စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ပျော်ရွှင်စေဖို့ ဒိုပါမင်ဟော်မုန်းကို မြှင့်တင်ကြစို့

လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ စိတ်ပျော်ရွှင်မှုဟာ အလွန်အရေးပါပါတယ်။ စိတ်ပျော်ရွှင်တဲ့အခါမှာ ဘဝကြီးက နေရတာ ပျော်လာတယ်။ အရာရာကို အကောင်းမြင်လာမယ်။ အလုပ်ခွင်မှာရော လူမှုပတ်ဝန်းကျင်မှာပါ ပိုပြီး အောင်မြင်လာမယ်။ ကျန်းမာရေးဘက်က ကြည့်ရင်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဆိုသလို ကိုယ့်ရဲ့ ကျန်းမာရေးဟာလည်း အရင်ကထက် ပိုပြီး ကောင်းလာနိုင်ပါတယ်။ ဒါဆိုရင် ဒိုပါမင်ဟော်မုန်းနဲ့ စိတ်ပျော်ရွှင်မှုဟာ ဘယ်လိုသက်ဆိုင်မှု ရှိသလဲ။ ဒိုပါမင် - dopamine ဆိုတာ ဦးနှောက်ကနေ လွှတ်ထုတ်လိုက်တဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းဟာ ကျွန်တော်တို့ နေ့စဉ် သွားလာလှုပ်ရှားတဲ့ နေရာမှာ၊ မှတ်ဉာဏ်၊ သတိပြုမိခြင်းနဲ့ ခန္ဓါကိုယ်တွင်း အင်္ဂါတွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်စေဖို့ ကူညီပေးပါတယ်။ ဦးနှောက်က ဒိုပါမင်ဓါတ်တွေ ပုံမှန်ထုတ်လုပ်ပေးနေပြီး အာရုံကြောစနစ်ထဲမှာ ပုံမှန် လည်ပတ်နေပါတယ်။ ဒိုပါမင်ဟော်မုန်းတွေ အများအပြား ထုတ်လွှတ်လိုက်တဲ့အခါ စိတ်က […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရောဂါပေါင်းစုံကို ပိုမိုဆိုးရွားစေနိုင်သော အကြောင်းအရင်း (သို့) စိတ်ဖိစီးမှု

… စိတ်ဖိစီးမှုဆိုတာ လူသားအားလုံး နေ့စဉ်ရင်ဆိုင်နေရတဲ့ အရာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှုအတိုင်းအတာ ကွာခြားပါတယ်။ ဒါ့အပြင် ခံနိုင်ရည် ရှိပုံချင်းလည်း မတူပါဘူး။ တစ်စုံတစ်ယောက်အပေါ် စိတ်ဖိစီးမှုကြီးစွာ ဖြစ်လောက်စေတဲ့အရာဟာ တခြားတစ်ဦးအတွက် ပြောပလောက်တဲ့အရာ ဖြစ်ချင်မှလည်း ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဖိစီးမှုများခြင်းဟာ မကောင်းတဲ့အချက်ဖြစ်ပါတယ်။ စိတ်ထောင်းရင်ကိုယ်ကြေ ဆိုသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကနေ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အောက်ပါပြသနာများကတော့ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြသနာတွေပဲ ဖြစ်ပါတယ်။ ၁။ နှလုံးရောဂါ သုတေသီတွေရဲ့ အဆိုအရ ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး ယှဉ်ပြိုင်ကြိုးစားချင်စိတ်များသူတွေမှာ သွေးတိုးခြင်းနဲ့ နှလုံးရောဂါအဖြစ်များတယ်လို့ သိရပါတယ်။ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် စိတ်ဖိစီးမှုဟာ အကြောင်းအရင်းခံလို့ ယူဆရပါတယ်။ စိတ်ဖိစီးခြင်းကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှု ပိုမိုမြန်ဆန်လာပြီး ကိုလက်စထရောနဲ့ triglyceride ကို သွေးကြောတွေထဲ ရောက်လာစေပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုဆိုင်ရာရုတ်တရက် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျမြန်ရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ

စိတ်အတက်အကျမြန်ရောဂါ - Bipolar disorder ဟာ လူတွေမှာ ရှားရှားပါးပါးတွေ့ရတတ်တဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ လက္ခဏာ စတင်ပြလာတတ်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါရှင်တွေ စိတ်ဓါတ်ကျပြီဆိုရင် အနည်းဆုံး ၂ပတ်ခန့် ကြာတတ်ပါတယ်။ စိတ်အခြေအနေ အမြင့်ဆုံးထိ တက်ကြွနေပြီဆိုရင်လည်း ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါတယ်။ တစ်နှစ်ကို အကြိမ်ပေါင်းများစွာ စိတ်အပြောင်းအလဲ မြန်တတ်ပြီး တချို့လူတွေမှာတော့ ရံဖန်ရံခါမှသာ လက္ခဏာပြနိုင်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ အဆင့် စုစုပေါင်း ၃ခု ရှိပါတယ်။ ၁။ စိတ်ဓာတ်တက်ကြွခြင်း အဆင့် ၁ (Mania) စိတ်အတက်အကျမြန်ရောဂါ ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အရမ်းတက်ကြွနေမယ်။ […]


စွဲလမ်းမှုပြဿနာများ

လမ်းဘေးကနေခေါင်းထောင်လာတဲ့ မူးယစ်ဆေးဝါးအသစ် Flakka



စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်

တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်းမောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်က မတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုလေ။ စိတ်ဖိစီးမှုက သိမ်းထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကြာကြာသိမ်းလေ ကိုယ့်မှာထိခိုက်ရတာတွေ များလာလေလေပါပဲ။ စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ် ဆိုတော့ စိတ်ဖိစီးမှုကို သေချာ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှု ဆိုတာက ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ်  စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ သာမန်တုံ့ပြန်မှုတစ်ခုပေါ့။ ဒီပြောင်းလဲမှုကို ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြန်ပြီး တုံ့ပြန်တတ်ပါတယ်။ စိတ်ဖိစီးမှု ဆိုတာမျိုးက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေတတ်ပါသေးတယ်။ နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။ စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ် လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။ လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Stockholm Syndrome (စတော့ဟုမ်းရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stockholm Syndrome (စတော့ဟုမ်းရောဂါစု) Stockholm syndrome ဆိုတာ ပြန်ပေးဆွဲခံရသူတွေမှာ ကိုယ့်ကိုပြန်ပေးဆွဲတဲ့သူကို အကောင်းမြင်စိတ်တွေပေါ်လာစေတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ရောဂါရဲ့အမည်ကို မှုခင်းပညာရှင် Nils Bejerot က စသုံးခဲ့တာပါ။ သည်ရောဂါက ကိုယ့်ကိုပြန်ပေးဆွဲသူက ကိုယ့်အပေါ် ကြင်ကြင်နာနာဆက်ဆံတယ်လို့ ခံစားရတဲ့အခါ ဖြစ်လာပါတယ်။ ရောဂါအမည်က သိပ်နာမည်မကျော်တဲ့ ဆွီဒင်က စတော့ဟုမ်းမြို့ ဘဏ်ဖောက်မှုကနေ ရလာတာလို့ဆိုပါတယ်။ ကခီဒီဘန်ကန်ဆိုတဲ့ ဆွီဒင်ဘဏ် မှာ ၁၉၇၃ ခုနှစ်က ဖောက်ထွင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင်ထားတဲ့ အော်စ်စွန်နဲ့ အိုလဗ်စွန်တို့က ဘဏ်ဝန်ထမ်းတွေကို ဓါးစာခံအဖြစ် ၆ ရက်ကြာအောင် ဖမ်းထားခဲ့တယ်။ ၆ ရက်မြောက်နေ့မှာ ကယ်ဆယ်ရေးစတင်တော့ ပြန်ပေးဆွဲခံရသူတွေက သူတို့ဖက်ကနေ ရပ်တည်ကြသတဲ့။ လာကယ်သူတွေကိုလည်း ကယ်လို့မရအောင် တားကြတယ်။ ပြန်ပေးဆွဲသူတွေ လက်နက်ချပြီး ထောင်ကျသွားသည့်တိုင် ပြန်ပေးဆွဲခံရသူတွေက သူတို့ကိုကယ်ဖို့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြာကွက်ကြောက်ရောဂါ (Trypophobia)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆိုတာဘာလဲ။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆိုတာက စုပြုံနေတဲ့အပေါက်တွေကို ကြောက်တဲ့၊ ရွံတဲ့ရောဂါဖြစ်ပါတယ်။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက အပေါက်တွေစုပြုံနေတဲ့ မျက်နှာပြင်တစ်ခုကိုမြင်တဲ့အခါ မူးနောက်ပျို့ချင်လာပါတယ်။ ဥပမာ – ကြာခွက်မျက်နှာပြင်၊ စတော်ဘယ်ရီမျက်နှာပြင်တို့က ဒီလိုဖိုးဘီးယားရှိသူတွေအတွက် မအီမသာဖြစ်စေပါတယ်။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Trypophobia(ကြာကွက်ကြောက်ရောဂါ) က အဖြစ်များတာမျိုးတော့မဟုတ်ဘူး။ တရားဝင်အရ အသိအမှတ်လည်းမပြုပါဘူး။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ကိုလေ့လာတာကလည်း နည်းပါသေးတယ်။ ရောဂါဟုတ်မဟုတ် တရားဝင်သတ်မှတ်လို့ရအောင်လုပ်နေတဲ့ သုတေသနလောက်ပဲ ရှိပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများTrypophobia(ကြာကွက်ကြောက်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အပေါက် ဒါမှမဟုတ် အပေါက်နဲ့တူတဲ့အရာလေးတွေ စုပြုံနေတာကိုမြင်ရတဲ့အခါ ဖြစ်လာတဲ့လက္ခဏာတွေကို တင်ပြထားကြပါတယ်။ ဒါတွေကိုမြင်တဲ့အခါ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက ရွံတာ ကြောက်တာတွေ ဖြစ်ကြပါတယ်။ တစ်ချို့လက္ခဏာတွေကတော့… ကြက်သီးထခြင်း မနှစ်မျို့ခြင်း မအီမသာခံစားရခြင်း အမြင်အာရုံမှာ မသက်မသာဖြစ်ခြင် ဥပမာ မျက်လုံးနာခြင်း၊ ထင်ယောင်မှားခြင်း စိတ်ထွေပြားခြင်း ထိတ်လန့်ခြင်း ချွေးပြန်ခြင်း ပျို့ခြင်း ခန္ဓါကိုယ်တုန်ခြင်း အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Work addiction (အလုပ်စွဲလမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်အလုပ်စွဲလမ်းခြင်းဆိုတာဘာလဲ။ အလုပ်စွဲလမ်းခြင်းကို အလုပ်ယစ်မူးခြင်းလို့လည်းခေါ်ပါတယ်။ စိတ်ရောဂါတစ်မျိုးပါ။ အခြားစွဲလမ်းခြင်းတွေလိုပဲ အလုပ်စွဲလမ်းခြင်းဆိုတာ အပြုအမူတစ်ခုကို မရပ်တန့်နိုင်ခြင်းပါပဲ။ ဆေးစွဲတဲ့သူတစ်ယောက်လိုပဲ အလုပ်စွဲလမ်းသူတစ်ယောက်က အလုပ်မှာ ပျော်ရွှင်ယစ်မှုးနေတတ်ပါတယ်။ အလုပ်လုပ်ရတာယစ်မှုးခြင်းကြောင့်ပဲ ထပ်ကာထပ်ကာ လုပ်နေမိကြပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးသဘောဆောင်သော ထိခိုက်မှုများရှိရင်တောင်မှ မရပ်တန့်နိုင်ကြတော့ပါဘူး။ အလုပ်စွဲလမ်းခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ယခုလေ့လာမှုတွေအရ အမေရိကားမှာ လူဦးရေ ၅-၁၀ရာခိုင်နှုန်းလောက် ဖြစ်ပွားကြပြီး အခြားသောလေ့လာမှုတွေမှာ ၂၅ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။ ဖြစ်ပွားနှုန်းမြင့်မာနေခြင်းနဲ့ လူအများစုက အလုပ်လုပ်နေကြခြင်းတို့ကြောင့် အရေးကြီးပြဿနာတစ်ခုဖြစ်လာပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအလုပ်စွဲလမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အလုပ်စွဲလမ်းတဲ့လူတွေဟာ သူတို့ရဲ့အပြုအမူတွေက ကောင်းတဲ့အရာတွေပါ၊ အောင်မြင်မှုတွေယူဆောင်လာတဲ့အရာတွေပါဆိုပြီး မှန်ကန်ကြောင်းပြောကြပါတယ်။ အလုပ်တွေ၊ အလုပ်ရဲ့ အောင်မြင်မှုတွေအပေါ် ကတိသစ္စာပြုထားတဲ့ ပုံဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ရည်မှန်းချက်နဲ့ စွဲလမ်းမှုဆိုတာ ကွဲပြားမှုတွေ ရှိပါတယ်။ အလုပ်စွဲလမ်းတဲ့သူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားဖို့ အလုပ်ထဲမှာ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

တိတ်ဆိတ်ငြိမ်သက်တဲ့ အမှောင်ထောင့်လေးထဲက ငိုရှိုက်သံသဲ့သဲ့လေး

၁။ အဆုံးစီရင်သွားတဲ့ဆရာဝန်။ ဒေါက်တာဇော်ဇော်ဟာ နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ အထူးကုဆရာဝန်တစ်ယောက်ပါ။ လူပျိုလူလွတ်ဆရာဝန်ဖြစ်တယ်။ မိဘတွေချောင်ချောင်လည်လည်ရှိတယ်။ ပညာတတ်တဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်တယ်။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ်တယ်။ လူနာတွေအပေါ်မှာ ကြင်ကြင်နာနာဆက်ဆံတတ်တယ်။ ပညာတော်တယ်။ တစ်ရက်ကျတော့ ဒေါက်တာဇော်ဇော် ဆေးရုံကိုမလာဘူး။ သူ့ဖုန်းကိုခေါ်တော့လည်း မကိုင်ဘူး။ အိမ်လိုက်သွားကြည့်တဲ့အခါမှာတော့ အိမ်မှာရှိတဲ့ တန်းတစ်ခုမှာ ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ် သတ်သေထားတဲ့ ဒေါက်တာဇော်ဇော်ကိုတွေ့လိုက်ရတယ်။ လူနာတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နောက်ဆုံး မိသားစုအတွက်တောင် ဒီကိစ္စက အထူးအဆန်းတစ်ခုလိုပဲ။ အဆင်မပြေတာရယ်လို့ ထူးထူးထွေထွေမရှိတဲ့သူတစ်ယောက်အဖို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်ဆိုတဲ့ကိစ္စအပေါ် ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိကြဘူး။   ၂။ အဖေရုတ်တရက်ဆုံးပါးသွားတဲ့ တက္ကသိုလ်ကျောင်းသား။ ကျော်ကျော်ဟာ စိတ်ရင်းသဘောထားကောင်းပြီး သိမ်မွေ့တဲ့ အဝေးသင် တတိယနှစ်ကျောင်းသားတစ်ယောက်ပါ။ တစ်ရက်မှာ သူ့အဖေဟာ နှလုံးအမောဖောက်ပြီး ရုတ်တရက်ကွယ်လွန်သွားတယ်။ ရက်လည်လောက်ထိ ကျော်ကျော့်ကို လူတွေနှစ်သိမ့်ကြတယ်။ နွေးထွေးပေးကြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်သွားပြီလေ။ ဘယ်သူမှ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရပ်၊ ဒီမှာတင်ရပ်

လူရယ်လို့ ဖြစ်လာရင် တယောက်ထဲ မနေချင်ကြတာ အများစုရဲ့ သဘာဝပါ။ မိတ်ဆွေအပေါင်းအသင်း ရှာတယ်၊အဖော်ရှာတယ်၊ချစ်သူ ရှာတတ်ကြပါတယ်။ ချစ်သူရည်းစားရှိခြင်း၊အိမ်ထောင်ဖက်ရှိခြင်းဟာ အထီးကျန်ဆန်မှုကို ကုစားပေးနိုင်ပြီး ဘဝရဲ့ နိမ့်မြင့်တက်ကျတွေကို အတူတကွ လက်တွဲကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ချစ်သူကနေ ချဉ်သူ ဘဝပြောင်းလာပြီဆိုရင်တော့ သင့်အတွက် 'ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး' ဆိုသလို ဖြစ်လာတတ်ပါတယ်။ ဘယ်လိုအချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်ရဲ့လက်ရှိ အချစ်ရေး၊အိမ်ထောင်ရေးဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမလဲဆိုတာကို သတိပြုမိနိုင်စေဖို့ ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။   ၁။ သင့်ကို ထိန်းချုပ်လွန်းတယ်   ပုံမှန်ကျတဲ့ ဆက်ဆံရေးတခုဆိုတာဟာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို မျှမျှတတ ကျင့်သုံးရပါတယ်။ ကိုယ်စိတ်ဝင်စားရာ၊ဝါသနာပါရာကို လုပ်ခွင့်လည်း ရှိရမှာပါ။ ဒါပေမယ့် သင့်ချစ်သူမပါဘဲ သင်တယောက်တည်း အပြင်သွားတာဖြစ်ဖြစ်၊တခုခု လုပ်တာဖြစ်ဖြစ် ဘာပဲလုပ်လုပ် တဖက်က သံသယတွေဝင်၊ဒေါသတွေထွက်နေပြီဆိုရင်တော့ ဒါဟာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း