စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

ရဘူးလား နောင်တ....နောင်တ မရဘူးတဲ့လူ မရှိလောက်ဘူးနော်။ လုပ်သင့်တာကို မလုပ်လိုက်မိလို့၊ မလုပ်သင့်မှန်းသိရက် ဒေါသအလျောက် လုပ်လိုက်မိလို့၊ အနားမှာရှိစဉ်က တန်ဖိုးမထားမိလို့၊ ပြောသင့်တာကို မပြောခဲ့မိလို့၊ အချိန်ရှိတုန်းက မကြိုးစားမိလို့လေ။ နောင်တ ဆိုတာကလည်း နောင်မှ ရတတ်တာမျိုးလေနော်။ သိပ်အလေးအနက်မထားတတ်တဲ့ သူတွေကျတော့လည်း ခပ်မြန်မြန်ပဲ မေ့ပျောက်သွားကြပါတယ်။ နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား စိတ်ခွန်အားကောင်းတဲ့သူတွေကလည်း နောင်တကို  တစ်ချိန်လုံး ပိုက်မထားတတ်ဘူးလေ။ စိတ်ခွန်အားအဖြစ်တောင် အသုံးချလိုက်သေးတယ်။ တချို့ကတော့နောင်တတရားကို တစ်သက်လုံးပိုက်ထားရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတတ်ကြပါတယ်။ သင်ကရော ဘယ်လိုလူလဲ။ နောင်တတရားကို ပိုက်ထားတတ်လား၊ မေ့ပျောက်ပစ်တတ်လား၊ ခွန်အားအဖြစ်အသုံးချတတ်လား။ နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား ! နောင်တ ဆိုတာက နောင်တ ဆိုတာက စိတ်ခံစားမှုတစ်ခုပါ။ ကောင်းတဲ့ စိတ်ခံစားချက်တော့ မဟုတ်ဘူးပေါ့။ အခြေအနေတစ်ခုကြောင့် နောင်တရတာမျိုးဖြစ်နိုင်သလို ကိုယ်ချစ်ခင်ရတဲ့သူတွေကြောင့်လည်း နောင်တရသလို ခံစားချက်မျိုး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။

တစ်ယောက်တည်း ကိုယ့်ဘာသာစကားပြောခြင်း။ လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူကြားထဲ အဲလို ပြောမိလို့ပါ။ လူတွေအများကြီးရှိနေချိန်တော့ မပြောနဲ့လေနော်။ စိတ်လည်းကောင်းတယ် ရူးလည်းမရူးဘူးဆိုတဲ့ သူတွေက တော့ လူကြားထဲ တစ်ယောက်တည်း စကားပြောမနေတတ်ပါဘူး။ အိမ်မှာတစ်ယောက်တည်းရှိတဲ့ အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့ အချိန် ကိုယ့်အခန်းထဲ အိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တချို့ဆို အဲလို တစ်ယော့က်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေ ပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေက စိတ်ရောဂါဝေဒနာရှင်လား။ တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။ တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။ ဆိုတော့ ........လေ့လာချက်တွေအရ တစ်ယောက်တည်း […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်နေသူများဖတ်ရန်

လူတိုင်းက ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက်အလုပ်ကိုယ်စီလုပ်ကိုင်ကြရပါတယ်။ ပညာတတ်တဲ့သူက ဉာဏ်အားကိုသုံးပြီးလုပ်ရတာ သက်သာတယ်၊ ပညာသင်ယူခွင့်မရခဲ့သူတွေက ကျရာနေရာမှာ ကိုယ်တတ်နိုင်တဲ့ ခွန်အားနဲ့ ကာယအားကို သုံးပြီးလုပ်ရတာက ပိုပင်ပန်းတယ်ဆိုတာတော့ပြောနေစရာမလိုအောင်မြင်သာမှာပါ။ ဒါပေမယ့် ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် စိတ်ညစ်စရာ စိတ်ဖိစီးစရာကတော့ ရှိစမြဲပါ။ ဒီလိုစိတ်ညစ်တဲ့အခါ ငါတစ်ယောက်တည်းများဖြစ်နေတာလားလို့မတွေးပါနဲ့။ ဒါကအလုပ်ခွင်ဝင်နေသူတိုင်းတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုပါ။ အလုပ်ခွင်က အမြဲပျော်ရွှင်နေဖို့ မလွယ်ပါဘူး။ ဒီတော့ အလုပ်ခွင်မှာ ဖိအားနည်းပြီးပေါ့ပါးလွတ်လပ်စွာနဲ့ ဖန်တီးနိုင်စွမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ညစ်စရာတွေကိုသေချာကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုတော့သိထားဖို့လိုမှာပေါ့နော်။ အလုပ်ခွင်ဖိအားတွေကနေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်ပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ် ထိခိုက်စေတဲ့အပြင်နောက်ထပ် ထိခိုက်စေနိုင်တာတစ်ခုက လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးပါ။ ဒီတော့ကောင်းကျိုးမဖြစ်တဲ့ စိတ်ညစ်စရာတွေကိုဖြေရှင်းကြရအောင်နော်။ ဒီအချက်တွေကြောင့် အလုပ်ခွင်မှာ စိတ်ညစ်စရာတွေဖြစ်နိုင်ပါတယ် လစာနည်းတာ အလုပ်တာဝန်တွေများလွန်းတာ တိုးတက်နိုင်မယ့် အခွင့်အလမ်းနည်းပါးတာ အလုပ်ကနေ အတွေ့အကြုံအသစ်တွေမရနိုင်တာ လုပ်ပိုင်ခွင့်တွေ ထိန်းချုပ်ခံထားရတာ လုပ်ငန်းခွင်ပတ်ဝန်းကျင်က မျှတမှုမရှိတာ အလုပ်ခွင်ထဲမှာ အချင်းချင်းရိုင်းပင်းကူညီမှုမရှိတာ ဝါဿနာမပါတာကို လုပ်နေရတာ အလုပ်ခွင်ဖိအားတွေကိုသေချာမထိန်းချုပ်နိုင်တဲ့အခါ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ် အလုပ်ခွင်ဖိအားက လူတိုင်းကြုံရနိုင်တယ်ဆိုပေမယ့် […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကိုယ့်ကိုယ်ကို သတ်သေတော့မလို့လား

'မိမိကိုယ်ကို သတ်သေခြင်း' တဲ့။ ရခဲလှတဲ့ လူ့ဘဝ (တစ်နည်း) အသက်တစ်ချောင်းကို ခက်ခဲပင်ပန်းစွာ ကြိုးစားရင်း အသက်ဆက်နေသူတွေရှိသလို ဘဝကို လက်လျှော့အရှုံးပေးပြီး အဆုံးသတ်ချင်သူတွေလည်း ရှိနေတာ ဒုနဲ့ဒေးပါပဲ။ ဒီထဲမှာမှ ပိုထူးဆန်းတာက ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သူတွေထဲမှာ လူသိများထင်ရှားပြီး ငွေကြေး၊အောင်မြင်မှုစသဖြင့် လူတိုင်းအားကျလောက်အောင် ပြည့်စုံကြွယ်ဝသူတွေလည်း ပါဝင်နေတာ အံ့ဩစရာပါပဲ။ သမိုင်းတလျှောက် နာမည်ကျော်သတ်သေမှုတွေ ရှိခဲ့ပေမယ့် အမေရိကန်ဟာသမင်းသားကြီး ရော်ဘင်ဝီလျံ နဲ့ လည်ပင်းကြောကြီးတွေထောင်အောင် သီဆိုတတ်တဲ့ Linkin park အဆိုတော် ချက်စတာတို့ရဲ့ သေကြောင်းကြံစည်မှုတွေကတော့ ဒီဘက်နောက်ပိုင်းမှာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့ရသလို အားလုံးလည်း နှမြောတသဖြစ်ခဲ့ရပါတယ်။ သိပ်မကြာသေးခင်ကလည်း နာမည်ကျော် brand ဖြစ်တဲ့ ကိတ်စပိတ်ရဲ့ မူလတည်ထောင်သူ အမျိုးသမီးဒီဇိုင်နာ ကိတ်စပိတ် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါသေးတယ်။ အရွယ်အားဖြင့် အရွယ်ကောင်းဖြစ်တဲ့အပြင် အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ အောင်မြင်ကျော်ကြားမှု၊ချမ်းသာကြွယ်ဝမှု […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တစ်နေ့တာမှာ ရှောင်လွှဲမရတဲ့ ပြဿနာ ကို ဒီလိုရင်ဆိုင်ပါ

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရင်းတွေ့ရတဲ့ ပြဿနာတွေကတော့ အများကြီးပါ။ ဒီပြဿနာတွေထဲမှာမှ လူတိုင်းရှောင်လွှဲလို့မရဘဲ မဖြစ်မနေ ကြုံတွေ့ရနိုင်တာက စိတ်ဖိစီးမှုပေါ့။ စိတ်ဖိစီးမှုက လူ့ဘဝရဲ့ ဖယ်ချန်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီလိုမျိုး ရှောင်လွှဲမရတဲ့ ပြဿနာ တစ်ခုအနေနဲ့ နေ့စဉ်ဘဝမှာ နေရာယူထားတဲ့ Stress(စိတ်ဖိစီးမှု) ကို ပြုံးပြုံးလေးနဲ့ အန်တုနိုင်ဖို့ ဒီနည်းလေးတွေ လုပ်ကြည့်နော်။ ရှောင်လွှဲမရတဲ့ ပြဿနာ စိတ်ဖိစီးမှု (Stress) လူတိုင်း စိတ်ဖိစီးမှုကို ခံစားဖူးမှာပါ။ အရွယ်တိုင်းလိုလို စိတ်ဖိစီးမှုကို ခံစားရနိုင်ပါတယ်။ ကလေးမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးမှုရှိပါတယ်။ ကျောင်းနေအရွယ်၊ တက္ကသိုလ်တက်တဲ့အချိန်၊ အလုပ်ခွင်ဝင်တဲ့အချိန်တွေမှာလည်း စိတ်ဖိစီးမှုက ကိုယ်တွေနဲ့ အမြဲတစ်တွဲတွဲပဲနော်။ စိတ်ဖိစီးတာက စိတ်ပိုင်းဆိုင်ရာအရ ပူပန်၊ စိတ်ညစ်ရတဲ့ ခံစားမှုတစ်ခုပေါ့။ စိတ်ဖိစီးမှု (Stress) က အဆိုးတွေချည်းပဲဖြစ်စေတာတော့ မဟုတ်ပါဘူး။ အသေးအဖွဲ စိတ်ဖိစီးမှုလေးတွေက တစ်ခါတစ်လေမှာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းဘူးလို့ ဘယ်သူတွေပြောလဲ

ယောကျာ်းမယူသေးဘူးလား။ မိန်းမ မယူသေးဘူးလားလို့ မကြာခဏအမေးခံနေရလား။ ဒါမှမဟုတ် မင်္ဂလာဆောင်မှာဖြစ်ဖြစ် အလှူတွေ ဘာတွေပဲဖြစ်ဖြစ် အသိအကျွမ်းတွေနဲ့ ဆုံမိတဲ့အခါ ဘယ်နေ့စားရမှာလဲလို့ ပြုံးစိစိမေးတာတွေကို စိတ်ကုန်နေပြီလား။ ဒီလူတွေကို တန်ပြန်ဖို့ အချိန်တန်ပြီလေ။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းဘူးလို့ ဘယ်သူတွေပြောလဲ။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ ကောင်းတဲ့အချက်တွေအများကြီးဆိုတာ သူတို့သိအောင် အချက်ကျကျ ပြောလိုက်ရအောင်။ အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းဘူးလို့ ဘယ်သူတွေပြောလဲ အပျိုကြီး လူပျိုကြီးဖြစ်ရတာ မကောင်းတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် အောက်ပါ‌ကောင်းကျိုးတွေ တွေ့ရပါတယ်။ ၁။ တာဝန်တွေမရှိဘဲ လွတ်လပ်ပေ့ါပါးတဲ့ဘဝ ဘယ်သူ့ကိုမှ စောင့်နေစရာမလိုဘဲ ဘယ်သူ့ဝန်ထုပ်ဝန်ပိုးကိုမှ ထမ်းနေစရာမလိုဘဲ ဘယ်သွားချင်လဲ ခုချက်ချင်းထသွားလို့ရတယ်။ ဘာလုပ်ချင်လဲ ခုချက်ချင်းထလုပ်လို့ရတယ်။ ဘယ်သူ့မျက်နှာမှကြည့်နေစရာမလိုဘူး။ ဘယ်သူ့ကိုမှ တိုက်တွန်းနေစရာမလိုဘူး။ ဘယ်လောက်လွတ်လပ်တဲ့ဘဝလဲ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လွတ်လွတ်လပ်လပ်အချိန်ဖြုန်းနိုင်တယ်။ ပြန်မလာသေးဘူးလားဆိုပြီး ဆူပူမာန်မဲမယ့်သူမရှိဘူး။ ဒီအချိန် ကလေးထိန်းရမှာမို့လို့ပါဆိုပြီး […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ သစ်ပင်ပန်းမန် လေးတွေ စိုက်ကြမယ်

ကမ္ဘာ့လူဦးရေထက်ဝက်ကျော်လောက်ကမြို့ပြတွေမှာနေထိုင်ကြသူတွေပါ။ ဒီလိုမြို့ပြကြီးမှာနေထိုင်မှုတွေက လူသားတွေကို သဘာဝ ပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ သဘာဝပတ်ဝန်းကျင်က လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကိုပါ ကျန်းမာစေနိုင်စွမ်းရှိနေပါတယ်။ လေ့လာမှုရလဒ်တွေအရပြောရမယ်ဆိုရင်ဖြင့် သစ်ပင်စိုက်တာက စိတ်ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးပါတယ်။ သစ်ပင်ပန်းမန် တွေကို စိုက်ပျိုးမှုက စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေကိုလျော့ပါးသက်သာစေနိုင်သလိုသွေးတိုးတာကိုလည်း သက်သာစေနိုင်ပါတယ်တဲ့။ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ဖြစ်စေနိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်ပါတယ်။ သစ်ပင်ပန်းမန် စိုက်တာကနေရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက သစ်ပင်ပန်းမန် စိုက်တဲ့သူတွေမှာ တာဝန်ခံစိတ်ကိန်းအောင်းလာတယ် သစ်ပင်စိုက်တဲ့အခါ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးတွေကောင်းကောင်းမွန်မွန် ကြီးပြင်းလာစေဖို့အတွက်ရေလောင်း၊ပေါင်းသင်၊မြေသြဇာထည့်တဲ့အလုပ်ကို မဖြစ်မနေလုပ်ရပါတယ်။ ဒီလိုလုပ်ပေးရတဲ့အခါ တာဝန်ယူတတ်တဲ့ စိတ်လေးကဖြစ်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ကောင်းကျိုးဆိုးပြစ်ကိုတာဝန်ခံနိုင်တဲ့ စိတ်လေးဖြစ်ပေါ်လာပြီး လူမှုပတ်ဝန်းကျင်မှာ ပိုအဆင်ပြေလာပါလိမ့်မယ်။ သစ်ပင်စိုက်ပျိုးတာက သဘာဝတရားကိုခံစားမိစေတယ် တစ်နေ့တာလုံးခေတ်မီတိုးတက်လာတဲ့ နည်းပညာတွေနဲ့ ထိတွေ့နေရမှုကကောင်းတာလေးတွေရှိပေမယ့် စိတ်အပန်းပြေစေမှုကိုတော့ပြည့်ပြည့်ဝဝမရရှိစေနိုင်ဘူးပေါ့။လေ့လာတွေရှိချက်တွေအရ စိမ်းစိုမှုရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်က လူတွေကို စိတ်ဖိစီးမှုသက်သာစေပြီး စိတ်အပန်းပြေစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် အားလပ်ချိန်လေးတွေမှာ သစ်ပင်လေးတွေ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ

သင့်အနေနဲ့ အခုချိန် ကြင်စဦး အိမ်ထောင်ရှင်ဘဝကို တည်ထောင်ထားသူပဲ ဖြစ်ဖြစ်၊ ငွေရတု၊ ရွှေရတု ပေါင်းများစွာ အိမ်ထောင်သက် ကြာညောင်းနေသူပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သံယောဇဉ်ကြိုးခိုင်မြဲပြီး ချစ်ခင်ကြင်နာမှု အပြည့်နဲ့ သစ္စာတရားပြည့်ဝနေတဲ့ အိမ်ထောင်ရေး ကိုသာ လိုချင်ကြမှာ အမှန်ပါပဲ။ ဒီလို အိမ်ထောင်တစ်ခုလည်း ပိုင်ဆိုင်ချင်တယ်၊ ဒီလို ဖြစ်လာဖို့အတွက်လည်း ဘယ်လိုနည်းလမ်းတွေကို လုပ်ဆောင်ရမှန်း မသိဘူးဆိုရင် ကျွန်တော်တို့ Hellosayarwon မှ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် မမေ့သင့်တဲ့ အချက်လေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ ၁။ စိတ်ဝင်တစား နားထောင်ပေးပါ။ Relationship ဆိုင်ရာ အတိုင်ပင်ခံတွေအားလုံးက တကယ့် အစစ်အမှန် နားထောင်ခြင်းဟာ ရန်ဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ယုံကြည်မှုကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု

နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်အသွေးတွေနဲ့အရောင်အသွေးစုံလင်လှတဲ့အရောင်တွေကို မဖြစ်မနေမြင်တွေ့ လို့နေရပါတယ်။ ဒီအရောင်တွေက ကျန်းမာရေး အထူးသဖြင့် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုများသက်ရောက်နေလဲလို့တွေးမိပါရဲ့လား။ အချို့အရောင်တွေကိုမြင်တဲ့အခါ စိတ်ထဲမှာ ရှုပ်သွားသလိုခေါင်းထဲကနေလို့မကောင်းသလိုဖြစ်ဖူးကြပါလား။ ဒါက အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ်သက်ရောက်မှုပါ။ အရောင်တွေရဲ့ သက်ရောက်မှုက ရှေးခေတ်ထဲက အီဂျစ်တွေနဲ့တရုတ်လူမျိုးတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို သက်သာစေဖို့အတွက် အရောင်တွေကို အသုံးပြုကုသမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်အရောင်တွေက ဘယ်လိုမျိုးသက်ရောက်မှုတွေရှိတာလဲဆိုတာကိုသိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်လေ့လာကြည့်လိုက်ပါ။ အနီရောင် - အနီရောင်က အင်အားပြည့်ဝမှုရှိတဲ့ အရောင်တစ်မျိုးပါ။ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးနိုင်ပြီးadrenalineဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အနီရောင်က စိတ်ဓာတ်ခိုင်မာမှုကိုရရှိစေနိုင်တယ်ဆိုပေမယ့် အရမ်းကြီးများသွားမယ်ဆိုရင်တော့ သွေးပေါင်ချိန်ကိုတက်စေနိုင်သလို အသက်ရှူမြန်တာ၊ နှလုံးခုန်နှုန်းမြန်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်တဲ့။ အဝါရောင် -အဝါရောင်က စိတ်ပျော်ရွှင်မှုကိုရရှိစေပြီးနွေးထွေးမှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ အရောင်တစ်မျိုးပါ။ အာရုံကြောတွေကို လုပ်ဆောင်မှုကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် တောက်လွန်းတဲ့ အဝါရောင်ကတော့ဒေါသအလွယ်တကူဖြစ်စေနိုင်သလို စိတ်ရှုပ်ထွေးစေမှာ အမှန်ပါ။ အပြာရောင် - […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကလေးက အမှောင်ကြောက်ရွံ့မှုကို ဘယ်လိုကျော်လွှားနိုင်သလဲ

ကလေးအတော်များများဟာ အမှောင်ကိုကြောက်ရွံ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဘီဒိုထဲမှာ၊ အိပ်ရာအောက်မှာ သရဲရှိနေတယ်လို့ ထင်တတ်ကြပါတယ်။ ကလေးရဲ့ မိဘတစ်ယောက်အနေနဲ့ သင့်ကလေးကို ဒီကိုကြောက်ရွံ့မှုတွေကို ကျော်လွှားနိုင်အောင် ကူညီပေးသင့်ပါတယ်။   ကလေးတွေရဲ့ အမှောင်ကို ကြောက်ရခြင်း အကြောင်းရင်း မိဘအတော်များများဟာ ကလေးတွေက ဘာလို့ အမှောင်ကို ကြောက်လဲဆိုတာကို သိရှိခြင်းမရှိပါဘူး။ ဒါပေမယ့် မိဘအများစုက သူတို့မီးမှိတ်လိုက်ချိန်မှာ ကလေးကြောက်ရွံ့ခြင်းကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ကလေးဟာ ရုတ်တရက် အမှောင်ကို ကြောက်ရွံ့နေပြီဆိုရင် အကြောင်းရင်း အချို့ရှိနိုင်ပါတယ်။ ကလေး သန်းပေါင်းများစွာဟာ အမှောင်ထဲမှာ သူတို့ကို အစိမ်းလိုက်ကိုက်စားနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခု ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။ ကြောက်ရွံ့ခြင်းဟာ လူတိုင်းလူတိုင်းရဲ့ ဘဝအစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကလေးတွေမှာ ပိုဆိုးကြပါတယ်။ ဒါ့ပြင် ကလေးတွေရဲ့ ဦးနှောက်ဟာ အပြည့်အစုံ ဖွံ့ဖြိုးခြင်း မရှိသေးတာကြောင့် သူတို့ဟာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း