backup og meta

ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား

ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား

ဟင်းချက်တယ်ဆိုတာက အိမ်ရှင်မတွေအတွက်ကတော့ နိစ္စဒူဝ အလုပ်ဆိုပေမယ့် ဟင်းချက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား ….. ဘယ်လိုတွေ အထောက်အကူပြုပေးနိုင်တယ်ဆိုတာတွေကို ပြောပြပေးသွားပါမယ်။

ဟင်းချက်တာက ပျော်စရာ တစ်ခုပါ

ဟင်းချက်တာက ပျော်စရာကောင်းလား မကောင်းဘူးလားဆိုရင် လေဒီလေးတွေ ငယ်ငယ်က အိုးသေးသေးလေးတွေ ခွက်သေးသေးလေးတွေနဲ့ ဟင်းချက်တမ်း ကစားရရင် ပျော်နေတာပဲဟုတ်။

ကိုယ်တိုင် အရွက်တွေခူး၊ အပင်စုံကို လိုက်ခူးပြီး လှီးချွတ်ဆေးကြော ချက်ပြုတ်ကြတယ်လေနော်။ ဒီလိုမှ မဟုတ်ရင်လည်း မေမေချက်ထားတဲ့ ထမင်းဟင်းလေးတွေကို အိုးလေးတွေထဲ ဖြည့်ပြီး ကိုယ်တိုင်ချက်သလို သရုပ်ဆောင်ရင်း ချက်ပြုတ်ကြတယ်ဟုတ်။

အရွယ်ရောက်လာချိန်မှာလည်း စားချင်တဲ့ ဟင်းလေးတွေကို ချက်ပြီး ကိုယ်တိုင်ရော မိသားစုဝင်တွေပါ အရသာရှိရှိ စားရတာက ပျော်စရာ ကောင်းလှပါတယ်။ ဒါကြောင့်လည်း ဟင်းချက်တာက ပျော်စရာတစ်ခုပါလို့ ဆိုရတာပေါ့။

ဟင်းချက်တာက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား

ဟင်းချက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ ဘယ်လို ထောက်ကူပေးလဲဆိုတော့ –

ကျန်းမာတဲ့ အစားအစာတွေ စားဖြစ်စေတယ်

ကိုယ်တိုင်ဟင်းချက်တော့ ဆီကအစ ကျန်းမာတဲ့ ဟင်းချက်ဆီကိုပဲ သုံးတာကြောင့် ဆီတွေကြောင့် ကျန်းမာရေးကို ထိခိုက်တာမျိုး မဖြစ်စေတော့ဘူးပေါ့။ ဆီအပြင် ဆားဆိုလည်း ထိုက်သင့်သလောက်၊ ဟင်းခတ်မှုန့်ကိုလည်း  အလွန်အကျွံ မသုံးထားတာကြောင့် ကျန်းမာတဲ့ အစားအစာလေးတွေကို စားဖြစ်စေတာပေါ့။

အပြင်စာတွေ စားမိနိုင်​ခြေ နည်းသွားစေတယ်

အိမ်မှာပဲ ကိုယ်တိုင် ချက်ပြုတ်စားသောက်တာက စရိတ်ကုန်ကျမှု သက်သာစေသလို အပြင်စာတွေ စားနိုင်ခြေလည်း နည်းသွားတော့တာပေါ့။ အပြင်စာတွေမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ တာရှည်ခံ အစားအစာတွေကို စားမိနိုင်ခြေ နည်းသွားတာက ကင်ဆာအပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

သွေးတိုးနဲ့ ဆီးချိုဖြစ်နိုင်ခြေ နည်းစေတယ်

အိမ်မှာ ချက်တဲ့အခါ  ဆား၊ ငံပြာရည် အပြင် ဟင်းခတ်မှုန့်တွေကို သတိထားပြီး ထည့်တော့ သွေးတိုးနိုင်ခြေ နည်းသွားပါတယ်။ နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အချို၊ အငန်၊ အဆီ စတာတွေကို ထိန်းထိန်းသိမ်းသိမ်းထည့်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား

ဟင်းချက်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတင် ပေးစွမ်းတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုလည်း ထောက်ကူပေးနိုင်ပါသေးတယ်။

