brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ

အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာနဲ့ ကင်းတဲ့သူတွေက ခပ်ရှားရှားပါ။ ဒီလို မကင်းနိုင်မှတော့ ဆိုရှယ်မီဒီယာပေါ်က အသုံးတွေကို သိထားဖို့ လိုပြီပေါ့။ ဒီတစ်ခေါက်တော့ သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ ကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ

နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေတဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းလေးတွေကို သိရှိထားတော့ အများတွေအလယ်မှာလည်း မျက်နှာမငယ်ရတော့ ဘူးပေါ့။ 

စိတ်ကျန်းမာရေးက အရေးကြီးသလား !

စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ လူတစ်ယောက် နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အရေးကြီးတယ်ဆိုတဲ့ စကားအတိုင်း နေ့စဉ်ဘဝမှာ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်ဖို့ စိတ်ဖိစီးမှု ကင်းပြီး စိတ်ပျော်ရွှင်နေဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့က အရေးကြီးပါတယ်။ 

သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ

နေ့စဉ်ဘဝမှာရော ဆိုရှယ်မီဒီယာပေါ်မှာပါ အသုံးများနေတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းလေးတွေကတော့ – 

Gaslighting

Gaslighting ဆိုတာက စိတ်ပိုင်းဆိုင်ရာကို ကြီးစိုးခြယ်လှယ်တဲ့ ပုံစံတစ်မျိုးပေါ့။ လူတစ်ယောက်ကို အခြားသူတစ်ဦးက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သံသယဖြစ်စေအောင် လုပ်ဆောင်တဲ့ နည်းလမ်းပေါ့။ ပြီးရင်တော့ ဒီလိုမျိုး စိတ်ဓာတ်ပျက်ပြားလာတဲ့သူကို လွှမ်းမိုးချုပ်ကိုင်တော့တာပါပဲ။ 

မြင်သာအောင် ပြောပြရရင် သူ့အမှားကို ကိုယ့်အမှားဖြစ်အောင် ပြောတတ်သူတွေပေါ့။ ဖောက်ပြန်တတ်တဲ့အတွဲတွေမှာ သူမလှကို နောက်လူကို ကြိုက်ရပါတယ်ဆိုပြီး ငါများမလှလို့ သူဖောက်ပြန်တာ‌ပါလေဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မြင်အောင် ဖန်တီးတတ်သူတွေပါ။ 

Body Dysmorphia

Body dysmorphia ဆိုတာကလည်း စိတ်ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ လူတစ်ယောက်က သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ အားနည်းချက်တွေကိုပဲ ရွေးမြင်စေတဲ့ စိတ်အခြေအနေပါ။ ဒီလိုမျိုး အခြေအနေက အခြားသူတွေ သတိထားမိစေလောက်တဲ့ အထိပါပဲ။ 

မှန်ကြည့်တဲ့အခါ အားနည်းချက်ကိုပဲ ရွေးမြင်တာမျိုးပေါ့။ အဆီတက်တယ်ဆိုတာကို ရွေးမြင်ကြတာပေါ့။ မျက်နှာ အသားအရေ ကောင်းတယ်ဆိုတာထက် မဆိုစလောက်ပဲ ကျန်တော့တဲ့ ဝက်ခြံကိုပဲ ရွေးမြင်တာမျိုးပေါ့။ 

Impostor Syndrome

Impostor syndrome ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့ အခြေအနေပါ။ ခုလုပ်နေတဲ့အလုပ်က ငါနဲ့ မတန်ဘူး။ ဒါက ကောင်းလွန်းနေတယ်။ ငါနဲ့ မသင့်တော်ဘူး။ ဒီလိုမျိုး ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေ၊ ကိုယ်ရရှိနေတာတွေကိုနဲ့ ပတ်သက်ပြီး ယုံကြည်မှုမရှိဘဲ ဖြစ်နေတာပါ။ 

Trauma Bonding

Trauma bonding ဆိုတာက ဘဝတူအချင်းချင်း တွဲမိကြတဲ့ သဘောပါ။ ဥပမာ သူကလည်း အိမ်တွင်းအကြမ်းဖက်ခံရတယ်။ ကိုယ်လည်း အကြမ်းဖက်ခံရတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာရပုံခြင်းတူတဲ့ လူနှစ်ယောက်က ရင်ဘတ်ချင်းနီးပြီး bondingဖြစ်သွားကြတဲ့ အခြေအနေပါ။

Triggered

Triggers ဆိုတာက အရင်အတိတ်က ဖြစ်ခဲ့ဖူးတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်ကို လက်ရှိမှာ ဖြစ်သလို တနုံ့နုံ့ ပြန်တွေးခံစားတတ်တဲ့ အကျင့်ပါ။ ဒီလို တွေးတောမှုကပဲ ပြင်းထန်တဲ့ စိတ်အခြေအနေကို ဖြစ်စေတာပါ။ ဥပမာ ကားတိုက်ဖူးတဲ့သူက တိုက်တဲ့နေရာကို ရောက်တိုင်း ဆောက်တည်ရာ မရဖြစ်နေရင် အဲ့နေရာကို triggeredလို့ ခေါ်ပါတယ်။ 

Dissociate

Dissociation ဆိုတာက လူတစ်ယောက်က သူ့ရဲ့ အတွေးတွေ ခံစားချက်တွေနဲ့ မချိတ်ဆက်မိတာမျိုးပါ။ စိတ်ဖိစီးမှုတွေ စိတ်မချမ်းသာစရာတွေကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေတာတွေအတွက် လက်ရှိအခြေအနေကို လက်မခံနိုင်တာမျိုးပါ။ 

Mindfulness

Mindfulness ဆိုတာက လက်ရှိကာလမှာ ပစ္စုပ္ပန် တည့်တည့်နေပြီး လက်ရှိကာလမှာ ပျော်ရွှင်မှုကို ပြည့်ပြည့်ဝဝ ခံစားနေရသူတွေပါ။ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်အခြေအနေတွေပေါ်မှာ ပြည့်ပြည့်ဝဝ အာရုံစိုက်ထားတတ်သူတွေပေါ့။ 

Gatekeeping 

Gatekeeping ဆိုတာက သာမန်လူတစ်ယောက် ဒါမှမဟုတ် ပညာရှင်တစ်ဦးဦးက လူတိုင်းကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကနေ ကင်းဝေးစေဖို့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ဆောင်ပေးတဲ့ အမူအကျင့် တစ်ရပ်ပါ။ 

Mattering

Mattering ဆိုတာက ထူးထူးခြားခြားဖြစ်တယ်။ တန်ဖိုးရှိတယ်လို့ ခံစားရစေနိုင်တဲ့ စိတ်ခံစားမှုပါ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ ကိုယ့်မိသားစုတွေက ကိုယ့်ကို ချစ်ပေးတယ်ဆိုတဲ့ ခံစားချက်မျိုးပါ။ 

Anti-matter

Anti-matter ဆိုတာကတော့ အပေါ်က ပြောတဲ့တဲ့ Mattering နဲ့ ဆန့်ကျင်ဖက်ပါ။ တန်ဖိုးအထားခံရ၊ အချစ်မခံရတဲ့ ခံစားချက်ပါ။ 

သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ ကို သိသွားပြီဆိုတော့ ကိုယ်တိုင်လည်း ဆင်ခြင်လို့ ရတာလေးတွေကို ဆင်ခြင်လိုက်တော့နော်။ 

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 18/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။