ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

ချပ်ရပ်နေတဲ့ ခါးဆိုဒ်လေးဖြစ်ဖို့ ပျိုမေဘာတွေလုပ်မလဲ

တစ်ကိုယ်လုံးက အဆီတွေထဲ အဆိုးဆုံးက ဗိုက်နားတဝိုက်ကအဆီတွေပါပဲ။မြန်မာဝတ်စုံလှလှလေးဝတ်မယ်ဆိုရင်ပဲကြည့်၊ ခါးတုတ်နေတာ ဒါမှမဟုတ် ဗိုက်အဆီရှိနေတာဆို ကိုယ့်စိတ်ကြိုက်လှနိုင်ပါ့မလား။ အဆီပိုမရှိ ချပ်ရပ်နေတဲ့ခါးဆိုဒ်လေးကို ပျိုမေတွေ အားလုံးဆန္ဒရှိကြမှာပဲလေ။ ဒါဆို ဘာလေးတွေသတိထားရမလဲ ဆိုတာ ဒီဆောင်းပါးမှာ အကြံပေးချင်ပါတယ်။ အမျှင်ဓါတ်များများစားပါ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓါတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။ ဒီနှစ်ချက်ကို သတိရပါ ဗိုက်အဆီတွေကိုလောင်ကျွမ်းစေပြီး ဖတ်ခနဲဗိုက်ချပ်သွားစေမယ့် စူပါအစားအစာဆိုတာ မရှိပါဘူး။ အခုလုပ် အခုချက်ချင်းဗိုက်ချပ်စေမယ့်လေ့ကျင့်ခန်းလည်းမရှိပါဘူး။ စားသောက်ပုံအမူအကျင့်နဲ့ လှုပ်ရှားမှုတွေအတွက် အချိန်နည်းနည်းပေးရပါမယ်။ဖြတ်လမ်းနည်းနဲ့လုပ်တဲ့ဆေးတွေ၊နည်းတွေက ဆိုးကျိုးများပါတယ်။ တစ်ပတ်စာချင်း တွက်ချက်ပြီး စားသောက်၊လှုပ်ရှားပါ။ အဆီနဲ့ပတ်သက်ရင် ရွေးချယ်တတ်ပါစေ အဆီပါသမျှကို လုံးဝရှောင်စရာမလိုပါဘူး။ ဒါပေမယ့် တိရစ္တာန်အဆီတွေလိုပြည့်ဝဆီတွေ၊ အဆီပြည့်နို့ထွက်ပစ္စည်းတွေကို ကန့်သတ်စားပါ။ ပုံမှန်စားလေ့ရှိတာထက်လျှော့စားလိုက်ပါ။ ကိုယ်စားမယ့်အစားအစာမှာ ကယ်လိုရီဘယ်လောက်၊ အဆီဘယ်လောက်ပါလဲ label မှာအရင်ကြည့်ပါ။ ဆယ်လမွန်၊တူနာ တို့လို အကျိုးပြုအဆီomega-3 […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ

ဝိတ်ချတယ်ဆိုရင် အများစုကတွေးမိတာက အစားလျှော့စားလိုက်ဖို့ပါ။ တကယ်တော့ တစ်ခါတလေမှာ အစားလျှော့စားတိုင်းလည် ဝိတ်ကျစေတာတော့မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ ဝိတ်ကျချင်ရင် အခုပြောတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်လေးတွေကို အားကိုးကြည့်ဖို့ပြောပါရစေနော်။ ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား..... ဝိတ်ချတယ်ဆိုတာကပြောသလောက်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ဆေးလေးသောက်လိုက်ရုံ၊ အစားလေးလျှော့လိုက်ရုံ၊လေ့ကျင့်ခန်းလေးလုပ်လိုက်ရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးကို မျှတအောင်လုပ်မှ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျလို့ ကျစ်လျစ်သွယ်လျသွားမှာပါ။ ဝိတ်ချနေချိန်မှာမေ့ထားလို့မဖြစ်တာက ကျန်းမာရေးနဲ့ညီညွတ်စွာဝိတ်ကျစေဖို့အတွက် ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ချနိုင်တော့မှာပေါ့။နောက်တစ်ခုက အချို့ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ဝိတ်မတက်စေဘဲ ကျန်းမာရေးနဲ့ညီညွတ်လို့ မလိုအပ်တဲ့ အဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တယ်ဆိုတာပါ။ ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေက ဘာတွေဖြစ်မလဲ ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။ (၁) ဗီတာမင် B - ဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီများပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာ (၅) မျိုး

အစားအစာတွေကို အဆီများတယ်ဆိုပြီးရှောင်စားနေတာတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဆုံးဖတ်ကြည့်လိုက်ပါနော်။ အချို့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများနေတတ်လို့ပါ။ အဆီများပေမယ့်ကျန်းမာရေးအတွက် အကျိုးများတဲ့ စားစရာတွေက ဘာတွေများလဲ................... ဒီအစားအစာကိုတွေကို အဆီပါဝင်မှုများလို့ကျန်းမာရေးနဲ့မညီညွတ်လောက်ဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ကျန်းမာချင်တယ်ဆိုရင် ဒီအစားအစာတွေကို စားပေးဖို့ လိုအပ်ပါမယ်နော်။ (၁) ထောပတ်သီး ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ အဆီပါဝင်မှုများပါတယ်။ထောပတ်သီးမှာ အဆီပါဝင်မှုက ၇၇ ရာခိုင်နှုန်းအထိရှိပြီး အသားတွေမှာပါဝင်နေတဲ့ အဆီပမာဏထက်များနေပါတယ်။ ဒါပေမယ့်ထောပတ်သီးက ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသလို အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုကိုလက်စထရောကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ဖို့ စားပေးသင့်ပါတယ်။ အကျိုးမပြုကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ (၂) ချိစ် အာဟာရကြွယ်ဝတဲ့ အစားအသောက်ရင်းမြစ်တစ်ခုပါ။ ချိစ်မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊phosphorus နဲ့ ဆီလီနီယမ်အပြင် အခြားသော အကျိုးပြု အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ပရိုတင်းကြွယ်ဝစွာပါဝင်သလို fatty acid ပါဝင်နေတာကြောင့် အမျိုးအစား (၂) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။

လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဆိုတာ အသက်အရွယ်၊ ကိုယ်ခန္ဓါအချိုးအစားနဲ့ ယောက်ျား မိန်းမပေါ်မူတည်ပြီး ပြောင်းလဲနေတာပါ။ ပုံသေမရှိပါဘူး။ ပြီးတော့ လူတွေဟာ အာဟာရမျှတအောင် စားဖို့ထက် ကိုယ်ကြိုက်တာတွေပဲ ပိုစားနေကြသူချည်းပါပဲ။ ဒါကြောင့် နေ့တိုင်း အစားစားနေပေမယ့်လည်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေအကုန်ပြည့်အောင် မရနိုင်ကြပါဘူး။ ဒီလိုနဲ့ ကြာလာတဲ့အခါ ဗီတာမင် နဲ့ သတ္တုဓါတ် ချို့တဲ့တာတွေဖြစ်လာပါတယ်။ ဒါဆိုရင် ကိုယ်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။ ဆိုတာကို သိထားဖို့တော့ လိုမယ်နော်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။ ဒါဆို ကိုယ့်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။ ကိုယ်နေ့တိုင်း အစားစားနေပေမယ့် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့တာတွေ ဖြစ်နိုင်သေးတဲ့အတွက် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျချင်လား၊ အစာကို ဖြည်းဖြည်းပဲစားပါ

အစာစားရင် ဖြည်းဖြည်းစား၊ သေချာကျေညက်အောင် ဝါးစားဆိုပြီး လူကြီးတွေ ငယ်ငယ်က ပြောဖူးတာ မှတ်မိကြမယ် ထင်ပါတယ်။ တကယ်တော့ အစာကို ဖြည်းဖြည်း နဲ့ မှန်မှန်စားပေးတာက ကျွန်တော်တို့အတွက် အစာခြေဖို့ ကူညီပေးနိုင်တဲ့အပြင်ကိုမှ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။ ဒါပေမယ့်လည်း လူတွေက အစာစားရင် အလုပ်မအားတာနဲ့၊ အမြန်ပြီးချင်ဇောနဲ့ လောကြီးပြီး စားတတ်ကြတယ်နော်။တကယ်ကတော့ ဝိတ်ကျချင်လား၊ အစာကို ဖြည်းဖြည်းပဲစားပါ လို့ပဲ အကြံပြုချင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အစာကိုဖြည်းဖြည်း စားမလား၊ မြန်မြန်စားမလား ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။ ဝိတ်ကျချင်လား၊ အစာကို ဖြည်းဖြည်းပဲစားပါ ဝိတ်ကျချင်လား၊ အစာကို ဖြည်းဖြည်းပဲစားပါ လို့ ပြောရတာက ဒီအကြောင်းအချက်တွေကြောင့်ပါ။ အစာဖြည်းဖြည်းစားတဲ့အခါ ဘာကောင်းကျိုးရှိလဲ အစာကို ကျေညက်အောင် ဝါးစားတဲ့အခါ ဗိုက်ကိုပိုပြည့်စေပြီး ထပ်ကာတလဲလဲ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ အစားအစာကိုလည်း အလွန်အကျွံမဟုတ်ဘဲ လိုအပ်သလောက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝအတွက် အစားအသောက် (၇)မျိုး။

ကျန်းမာခြင်းအစ အစားအသောက်က ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် နေ့တိုင်း အစာစားပေးနေဖို့လိုပါတယ်။ ဒီလို အသက်ရှင်နေထိုင်တယ်ဆိုတဲ့နေရာမှာ ကျန်းမာတဲ့ ဘဝကို ပိုင်ချင်လား၊ နေထိုင်မကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ရမလားဆိုတာကတော့ ကိုယ်ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေ အပေါ်မှာ မူတည်နေပါတယ်။ နေမကောင်းဖြစ်ချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီတော့ ကိုယ်နေ့စဉ် စားနေတဲ့ ဘယ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတာလဲ ။ ဘယ်လိုအစားအစာတွေကို ဦးစားပေးစားရမလဲ ဆိုတာကို သိထားရင် တကယ်ကို ဒေါင်ဒေါင်မြည်တဲ့ ကျန်းမာရေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာတွေ စားရမလဲ ။ ။ ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက် ၇ မျိုး ။ ။ ငါး - ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးတွေ နေထိုင်တဲ့ […]


ကျန်းမာစွာ စားသောက်ခြင်း

ကာဗိုဟိုက်ဒရိတ် ဆိုတိုင်း ရှောင်ရမှာလား

ကာဗိုဟိုက်ဒရိတ် တွေဟာ ကျန်းမာတဲ့စားသောက်မှုပုံစံမှာ မရှိမဖြစ်ပါဝင်တဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမယ့် ကာဗိုဟိုက်ဒရိတ်တွေအားလုံးတော့ အရည်အသွေးနဲ့အကျိုးပြုပုံချင်းမတူကြပါဘူး။ လူတွေက ကာဗိုဟိုက်ဒရိတ် တွေကိုလျှော့စားရမယ်လို့ပဲသိထားကြပါတယ်။ အထူးသဖြင့် ဝိတ်ချချင်တဲ့သူတွေပေါ့။ တကယ်တမ်း အမျိုးအစားမတူတဲ့ကာဗိုဟိုက်ဒရိတ်တွေရှိနေတာကို သတိမထားမိကြပါဘူး။ ဒါ့ကြောင့် ကိုယ်စားသုံးမယ့်အာဟာရတွေထဲမှာ ကာဗိုဟိုက်ဒရိတ်တွေကို မှန်ကန်အောင်ရွေးချယ်နိုင်ဖို့ ဒါလေးတွေသိထားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ် ရိုးရိုးလား၊ အရောလား carbs လို့ခေါ်ကြတဲ့ ကာဗိုဟိုက်ဒရိတ် တွေက ခန္ဓါကိုယ်ရဲ့ပင်မခွန်အားအရင်းအမြစ်ဖြစ်ပြီး ညီညွတ်မျှတတဲ့စားသောက်မှုပုံစံတိုင်းမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်အဓိကအမျိုးအစား(၃) မျိုးက သကြားဓါတ်၊ ကစီဓါတ်နဲ့ အမျှင်ဓါတ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဓါတုဖွဲ့စည်းမှုနဲ့ ခန္ဓါကိုယ်တုံ့ပြန်မှုတွေကို အခြေခံပြီး ရိုးရိုးလား၊ အရောလား ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် အစားအသောက်အများစုမှာ ကာဗိုဟိုက်ဒရိတ်တစ်မျိုးနဲ့အထက် ပါဝင်နေတတ်တာကြောင့် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီတာ၊ မညီတာကိုရွေးချယ်ဖို့သိပ်မလွယ်နိုင်ပါဘူး။ ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေကချေဖျက်ရလွယ်ကူတဲ့ ခွန်အားအရင်းအမြစ်ဖြစ်တဲ့ အခြေခံသကြားဓါတ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ သန့်စင်၊ပြုပြင်ထားတဲ့သကြားတွေကို သကြားလုံးတွေ၊ မုန့်တွေနဲ့ အချိုရည်တွေမှာ သုံးကြပေမယ့် ဒီလိုသကြားဓါတ်တချို့က အသီးတွေနဲ့ နို့မှာလိုမျိုး သဘာဝအတိုင်းပါဝင်နေတတ်တာဖြစ်ပါတယ်။ ဂျုံကြမ်း၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားခြင်း၏ ကောင်းကျိုးဆိုးကျိုးများ

သက်သတ်လွတ်စားခြင်းဟာ ဘာသာရေးအစဉ်အလာကြောင့် (သို့မဟုတ်)၊ မိမိကိုယ်ပိုင်ရွေးချယ်မှုကြောင့် (သို့မဟုတ်)၊ တခြားယုံကြည်ချက်တစ်ခုခုကြောင့် စသဖြင့်အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သက်သတ်လွတ်စားခြင်း၏ ကောင်းကျိုးဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ဆွေးနွေးပေးချင်ပါတယ်။ တချို့ကတော့ အသက်သတ်ခြင်းကနေ လွတ်ကင်းတဲ့ ဥအမျိုးမျိုးနဲ့ နို့ကိုစားသုံးကြပါတယ်။ တင်းကြပ်တဲ့သဘာဝရှိသူများကတော့ အသားအပြင် နို့နဲ့နို့ထွက်ပစ္စည်းပါ ရှောင်ကြဉ်ကြပါတယ်။ တိရစ္ဆာန်နဲ့ ပတ်သက်နေရင် ပျားရည်လို အရာမျိုးကိုတောင် ရှောင်ကြဉ်ကြပါတယ်။ အဲဒီအစား အသီးအရွက်တွေပဲ စားကြပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဟာ အသားမှာပဲ ရှိတာမဟုတ်လို့ အသီးအရွက်ချည်းပဲ စားနေသူတွေဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသောက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် သက်သတ်လွတ်စားခြင်းဟာ ကောင်းတယ်လို့ ယူဆတာကြောင့် တစ်ကမ္ဘာလုံးမှာ အသီးအရွက်ကိုပဲ အားပြုစားသူတွေဟာ ယခင်ထက် ပိုများလာတယ်လို့ အစီရင်ခံစာတစ်ခုမှာ ဆိုထားပါတယ်။ အမေရိကန် တစ်နိုင်ငံလုံးရဲ့ ၅ ရာခိုင်နှုန်းဟာ အသီးအရွက်စားသူတွေလို့ သိရပါတယ်။ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျဆေးသောက်မယ်ဆို ဒါတွေမကြောက်ဘူးလား

အဆီကျဆေးေတွ ရွေးချယ်စရာ ဈေးကွက်မှာ အမျိုးမျိုးရှိနေသလို လူသုံးများတဲ့ အမှတ်တံဆိပ်တွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆီကျဖို့ မပင်ပန်းရဘဲ အမြန်ထိရောက်တဲ့ဆေးတွေကိုရွေးကြတာများပါတယ်။ အချိန်တိုအတွင်း ကိုယ်အလေးချိန်များများကျလေဆေးက စွမ်းတယ်၊ကောင်းတယ်ပြောကြလေဆိုတော့ လူကြိုက်များလာတာပဲဖြစ်ပါတယ်။ ဘယ်ဆေးဆို ဘယ်နှပေါင်ကျလဲ အရင်မေးတတ်ကြတယ်မလား။ ဒါပေမယ့် ဒီနေရာမှာအရေးကြီးတဲ့အချက်ကိုမေ့နေကြပါတယ်။ ကိုယ့်အတွက် ဘေးရောကင်းရဲ့လား။ ခန္ဓါကိုယ်ထဲရောက်လာမယ့်ဆေးက ကိုယ့်အတွက်ဘေးအန္တရာယ်ကင်းရဲ့လား၊ စိတ်ချရရဲ့လားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ အဆီကျဆေးတွေရဲ့ လုပ်ဆောင်ချက်နဲ့ အာနိသင်တွေကို ကြည့်မယ်ဆိုရင် အများအားဖြင့် - အစားအသောက်ကို တောင့်တတဲ့စိတ်ဖြစ်မလာအောင်တားဆီးပေးတယ်၊ အစားများများမစားမိခင် ဗိုက်ပြည့်တယ်လို့ ခံစားရစေတယ်၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကိုမြန်ဆန်စေတယ်၊ ခန္ဓါကိုယ်မှာ အဆီဖြစ်လာမှုနှုန်းကိုနှေးစေတယ်၊ စားလိုက်တဲ့အဆီတွေကို ခန္ဓါကိုယ်က မစုပ်ယူအောင် တားဆီးပေးတယ်။ အဆီကျစေတဲ့ဖြည့်စွက်ဆေးတွေကိုဆေးတောင့်၊ အမှုန့်၊ အရည်၊ကော်ဖီ၊ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်တယ်။ တချို့ဆိုရင် ဂျယ်လီပုံစံနဲ့တောင် ရနိုင်သေးတယ်။ ဘာလို့ အန္တရာယ်များတာလဲ စိတ်အပြောင်းအလဲမြန်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ လေဖြတ်ခြင်း၊ အတက်ရောဂါနဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ်

အစားမလျှော့ချင်ဘူး၊ လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိဘူး ဆိုပြီး မြန်မြန်ပိန်ချင်တဲ့သူတွေက အဆီကျဆေး ဝယ်သောက်ကြတယ်။ ဘယ်နှရက်အတွင်း ဘယ်နှပေါင်ကျတယ် ဆိုတဲ့ ကြော်ငြာလေးတွေ၊ ရီဗျူးလေးတွေကလည်း မက်လောက်စရာကိုး။ ဒါပေမယ့် လနဲ့၊ နှစ်နဲ့ချီပြီး စုလာခဲ့တဲ့ အဆီတွေ၊ ကိုယ်အလေးချိန်တွေက ရက်ပိုင်းလေးနဲ့ ကျသွားဖို့ဆိုတာ လောဘသိပ်ကြီးသလိုတော့ ဖြစ်နေပါတယ်နော်။ ဆေးစွမ်းတယ်၊ စွမ်းတယ်နဲ့ ဝယ်သောက်ကြတာ ပါဝင်ပစ္စည်းကိုရော ဘေးကင်းမကင်းလေ့လာကြည့်ဖူးရဲ့လား။ တော်ကြာ ဆေးမှာ တားမြစ်ထားတဲ့ပါဝင်ပစ္စည်းတွေပါနေရင် ဘယ်လိုလုပ်ပါ့မလဲ။ ကိုယ့်ရဲ့ ဘေးကင်းမှုအတွက် သေချာလေ့လာသင့်ပါတယ်။ တချို့အဆီကျဆေးတွေမှာ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေလို့ ပြောထားပေမယ့် တစ်ခါတလေသောက်သုံးဖို့ မသင့်တော်တဲ့ တားမြစ်ပါဝင်ပစ္စည်းတွေ ပါနေတတ်ပါတယ်။ တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာ လေ့လာနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ အဆီကျဆေးမှာ ဒါတွေပါရင် အန္တရာယ်ရှိပါတယ် အဆီကျဆေးမှာ Ephedra အာရှအလယ်ပိုင်းနဲ့ မွန်ဂိုလီးယားမှာရှိတဲ့ အမြဲစိမ်းပင်တစ်မျိုးဖြစ်တဲ့ Ephedra မှာ ephedrine ဆိုတဲ့ဒြပ်ပေါင်းပါဝင်ပါတယ်။ သူ့ကို အာရုံကြောနှိုးဆွတဲ့ဆေးဖက်ဝင်အဖြစ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း