သင်သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိပါစေ။

    • သင့်အတွက် အချိန်ပိုပေးသင့်ပြီး ခံစားမှုတွေကို ထုတ်ဖေါ်သင့်ပါတယ်။ ဒါဟာ နာကျင်မှုဖြစ်စေခဲ့ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးမြှင့်သင့်ပါတယ်။

    ဆွေမျိုးတွေထံမှ စိတ်ဖိအား

    တခါတရံမှာ သင်ဟာ ဆွေမျိုးတွေနဲ့ အချိန်ဖြုန်းခြင်းကို မနှစ်သက်တာကြောင့် အပြစ်ရှိသလို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဆွေမျိုးတွေနဲ့ နေရတာမနှစ်သက်ခြင်းဟာ သင့်ကို လူဆိုးတစ်ယောက် မဖြစ်စေနိုင်ပါဘူး။ အခြားသူတွေမှာ ကြင်နာမှုကို ရှာဖွေကြည့်ပြီး သူတို့ဘက်က အရာရာကို ခဏတာဖြစ်ပါစေ နားလည်ကြည့်ပါ။

    ဆွေမျိုးတွေထံသွားလည်စဉ်

    • တကယ်လို့ လှိုက်လှိုက်လှဲလှဲမရှိဘူးဆိုရင် ကြာမြင့်စွာ မနေသင့်ပါဘူး။ အသက်ပြင်းပြင်းရှူပြီး မကြာခင်ပြီးဆုံးသွားမယ်ဆိုတာ သတိရပါ။

  • တကယ်လို့ ဝေဖန်ခံနေရတယ်ဆိုရင် စိတ်ဖိစီးမှု ဖြစ်စေတဲ့ မေးခွန်းတွေကို သင့်လျော်တဲ့ အဖြေတွေနဲ့ ဖြေကြားပါ။

  • သင့်ကလေးတွေနဲ့ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးပါ။

  • တကယ်လို့ စိတ်ဆိုးခဲ့ရင် လမ်းလျှောက်ပါ။ ခဏအိပ်ပါ။ သူငယ်ချင်းထံ ဖုန်းဆက်ပါ။

  • စာအုပ်ကောင်းတစ်ပုဒ်ကို ဖတ်ခြင်းဟာလည်း သင့်ကိုနေလို့ ကောင်းစေပါတယ်။

  • ဆွေမျိုးတွေက သင့်ထံလာလည်စဉ်

    • သင့်ဆွေမျိုးတွေ အိပ်မယ့်နေရာ၊ စားမယ့်အစားအသောက်၊ကုန်ကျစရိတ်တွေကို ဘယ်လိုအသုံးပြုမယ်ဆိုတာတွေ ကြိုတင်ပြင်ဆင်ပါ။

  • တတ်နိုင်ရင် သူတို့ကိုပေးကူညီပါ။

  • အရက်အများကြီး မသောက်သင့်ပါဘူး။

  • အပြင်ထွက်တဲ့အခါ သင်က အကုန်လုံးပေးစရာမလိုပါဘူး။

  • ပျော်စရာကောင်းတဲ့ အချိန်ဖြစ်အောင် ဂိမ်ကစားခြင်း ပြုလုပ်သင့်ပြီး သင်က လှုပ်ရှားမှုအကုန်လုံးကို ပါဝင်စရာမလိုပါဘူး။ စိတ်ပင်ပန်းနေရင် ဒီအတိုင်းထိုင်နေနိုင်ပါတယ်။

  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement