အစာမြန်မြန်စားရင်ရော ဘာဆိုးကျိုးတွေရှိနိုင်လဲ၊ ကောင်းကျိုးရောရှိလား။
အစာကို သေချာကျေညက်အောင် မဝါးဘဲ မျိုချလိုက်တဲ့အကျင့်က ရေရှည်မှာ ကိုယ့်ရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်ပြည့်သွားတဲ့ ခံစားချက်ကို ဦးနှောက်ကမသိရှိတော့တာကြောင့် လိုတာထက် ပိုပြီး ဗိုက်ထဲကို ဖြည့်မိသွားရော။
အဲ့အခါကျ ဗိုက်ပြည့်တာမဟုတ်ဘဲ တင်းကားပြီးတော့ နေလို့ထိုင်လို့မကောင်းတော့သလို ဗိုက်ထဲအစာတွေပြည့်ပြီး လေးလံထိုင်းမှိုင်းလာတော့တာပါပဲ။ နောက်တစ်ခုက အစာတွေအများကြီးစားလိုက်တဲ့အခါ စားထားသမျှ အစားအစာတိုင်းကို အစာအိမ်က ချေဖျက်ဖို့ အချိန်ပိုပေးရသလို အာဟာရဓာတ်တွေလည်း အရင်ကလောက် ကောင်းကောင်းမစုပ်ယူနိုင်တော့ပါဘူး။
အဲ့တော့ ဘာဖြစ်မလဲဆိုရင် ကျန်းမာရေးထိခိုက်လာမယ်၊ ဝမ်းချုပ်လာမယ်၊ အဆီတွေများပြီး လူကဝလာမယ်၊ နောက်ဆက်တွဲအနေနဲ့လည်း ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်းအဆီဖုံးတာ၊ အစာအိမ်နဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အစာကိုဖြည်းဖြည်းချင်း စားတတ်အောင် ဘယ်လိုလေ့ကျင့်မလဲ။
၁။ ဗိုက်အရမ်းကြီးဆာမှ ထမင်းထစားတဲ့ အကျင့်ကို အရင်ဖျောက်ပါ။
၂။ အစာစားတော့မယ်ဆိုရင် အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ စိတ်ညစ်စရာတွေ၊ ရုပ်ရှင်ကြည့်စရာတွေ အားလုံးကို မေ့ထားလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။