backup og meta

Barbie ရုပ်ရှင်ကနေ ဘာတွေသင်ယူလိုက်ရသလဲ။

Barbie ရုပ်ရှင်ကနေ ဘာတွေသင်ယူလိုက်ရသလဲ။

ဒီတလော တစ်လောကလုံးလည်း ပန်းရောင်သမ်းပြီး Barbie ဖက်ရှင်‌လေးတွေ ဝတ်ကြတာကို တွေ့မိကြမှာပေါ့။ ဘာဘီရုပ်ရှင် မဖြစ်ခင် ကာတွန်းကားဘဝတည်းက သမီးမိန်းကလေးတွေ အကြိုက်ဆုံးဖြစ်ခဲ့တာလေ။ ကာတွန်းကားတွေ အများကြီး ထွက်ခဲ့သလို ခုလို ရုပ်ရှင်ပြန်ရိုက်တော့လည်း သူ့ခေတ်ပြန်ရောက်လာတာပါပဲ။ Barbie ရုပ်ရှင်က ရုပ်ရှင်သက်သက်ပဲ မဟုတ်ပါဘူး။ Barbie ရုပ်ရှင်ကနေ သင်ယူလေ့လာစရာတွေ အများကြီး ရှိပါတယ်။

Barbie ရုပ်ရှင်ကနေ ဒါတွေ သင်ယူနိုင်ပါတယ်။

ဟိုးအရင်တည်းက ထွက်ခဲ့တဲ့ ကာတွန်းကားတွေကနေ ခုလက်ရှိ Barbie ရုပ်ရှင်အထိ သင်ယူနိုင်တာတွေကတော့

  • လူတိုင်း Barbieဖြစ်နိုင်ပါတယ်။

ဘာဘီကာတွန်းကားတွေမှာတည်းက Barbieက ဖြူရမယ်၊ ချောရမယ်၊ မင်းသမီးလေးလို ဖြစ်နေရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သူက အသားအရောင်မျိုးစုံနဲ့ အလုပ်နေရာမျိုးစုံက ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။

ပတ်ဝန်းကျင်က အလှအပဆိုင်ရာ စံသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး ဘယ်လိုပုံစံမျိုးပဲ ဖြစ်ပါစေ။ ဘာဘီဖြစ်နိုင်တယ်။ လူတိုင်းက ဘာဘီပဲဆိုတဲ့ အမြင်မျိုးပြသထားပါတယ်။ လူတိုင်းမှာ ကိုယ်စီတန်ဖိုး၊ ကိုယ်ပိုင်အလှရှိတယ်လို့ ပြသလိုတာ ဖြစ်ပါတယ်။

  • အိပ်မက်တွေကို ကြိုးစားစေပါတယ်။

Barbie ကာတွန်းကား၊ ရုပ်ရှင်တွေမှာ သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကို ရိုးရိုးသားသားနဲ့ ကြိုးစားသွားကြတာကို တွေ့ကြမှာပါ။ ဒါက လူငယ်တွေကို စံနမူနာဖြစ်စေပါတယ်။ အိပ်မက်တွေက ကိုယ်နဲ့ အလှမ်းဝေးတယ်လို့ ခံစားရပေမဲ့ ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ပြသချင်တာ ဖြစ်ပါတယ်။

  • သူငယ်ချင်းဆက်ဆံရေးကို တန်ဖိုးထားစေပါတယ်။

Barbie ရုပ်ရှင်နဲ့ ကာတွန်းကားတွေထဲမှာ ပြဿနာတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းတာ၊ သူငယ်ချင်းကို ကူညီအားပေးတာတွေ ကြည့်ဖူးမှာပါ။ ဒါတွေက လက်တွေ့ဘဝမှာလည်း အသုံးချလို့ ရပါတယ်။ အပေါင်းအသင်း မိတ်ဆွေကောင်းရှိခြင်းက ပြဿနာတွေရဲ့ တစ်ဝက်ကို ပြေလည်စေတယ် မဟုတ်လား။

  • ကြင်နာပြီး ကိုယ်ချင်းစာတတ်စေတယ်။

ဘာဘီကာတွန်းကားနဲ့ ရုပ်ရှင်တွေက အပြင်ပန်းအလှထက် စိတ်အလှကို ဦးစားပေးကြပါတယ်။ ရုပ်ရှင်မှာပါတဲ့ ဇာတ်ကောင်တွေက ကြင်နာတတ်တာ၊ ကိုယ်ချင်းစာတတ်တာ စတဲ့ ကောင်းမွန်တဲ့ စိတ်ထားကို ပြသပါတယ်။

  • အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သင်ကြားပေးတယ်။

Barbie ရုပ်ရှင်တွေမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမြဲတမ်း ရှိနေပါတယ်။ ဒါတွေကို အကောင်းဆုံးကျော်ဖြတ်ဖို့ ဘယ်လိုကြိုးစားရမယ်။ ပြဿနာကို ဘယ်နည်းနဲ့ ဖြေရှင်းသင့်တယ်ဆိုတာကို ပညာပေးထားပါတယ်။

ဒါ့ပြင် ဒီလောကမှာ ပြဿနာဆိုတာက တစ်ခုပြီး တစ်ခုရှိနေမှာပဲ။ ဒါတွေ ကြုံတဲ့အခါ ဘယ်လိုစိတ်ထားနဲ့ နေသင့်တယ်ဆိုတာ သင်ပေးထားပါတယ်။

  • မတူကွဲပြားမှုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေကို ကျော်လွန်စေတယ်။

မိန်းကလေးဆိုတာ ဘယ်လိုနေရမယ်။ ဘယ်လိုထိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ၊ အမျိုးသမီးဖြစ်နေတာကြောင့် ခွဲခြားဆက်ဆံမှုတွေ မရှိသင့်ဘူးဆိုတာကို ပြသထားပါတယ်။ ဒါ့ပြင် အလှအပနဲ့ စံသတ်မှတ်ချက်တွေ၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေကိုပါ ကျော်လွှားနိုင်အောင် ဖော်ပြထားပါတယ်။

ဆိုလိုတာက မိန်းကလေးတိုင်းက အရုပ်တစ်ရုပ်ကို ချောနေ၊ လှနေစရာ မလိုပါဘူး။ သူ့အလှနဲ့သူ ရှိထားပြီးသားပါ။ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ တော်တတ်နေတာ မဟုတ်ဘူး။ လူတိုင်းက သူ့တန်ဖိုးနဲ့ သူဆိုတာကို ပြောပြနေတာ ဖြစ်ပါတယ်။

Barbie ဆိုတာ စိတ်ကူးထဲက မင်းသမီးလေးလား။

Barbie ဖြစ်အောင် ပန်းရောင် ဝတ်ရုံနဲ့တော့ မရပါဘူး။ သူ့ရုပ်ရှင်နဲ့ ကာတွန်းကားက ပေးတဲ့ မက်ဆေ့တွေကို လက်တွေ့ဘဝမှာ အသုံးချနိုင်မှ တကယ့် Barbieလေးတွေ ဖြစ်လာမှာပါ။ Barbie ဆိုတာ စိတ်ကူးထဲက မင်းသမီးလေး မဟုတ်ပါဘူး။ သင်ကိုယ်တိုင်က Barbie ဖြစ်နေတာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Barbie and body image: a scholar’s take on the research https://www.nature.com/articles/d41586-023-02433-8  Accessed date Aug 1, 2023

Here’s What Physics Tells Us about Barbie’s World

https://www.scientificamerican.com/article/heres-what-physics-tells-us-about-barbies-world/ Accessed date Aug 1, 2023

10 Life Lessons from The Barbie Movie That Remind Us https://zula.sg/barbie-movie-life-lessons/ Accessed date Aug 1, 2023

Barbie (film) https://en.wikipedia.org/wiki/Barbie_(film)#:~:text=Based%20on%20the%20Barbie%20fashion,discovery%20following%20an%20existential%20crisis.  Accessed date Aug 1, 2023

Opinion: Barbie doesn’t belong in a box https://edition.cnn.com/2023/07/14/opinions/opinion-barbie-is-everything-feminism-interpretations-stewart/index.html Accessed date Aug 1, 2023

ယခုပုံစံ

09/08/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးများ Work-Life balance မျှစေဖို့

အမျိုးသမီးများ အတွက် Hello Sayarwon


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement