ဘာလို့ သတ်သေချင်စိတ်ပေါက်ရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 6, 2020 . 3 mins read
Share now

သင့်ဘဝအချိုးအကွေ့တစ်ခုမှာ သတ်သေလိုတဲ့အတွေးတွေ ပေါ်ကောင်းပေါ်ဖူးပါလိမ့်မယ်။ အထူးသဖြင့် အထက်ကျောင်းတက်နေစဉ်အတွင်း အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် မိဘနဲ့အဆင်မပြေတာမျိုးတွေမှာ ဖြစ်ပါတယ်။ သတ်သေခြင်းက သင့်ကိုယ်ပိုင်ဘဝကိုသင်ကိုယ်တိုင်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

သင်ချစ်ရတဲ့လူသေဆုံးသွားတဲ့အခါမှာ ဒါမှမဟုတ် ဆက်ဆံရေးတစ်ခုပြတ်တောက်သွားတဲ့အခါမျိုးမှာ ဘဝကိုလက်လျှော့ချင်တဲ့အတွေးမျိုးတွေဖြစ်လာနိုင်ပါတယ်။ သတ်သေချင်တဲ့အတွေးမျိုးတွေတွေးဖူးတယ်ဆိုရင် ဒီခံစားချက်နဲ့ပတ်သက်ပြီး အကြောင်းရင်းတွေအများကြီးရှိပါတယ်။

စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်ခြင်း

သတ်သေရခြင်းအဖြစ်များဆုံးအကြောင်းရင်းတွေထဲကိစ္စတခုဖြစ်ပါတယ်။ အများအားဖြင့်တော့ ရလေ့ရှိတဲ့စိတ်ကျန်းမာရေးပြဿနာလက္ခဏာတစ်ခုကြောင့် စိတ်ဓာတ်ကျခြင်းဖြစ်ပါတယ်။ စိတ်ကျရောဂါ၊ ပူပင်ကြောင့်ကြမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကစဉ့်ကလျားရောဂါတွေဖြစ်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်က သင့်စိတ်ကျန်းမာရေးအခြအေနေအတွက် ထိရောက်မယ့်ကုသမှုကိုခဲခဲယဉ်းယဉ်းရှာနေရချိန်မျိုးမှာ သင့်နဂိုအတိုင်းပြန်မကောင်းနိုင်တော့ဘူးဆိုပြီး အကူအညီမဲ့တဲ့ကြောက်လန့်တဲ့အတွေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နာကျင်မှုကိုအဆုံးသတ်ဖို့တစ်ခုတည်းသောနည်းလမ်းက သင့်ဘဝကိုအဆုံးသတ်လိုက်ဖို့ပဲလို့ သင်တွေးကောင်းတွေးနိုင်ပါတယ်။

စိုးရိမ်ပူပန်ခြင်းက သင်ပတ်ဝန်းကျင်ကိုကြောက်လန့်စေပြီး သင့်ဘဝအလှည့်အပြောင်းတွေကို လိုက်လျောညီထွေဖြစ်စေခြင်းကနေ တားမြစ်ထားပါတယ်။ အချို့အခြေအနေတွေမှာစိုးရိမ်ခြင်းက သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကိုဆက်ထိန်းထားနိုင်ဖို့၊ ကျောင်းပြီးဆုံးအောင်တကို့

အလုပ်မြဲအောင်စတာတျွေမှာ အလွန်အမင်းခက်ခဲစေပါလိမ်မ့ယ်။ အထီးကျန်ခြင်းနဲ့ကြောက်ရွံ့ခြင်းတွေပေါင်းစပ်ခြင်းက သတ်သေလိုတဲ့အတွေးတွေကို တွေးမိစေပါလိမ့်မယ်။

အဓိကစိတ်ဓာတ်ကျခြင်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ သတ်သေခြင်းအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ဓာတ်ကျလက္ခဏာတွေကို ကျော်လွှားဖို့မတတ်နိုင်တော့အခါမှာ သတ်သေဖို့ဖြစ်နိုင်ချေအများကြီးဖြစ်လာပါတယ်။ ဒီစိတ်ဓာတ်ကျလူနာ၉၀%မှာ သတ်သေလိုတဲ့အတွေးတွေဖြစ်နိုင်ပါတယ်။

ထိခိုက်မိခြင်း

သင့်မှာထိခိုက်ဖူးခြင်းက အရှက်ရခြင်း အပြစ်မကင်းသလိုခံစားရခြင်းတွေနေ သတ်သေလိုတဲ့အတွေးတွေကို ဦးတည်သွားပါတယ်။ ရုပ်ပိုင်းဆိုင်ရာလိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းမျိုးတွေ ဖြစ်ပါတယ်။ ထိခိုက်ဖူးခြင်းကြောင့်မှတ်ဉာဏ်တွေပျက်စီးသွာခြင်းလက္ခဏာပြတဲ့ ထိခိုက်မှုနောက်ပိုင်းဖိအားများပြဿနာလည်း ဖြစ်လာနိင်ပါတယ်။ သင့်နေ့စဉ်ဘဝကိုစီမံရာမှာအတားအဆီးဖြစ်စေတဲ့ ပြင်းပြင်းထန်ထန်စိုးရိမ်ခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ သတ်သေလိုတဲ့အတွေးတွေထိ ဖြစ်စေနိုင်ပါတယ်။

အနိုင်ကျင့်စော်ကားခံရခြင်း

လူတွေရဲ့အတွေးတွေနဲ့ သူတို့ခံစားချက်တွေအပေါ်မှာ သိသိသာသာသက်ရောက်မှုရှိပါတယ်။ အနိင်ကျင့်ခံရတဲ့အရေအတွက် နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး။ သင်အနိုင်ကျင့်ခံရတဲ့အခါမှာ အလွန်အမင်းစိတ်ဓါတ်ကျခြင်းတွေ၊ မျှော့်လင့်ချက်ကင်းမဲ့သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ အများစုမှာ အနိုင်ကျင့်ခံရခြင်းက တိုင်တန်းအရေးယူခြင်းမျိုး မရှိပါဘူး။ တွေ့ကြုံခံစားနေရတဲ့နာကျင်မှုတွေကနေ လွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းအနေနဲ့ သတ်သေသွားတယ့်အခါမျိုးမှသာ သိရပါတယ်။

နည်းပညာတိုးတက်လာခြင်းက အွန်လိုင်းမှာအနိုင်ကျင့်ခံရခြင်းဖြစ်စဉ်ဖြစ်စေပါတယ်။ လူမှုရေးဆိုင်ရာမီဒီယာ၊ ဝက်ဘ်ဆိုဒ်တွေရဲ့ အကြုံပြုရေးစာ ကဏ္ဍတွေ ဘလော့ဂ်တွေမှာဖြစ်နိုင်ပါတယ်။ သင့်ဂုဏ်သတင်းကိုထိခိုက်စေတဲ့ရည်ရွယ်ချက် အရှက်ရစေတဲ့ရည်ရွယ်ချက်တွေနဲ့ ဥိးညတ်ခြင်းဖြစ်ပါတယ်။ ဒိအခြေအနေကိုမကျော်လွှားနိုင်ဘူးဆိုရင် သတ်သေလိုတဲ့အတွေးတွေပေါ်လာနိုင်ပါတယ်။

ဆေးစွဲခြင်း

ဆေးစွဲခြင်းသို့အရက်စွဲခြင်းက သင့်ကိုလက်လျှော့အရှုံးပေးခြင်းကိုဖြစ်စေပါလိမ့်မယ်။ ဆေးစွဲတဲ့လူတွေမှာ စိတ်ဓာတ်ကျနိုင်တယ်နိုင်လို့ အထောက်အထားခိုင်ခိုင်လုံလုံရှိပါတယ်။ ဆေးသို့အရက်က သင့်ရဲ့နာကျင်မှုကို ယာယီသက်သာစေတယ်လို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် လက်တွေ့ဘဝမှာ ပြဿနာတွေကိုမဖြေရှင်းပေးနိုင်ပါဘူး။ ဆေးနဲ့အရက်က ဦးနှောက်လုပ်ဆောင်ရည်တွေနဲ့ ထုတ်ပေးတဲ့ပစ္စည်းတွေကို ပြောင်းလဲစေပြီး စိတ်ဓာတ်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဘယ်လိုစွဲလမ်းခြင်းကမဆို ကျော်လွှားနိုင်ဖို့သင့်အတွက်ကူကယ်ရာမဲ့တာမျိုးတွေရှိနိုင်ပါတယ်။ ဆေးဖြတ်လိုက်တဲ့လက္ခဏာတွေက နာကျင်စေပြီး သည်းမခံတော့နိုင်တော့လောက်အောင်ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ သတ်သေခြင်းက စွဲလမ်းခြင်းထောင်ချောက်ကနေလွတ်မြောက်ဖို့ နောက်ဆုံးနည်းလမ်းလို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဆက်ဆံရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ တန်ဖိုးထားမခံရခြင်း၊ လမ်းခွဲပြတ်စဲခြင်းစတဲ့ ဆက်ဆံရေးပြဿနာတွေက သင့်ဘဝမှာကြီးကြီးမားမားခံစားရနိုင်ပါတယ်။ အထူးသဖြင့် စိတ်ကူးယဉ်ဆန်တဲ့ဆက်ဆံရေးတွေမှာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့စုံတွဲပြဿနာတက်ခြင်းကနေ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကများခြင်း၊ အပြစ်မကင်းသလိုခံစားရခြင်းနဲ့ အလွန်အမင်းကြောက်လန့်ခြင်းတွေ ပြင်းပြင်းထန်ထန်ခံစားရနုငိပါတယ်။

စုံတွဲပြဿနာတက်ခြင်းက စိတ်ပိုင်းဆိုင်ရာနာကျင်မှုပြင်းပြင်းထန်ထန်ခံစားရနိုင်ပြီး သတ်သေလိုတဲ့အတွေးတွေပေါ်လာနိုင်ပါတယ်။ အထီးကျန်ရမှာကြောက်တဲ့စိတ်၊ တစ်ယောက်တည်းဖြစ်ရမှာကြောက်တဲ့စိတ်တွေနဲ့ ဖဲလောင်းကစားဝိုင်းတွေမှာဝင်ပါတာမျိုး၊ ဆေးအရက်စွဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

သင့်စိတ်ခံစားချက်နာကျင်မှုကို သင်မကျော်လွှားနိုင်တော့တဲ့အခါမှာ မျှော်လင့်ချက်ကင်းသွားပြီး သတ်သေလိုတဲ့ အတွေးတွေဖြစ်နိုင်ပါတယ်။ နာကျင်မှုက ဘဝရဲ့မရှောင်လွှဲနိုင်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိထားဖို့အရေးကြီးပါတယ်။ လူတိုင်းမှာ နာကျင်မှုကိုအတိုင်းအတာတစ်ခုအထိခံနိုင်ရည်ရှိပေမယ့် ပြင်းပြင်းထန်ထန်စိတ်ပိုင်းဆိုင်ရာနာကျင်ခြင်းက သတ်သေလို့တဲ့အတွေးတွေဆီ ဦးတည်သွားစေပါတယ်။

ဘာတွေက သတ်သေလိုတဲ့အတွေးတွေဖြစ်စေလဲဆိုတာကို နားလည်ခြင်းဖြင့် အတွေးတွေကိုမေ့ဖျောက်နိုင်ပြီး ပြန်ပြီးထိန်းချုပ်နိုင်ပါလိမ်မယ်။ သတ်သေချင်စိတ်ပေါက်လာတဲ့အခါမှာ သင့်နာကျင်မှုကိုကျော်လွှားဖို့နဲ့ သတ်သေခြင်းကနေတားဆီးဖို့ နည်းလမ်းတွေကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကယ်၍သာ….. ဆိုတဲ့အတွေးတွေ နှိပ်စက်နေပြီလား။

ကြောက်ရွံ့တွန့်ဆုတ်ခြင်း စိတ်ပူပန်မှု anxiety what if အကယ်၍ စိတ်ပူတယ် မသေချာမရေရာခြင်း uncertainty worries ပျော်ရွှင်ခြင်း ေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Yee Mon Lwin

ရုန်းထွက်ဖို့အတွက် နည်းလမ်းက ရင်ဆိုင်ဖို့ပါပဲ။

ကြောက်စိတ် စိုးရိမ်စိတ် စိုးရိမ်လွန်ကဲခြင်း anxiety psychosis စိတ်ရောဂါ စိတ်ကျန်းမာရေး phobias ကြောက်စိတ်ကိုကျော်လွှား စိတ်ရောဂါကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Yee Mon Lwin

သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေကို ဒီလိုတိုက်ထုတ်ကြရအောင်

စိတ်ကျန်းမာရေး သေကြောင်းကြံစည်ခြင်း အဆုံးစီရင်ခြင်း အထီးကျန်ခြင်း အတွေးလွန်ခြင်း စိတ်ရောဂါကုထုံး စိတ်ဖိစီးမှု လူမှုရေးပြဿနာ စိတ်ခံစားချက် စိတ်ဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ

အမျိုးသား ကျန်းမာရေး ဆေးပညာ ဆေးကုသမှုခံယူခြင်း စိတ်ကျန်းမာရေး လိင်ကျန်းမာရေး ကြောက်ရွံ့ခြင်း ဆေးမြီးတို ကျန်းမာရေးဗဟုသုတ လူနေမှုဘဝပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ

ကြောက်ခြင်းရယ်တဲ့ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 17, 2020 . 3 mins read
ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်စီးမိနေပြီလား

ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ဖျက်စီးမိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020 . 2 mins read
ဘေဘီ ပျော်ရဲ့လား..........

ဘေဘီ ပျော်ရဲ့လား……….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 19, 2020 . 2 mins read

မင်း ဘာကိုရွေးပြီး ကြောက်နေမှာလဲ (Phobias)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2019 . 3 mins read