ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။
ဒါဆို ကိုယ့်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။
ကိုယ်နေ့တိုင်း အစားစားနေပေမယ့် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့တာတွေ ဖြစ်နိုင်သေးတဲ့အတွက် ကိုယ့်မှာ ဘာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့နေပြီလဲဆိုတာ သိနိုင်ဖို့ ဒီအချက်လေးတွေ ဖတ်ကြည့်စေချင်ပါတယ်။
ဗီတာမင် A ။ ။ ဗီတာမင် A ချိုတဲ့နေရင် အရေပြားမှာ ကြာဆူးတွေပေါက်လာမယ်။ ညဘက်ရောက်ရင် မျက်လုံးကသိပ်ကြည့်မကောင်းတော့ဘူး။ လက်သည်းတွေမှာလည်း အစင်းကြောင်းတွေပေါ်လာမယ်။ အဲဒီအခါကျရင် ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ ရွှေဖရုံသီးတို့ကိုစားပေဖို့လိုပါတယ်။
ဗီတာမင် B ။ ။ ဗီတာမင် B တွေထဲမှာမှ ဗီတာမင် B12 နဲ့ B1 ချို့တဲ့တာ အဖြစ်များပါတယ်။ ဗီတာမင် B 12 ချို့တဲ့ရင် အာရုံကြောတွေအားနည်းလာတဲ့အတွက် ခြေတွေလက်တွေထုံကျင်နေတတ်ပါတယ်။ သွေးအားနည်းတာမျိုးလည်းဖြစ်တတ်ပြီး လူကနုန်းနေတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကြွယ်ဝတဲ့အစားအသောက်တွေဖြစ်တဲ့ အနီရောင်ရှိတဲ့အသားတွေ ( အမဲသား၊သိုးသား) ၊ဥ အမျိုးမျိုးနဲ့ နို့သောက်ပေးဖို့လိုအပ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့သူတွေကတော့ အရက်သမားအများစုနဲ့ အစားရှောင်တဲ့ နို့တိုက်မိခင်ရဲ့ နို့စို့အရွယ် ရင်သွေးလေးတွေပါ။ ပုံမှန်လူတွေကတော့ ဗီတာမင် B1 ကြွယ်ဝတဲ့ထမင်းနေ့စဉ်စားနေတဲ့အတွက် B1 ချို့တဲ့စရာအကြောင်းတော့ သိပ်မရှိပါဘူး။ ။
ဗီတာမင် C ။ ။ ကိုယ်သွားတိုက်လိုက်ရင် သွားဖုံးမှာသွေးတွေထွက်လာတယ်။ သွားဖုံးရောင်နေတယ်။ အနာတွေလည်း အကျက်နှေးတယ်။ ကိုယ်ခံအားမကောင်းလို့ ခဏခဏဖျားနေပြီဆို ဗီတာမင် C ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကတော့ ချဉ်တဲ့ အသီးအနှံတွေ အကုန်ဖြစ်ပါတယ်။ သံပုရာသီး၊ လိမ္မော်သီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။