ဟင်းချက်တာက –

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ဟင်းချက်တာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလို စိတ်ပျော်ရွှင်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ အကြောင်းကတော့ ဟင်းချက်တာက ဂိမ်း ကစားသလိုပါပဲ။ ပါဝင်ပစ္စည်းလေးတွေကို ထည့်၊ အချိန်လေး ပေးစောင့်ရပြီး အချိန်ကိုက်လေး လိုအပ်တာလေးတွေကို ထည့်ရတာကလည်း ပျော်ရွှင်စရာ တစ်မျိုးပါပဲ။

အာရုံစူးစိုက်မှု ကောင်းစေတယ်

ဟင်းချက်တာက စိတ်ဖိစီးမှုကိုတင် ပြေလျော့စေတာ မဟုတ်ပါဘူး။ ပါဝင်ပစ္စည်းတွေကို မမေ့လျော့စေဖို့ အာရုံစိုက်ထားရသလို ဆီသတ်တာ ကျက်လာရင်၊ ဆီပူလာရင် စသဖြင့် ပါဝင်ပစ္စည်းတွေကို အချိန်ကိုက် ထည့်နိုင်ဖို့ အာရုံစိုက်ထားရတာကြောင့် အာရုံစူးစိုက်မှု ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

မိသားစုဝင်တွေကြားမှာ ချစ်ခြင်းတိုးပွားစေတယ်

အိမ်မှာ အတူတကွ ချက်ပြုတ်စားသောက်တာက မိသားစုတွေကို ထမင်းလက်ဆုံ စားဖြစ်စေဖို့ ထောက်ကူပေးပြီး မိသားစုဝင်တွေကြားမှာ ချစ်ခြင်းတွေကို တိုးပွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

လူမှုဆက်ဆံရေး ကောင်းစေတယ်

အပြင်မှာ ဟင်းချက်သင်တန်းတွေ သွားတက်တာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဟင်းစုချက်တာပဲ ဖြစ်ဖြစ် အချင်းချင်း ကူညီတာ၊ ဟင်းတွေကို မျှဝေတာတွေကြောင့် လူမှုဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေတယ်

ဟင်းချက်တဲ့အခါ ပိုစားကောင်းစေဖို့ အမြင်အားဖြင့် စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်တာက တီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တီထွင်ဖန်တီးမှု ကောင်းချင်တယ်ဆိုရင် ဟင်းချက်ပါ။

ဟင်းချက်စားတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ အထူးသဖြင့် ဟင်းချက်တာက စိတ်ဖိစီးမှုများနေသူ၊ စိုးရိမ်ပူပန်မှု များနေသူတွေအတွက် therapyတစ်ခုလို့တောင် ပြောလို့ ရပါတယ်။ ဟင်းချက်တာက ခက်ခဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်း ဟင်းတစ်ခွက်ကို ပြီးမြောက်အောင် ချက်နိုင်သွားတဲ့အခါ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုနဲ့ လုပ်နိုင်စွမ်းကို ခံစားရတာ အမှန်ပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

References:

 

Mental Health Benefits of Cooking Your Own Meals https://www.verywellmind.com/mental-health-benefits-of-cooking-your-own-food-5248624 Accessed Date 3 October 2023

Mental Health and Cooking https://www.news-medical.net/health/Mental-Health-and-Cooking.aspx Accessed Date 3 October 2023

 

Psychosocial Benefits of Cooking Interventions: A Systematic Review https://www.ncbi.nlm.nih.gov/pmc/articles/PMC5862744/  Accessed Date 3 October 2023

 

5 reasons why cooking is good for mental health https://www.healthshots.com/mind/mental-health/top-mental-health-benefits-of-cooking-at-home/  Accessed Date 3 October 2023

 

Is Home Cooking Really Good for the Soul? Science Says Yes https://www.everydayhealth.com/emotional-health/home-cooking-good-for-the-soul/  Accessed Date 3 October 2023

ယခုပုံစံ

16/07/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာရေးအတွက် ဟင်းတစ်ခွက်ဖြစ်စေဖို့ ဟင်းချက်ဆီကို နည်းမှန်လမ်းမှန် အသုံးချနည်း

မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း ၉ ခု


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 16/07/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement