backup og meta

Premium

Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ!

    Main Character Syndrome ဆိုတာက ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကိုယ့်မှာ ရှိနေနိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေ တစ်ခုပါ။ လူတော်တော်များများမှာ အခြေအနေချင်း မတူဘဲ ရှိနေတတ်ပါတယ်။ ဒီတော့ ကိုယ်တိုင်မှာရော Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ! ဆိုတာနဲ့ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်မလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရှိနေနိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေ တစ်ခု

    လူတိုင်းမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ Main Character Syndrome ရှိနေနိုင်ပါတယ်။ ဒါက စိတ်ကျန်းမာရေး အခြေအနေ တစ်ခုပေါ့။ Main Character Syndrome ဆိုတာက လူတစ်ဦးဦးဟာ သူတို့က လူတိုင်းကို ဦးဆောင်နေရတဲ့သူ ဒါမှမဟုတ် သူ့ဘဝမှာ သူက အရေးအပါဆုံးသောသူ၊ အရာရာကို စွမ်းဆောင်နိုင်သောသူရယ်လို့ ထင်မှတ်နေတတ်ကြသူ တွေပါ။

    ဒီစကားရပ်လေးက ရုပ်ရှင်တွေ ပုံပြင်တွေထဲကနေတဆင့် မွေးဖွားလာတဲ့ စကားလုံးလေးပါ။ ဇာတ်လမ်း တစ်ခုမှာ အဓိက ဇာတ်ဆောင်နေရာက ပါဝင်ရသူလို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ခြင်းလို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုရပါတော့မယ်။ ရုပ်ရှင်တစ်ခုခုကို ကြည့်တဲ့အခါ အဓိကဇာတ်ဆောင် ( မင်းသား၊ မင်းသမီး) နဲ့ ဇာတ်ပို့ ( အခြားသော အကူသရုပ်ဆောင်တွေ) ပါတတ်ကြတယ်လေ။ ဒီလိုမျိုးထဲမှာ အဓိက ကျသူက မင်းသား မင်းသမီးဟုတ်။

    ဒီလိုပါပဲ။ Main Character Syndrome ရှိသူတွေကလည်း သူတို့က ဘဝမှာ ဇာတ်ပို့ဇာတ်ရံ အနေနဲ့ နေထိုင်ခြင်း မဟုတ်ဘဲ အဓိက ဇာတ်ဆောင်အနေနဲ့ ရှင်သန်နေထိုင်ရသူ အခြားသူတွေထက် သူက အရေးပါတဲ့သူလို့ ယူဆထားကြသူတွေပါ။ ဒါကြောင့်ပဲ အရာရာတိုင်းက သူ့ကို ဦးတည်ပြီး ဖြစ်နေတယ်။ သူပါမှ ပြီးမယ်ဆိုတဲ့ အထင်ကို အမြဲ လက်ကိုင်ထား လုပ်ဆောင်နေကြတာပေါ့။

    လူတွေရဲ့ အရေးပါချင်တဲ့ စိတ်ကနေ အရင်းခံပြီး ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုပေါ့။ ဒါဆို ကိုယ်တိုင်မှာရော Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ! ဆိုတာကို သိချင်နေပြီလား…. ဒါဆိုရင် အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ!

    Main Character Syndrome ရှိနေလားဆိုတာကို  သိနိုင်မယ့် အချက်လေးတွေကတော့ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် အတွေ့ရများတဲ့ အချက်လေးတွေကတော့ အခုလိုအချက်လေးတွေပါ။

    • သူ့ကိုယ်သူ အဓိကထားတယ်

    အရာရာတိုင်းမှာ သူ့ကိုယ်သူ ဦးစားပေးပြီး တွေးတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ကောင်းပေမယ့် သူကကျတော့ ကိုယ့်တစ်ဖို့တည်းကြည့်တဲ့ဘက်ကို ပိုသွားပါတယ်။

    လူတိုင်းအတွက် သူက အနစ်နာခံပေးတယ်လို့ တဖွဖွ ပြောတတ်ကြပေမယ့် တကယ်ကတော့ သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေတစ်ရပ် ရရှိနိုင်စေမယ့် ထွက်ပေါက်တစ်ခု အမြဲ ဖန်တီးထားတတ်ကြသူတွေပါ။

    • လူတိုင်းက သူ့ကိုပဲ အရေးစိုက်နေတာ လိုချင်တယ်

    ပတ်ဝန်းကျင်ကသူတွေက သူ့ကိုပဲ အာရုံစိုက်နေတာကို လိုချင်တယ်။ လူတိုင်းရဲ့ ကိစ္စတိုင်း ဖြစ်တည်မှုတိုင်းက သူ့အပေါ်မှာပဲ အဓိက မူတည်နေစေချင်သူမျိုးပါ။ လူတွေ အာရုံစိုက် မခံရရင်လည်း attention ရအောင် ယူတတ်ကြတဲ့ attention seeker လေးတွေပါ။

    • Drama တအားချိုးတတ်တယ်

    Main Character Syndrome ရှိနေသူတွေက Drama တအားချိုးတတ်ကြသူတွေပါ။ တစ်ယောက်ယောက်ကို ထိခိုက်အောင် သူကိုယ်တိုင်က လုပ်လိုက်ပေမယ့် သူက ခံလိုက်ရသူလိုမျိုး ပြောတတ် ငိုတတ်ကြသူတွေပေါ့။

    စိတ်မကောင်းဖြစ်လွယ်တယ်လို့ ထင်ရနိုင်တဲ့သူတွေပေါ့။ တကယ်ကတော့ ပြဿနာတိုင်းမှာ သူက လုပ်လုပ်၊ သူက ခံရရ အများကို သူပြောတိုင်းမှာ သူက ခံရသူဆိုတာပါပဲ။

  • လက်တွေ့ဘဝနဲ့ ကင်းကွာနေတတ်တယ်
  • Main Character Syndrome ရှိသူမှာ တွေ့ရနိုင်တဲ့ နောက်ထပ် လက္ခဏာ တစ်ခုကတော့ လက်တွေ့ကျကျ ရှင်သန်နိုင်မှု နည်းတာပါ။ နည်းနည်းလောက်ပဲ အောင်မြင်ရင်တောင် ကမ္ဘာကျော် အောင်မြင်မှုကြီးကို စွမ်းဆောင်ထားသလို ပြုမူတတ်ကြသူတွေပါ။ လက်တွေ့ဘဝကို ကင်းကွာနေရင်း ကြာလာတော့ လက်တွေ့ဘဝကို မေ့သွားတော့တာပေါ့။

    • ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာ မေ့ထားတတ်တယ်

    သူတို့က သူတို့ကိုယ်သူတို့ ရုပ်ရှင်တွေ ကာတွန်းကားလေးတွေထဲက စိတ်ထားကောင်းတဲ့ မင်းသမီးလေးတွေလို ထင်မှတ်ထားကြသူတွေပါ။ သူရဲ့ လက်တွေ့ဘဝက သူဆိုတာကို မေ့ထားရင်း လူတိုင်း သတ္တဝါတိုင်းက  သူတို့ကို ချစ်ကြတယ်။ သူက စင်ဒရဲလားလေးလိုပဲ ချစ်စရာကောင်းသူလို့ ထင်မှတ်ထားကြသူမျိုးပါ။

    • ပတ်ဝန်းကျင်က ပြဿနာမှန်သမျှ သူပဲဖြေရှင်းပေးနေရတယ်လို့ ယူဆထားတတ်တယ်

    မိသားစုမှာ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ဖြစ်ဖြစ် ပြဿနာတွေ အခက်အခဲတွေ ဖြစ်လာတိုင်း အခြားသူတွေမှာ ဖြေရှင်းနိုင်စွမ်း မရှိဘူး။ သူဖြေရှင်းမှပဲ အဆင်ပြေတယ်။ အရာရာက သူမပါရင် မပြီးဘူး။ သူပဲ ဖြေရှင်းပေးနေရတယ်လို့ တွေးမှတ်ထားတတ်တဲ့ အကျင့်လေးလည်း Main Character Syndrome ပိုင်ရှင်တွေမှာ ရှိတတ်ပါသေးတယ်။

    • လူတိုင်းက သူ့ကို အတုခိုးတယ်လို့ တွေးနေတတ်တယ်

    Main Character Syndrome ရှိသူတွေက သူတို့ဟာ အရမ်းတော်၊ အရမ်းချစ်စရာကောင်းပြီး လူအများကြားမှာ ထင်ပေါ်နေသလို လူပုံအလယ်သွားရင်တောင် ထင်းခနဲ မြင်သာသူတွေလို့ ယူဆထားတတ်ကြပြီး ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတိုင်းက သူတို့ရဲ့ နေထိုင် စားသောက်ပုံ အပြုအမူတွေကို အတုခိုးနေတတ်ကြတယ်လို့ တွေးနေတတ်ကြသူတွေပါ။

    • ပြဿနာကို လက်တွေ့ကျကျ မဖြေရှင်းဘဲ ခပ်ရိုရိုတွေးတတ်တယ်

    ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်းအစား ရုပ်ရှင်တွေထဲကလို ကားဘီးပေါက်ရင် မင်းသားက ပေါ်လာပြီး ကားဘီးလဲပေးမယ်ဆိုတာမျိုး တွေးတတ်သူတွေပါ။ တကယ်ကတော့ ကားဘီးပေါက်ရင် ကားဘီးအပိုကိုလဲ ပေါက်သွားတဲ့ ဘီးကို တာယာပြင်ဆိုင် ပို့တာက လက်တွေ့အကျဆုံးနဲ့ အရိုးရှင်းဆုံး ဖြေရှင်းနည်းဟုတ်။

    အခုလောက်ဆိုရင်တော့ Main Character Syndrome က ဘာလဲ။ ဘယ်လို လက္ခဏာလေးတွေ ရှိနိုင်လဲဆိုတာကို သိပြီးပြီ ဆိုတော့ ကိုယ်တိုင်မှာလည်း မတော်တဆ တစ်ခုတလေ တိုက်ဆိုင်တာမျိုး ရှိနေခဲ့ရင် ပြင်လိုက်ပါလို့ ပြောပါရစေ။ ကိုယ့်ပတ်ဝန်းကျင်ကသူတွေမှာ ဒီလို အမူအကျင့်မျိုးရှိရင်လည်း ဘယ်လို အဆင်ပြေအောင် ပေါင်းသင်းရမလဲဆိုတာကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

    အမှာစကား

    Main Character Syndrome ဆိုတာက ပြင်းထန်တဲ့ စိတ်ကျန်းမာရေး တစ်ခုမဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှု တစ်ခုသာဖြစ်ပါတယ်။ ဒါက ကာလရှည်ကြာ ခံစားရနိုင်တဲ့ စိတ်အခြေအနေဆိုပေမယ့် အသက်အန္တရာယ် ထိခိုက်စေတာမျိုး မရှိပါဘူး။ ဆင်ခြင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။

    # အတက်ရောဂါဖြစ်နေသူအတွက် ရှေးဦးသူနာပြုစုနည်း

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement