ကာဗိုဟိုက်ဒရိတ် တွေဟာ ကျန်းမာတဲ့စားသောက်မှုပုံစံမှာ မရှိမဖြစ်ပါဝင်တဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမယ့် ကာဗိုဟိုက်ဒရိတ်တွေအားလုံးတော့ အရည်အသွေးနဲ့အကျိုးပြုပုံချင်းမတူကြပါဘူး။ လူတွေက ကာဗိုဟိုက်ဒရိတ် တွေကိုလျှော့စားရမယ်လို့ပဲသိထားကြပါတယ်။ အထူးသဖြင့် ဝိတ်ချချင်တဲ့သူတွေပေါ့။ တကယ်တမ်း အမျိုးအစားမတူတဲ့ကာဗိုဟိုက်ဒရိတ်တွေရှိနေတာကို သတိမထားမိကြပါဘူး။