လိင်စိတ်စွဲလမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဒါဟာ အကူအညီ ဒါမှမဟုတ် ကုသမှုတစ်ခု ယူရမယ့် အရေးကြီးအခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာကို ဆက်လက်ဖတ်ရှုကြည့်စေလိုပါတယ်။

လိင်စိတ်စွဲလမ်းခြင်း ဆိုတာ ဘာလဲ။

လူတစ်ယောက်ဟာ များပြားလှတဲ့ လိင်မှုဆိုင်ရာ အပြုအမူများကို ခဏခဏ ပြုလုပ်နေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ လိင်စိတ်စွဲလမ်းခြင်းက ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။

လိင်စိတ်စွဲလမ်းခြင်းရဲ့ သက်ရောက်မှုများ

လိင်စိတ်စွဲလမ်းခြင်းက လူတစ်ယောက်ရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထင်ထင်ရှားရှားပဲ ရှိနေပါတယ်။

  • သူငယ်ချင်း၊ မိသားစု၊ စတဲ့ အပေါင်းအဖော်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ လျော့နည်းလာမယ်
  • အလုပ်နဲ့ ပညာသင်ကြားမှုမှာ အာရုံစူးစိုက်မှု လျော့လာပြီး စွမ်းဆောင်ရည် ကျလာမယ်
  • HIV ပိုး၊ ရေယုန်၊ ကြွက်နို့၊စတဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်ခံရနိုင်တယ်
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ ထိခိုက်လာမယ်
  • အလွန်အကျွံ ဖြစ်နေတာမို့ လိင်မှုကိစ္စတွေမှာလည်း စွမ်းဆောင်နိုင်စွမ်း မရှိတော့တာတွေ ဖြစ်လာနိုင်တယ်

အဲဒီအပြင် လိင်စိတ်စွဲလမ်းမှု ကြုံတွေ့နေရတဲ့ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြင်းပြင်းထန်ထန် လွှမ်းမိုးခံနေရနိုင်တယ်။ တိတိကျကျ ပြောရင် စိတ်အလိုမကျတာ၊ ရှက်တာ၊ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတာမျိုး ရှိနိုင်တယ်။ အဲဒီကတစ်ဆင့် စိတ်ကျရောဂါ၊ စိတ်ပူပန်တာ၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ စိတ်ခံစားချက်တွေ မထိန်းချုပ်နိုင်တော့တာ၊ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ စိတ်ရောဂါဝေဒနာတွေအထိ ကြုံတွေ့လာရတတ်ပါတယ်။

လိင်စိတ်စွဲလမ်းနေသလား သိနိုင်ဖို့ အကောင်းဆုံးကတော့ ဆရာဝန်၊ ဆရာမနဲ့ ဆွေးနွေးတိုင်ပင်ဖို့ပါပဲ။ ဒါပေမယ့် အဲဒီလို စမ်းသပ်အကဲဖြတ်ခံဖို့ ဆေးရုံမသွားခင်မှာ Society for the Advancement of Sexual Health က သတ်မှတ်ထားတဲ့ လိင်စိတ်စွဲလမ်းမှုရဲ့ လက္ခဏာတွေ ကိုယ့်မှာ ရှိမရှိ ဆန်းစစ်ကြည့်စေချင်ပါတယ်။

  • ကိုယ်လုပ်ခဲ့တဲ့ လိင်မှုဆိုင်ရာ အပြုအမူတွေအတွက် ရှက်မယ်၊ သိမ်ငယ်မယ်၊ အပြစ်ရှိသလို ခံစားနေရမယ်
  • ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒနဲ့ ရွေးချယ်မှုတွေက ကိုယ့်ဘဝကို ထိန်းချုပ်ရခက်အောင်၊ စီမံခန့်ခွဲရ ခက်အောင် ဖြစ်စေမယ်
  • ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီး အမြဲတမ်း ပြန်ပြန်လုပ်မိနေမယ်
  • လိင်ဆက်ဆံဖက်တွေ အများကြီးရှိနေမယ်
  • ပြည့်တန်ဆာတွေနဲ့ ပတ်သက်လို့ပါ စဉ်းစားနေမိမယ်
  • ဘာအကာအကွယ်မှ မယူဘဲ ဆက်ဆံမိမယ်
  • အွန်လိုင်းကနေ လိင်ကိစ္စလုပ်ဖို့ ကြိုးစားမယ်

ဘယ်လိုအကြောင်းရင်းတွေကြောင့် လိင်စိတ်စွဲလမ်းမှုဖြစ်စေသလဲ။

မကြာသေးမီအချိန်ကအထိ လိင်စိတ်စွဲလမ်းမှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိပ္ပံနည်းကျ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် Medical News Today ရဲ့ အဆိုအရတော့ ဒီစွဲလမ်းမှုတွေဟာ ဦးနှောက်ထဲမှာ ဓါတုဗေဒသဘောအရ ပြောင်းလဲမှုတွေ ဖြစ်လာတာကြောင့်လို့ ဆိုထားပါတယ်။

လိင်စိတ်စွဲလမ်းမှုအတွက် ကုသနည်းများ

လိင်စိတ်စွဲလမ်းမှုအတွက် ကုသနည်းတွေကတော့ လူတွေကို လိင်မှုကိစ္စတွေ လုပ်ချင်လာအောင် လှုံ့ဆော်ပေးတဲ့ အာရုံကြော လှုံ့ဆော်မှုများကို ထိန်းချုပ်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံခြင်းဟာ လူတစ်ယောက်အတွက် မရှိမဖြစ် အရေးပါတဲ့ကိစ္စမို့ ဒါဟာ အနည်းငယ်တော့ ခက်ခဲပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံစဉ်မှာ ခံစားရတဲ့ ခံစားမှုတွေကို ထိန်းချုပ်ပေးခြင်းအားဖြင့် လိင်ဆက်ဆံလိုစိတ်ဟာ သူ့ဘဝရဲ့ အချိန်တိုင်းမှာ ဖြစ်မနေစေတော့ဖို့ပါပဲ။

လိင်စိတ်စွဲလမ်းခြင်းဟာ ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းမှာ သိပ်ရှားပါးတဲ့ ပြဿနာတစ်ရပ်တော့ မဖြစ်ပါဘူး။ ဒီလို ခံစားနေရတဲ့သူတွေဟာ ဖြစ်နေပါတယ်လို့ သူတို့ကိုယ်သူတို့ လက်ခံဖို့၊ သူများကို ဖွင့်ပြောဖို့ ရှက်ရွံ့နေနိုင်ပါတယ်။ ဒီပြဿနာအတွက် ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေထံမှာ အကူအညီများ ရယူနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

လိင်ပညာပေး လိင်စော်ကားခံရ လိင်အင်္ဂါ privacy အပျိုဖော်ဝင်စ လူပျိုဖော် လိင်ဆက်ဆံ အာသာဖြေ အပြာကား ရာသီလာ သုက်ကောင် မျိုးဥ ကလေးလိင်ပညာပေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

အမျိုးသား သုက်လွှတ် ဆီးကျိတ် တစ်ကိုယ်ရေအာသာဖြေခြင်း အားအင် လိင်ဆက်ဆံ လိင်မှုကိစ္စ အစာ ရေဓာတ် ဘေးထွက်ဆိုးကျိုး ကြာဆေး သွေးတိုး နှလုံး အာရုံကြော အောက်စီဂျင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား

အိမ်ထောင်သက်တမ်း လိင်မှုဘဝ လိင်ဆက်ဆံခြင်း စုံတွဲ မိသားစု စိတ်ဖိစီးမှု သားသမီး ခင်ပွန်း ဇနီး အနေအထား မေတ္တာ အားပေးနှစ်သိမ့်မှု ချစ်ရသူ လက်ထပ်ခြင်း သံယောဇဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်

အပြာရုပ်ရှင် ကလေး လိင်စိတ် စမတ်ဖုန်း အင်တာနက် လိင်မှုကိစ္စ စိတ်ဖိစီးမှု စူးစမ်းလေ့လာလိုစိတ် ဆယ်ကျော်သက် ကွန်ဒုံး လိင်ဆက်ဆံ လိင်အကြမ်းဖက်စော်ကား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 3 mins read

သုက်ရည်ကျဲလာခြင်းက အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 31, 2020 . 2 mins read

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 3 mins read