backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Work addiction (အလုပ်စွဲလမ်းခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အလုပ်စွဲလမ်းခြင်းဆိုတာဘာလဲ။

အလုပ်စွဲလမ်းခြင်းကို အလုပ်ယစ်မူးခြင်းလို့လည်းခေါ်ပါတယ်။ စိတ်ရောဂါတစ်မျိုးပါ။ အခြားစွဲလမ်းခြင်းတွေလိုပဲ အလုပ်စွဲလမ်းခြင်းဆိုတာ အပြုအမူတစ်ခုကို မရပ်တန့်နိုင်ခြင်းပါပဲ။

ဆေးစွဲတဲ့သူတစ်ယောက်လိုပဲ အလုပ်စွဲလမ်းသူတစ်ယောက်က အလုပ်မှာ ပျော်ရွှင်ယစ်မှုးနေတတ်ပါတယ်။ အလုပ်လုပ်ရတာယစ်မှုးခြင်းကြောင့်ပဲ ထပ်ကာထပ်ကာ လုပ်နေမိကြပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးသဘောဆောင်သော ထိခိုက်မှုများရှိရင်တောင်မှ မရပ်တန့်နိုင်ကြတော့ပါဘူး။

အလုပ်စွဲလမ်းခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ယခုလေ့လာမှုတွေအရ အမေရိကားမှာ လူဦးရေ ၅-၁၀ရာခိုင်နှုန်းလောက် ဖြစ်ပွားကြပြီး အခြားသောလေ့လာမှုတွေမှာ ၂၅ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။ ဖြစ်ပွားနှုန်းမြင့်မာနေခြင်းနဲ့ လူအများစုက အလုပ်လုပ်နေကြခြင်းတို့ကြောင့် အရေးကြီးပြဿနာတစ်ခုဖြစ်လာပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

အလုပ်စွဲလမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အလုပ်စွဲလမ်းတဲ့လူတွေဟာ သူတို့ရဲ့အပြုအမူတွေက ကောင်းတဲ့အရာတွေပါ၊ အောင်မြင်မှုတွေယူဆောင်လာတဲ့အရာတွေပါဆိုပြီး မှန်ကန်ကြောင်းပြောကြပါတယ်။ အလုပ်တွေ၊ အလုပ်ရဲ့ အောင်မြင်မှုတွေအပေါ် ကတိသစ္စာပြုထားတဲ့ ပုံဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ရည်မှန်းချက်နဲ့ စွဲလမ်းမှုဆိုတာ ကွဲပြားမှုတွေ ရှိပါတယ်။

အလုပ်စွဲလမ်းတဲ့သူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားဖို့ အလုပ်ထဲမှာ စိတ်နှစ်လာကြပါတယ်။ အခြားစွဲလမ်းမှုတွေလိုပဲ ထိုစွဲလမ်းမှုက အပျက်သဘောဆောင်သော အရာတွေကို ယူဆောင်လာမှန်းမသိ ယူဆောင်လာပါတော့တယ်။

အလုပ်စွဲလမ်းခြင်းရဲ့ လက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။

  • မလိုအပ်တာတောင်မှ အလုပ်ကို အချိန်ကြာကြာလုပ်ခြင်း
  • အလုပ်ပြီးမြောက်ဖို့ အိပ်ချိန်တွေကို ဆုံးရှုံးရခြင်း
  • အလုပ်နဲ့ပတ်သက်သော အောင်မြင်မှုတွေကို ယစ်မူးခြင်း
  • အလုပ်မှာကျရှုံးမှုကို အရမ်းကြောက်ခြင်း
  • အလုပ်နဲ့ပတ်သက်သောလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သံသယလွန်ကဲခြင်း
  • အလုပ်ကြောင့် မိတ်ဆွေ၊ချစ်သူတို့နဲ့ ဝေးကွာလာခြင်း
  • အလုပ်နဲ့ပတ်သက်ပြီး ဆက်ဆက်ထိမခံခြင်း
  • အချစ်ရေးအချစ်ရာကိစ္စတို့ိကို ရှောင်ရှားရန် အလုပ်ကိုအသုံးပြုခြင်း
  • သေဆုံးခြင်း၊ ကွာရှင်းခြင်းနဲ့ ငွေးရေးကြေးရေးကိစ္စတွေကို မရင်ဆိုင်ဖို့ အလုပ်လုပ်နေခြင်း
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားမှုအကြောင်းရင်းများ

    ဘာတွေက အလုပ်စွဲလမ်းခြင်း ဖြစ်ပွားစေသလဲ။

    ပြီးပြည့်စုံမှုတွေကို အလွန်လိုအပ်တဲ့သူတွေမှာ အလုပ်စွဲလမ်းခြင်းဖြစ်ပွားတတ်ပါတယ်။ မိမိကိုယ်ကိုတန်ဖိုးမထားမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြီးရဲ့ အသိအမှတ်ပြုမှုတွေ လိုအပ်လာခြင်းကြောင့်ပါ။

