လဲလှယ်သုံးစွဲသင့်တဲ့ တကိုယ်ရည်အသုံးအဆောင်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ဘယ်ပစ္စည်းမဆို သုံးစွဲရမဲ့ သက်တမ်းအသီးသီးရှိပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ သုံးစွဲနေရတဲ့ပစ္စည်းတွေလည်း ဒီလိုပဲအချိန်တစ်ခုကြာတိုင်း လဲလှယ်ပြီးသုံးသင့်ပါတယ်။ သုံးသင့်တာထက် အချိန်ပိုဆွဲပြီး သုံးနေမယ်ဆို ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်နော်၊ ကဲ….ဒါဆို ဘယ်ပစ္စည်းတွေကို သူ့အချိန်နဲ့သူ လဲလှယ်သုံးသင့်သလဲဆိုတာ Hello Sayarwon စာဖတ်သူတွေလေ့လာကြည့်လိုက်ပါဦး။

၁။ သွားတိုက်တံ

လူတိုင်းမနက်တစ်ခေါက်၊ညတစ်ခေါက်တော့ သွားတိုက်ရပါတယ်။ နေ့တိုင်းမဖြစ်မနေ အသုံးပြုရမယ့် သွားတိုက်တံမှာလည်း သက်တမ်းရှိပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်လိုက်ပြီး သွားတိုက်တံတွေမှာ သက်တမ်းအမျိုးမျိုးရှိပါတယ်၊ ဥပမာ Oral-B ကုမ္ပဏီ ဆို သူကနေထုတ်လုပ်တဲ့သွားတိုက်တံတွေကို ၃ လတစ်ကြိမ်လဲလှယ်သုံးစွဲပေးဖို့ တိုက်တွန်းထားပါတယ်။ တကယ်လို့သင်သုံးနေတဲ့ သွားတိုက်တံကအမျှင်လေးတွေက ဖွာလန်ကျဲနေပြီဆို သွားတိုက်တံနောက်တစ်ချောင်းလဲသင့်ပြီလို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။

၂။ မိတ်ကပ်များ

မိတ်ကပ်အတော်များများကတော့ စက်ရုံကထုတ်လိုက်ကတည်းက ဘူးအပေါ်မှာသက်တမ်းကုန်ဆုံးရက်ကိုသေချာရိုက်နှိပ်ပေးထားတာကြောင့် သိပ်ပြဿနာမရှိပါဘူး။ အများစုက တစ်နှစ်၊ တစ်နှစ်ခွဲလောက်တော့ သုံးစွဲလို့ရတတ်ပါတယ်။ မက်စကာရာ (mascara)တို့ eyeliner တို့ဆိုရင်တော့ ဒီထက်သက်တမ်းပိုတိုတာပေါ့။ အဓိကမှတ်ထားရမှာက မျက်လုံးရောင်တာ၊ မျက်လုံးနာတာ၊ နှုတ်ခမ်းမှာအနာပေါက်တာ တွေဖြစ်ပြီးပြီဆိုရင် မိတ်ကပ်ကိုလဲလှယ်သုံးစွဲပေးပါ။

၃။ မိတ်ကပ်ခြယ်တံများ (makeup brushes)

အမျိုးသမီးအားလုံးလိုလို မိတ်ကပ်ခြယ်တံအမျိုးမျိုး သုံးစွဲနေကြပေမဲ့ ပုံမှန်ဆေးကြောသန့်စင်တဲ့သူကတော့ နည်းနည်းပဲရှိမယ်ထင်ပါတယ်။ မိတ်ကပ်ခြယ်တံတွေက ကိုယ့်မျက်နှာအရေပြားနဲ့အများဆုံးထိတွေ့နေတဲ့ပစ္စည်းတွေမို့ မသန့်ရှင်းဘူးဆို ရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။ မိတ်ကပ်ခြယ်တံက အစလေးတွေဖွာလန်နေပြီ၊ ဒါမှမဟုတ် ဘယ်တုန်းကဝယ်သုံးတာလဲ၊ ဘယ်အချိန်ကမိတ်ကပ်ခြယ်တံနောက်ဆုံးလဲခဲ့တာလဲ ဆိုတာမမှတ်မိတော့ဘူးဆိုရင် လွှင့်ပစ်လိုက်ပြီး အသစ်ဝယ်သုံးသင့်ပါပြီ။

၄။ ခေါင်းဖြီးတဲ့ဘီးများ

ခေါင်းမဖြီးတဲ့သူများ အခုစာဖတ်တဲ့သူတွေထဲမှာရှိပါသလား။ အတော်ရှားမယ်ထင်တယ်နော်။ ပုံမှန်ဆိုရင်တော့ ခေါင်းဖြီးတဲ့ဘီးတစ်ချောင်းကို ၁ နှစ်ကနေ ၂ နှစ်အထိ သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဘီးအခြေအနေလည်းကြည့်ဖို့လိုသေးတာပေါ့။ ဘီးက မညီမညာနဲ့ကျိုးကြေတဲ့နေရာတွေရှိနေပြီ၊ ဒါမှမဟုတ် ထိပ်မှာပလတ်စတစ်လုံးလေးတွေတပ်ထားတဲ့ဘီးအဝိုင်းမျိုးမှာ ပလတ်စတစ်လုံးလေးတွေပဲ့နေပြီဆို ဘီးကိုလဲသင့်ပါပြီ။ ခေါင်းဖြီးရင်း ကျိုးနေတဲ့ထိပ်ဖြားက မတော်တဆဦးရေပြားကိုခြစ်မိရာကနေ ပိုးဝင်သွားနိုင်လို့ဖြစ်ပါတယ်။

၅။ မုတ်ဆိတ်ရိတ်ဓား (razors)

လူအတော်များများက မုတ်ဆိတ်ရိတ်ဓားတွေကို ရနိုင်သမျှကြာကြာသုံးစွဲကြတာတွေ့ရပါတယ်။မုတ်ဆိတ်ရိတ်လို့သိပ်မကောင်းတော့တဲ့အချိန်မှပဲ နောက်တစ်ချောင်းပြောင်းသုံးတာက ကျန်းမာရေးအတွက်မကောင်းပါဘူး။ တုံးနေတဲ့ဓားသွားကြောင့် အခန့်မသင့်ရင် ဓားရှနိုင်ပြီး ရောဂါပိုးတွေလည်း ဝင်နိုင်ပါတယ်။ဒါကြောင့်မို့ ၃၊ ၄ ခါလောက်သုံးပြီးတိုင်း မုတ်ဆိတ်ရိတ်ဓား လဲလှယ်ပေးသင့်ပါတယ်။

၆။ အိပ်ရာခင်းများ

ညမအိပ်တဲ့သူလည်း မရှိလောက်ပါဘူး။ တစ်ညကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီလောက်အိပ်ချိန်ရှိတဲ့အတွက် အိပ်ရာခင်းတွေက ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့အထိတွေ့ဆုံးအရာတွေဆိုလည်း မှားမယ်မထင်ပါဘူး။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ကိုယ့်အိပ်ရာခင်း၊ ခေါင်းအုံးစွပ် တွေအားလုံးကို တစ်နှစ်တစ်ခါလောက် အစုံလိုက်လဲလှယ်ပေးပါ။

ရေးသားသူ – Dr.Htoo Tint

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ငါးအရေခွံ ကို စားသင့်လား။

    ငါးအရေခွံ ငါးစား ငါးအရေခွံကြော် ပင်လယ်ငါး မာကျူရီအဆိပ်သင့် တီလားပီးယားငါး ပရိုတင်း omega3 fatty acid ငါးအသား ငါးကြီးဆီ ခုခံအားစနစ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

    လိင်ပညာပေး Comprehensive sex education sex education လိင်ဆက်ဆံ အတူနေ လိင်ကတစ်ဆင့်ကူးစက်ရောဂါ ကွန်ဒုံး အရေးပေါ်တားဆေး ကိုယ်ဝန်တား ကျောင်းမှာလိင်ပညာပေးသင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ

    အလုပ် စိတ်မလုံခြုံမှု လက္ခဏာ ကြွားဝါ အငုံ့စိတ် နှိမ့်ချပြောဆို အတင်းအဖျင်း အငြင်းသန် လုပ်ရပ် အပြောအဆို စိတ်ညစ်ညူးစရာတွေ အားနည်းချက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thurein Hlaing Win

    တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

    အအေးဒဏ် အအေး အအေးမိ ချမ်းတုန်ခြင်း ကိုယ်အပူချိန် အကြောင်းရင်း အားနည်းခြင်း ကိုယ်ခံအားစနစ် ဗီတာမင် ချို့တဲ့ခြင်း အာဟာရ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    Baby pineapple လေးတွေကို စားသင့်လား

    Baby pineapple လေးတွေကို စားသင့်လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020

    တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
    ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

    ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
    မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေမှာ အဖြစ်များဆုံး ရောဂါတွေ

    မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020