ဒါ့အပြင် ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ LDL ကိုလက်စထရောပါဝင်နှုန်းဟာ အသီးအရွက်စားသူတွေမှာ ၃၀ ရာခိုင်နှုန် ပိုမိုလျော့နည်းတယ်လို့ သိရပါတယ်။ အဲဒီအဆီဓာတ်ဟာ နှလုံးသွေးကြောတွေကို ပိတ်ဆို့စေတတ်ပါတယ်။
အသားစားသူတွေနဲ့ယှဉ်ရင် အသီးအရွက်စားသူတွေမှာ ကင်ဆာမျိုးစုံဖြစ်နိုင်ခြေနည်းတယ်လို့ ယေဘုယျအားဖြင့် ဆိုပါတယ်။ ဒါပေမယ့် အဲဒီသုတေသနမှာပဲ အသီးအရွက်စားသူတွေမှာ အူမကြီးကင်ဆာဖြစ်ပွားနှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။
အသီးအရွက် (သို့မဟုတ်) အသီးအရွက်ကနေ ထုတ်လုပ်ထားတဲ့ စားစရာတွေမှာ အသားတွေထက်စာရင် အဆီဓာတ်နည်းပြီး အမျှင်ဓာတ်ပိုမို ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်နိုင်ခြေလျော့နည်းသွားစေပါတယ်။
ဒါ့အပြင် အသီးအရွက်စားခြင်းဟာ လူတစ်ဦးချင်းအပြင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးပြုနိုင်ပါသေးတယ်။ အသီးအရွက်ကနေ ထုတ်လုပ်ထားတဲ့ စားစရာတွေဟာ ဂေဟဗေဒစနစ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။
ဘာဆိုးကျိုးတွေရှိလဲ
အသီးအရွက်ကနေ ပြုလုပ်ထားတဲ့ အသင့်စားစရာများနဲ့ သရေစာတွေမှာတော့ ကယ်လ်လိုရီဓာတ်များနိုင်ပါတယ်။ လတ်ဆတ်ခြင်းမရှိတဲ့ အသီးအရွက်များဟာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အသား၊ ငါးကို ရှောင်သူများဟာ စားသုံးသူများထက်စာရင် အာဟာရဓာတ် တချို့နည်းပါးနိုင်ပါတယ်။ အဲဒီအာဟာရဓာတ်တွေကတော့
- သံဓာတ်
- ကယ်လ်ဆီယမ်
- ပရိုတိန်း
- ဗီတာမင်ဒီ
- ဗီတာမင် B12
- ဇင့် စတာတွေ ဖြစ်ပါတယ်။
ဒါကြောင့် လျော့နည်းနေတတ်တဲ့ အာဟာရဓာတ်တွေကို တစ်ဖက်မှာ ပိုမိုဖြည့်တင်းနိုင်ဖို့ လိုပါတယ်။ ဥပမာ ပင်လယ်ရေညှိမှာ သံဓာတ်ကြွယ်ဝတာမို့ ရွေးချယ်စားသုံးပေးခြင်းမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ကြွယ်ဝတဲ့ အသီးအရွက်များ ဥပမာ သံပုရာသီး၊ ခရမ်းချဉ်သီး စတာတွေဟာ သံဓာတ်စုပ်ယူမှုကု ပိုမိုအားပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။