    တချို့သုတေသနပညာရှင်တွေကတော့ အလုပ်စွဲလမ်းတဲ့သူတွေမှာ သူတို့အပေါ် အရမ်းမျှော်မှန်ထားတဲ့ မိဘတွေ ရှိကြတယ်လို့ဆိုပါတယ်။ မိဘတွေရဲ့ အချစ်မေတ္တာက လုပ်ငန်းပိုင်ဆိုင်ရာ အောင်မြင်မှုတွေအပေါ် မူတည်သလို ဖြစ်သွားပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

    ဘယ်အရာတွေက အလုပ်စွဲလမ်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    အလုပ်စွဲလမ်းခြင်း ဖြစ်ပေါ်စေတဲ့ အခြားသော အချက်တွေက အောက်ပါတို့ဖြစ်ပါတယ်။

    • စွဲလမ်းခြင်း-အာသာဆန္ဒပြင်းပြခြင်းရောဂါ (OCD)
    • စိတ်လှုပ်ရှားခြင်း
    • ပြိုင်ဆိုင်စိတ်ပြင်းထန်သော အမျိုးအစား အေ ကိုယ်ရည်ကိုယ်သွေး
    • စိတ်ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုတွေကို ရှောင်လွှဲရန် အလုပ်လုပ်ခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    အလုပ်စွဲလမ်းခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    ဘာဂန် အလုပ်စွဲလမ်းမှု စကေးကို အလုပ်စွဲလမ်းခြင်းအား စစ်ဆေးဖို့ အသုံးပြုပါတယ်။ ဘာဂန်တက္ကသိုလ်က ထိုစကေးကို တီထွင်ခဲ့ပြီး ဆေးပညာအသိုင်းအဝိုင်းက လက်ခံခဲ့ကြပါတယ်။ တချို့သော ရှုထောင့်တွေကနေ ဘဝအပေါ် ဘယ်လိုသက်ရောက်နေတယ်ဆိုတာမျိုးတွေကို တိုင်းတာခြင်းပါ။ အောက်ပါတို့ဖြင့် တိုင်းတာပါတယ်။

    • ဘယ်တော့မှ (၁)
    • ရှားရှားပါးပါး (၂)
    • တစ်ခါတစ်ရံ (၃)
    • မကြာခဏ (၄)
    • အမြဲတမ်း (၅)

    သင်ကိုယ်တိုင် အကဲဖြတ်ခိုင်းမယ့် အရာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။

    • အလုပ်လုပ်ဖို့အချိန်တွေဘယ်လိုရှိအောင်လုပ်မလဲတွေးလား။
    • အပြစ်တွေ၊ အကူအညီမဲ့မှုတွေ၊ စိတ်ဓါတ်ကျမှုတွေနဲ့ စိုးရိမ်မှုတွေ နည်းသွားအောင် အလုပ်လုပ်တာလား။
    • အလုပ်လျော့လုပ်ခိုင်းတဲ့သူတွေရှိသော်လည်း ဂရုမစိုက်ဘဲ ဆက်သွားတာလား။
    • ရည်ရွယ်ထားတာထက်ပိုပြီး အလုပ်အတွက် အချိန်တွေအများကြီး ပိုသုံးသလား။
    • အလုပ်မလုပ်တဲ့အခါ စိတ်ဖိစီးမှုများလာသလား။
    • ဝါသနာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လက်ကြံ့ခိုင်မှုတို့အစား အလုပ်ကို အရမ်းကြီး အရေးပေးနေသလား။
    • ကျန်းမာရေးကို ထိခိုက်သည်အထိ အလုပ်လုပ်နေသလား။

    အထက်ပါစကေးနဲ့ ပတ်သက်ပြီး စကန်ဒီနေးဗီးယား စိတ်ပညာ ဂျာနယ်မှာ ထုတ်ပြန်ခဲ့သည်က ဖော်ပြခဲ့သော မေးခွန်းများထဲမှ အနည်းဆုံး ၄ခုမှာ ‘မကြာခဏ’ သို့မဟုတ် ‘အမြဲတမ်း’ လို့ ဖြေခဲ့မယ်ဆိုရင် သင့်မှာ အလုပ်စွဲလမ်းခြင်းရှိနေနိုင်ပါပြီ။

    အလုပ်စွဲလမ်းခြင်းကို ဘယ်လိုကုသလဲ။

    အလုပ်စွဲလမ်းသူတွေက ဆေးစွဲတဲ့သူတွေလောက်တော့ ကုသမှုမလိုအပ်ပါဘူး။ ပြင်ပလူနာ သို့မဟုတ် အတွင်းလူနာ ပြန်လည်ပြုပြင်ထူထောင်မှုနည်းလမ်းတွေတော့ လိုအပ်နိုင်ပါတယ်။

    ပြန်လည်ပြုပြင်ထောင်ခြင်းနည်းလမ်းတွေက ဆေးစွဲသူတွေ၊ အရက်စွဲသူတွေမှာ အသုံးပြုကြတာပါ။ အလုပ်စွဲလမ်းခြင်းကိုလည်း ထိုအထူးကြပ်မတ်ကုသနည်းအသုံးပြုနိုင်ပါတယ်။ အတွင်းလူနာဆိုရင် ကုသတဲ့နေရာမှာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ပြင်ပလူနာဆိုရင် သင်တန်းတွေ တက်ပေးပြီး တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ရပါမယ်။ အလုပ်စွဲလမ်းသူအများစုက အဆင့်၁၂ဆင့်ပါသောကုထုံးနဲ့ အခြားကုထုံးတို့ဖြင့် အလုပ်ဖြစ်ကြပါတယ်။ အဖွဲ့လိုက်ကုထုံးတွေကို Workaholics Anonymous လိုမျိုး အဖွဲ့အစည်းတွေကနေတစ်ဆင့် ရရှိနိုင်ပါတယ်။ ထိုအစီအစဉ်က အခက်အခဲအတူတူရင်ဆိုင်နေရတဲ့သူတွေ စုပေါင်းပေးပြီး ကျန်းမာတဲ့ ကူညီထောက်ပံ့မှုတွေ ရရှိစေနိုင်ပါတယ်။

    အလုပ်စွဲလမ်းခြင်းက စွဲလမ်းခြင်းအာသာဆန္ဒြုပင်းပြခြင်းရောဂါ (OCD)၊ စိတ်ဓါတ်ကျ/တက်ခြင်းရောဂါတို့ လိုမျိုး စိတ်ရောဂါအခြေအနေတွေနဲ့ ဆက်နွယ်နေနိုင်ပါတယ်။ ထိုစွဲလမ်းမှုက စိတ်ဓါတ်ကျခြင်းလိုမျိုး စိတ်ရောဂါအခြေအနေတွေကို ဖြစ်လာစေနိုင်ပါတယ်။

    ထိုအကြောင်းပြချက်များကြောင့် စိတ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းက အကျိုးရှိပါတယ်။ စိတ်ကျန်းရေးပညာရှင်က ကုသမှုအတွက် အစီအစဉ်တွေ ဆွဲပေးနိုင်ပါတယ်။ ထိုအစီအစဉ်က စွဲလမ်းမှုတွေကို အမည်တပ်ပေးပြီး ရောဂါရင်းမြစ်ကို ရှာဖွေပေးနိုင်ပါတယ်။ တစ်ယောက်ချင်းကုထုံးနဲ့ ဆေးဝါးတွေတောင်မှ စိတ်ဆတ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းတို့ကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အလုပ်စွဲလမ်းခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အလုပ်စွဲလမ်းသူတွေ အလုပ်လုပ်ကျခြင်းမှာ တကယ်လုပ်ချင်လို့မဟုတ်ဘဲ အပြစ်ရှိမှုကို ရှောင်ရှားဖို့ လုပ်တာများပါတယ်။ စွဲလမ်းမှုပျောက်ကင်းဖို့ လုပ်နေတဲ့သူတွေက အလုပ်နဲ့ ကျန်းမာသော ဆက်နွယ်မှုရှိနေရပါမယ်။ ကျွန်တော်တို့ အများစုအလုပ်လုပ်ရတာဟာ အသုံးစရိတ်အတွက်သာဖြစ်တဲ့အတွက်ကြောင့် ညီမျှစွာအလုပ်လုပ်နေဖို့ လိုအပ်ပါတယ်။ အခြေအနေအများစုမှာ အလုပ်ကို ရပ်လိုက်ဖို့ရာ ခက်ခဲပါတယ်။

    အလုပ်ဆက်တိုက် မဖြစ်နေအောင် အလုပ်ကနေ ခဏအနားယူလိုက်တာက အဆင်ပြေပါတယ်။ အလုပ်ပြောင်းလဲခြင်းကလည်း အထောက်အကူပြုနိုင်ပါတယ်။ စိတ်ရောဂါတစ်ခုအနေနဲ့ဆိုရင် အလုပ်စွဲလမ်းခြင်းက ဆေးစွဲခြင်းထက် ကုရလွယ်ပါတယ်။ အောက်ပါပြောင်းလဲမှုတို့က အကူအညီပေးနိုင်ပါတယ်။

    • ဘဝကိုမျှခြေမှာဖြစ်နေအောင်နေထိုင်ခြင်း
    • စိတ်ဖိစီးမှုနဲ့ အစပျိုးစေတဲ့အရာများကို ရှောင်ကျဉ်ခြင်း

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement