စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အထီးကျန်တဲ့ ခံစားချက်ကို ဘယ်လိုဖြေဖျောက်ကြမလဲ

၂၁ ရာစု နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ ပိုပြီး အထီးကျန်လာကြပါတယ်။ အိမ်ထဲမှာ အချိန်ကုန်တာ များလာတယ်။ ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ြပီး ဖုန်း၊ ကွန်ပျူတာအသုံးပြုကြတယ်။ အရင်တုန်းကလို လူတွေနဲ့ စကားပြောဆိုဆက်ဆံနေရဖို့ အချိန်ကုန်၊ လူပင်ပန်းစရာမလိုပဲ အွန်လိုင်းကနေ အလွယ်တကူ ပြောဆိုလာနိုင်ကြတယ်။ ဒါဆိုရင် လူတွေ ဘာလို့ ပိုပြီးအထီးကျန်လာကြတာလဲ။ အရင်တုန်းကလောက် လူတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံရတာမျိုး မရှိတော့ပဲ လေလှိုင်းပေါ်ကနေပဲ စကားပြောရတာ ကြာလာတဲ့အခါ စိတ်ထဲမှာ သီးသန့်ကြီးလို ဖြစ်လာတယ်။ အပြင်လည်း သိပ်မထွက်ဖြစ်တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ကိုယ်တစ်ယောက် ဖြစ်နေသလို၊ အများနဲ့ မသက်ဆိုင်တော့သလို ခံစားလာရတယ်။ တစ်ယောက်တည်း နေတာ ကြာလာတာနဲ့အမျှ အထီးကျန်တဲ့ ဝေဒနာဟာ ပိုဆိုးသွားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။ အထီးကျန်တဲ့ ခံစားချက်ပျောက်ဖို့ ဘာတွေ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထား စို့

လူတစ်ယောက်ရဲ့ ဘဝမှာ အေးချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှု အလုံးစုံရရှိဖို့ အရေးကြီးဆုံးအရာတွေထဲမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်မှ တခြားသူကပါ ကိုယ့်အပေါ် မေတ္တာထားနိုင်မှာပါ။ မိမိကိုယ်ကို တန်ဖိုးမထားတတ်တဲ့သူတွေဟာ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီး အထီးကျန်တာ၊ တက်ကြွရွှင်လန်းခြင်း မရှိတော့တာ၊ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေ များလာမယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်မှု များစွာ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထား နိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ၊၊ ၁။ မိမိကိုယ်ကို အကောင်းမြင်ပါ။ အရာရာကို အကောင်းမြင်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထား တတ်လာစေဖို့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေကြောင့် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်၊ ဘဝကိုပါ […]


စွဲလမ်းမှုပြဿနာများ

ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

လူရယ်လို့ ဖြစ်လာပြီဆိုရင် အသက်အရွယ်မရွေး ချစ်ခြင်းမေတ္တာ နဲ့ ကြုံတွေ့လာရမှာပါ။ ကလေးဘဝမှာ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ အရွယ်ရောက်လာတဲ့အခါမှာ သူစိမ်းတစ်ယောက်ပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေအပေါ် မေတ္တာထားတာ အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား ဆိုတာကို ဆန်းစစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား ဒါဆိုရင် ချစ်ခြင်းမေတ္တာ ဆိုတာဘာလဲ။ အစွဲအလမ်းကြီးတယ်ဆိုတာက ရော ဘယ်လိုခံစားမှုမျိုးလဲ။ ကိုယ်က လူတစ်ယောက်ကို ချစ်နေတာလား၊ စွဲလမ်းနေတာလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ဖူးပါသလား။ ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား အတူတူ ဆန်းစစ်ရအောင်နော်။ ချစ်ခြင်းမေတ္တာ ဆိုတာ ဘာလဲ။ ချစ်ခြင်းမေတ္တာ ဟာ ပေးလိုက်ရတဲ့သူရော ရတဲ့သူပါ ရင်ထဲကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ပင်ပန်းနေတဲ့ စိတ်ကလေး ဘယ်လိုအနားပေးမလဲ

အတွေးများနဲ့ ချာချာလည်နေရတဲ့ စိတ်ပင်ပန်းမှုမျိုးက တော်တော်ဆိုးပါတယ်။ ငါအလုပ်မှာအဆင်ပြေပါ့မလား၊ အပြစ်များမြင်ခံရမလားဆိုတဲ့ စိတ္တဇ၊ လူတွေက ငါ့ကိုမခင်ကြတော့ဘူးလား ဆိုတဲ့ ဝမ်းနည်းစိတ်၊ လက်ထဲမှာ ပိုက်ဆံပြတ်တော့မယ် ဘယ်ကရှာရပါ့ ဆိုတဲ့ ရတက်မအေးစိတ်၊ လုပ်စရာတွေကများနေပြီး လူကမလိုက်နိုင်တော့တဲ့အခါ ပင်ပန်းနေတဲ့ စိတ်ကလေး .... ပြီးတော့ရှိသေးတယ်၊ ကိုယ့်ကိုယ်ကို အတင်းခိုင်းလွန်းလို့ ဦးနှောက်က ဂျမ်းဖြစ်သွားတဲ့အခါ တစ်ချက်တစ်ချက် လွတ်သွားတတ်တဲ့ အသိစိတ်...ဟိုဟာမေ့၊ ဒီဟာမေ့နဲ့ စကားတွေမှားပြောလိုပြော၊ သိနေကျအရာတွေကိုလည်း သိပ်နားမလည်တော့သလိုလို၊ စကားသံတွေလည်း ကြားတစ်ချက် မကြားတစ်ချက်၊ အလုပ်မှာလည်း အမှားတွေချည်းလုပ်မိနေတာ။ ဒါတွေဟာ ကိုယ့်အတွက် ခေတ္တအနားယူခွင့်ကို ခန္ဓာကိုယ်ကတုံ့ပြန်တောင်းဆိုနေတာဖြစ်ပါတယ်။ ခိုင်းလာတာကြာပြီ၊ ခိုင်းတာတွေလည်း များသွားခဲ့တဲ့အတွက် ဒီဦးနှောက်နဲ့ စိတ်အခြေအနေကို ပြန်လည်ကုစားပေးရပါမယ်။ ဒါကြောင့် ဒီလက္ခဏာတွေဖြစ်လာပြီဆို သိလိုက်ပါတော့။ အော်..ငါ့ရဲ့ စိတ်ကလေး သိပ်ပင်ပန်းနေရှာပြီပဲလို့။ ပင်ပန်းနေတဲ့ စိတ်ကလေး ဘယ်လိုအနားပေးမလဲ ပင်ပန်းနေတဲ့ စိတ်ကလေး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျန်းမာရေးအတွက် မဟာမိတ်ဖက် ပျော်ရွင်ခြင်း စစ်တပ်။ ။

ပျော်ရွင်ခြင်းဆိုတာ လူသားတိုင်းအတွက် အကျိုးပြုတဲ့ အရာတစ်လို့ အားလုံး သတ်မှတ်ထားကြပါတယ်။ နေ့ရက်တိုင်း အချိန်တိုင်းမှာ ပျော်ရွင်နေချင်ကြတာ လူတိုင်းပါပဲ ။ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာရော ပျော်ရွှင်မှုက သက်ရောက်မှု ရှိပါတယ်။ ကျန်းမာရေး အပေါ်မှာရော ပျော်ရွင်မှုက ဘယ်လို ကောင်းကျိုးတွေ ပြုပေးလဲ ကြည့်ရအောင် ။ ။ ပျော်ရွင်ခြင်းကို သင့်ကိုယ်ခန္ဓါ ဘယ်လိုတုန့်ပြန်သလဲ ။ ။ ပျော်ရွင်နေတဲ့ သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါမှာ ဘာတွေ ပြောင်းလဲနေလဲဆိုတာ ကြည့်ရအောင် ။ ။ ပျော်ရွင်ခြင်းနဲ့ ဦးနှောက် ။ ။ သင့်စိတ်ခံစားမှုတိုင်းဟာ ဦးနှောက် အပေါ် သက်ရောက်မှုရှိသလို ဦးနှောက်က ထွက်လာတဲ့ အာရုံကြော အချက်ပြစနစ်တွေကလည်း သင့်စိတ်ပိုင်းဆိုင်ရာ အပေါ် အပြန်အလှန်သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ frontal […]


စွဲလမ်းမှုပြဿနာများ

မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။

ဘာကြောင့် မူးယစ်ဆေးစွဲရတာလည်းလို့ မပြောခင် မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြတဲ့အတွက် မူးယစ်ဆေးသုံးရတာ၊ ဆေးစွဲသွားတာတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် မူးယစ်ဆေးကို စသုံးဖြစ်၊ စွဲသွားစေတဲ့ ထိပ်ဆုံး အကြောင်းအရင်း ၈ ချက်ကို ပြောပြပေးချင်ပါတယ်။ ။ မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။ ၁။ စူးစမ်းကြတာ။  ဆယ်ကျော်သက် အရွယ်ရောက်လာပြီဆိုတာနဲ့ စူးစမ်းချင်စိတ်ရှိကြတာ လူငယ်တိုင်းပါ။ မကောင်းဘူး၊ မလုပ်ရဘူးလို့ ပြောလေ ပိုလုပ်ချင်လေပါပဲ။ မူးယစ်ဆေးဆိုတာကလည်း ငယ်ငယ်တည်းက မသုံးကောင်းဘူး၊ ဆေးစွဲသွားလိမ့်မယ်လို့ပြောကြတော့ ဘာများပါလိမ့်၊ တစ်ခါလောက်စမ်းကြည့်တာ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး လက်တည့် စမ်းရာကနေ ဆေးစွဲသွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ။ ၂။ […]


စွဲလမ်းမှုပြဿနာများ

ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ ။ ။

ခုနောက်ပိုင်းမှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာတွေဟာ၊ အမှုတွေ အင်မတန်များပြားလာနေပြီး လူငယ်တို့ ဘဝတွေ ဖျက်စီးခံနေရတာ အားလုံးအသိပါ။ ဆေးအဆန်းအပြားတွေဟာလည်း နေ့ညမပြတ် ပေါ်ထွက်နေတာကြောင့် ကိုယ့်ကလေး ဘယ်တော့များ အပေါင်းအသင်းမှားပြီး ဆေးသမားဖြစ်မလဲ ရင်တမမနဲ့ စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ စောစောသိလေ မူးယစ်နွံထဲက ရုန်းထွက်ဖို့ အချိန်မီလေ ဖြစ်မှာပါ။ ။ ဆေးစွဲတယ်လို့ဆိုတဲ့နေရာမှာ မူးယစ်ဆေးတစ်ခုပဲ မဟုတ်ပါဘူး။ ေရာဂါသက်သာစေဖို့အတွက် သောက်နေရတဲ့ဆေးေတွကို မသောက်ရ မနေနိုင်ဖြစ်တာမျိုးတွေလည်း ပါပါတယ်။ ဥပမာ အိပ်ဆေးတို့၊ steroid ပါတဲ့ဆေး တို့၊ ဆေးခန်းတွေမှာ အားဆေးထိုးပေးပါဆိုပြီး လာလာထိုးခိုင်းနေတဲ့ ဆေးတွေလည်းပါတာပေါ့။ သူတို့ကိုမှ မသောက်ရဘူးဆိုရင် ကိုယ့်ဆီမှာတစ်ခုခုလိုနေသလို၊ စားလို့သောက်လို့မကောင်းတော့သလို၊ နေထိုင်လို့ မကောင်းတော့သလိုမျိုး ဖြစ်တဲ့ […]


စွဲလမ်းမှုပြဿနာများ

သတိ Facebook ကြောင့်မထိခိုက်ပါစေနဲ့

မိုးလင်းလို့ မျက်လုံးဖွင့်လိုက်တာနဲ့ အရင်ဆုံးလုပ်မိတာကဖေ့ဘုတ်ခ် စဖွင့်တာများလား။ အခုနောက်ပိုင်းမှာလူတော်တော်များများလုပ်မိနေကြတာက မိုးလင်းလို့ မျက်လုံးဖွင့်လိုက်ရင်အရင်ဆုံးလုပ်မိတာက ဖုန်းဖွင့်ပြီးဖေ့ဘုတ်ခ်ကြည့်တာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်လို့ပြောပါရစေ။ ဖေ့ဘုတ်ခ်ရှိတာကကောင်းတာရှိသလို ဆိုးတာတွေလည်းရှိပါတယ်။ အဝေးရောက်နေတဲ့ လူတွေကို အလွယ်တကူဆက်သွယ်ထိတွေ့ခွင့်ရစေနိုင်သလို သိချင်တာတွေကိုလည်း အလွယ်တကူရှာလို့ရပါတယ်။ ဒါပေမယ့် အရာရာက တန်ဆေး လွန်ဘေးဆိုသလိုပေါ့။ ကိုယ်အသုံးပြုတဲ့ပုံစံပေါ်မှာမူတည်ပြီးကောင်းတာတွေဖြစ်လာနိုင်သလို ဆိုးတာတွေလည်းဖြစ်လာနိုင်ပါတယ်နော်။ ဖေ့ဘုတ်ခ်ကြောင့်ဘာတွေဖြစ်နိုင်သလဲ လေ့လာမှုတွေအရဖေ့ဘုတ်ခ်ကိုအလွန်အကျွံအသုံးပြုသူတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေတိုးလာသလို၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရော၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါခံစားရနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးပြုတာများလာလေလေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေများလာလေလေပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ စွဲလမ်းလွန်းသူတွေဟာ စိတ်အားထက်သန်မှုလျော့ကျလာတယ်လို့လည်းသိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖေ့ဘုတ်သုံးတဲ့အခါ အစားအသောက်တွေကို စားဖို့မေ့နေတာမျိုးတွေဖြစ်နိုင်သလို ဆီးတွေဝမ်းတွေမသွားဘဲအောင့်ထားတာမျိုးဖြစ်နိုင်ပါတယ်။ဖေ့ဘုတ်ခ်သုံးရင်း အိပ်ရာဝင်နောက်ကျတာမျိုးဖြစ်နိုင်ပါတယ်။ မျက်လုံးအားစိုက်ရလွန်းတာကြောင့် မျက်ကြောတွေထိခိုက်နိုင်သလို တစ်ချိန်လုံးအာရုံစိုက်နေရတဲ့အတွက် ဇက်ကြောတွေတာင့်တင်းတာ၊ လက်ကကြွက်သားတွေတောင့်တင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ခါးနာတာနဲ့ လက်ကောက်ဝတ်နာကျင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။ ဒါတွေကရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပေါ့။နောက်ထပ်ဖြစ်လာနိုင်တာကတော့ ပုံမှန်လုပ်နေကျလှုပ်ရှားမှုတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေကို မလုပ်မိတာကြောင့် ကိုယ်အလေးချိန်တက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖေ့ဘုတ်ခ်ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလည်းရှိနိုင်ပါတယ်။ဖေ့ဘုတ်ခ်အသုံးများတဲ့သူတွေဟာ အခြားသူတွေထက် စိတ်ပူပန်မှုပိုများကြသလို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝအောင် ငိုလိုက်ပါ၊ ခဏလောက်တော့ ငိုပါ

ငိုသာငိုချလိုက်ပါ။ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ ခံပြင်းလို့ပဲဖြစ်ဖြစ်၊ အလုပ်မှာစိတ်ပင်ပန်းလာရင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့။ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေ၊ အမြင်တွေဝေဝါးလာတာတွေ၊ မျက်ခွံတွေမို့အစ်လာတာတွေတော့ စိတ်ညစ်ရပေမယ့်အဆိုးထဲက အကောင်းဆိုသလို ငိုကြွေးခြင်းကနေ ရနိုင်တဲ့အကျိုးကျေးဇူးတွေသိရရင် ဝမ်းသာရပါလိမ့်မယ်။ တကယ်တော့ စိတ်ဖိစီးနေတဲ့အချိန်၊ ပူဆွေးသောကရောက်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုချုပ်တည်းထားရတာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ငိုချလိုက်မှသာ စိတ်ထဲပေါ့သွားပြီး သက်သာရာရသွားတာမျိုး ခံစားဖူးကြမှာပါ။ တချို့တွေက လူရှေ့မှာ မျက်ရည်ကျရမှာကို ရှက်ကြပါတယ်။ အကြောင်းမဲ့ငိုတာမဟုတ်ရင် အကြောင်းရှိလို့ငိုတာ ရှက်စရာမလိုပါဘူး။ ငိုကြွေးခြင်းဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲလို့။ ကဲအောက်မှာရေးထားတဲ့အကျိုးကျေးဇူးတွေဖတ်ပြီးရင် အားရပါးရသာ ငိုချလိုက်တော့နော် ... ဘာ့ကြောင့် ငိုခိုင်းရသလဲ (၁) အဆိပ်အတောက်ေတွသန့်စင်ပေးတယ် ငိုလိုက်တဲ့အခါ စိတ်ထဲကဝေဒနာတွေပေါ့သွားရုံတင်မကဘူး၊ ခန္ဓါကိုယ်ထဲမှာလည်း သန့်စင်ပေးနိုင်ပါတယ်တဲ့။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့မျက်ရည်တွေဟာကော်တီဆောဟော်မုန်းကိုမြင့်တက်စေနိုင်တဲ့ ဓါတ်တွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ ငိုလိုက်တဲ့မျက်ရည်တွေက အသက်ရှူထုတ်ခြင်း၊ ဆီးသွားခြင်း၊ချွေးထွက်ခြင်းအပါအဝင် တခြားစွန့်ထုတ်မှုလုပ်ငန်းစဉ်တွေလိုပဲ အဆိပ်အတောက်ဓါတ်တွေကို ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားပေးနိုင်ပါတယ်။ (၂) ဘက်တီးရီးယားတွေသေစေတယ် အားရပါးရငိုလိုက်ရတဲ့အခါ ဘက်တီးရီးယားတွေသေစေနိုင်တယ်တဲ့။ မျက်ရည်ကlysozyme ဆိုတဲ့အရည်ဓါတ်ပါဝင်တယ်လေ။lysozyme ကို နို့ရည်၊သုက်ရည်၊ချွဲသလိပ်နဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်လာစေဖို့

သူများတွေ စိတ်ဓါတ်ကြံ့ခိုင်သူ အဖြစ် ရပ်တည်နေတာကိုကြည့်ပြီး အားကျနေတာလား။ ကိုယ်တိုင်ကော စိတ်ဓါတ်ကြံ့ခိုင်သူ မဖြစ်ချင်ဘူးလား။ စိတ်ဓါတ်ကြံ့ခိုင်မှုကမွေးရာပါအရည်အချင်းမဟုတ်ပါဘူး။မွေးမြူရတာပါ။ စိတ်ဓါတ်ကြံ့ခိုင်သူအဖြစ်ရပ်တည်ဖို့ စိတ်အားထက်သန်နေပေမယ့် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် အထောက်အကူဖြစ်မှာပါ။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်လာစေဖို့ ပျိုးထောင်သင့်တဲ့ အကျင့်တွေက တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာနေပေးပါ -ကိုယ်တကယ်ဖြစ်ချင်နေတဲ့ဆန္ဒတွေကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ဆိုရင် အရင်ဆုံးအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုစဉ်းစားရမှာပါ။ တိတ်ဆိတ်မှုက အကြံဉာဏ်ကောင်းတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာ အချိန်ကုန်ဆုံးပေးပါ။ တစ်ပတ်မှာ ကိုယ့်အတွေးတစ်ခုလောက်တော့ အကောင်အထည်ဖော်ပေးပါ - တစ်ပတ်မှာ ကိုယ်ဆန္ဒရှိတဲ့ကိစ္စရပ်တစ်ခုလောက်ကို အကောင်အထည်ဖော်ပေးပါ။ ဒါမှလည်း ကိုယ်ရဲ့ စိတ်ရှိတာကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်ဆိုပြီး စိတ်ခွန်အားရလာမှာပါ။ ကိုယ်လက်လှုပ်ရှားမှုရှိပါစေ -နေ့စဉ် ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓါတ်ကြံ့ခိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါကျန်းမာကြံ့ခိုင်စေဖို့နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ စာအုပ်တွေဖတ်ပါ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း