backup og meta

စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ

    စိတ်ဖိစီးနေပြီလား! စိတ်ဖိစီးတယ်ဆိုတာက လူတိုင်း ဘဝသက်တမ်း တလျှောက်မှာ တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ကြုံတွေ့ရတဲ့ အခြေအနေ တစ်ရပ်ပါ။ အလုပ်ခွင် အခြေအနေကြောင့် စိတ်ဖိစီးနိုင်သလို ငွေရေးကြေးရေး ကိစ္စတွေ၊ မိသားစုကိစ္စတွေကြောင့်လည်း စိတ်ဖိစီးနိုင်ပါတယ်။ စိတ်ဖိစီးတာကို သေချာလေး မဖြေရှင်းဘူးဆိုရင်တော့ ရေရှည်မှာ စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတာကို သေချာလေး ဖြေရှင်းဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ အကြောင်း ပြောပြပေးချင်ပါတယ်။  

    ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက် စိတ်ဖိစီးမှုတွေကို သေချာ ဖြေရှင်းဖို့ လိုပါမယ်။ ဒီတော့ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ဘယ်လို ဗီတာမင်တွေကို မှီဝဲသင့်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ

    စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ ကို ပုံမှန်လေး မှီဝဲပေးမယ်။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေမှာပါ။ 

    စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များကတော့

  • ဗီတာမင် B အုပ်စု
  • ဗီတာမင် B အုပ်စုက  ကျန်းမာစေသလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် B အုပ်စုက စိတ်ခံစားမှုကို ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် B1 လို့ခေါ်တဲ့ သီရာမင်းက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်သလို စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်ကျတာကို သက်သာစေနိုင်ပါတယ်။ 

    ဗီတာမင် B3 နဲ့ B9 အပြင် ဗီတာမင် B12 တို့က စိတ်ခံစားမှု ကောင်းမွန်စေသလို အာရုံကြောစနစ်ကို ကျန်းမာစေပြီး ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် B အုပ်စုက စွမ်းအင် ပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းမွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

    • ဗီတာမင် C 

    ဗီတာမင် C က အအေးမိ တုပ်ကွေးစတာတွေကို တိုက်ဖျက်ပေးသလို စိတ်ဖိစီးမှုကိုလည်း တိုက်ထုတ်ပေးပါတယ်။ စိုးရိမ်စိတ်တွေကို ပြေလျော့စေဖို့လည်း ထောက်ကူပေးပါတယ်။ စိုးရိမ်စိတ် များနေတဲ့သူတွေ အနေနဲ့ ဗီတာမင် C ကို စားသုံးပေးတာက စိတ်ဖိစီးမှုကို  ပြေလျော့စေဖို့ ထောက်ကူပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာက ကိုယ်တွင်းက ကော်တီစော ပမာဏကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှု ပြေလျော့စေဖို့ ထောက်ကူပေးပါတယ်။ 

    • ဗီတာမင် D 

    ဗီတာမင် D က နေရောင်ကနေ ရရှိတဲ့ ဗီတာမင် တစ်မျိုးပါ။ လူတော်တော်များများက နေရောင်နဲ့ ထိတွေ့မှု နည်းလာတာကြောင့် ဗီတာမင် D ချို့တဲ့မှုတွေ များလာပါတယ်။ ဗီတာမင် D က အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပြီူ ဦးနှောက် ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဒါတင် မကသေးပါဘူး။ ဗီတာမင် D က စိတ်ဖိစီးတာကိုလည်း သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ 

  • ဗီတာမင် E
  • ဆံသားနဲ့ အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးတယ်လို့ လူသိများတဲ့ ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေသလို စိတ်ခံစားမှု ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေပါတယ်။ 

    ဗီတာမင် E က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

    စိတ်ဖိစီးတာကို သက်သာစေဖို့ ဒီဗီတာမင်တွေကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေမှာ ပါဝင်အောင် စားသုံးပေးလို့ ရသလို ဖြည့်စွက်အာဟာရတွေကို မှီဝဲပေးတာကလည်း အဆင်ပြေပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement