backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

ဝါကျွတ်ကာလက မိသားစုတွေအတွက်ပဲတော့ မဟုတ်ပါဘူး။ ဝါကျွတ်ကာလမှာ လက်တွဲဖော်တွေ အကြားမှာလည်း ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးလို့  ရပါတယ်။ ဘယ်လို ဖန်တီးရမလဲ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလေးတွေ လိုက်နာ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်တော့ အခုလို နည်းလမ်းလေး တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။

ဘုရား အတူတူတက်တာ

သီတင်းကျွတ်ကာလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ် ထားတဲ့ အခိုက်အတန့်ပါ။ ဒီကာလမှာ ဘုရား အတူတူ တက်တာက ချစ်သူနှစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမှာပါ။ 

လူကြီးတွေကို ဂါရဝပြုဖို့ အတူတူ ဈေးဝယ်ထွက်တာ

သီတင်းကျွတ်မှာ နှစ်ဖက်သော မိဘတွေကို ဂါရဝပြုရမယ့် ကာလလေးပေါ့။ ဒီကာလလေးမှာ ကိုယ်ရဲ့ ဂရုစိုက်မှုလေးကို ပြသတဲ့ အနေနဲ့ လူကြီးမိဘတွေအတွက် လိုအပ်မယ့် လက်ဆောင်လေးတွေကို အတူတူ ဈေးဝယ်ထွက်ရင်း နှစ်ဦးကြားက တိုင်ပင်ဆွေးနွေးနိုင်မှုကို မြှင့်တင်လိုက်ပါ။ 

ဟင်းအတူတူ ချက်စားတာ

ဟင်းချက်စားတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး နှစ်ဦးကြား နားလည်မှုကို တိုးစေနိုင် ပါတယ်။ တစ်ယောက် အကြောင်း တစ်ယောက်လည်း ပိုသိစေတာပေါ့။ ဒါကြောင့် သီတင်းကျွတ် ပိတ်ရက်ကို ပျော်ရွှင်စွာ ကုန်ဆုံးစေဖို့ ဆိုရင်တော့ ဟင်းအတူတူ ချက်စားတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။ 

ရုပ်ရှင် အတူတူ ကြည့်တာ

သီတင်းကျွတ် ချိန်ခါမှာ နှစ်ယောက်စလုံး နှစ်သက်မယ့် ရုပ်ရှင်မျိုးကို အတူတူ ကြည့်တာကလည်း စိတ်အပန်းပြေ စေသလို နှစ်ဦးကြား ဆက်ဆံရေးကို ပိုကောင်းစေမယ့် နည်းလမ်း တစ်ခုပါပဲ။ ဒါကြောင့် သီတင်းကျွတ် ပိတ်ရက်မှာ စားစရာ အပြည့်အစုံနဲ့ ရုပ်ရှင်ကောင်းကောင်းလေး တစ်ကားတော့ ကြည့်လိုက်တော့ နော်။

ခရီး အတူတူ သွားတာ

လက်တွဲဖော်နဲ့ ခရီး အတူတူ သွားတာက နှစ်ဦးကြားက နားလည်မှု ရင်းနှီးမှု ချစ်ခင်မှုတွေကို တိုးစေနိုင်သလို တစ်ဦးကို တစ်ဦး ပိုနားလည်စေနိုင်ပါတယ်။ ဒါကြောင့် သီတင်းကျွတ် ပိတ်ရက်မှာ လက်တွဲဖော် နဲ့ ခရီး အတူတူ သွားကြည့်ဖို့ အခုပဲ ကြိုတင် ပြင်ဆင်လိုက်တော့နော်။

နေ့ချင်းပြန် ခရီးလေးတွေ သွားတာ

လက်တွဲဖော် ၂ ဦးကြား ရပ်ဝေး ခရီးတွေကို သွားဖို့ အဆင်မပြေတာမျိုး ညအိပ်ညနေ သွားဖို့ အဆင်မပြေတာ မျိုးတွေ ရှိမယ်ဆိုရင် ကိုယ်နေရာဒေသနဲ့ အနီးအနားမှာ ရှိတဲ့ နေရာလေးတွေ အပန်းဖြေ စခန်းလေးတွေဆီကို နေ့ချင်းပြန်လိုမျိုး ဖြစ်ဖြစ် သွားတာလေးကလည်း တစ်ဦးနဲ့ တစ်ဦးကြားမှာ နားလည်မှု တိုးစေမှာပါ။

ပရဟိတ အလုပ်လေးတွေ အတူတူ လုပ်တာ

ခရီးသွားဖို့က ဘယ်လိုမှ အဆင်မပြေဘူးဆိုရင်တော့ နှစ်ယောက်စလုံး အဆင်ပြေမလား ညှိနှိုင်းကြည့်ပြီး ပိတ်ရက်တွေမှာ ပရဟိတ အလုပ်လေးတွေကို လုပ်ဆောင်ပေးတာကလည်း တစ်ဦးရဲ့ အတွင်းစိတ်ကို တစ်ဦးက ပိုမို နားလည်နိုင်ပြီး နှစ်ဦးကြား ဆက်ဆံရေးကို ခိုင်မာစေမှာပဲ ဖြစ်ပါတယ်။

ဒီအချက်တွေအပြင် နှစ်ဦးကြား နားလည်မှု တိုးစေနိုင်မယ့် အခြား အချက်လေးတွေကို လုပ်ဆောင်ရင်း သီတင်းကျွတ်ကာလကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေကြောင်း

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement