backup og meta

Stockholm Syndrome (စတော့ဟုမ်းရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Stockholm Syndrome (စတော့ဟုမ်းရောဂါစု)

Stockholm syndrome ဆိုတာ ပြန်ပေးဆွဲခံရသူတွေမှာ ကိုယ့်ကိုပြန်ပေးဆွဲတဲ့သူကို အကောင်းမြင်စိတ်တွေပေါ်လာစေတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ရောဂါရဲ့အမည်ကို မှုခင်းပညာရှင် Nils Bejerot က စသုံးခဲ့တာပါ။ သည်ရောဂါက ကိုယ့်ကိုပြန်ပေးဆွဲသူက ကိုယ့်အပေါ် ကြင်ကြင်နာနာဆက်ဆံတယ်လို့ ခံစားရတဲ့အခါ ဖြစ်လာပါတယ်။ ရောဂါအမည်က သိပ်နာမည်မကျော်တဲ့ ဆွီဒင်က စတော့ဟုမ်းမြို့ ဘဏ်ဖောက်မှုကနေ ရလာတာလို့ဆိုပါတယ်။ ကခီဒီဘန်ကန်ဆိုတဲ့ ဆွီဒင်ဘဏ် မှာ ၁၉၇၃ ခုနှစ်က ဖောက်ထွင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင်ထားတဲ့ အော်စ်စွန်နဲ့ အိုလဗ်စွန်တို့က ဘဏ်ဝန်ထမ်းတွေကို ဓါးစာခံအဖြစ် ၆ ရက်ကြာအောင် ဖမ်းထားခဲ့တယ်။ ၆ ရက်မြောက်နေ့မှာ ကယ်ဆယ်ရေးစတင်တော့ ပြန်ပေးဆွဲခံရသူတွေက သူတို့ဖက်ကနေ ရပ်တည်ကြသတဲ့။ လာကယ်သူတွေကိုလည်း ကယ်လို့မရအောင် တားကြတယ်။ ပြန်ပေးဆွဲသူတွေ လက်နက်ချပြီး ထောင်ကျသွားသည့်တိုင် ပြန်ပေးဆွဲခံရသူတွေက သူတို့ကိုကယ်ဖို့ လုပ်ကြသေးတယ်။ တရားဝင်ခွင်ကို တရားပြန်စွဲပြီး ပြန်ပေးဆွဲသူတွေကို ပြစ်မှုကြီးမကျအောင်ထိ လုပ်ကြတယ်။ ဖမ်းထားသူက ဖမ်းခံရသူတစ်ယောက်နဲ့ လျှို့ဝှက်စွာ စေ့စပ်ခဲ့ကြတယ်လို့တောင် ပြောကြပါတယ်။

Stockholm syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Stockholm syndrome တွေ့ရတဲ့ မှုခင်းတွေ အများကြီးရှိပါတယ်။

အောက်မှာဖော်ပြထားတာတွေက Stockholm syndrome တွေ့ရတဲ့ နာမည်ကြီးမှုခင်းတွေပါပဲ။

  • Heiress Patty Hearst ကို 1974 ခုနှစ်မှာ နိုင်ငံရေးတပ်ဖွဲ့ Symbionese Liberation Army က ပြန်ပေးဆွဲခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမက အဲ့အဖွဲ့ရဲ့အဖွဲ့ဝင် ဖြစ်သွားပြီး ဘဏ်ဓါးပြတိုက်မှုတွေမှာ ကူညီပေးခဲ့တယ်။
  • 1998 ခုနှစ်က ၁၀ နှစ်အရွယ်မိန်းကလေး Natascha Kampush ကို သြစတေးလျမှာ ပြန်ပေးဆွဲသွားတယ်။ 2006 ခုနှစ်မှာ သူပြန်ရောက်လာတယ်။ ပြန်ပေးဆွဲတဲ့သူတွေ အလစ်မှာ ထွက်ပြေးလာခဲ့တာ။ သူမကိုယ်တိုင် အကျဉ်းခန်းထဲမှာ ၈ နှစ်တိတိပိတ်ဖို့ ခွင့်ပြုတာလို့ဆိုပါတယ်။ သူ့ကိုပြန်ပေးဆွဲသွားသူကိုလည်း အမွှန်းတင်အကောင်းချည်းပဲ ပြောခဲ့ပါသတဲ့။
  • 2003 ခုနှစ်မှာ Eliazbeth Smart လို့ခေါ်တာ ၁၅ နှစ်သမီးလေးကို Salt Lake City က ကိုယ့်ကိုယ်ကိုဘုန်ကြီးလို့ပြောတဲ့လူကနေ ပြန်ပေးဆွဲသွားပါတယ်။ ၉ လ အကြာမှာ သူမပြန်ရောက်လာတယ်။ စိတ်ပညာရှင်တွေပြောတာတော့ သူသာ သူ့ကိုဖမ်းသူနဲ့ ပတ်သတ်မနေဘူးဆိုရင် အစောကတည်းက လွတ်လာနိုင်တယ်တဲ့။

အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Stockholm syndrome ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Stockholm syndrome ရဲ့ အသိများတဲ့လက္ခဏာတွေကတော့

  • ပြန်ပေးဆွဲသူတွေကို လေးစားသမှုပြနေခြင်း
  • ကယ်ဆယ်ရေးတွေကို ခုခံနေခြင်း
  • ပြန်ပေးဆွဲသူတွေကိုကာကွယ်ပေးခြင်း
  • ပြန်ပေးဆွဲသူတွေကို ကျေနပ်အောင်လုပ်ပေးခြင်း
  • ဖမ်းခေါ်သူအတွက် ဖြောင့်ချက်ပေးဖို့ ငြင်းဆန်ခြင်း
  • ပြန်ပေးဆွဲသူဆီကနေ ထွက်မပြေးလိုခြင်း

Stockholm syndrome ကို ကျွန်/သခင် ဆက်ဆံရေး၊ အရိုက်အနှက်ခံအိမ်ရှင်မနဲ့ ဖျက်လို့ဖျက်စီး ကိုးကွယ်မှုဆိုင်ရာကိစ္စတွေမှာလည်း တွေ့ရပါတယ်။

အခြေအနေတစ်ရပ်မှာ Stockholm syndrome ဖြစ်လာဖို့ဆိုရင် အချက်သုံးချက် အနည်းဆုံးရှိရပါတယ်။

  • အလွန်အမင်းကွာဟတဲ့လုပ်ပိုင်ခွင့်ရ ဆက်ဆံရေးတစ်ခုမှာ ဖမ်းခေါ်သူတွေက အဖမ်းခံသူတွေကို ဘာလုပ်ရမယ် ဘာမလုပ်ရဘူးဆိုပြီး နှုတ်တိုက်ချပေးတာမျိုး
  • ဖမ်းခေါ်သူလက်ထဲမှာ အဖမ်းခံရက သေနိုင်တယ်၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ်လို့ ခြိမ်းခြောက်ခံထားရတာမျိုး
  • အဖမ်းခံရသူရဲ့ ကိုယ့်အသက်ထိန်းသိမ်လိုတဲ့ ဆန္ဒပြင်းပြနေတာမျိုး

နောက်ထပ်အချက်တွေမှာတော့ အဖမ်းခံရသူက ထွက်ပြေးလို့မလွတ်ဘူးဆိုပြီး (အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် အရေးမကြီး) ယုံနေတာမျိုး။ သည်လိုကနေ အာဏာရှိတဲ့ဖမ်းခေါ်သူတွေ ချမှတ်ထားတဲ့စည်းမျဉ်းတွေထဲမှာနေမှပဲ အသက်ရှင်မယ်လို့ မြင်လာတယ်။

နောက် အဖမ်းခံရသူကို ဖမ်းခေါ်သူတွေကလွဲလို့ ကျန်တဲ့သူတွေနဲ့ မတွေ့ရအောင် ခွဲခြားလိုက်တဲ့အခါ ဖမ်းခေါ်သူတွေရဲ့ အမြင်မှန်သမျှကို စိတ်နဲ့တောင်ချိုးဖောက်ဖို့ မတွေးနိုင်တော့ပါဘူး။ ဒီကနေ Stockholm syndrome ဖြစ်ဖို့ ဦးတည်သွားပါတော့တယ်။

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ရောဂါဖြစ်စေသောအကြောင်းအရင်းများ

ဘာတွေက Stockholm syndrome ဖြစ်ပွားစေသလဲ။

သည်စိတ်အခြေအနေရဲ့နောက်ကွယ်က အကြောင်းပြချက်က အတော်လေးရှုပ်ထွေးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ စိတ်ရောဂါကုဆရာဝန်တွေနဲ့ မှုခင်းပညာရှင်တွေက အချက်အများကြီးကို ဖော်ထုတ်ခဲ့ပါတယ်။ သည်အချက်တွေက Stockholm syndrome ဖြစ်စေတယ်လို့ ယုံကြည်ခဲ့ကြတယ်။ သည်အခြေအနေ ဖြစ်လာရတာက…

  • ဓါးစာခံတွေက ပြန်ပေးဆွဲသူတွေ သူတို့အသက်ကိုမသတ်တာက သူတို့ကို မျက်နှာသာပေးတာလို့ ခံစားမိလာတယ်။ ဒါက ချက်ချင်းဆိုသလိုပဲ သူတို့ကိုဖမ်းသူက ပိုပြီးသဘောကောင်းနေတယ်လို့ မြင်သွားစေပါတယ်။
  • ပြန်ပေးသမားတွေက ပြန်ပေးဆွဲခံရသူတွေကို ကိုယ်ချင်းစာတဲ့အပြုအမူနဲ့ ဆက်ဆံကြတယ်။ ပြန်ပေးသမားတွေက သူတို့သားကောင်တွေကို ကောင်းကောင်းမွန်မွန်ထားပေးတဲ့အခါ ဓါးစာခံတွေမှာ သူတို့ကိုအလေးထားတယ်လို့ မြင်လာကြတယ်။ ပုံမှန်အားဖြင့် ပြန်ပေးသမားတွေကို ကြမ်းတမ်းမယ်ဆိုပြီး တွေးထားကြတယ်မလား။ ကြမ်းတမ်းတဲ့ အပြုအမူတွေက အမုန်းပွားစေတယ်။ ကြင်ကြင်နာနာဆက်ဆံတဲ့အခါ အမုန်းပွားတာရဲ့ပြောင်းပြန်ဖြစ်သွားပါတယ်။
  • အဖမ်းခံရသူတွေကို အပြင်ကမ္ဘာကနေ သီးသန့်ခွဲထုတ်ပစ်လိုက်တယ်။ ဒါက သူတို့ကို ပြန်ပေးသမားအမြင်အတိုင်း မြင်သွားစေတယ်။ ပြန်ပေးသမားတွေ ပြစ်မှုလုပ်ရစေတဲ့ တွန်းအားပေး အခြေအနေတွေကို စပြီးမြင်လာကြတယ်။ ရလဒ်အနေနဲ့ သူတို့က ပြန်ပေးသမားတွေကို ကူညီပေးကြပြီး စာနာသနားစိတ်တွေတောင် ဝင်သွားကြပါတယ်။
  • ပြန်ပေးဆွဲခံရသတွေမှာ ပြန်ပေးသမားတွေကို ရုပ်ရောစိတ်ရော သံယောစဉ် စတွယ်လာတတ်ပါတယ်။ ရက်အများကြီး အတူနေလာတာက မတူညီတဲ့လူနှစ်ယောက်ကို နီးကပ်လာစေပါတယ်။ သူတို့တွေမှာ စိတ်ဝင်စားမှုတွေမျှဝေလာတယ်လို့ ခံစားလာရပါတယ်။
  • အဖမ်းခံရသူတွေမှာ ပြန်ပေးသမားတွေကို ကျေနပ်အောင်လုပ်ပေးချင်တဲ့အကျင့် ဝင်လာပါတယ်။ ဒါက မလုပ်မဖြစ် လုပ်ရတော့မယ်ဆိုတဲ့စိတ်ဝင်သွားတာပါ။ ကိုယ့်ကိုနှိပ်စက်တာ ဒါမှမဟုတ် သတ်ဖြတ်တာကနေလွတ်ဖို့ ပြန်ပေးသမားတွေဖက်ကနေ အတင်းအကြပ်ပါပေးရပါတယ်။ ဒါပေမယ့် ဒီလိုကနေအကျင့်ဖြစ်သွားတဲ့အခါ ကိုယ့်ကိုယ်တွန်းအားပေးနေတာ မရှိတော့ဘူးဆိုရင်တောင်မှ ဒီအတိုင်းပဲလုပ်ပေးနေတော့တာပဲ။
  • အဖမ်းခံရသူတွေမှာ ပြန်ပေးသမားတွေကို စွဲလမ်းတဲ့သဘောလည်း ဖြစ်လာတတ်တယ်။ ဒါမျိုးက အဖမ်းခံရသူမှာ ပြန်သွားစရာ ဆွေမျိုးမရှိတော့တဲ့အခါမှာ တွေ့ရပါတယ်။ ဆွေမျိုးတွေကိုသတ်သွားတဲ့အမှုတွေမှာဆို သားကောင်ဖြစ်သူမှာ အကူအညီမဲ့သွားပြီး စားစရာနေစရာအတွက် ပြန်ပေးသမားကို မှီခိုရသလိုဖြစ်သွားပါတယ်။ ဒါက ပြန်ပေးသမားဖက်က အန္တရယ်မပေးနိုင်တော့သည်အထိကို ဆက်ပြီး ဖြစ်သွားပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Stockholm syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အချက်အလက်တွေထပ်ပြီးသိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။

ရောဂါစစ်ဆေးကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Stockholm syndrome ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အချက်အလက်တွေထပ်ပြီးသိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။

Stockholm syndrome ကို ဘယ်လိုကုသလဲ။

Stockholm syndrome က အစွန်းရောက်လွန်းသွားတဲ့ အကြောက်တရား၊ ဖိစီးမှုကနေဖြစ်လာတာလို့ မှတ်ယူနိုင်ပါတယ်။ အကောင်းဆုံးကုသမှုကတော့ စိတ်ရောဂါကုဆရာဝန်၊ ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေနဲ့ နှစ်သိမ့်ဆွေးနွေးတာပဲဖြစ်ပါတယ်။ မေတ္တာအပြည့်နဲ့ ထောက်ပံ့တာ၊ ကျွမ်းကျင်တဲ့ လမ်းညွှန်မှု၊ စိတ်ရှည်မှုတွေနဲ့ဆိုရင် အချိန်တစ်ခုကြာတဲ့အခါ Stockholm syndrome ကို အမြစ်ဖြုတ်နိုင်မှာပါပဲ။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်ဆေးနည်းများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Stockholm syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What causes Stockholm syndrome?

https://health.howstuffworks.com/mental-health/mental-disorders/stockholm-syndrome1.htm

Accessed March 21, 2018

Stockholm Syndrome – Causes, Symptoms, Cases and Treatment

https://www.primehealthchannel.com/stockholm-syndrome-causes-symptoms-cases-and-treatment.html

Accessed March 21, 2018

ယခုပုံစံ

06/01/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement