ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော်

အသက်အရွယ်ကြီးရင့်လာလေ ဇရာကြောင့် ခန္ဓါကိုယ်မှာ ချို့ယွင်းပျက်စီးတာတွေက များလာလေလေပါ။ ဒါကြောင့် ဂရုစိုက်နိုင်မှာတော်ကာကျမယ့်အချိန်ဖြစ်လာတာပါ။ အသက် ၃၀ကျော်လာတဲ့အခါ အသားအရေက စလို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေတိုင်း အားလုံးနီးပါးကိုသေချာထိန်းသိမ်းဖို့လိုလာမှာပါ။ တကယ်လို့များသေချာဂရုမစိုက်မိဘူးဆိုရင် အရွယ်မတိုင်ခင်အိုမင်းမှုက မဖိတ်ခေါ်ဘဲ သင့်ဆီကိုပျော်ပျော်ကြီးရောက်လာနိုင်ပါတယ်။ ဒီတော့ ဇရာကြောင့်ဖြစ်တဲ့ အိုမင်းမှုကို အချိန်မတိုင်ခင်ရောက်မလာစေဖို့ ဒါလေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။ အသက် ၃၀ကျော်ရင် ဒါတွေမစားနဲ့တော့နော်လေဒီ အသက် ၃၀ကျော်လာပြီဆိုရင် နုပျိုမှုတွေက အလိုလိုပျောက်ကွယ်သွားတော့မှာပါ။ ဒါကြောင့် အချိန်မတိုင်ခင်အိုမင်းမှုကနေ ကာကွယ်တဲ့အနေနဲ့ ဒီအစားအစာတွေကို မစားဖို့လေဒီလေးတို့ကို သတိပေးပါရစေနာ်။ အချိုပါတဲ့ ဒိန်ချဉ် ဒိန်ချဉ်က ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပေမယ့် အသက် ၃၀ကျော်လာပြီဖြစ်တ့လေဒီလေးအတွက်တော့ အချိုကဲနေတဲ့ ဒိန်ချဉ်တွေက အရေးအကြောင်းတွေဖြစ်စေဖို့ အားဖြည့်ပေးနိုင်တာကြောင့်ဖြစ်နိုင်ရင် မစားကြဖို့ သတိပေးချင်ပါတယ်။ အချိုကဲလေလေ အသားအရေတင်းရင်းမှုကို ထိခိုက်စေလေလေပါ။ ဒါကြောင့် အချိုပါတဲ့ ဒိန်ချဉ်၊ရေခဲမုန့်တို့ကို မစားပါနဲ့။ ဆီသွတ်ဗူးတွေ ၂၀၁၃ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရ ဆီသွတ်ဗူးတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကင်ဆာကုထုံးခံယူနေသူတွေ စားသင့်တဲ့အာဟာရ (၇) မျိုး

ကင်ဆာကုထုံးခံယူနေတဲ့ကာလအတွင်းမှာ အရေးကြီးတာက ကုသနေတဲ့ဆေးဝါးတွေကို ခံနိုင်ရည်ရှိဖို့၊ ကျန်းမာအားပြည့်နေဖို့၊ သက်တောင့်သက်သာရှိဖို့၊ တခြားရောဂါတွေကင်းဖို့(ကိုယ်ခံအားကောင်းဖို့)ဖြစ်ပါတယ်။ ဒါမှ ကုထုံးရဲ့ထိရောက်မှုကို အပြည့်အဝရရှိနိုင်မှာပါ။ ကင်ဆာကုထုံးတွေခံယူနေတဲ့အချိန် ဒါလေးတွေ စားလို့ သင့်တော်နိုင်ပါတယ်။ (၁) မုန်လာဥနီ (ကုထုံး ပိုထိရောက်စေဖို့) ကင်ဆာလူနာတွေအတွက် အကြံပြုကြတဲ့ စားသောက်မှုပုံစံတိုင်းမှာ မုန်လာဥနီပါဝင်လေ့ရှိပါတယ်။ မုန်လာဥနီ၊ တရုတ်နံနံတို့မှာပါတဲ့ဒြပ်ပေါင်းတချို့က ကင်ဆာကုထုံးကိုအနှောင့်အယှက်ပေးနိုင်တဲ့အရာတွေ၊ လုပ်ဆောင်ချက်တွေကို တားဆီးပေးပြီး ဓါတုကုထုံးကို ထိရောက်မှုပိုရှိအောင်ထောက်ပံ့ပေးနိုင်ပါတယ်လို့ နယူးဇီလန်သုတေသနကဖော်ပြထားပါတယ်။ ဒါ့ကြောင့် ဒီဓါတ်စာကို မကြာခဏစားပေးရင် ကုထုံးကို ရလဒ်ပိုကောင်းစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ (၂) ငှက်ပျောသီး (ဝမ်းပျက်ခြင်းကို ကုသဖို့) ဆန်၊ငှက်ပျောသီး၊ အပူပေးထားတဲ့ပန်းသီး(ပန်းသီးအဆီအနှစ်)နဲ့ပေါင်မုန့်မီးကင် ဆိုတဲ့အတွဲအစပ်က ဝမ်းပျက်ဝမ်းလျှောခြင်းအတွက်ဓါတ်စာပါ။ ကင်ဆာကုထုံးကြောင့် ဝမ်းပျက်ခြင်းကို သက်သာစေနိုင်ပြီး ဝမ်းကိုခဲစေပါတယ်။ အဆီများတဲ့အစားအစာတွေ၊ အသီးအနှံတွေက ဝမ်းပျက်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ (၃) ဂျုံကြမ်းနဲ့လုပ်တဲ့ စားစရာတွေ (ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့) ဝမ်းချုပ်နေတယ်ဆိုရင်တော့ရေများများသောက်ပါ။ ဂျုံကြမ်းပေါင်မုန့်၊ကွေကာ၊ သစ်သီးခြောက်၊ ပဲ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ ။ ။

ဝိတ်ကျချင်တဲ့သူတိုင်း အသားလျှော့၊ ထမင်းလျှော့ အသီးအရွက်များများစားပေးရမယ် ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ ဒါက မှန်သင့်သလောက်မှန်ပါတယ်။ အသီးအရွက်တွေထဲမှာမှခုပြောပြမယ့် အသီးအနှံတွေက အဆီလောင်ကျွမ်းခြင်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းခြင်းကို အားပေးလို့ ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ အသီးအနှံတွေပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ဝိတ်ကျစေမယ့် အသီးအနှံများ ။ ။ ( ၁ ) ဘယ်ရီသီးများ။ ။ ဘလူးဘယ်ရီ။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ အမျှင်ဓာတ်တွေ ပြည့်ဝနေပြီး ငှက်ပျောသီး သရက်သီးတို့ထက်စာရင် ကယ်လိုရီနည်းပါးပါတယ်။ ဘယ်ရီသီး တစ်ခွက်မှာ ပါဝင်တဲ့ အမျှင်ဓာတ်ကလည်း ၈ ဂရမ်တောင်ရှိတာဆိုတော့ အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ သုံးပုံတစ်ပုံရှိပြီး အမျိုးသားတစ်ယောက် တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခန္ဓာကိုယ်က နာကျင်မှု ကို အထိရောက်ဆုံးသက်သာစေမယ့် အစားအစာ (၅) မျိုး

နာကျင်မှုကြောင့် တစ်နေ့တာမှာ စိတ်ရှုပ်နေရပြီလား။ ရောင်ရမ်းမှုတွေကြောင့် နာကျင်မှုတွေနဲ့ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ကဲ နာကျင်မှုခံစားနေရတဲ့ Helloဆရာဝန်ပရိသတ်ကြီးရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ နာကျင်မှု ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းတာကြောင့် နာကျင်တာ၊ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ နာကျင်တာအပါအဝင် ထိခိုက်မှုတွေကြောင့် နာကျင်တာတွေကို ခံစားရနိုင် ပါတယ်။ နာကျင်မှု တွေ သက်သာစေဖို့ ဘာစားရမလဲ…………….. နာကျင်မှုကို အစားအသောက်ကနေတဆင့် ကုစားလို့ရပါတယ်။ ကဲ…ခံစားနေရတဲ့ ခန္ဓာကိုယ်နာကျင်မှုသက်သာဖို့ ဘာတွေစားပေးရမလဲ ဆက်ကြည့်လိုက်ရအောင်လား။ (၁) လက်ဖက်စိမ်းရေနွေးကြမ်း နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အကောင်းဆုံးသောစားစရာတွေထဲကတစ်ခုပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက နာကျင်တာကိုပဲ သက်သာစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်တာပါ။ နေ့တိုင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ လက်ဖက်စိမ်းရဲ့အခြားကျန်းမာရေး အာနိသင်တွေအနေနဲ့ကတော့ ကင်ဆာ ကာကွယ်ပေးနိုင်တယ်၊ ဗိုက်အဆီကျစေနိုင်တယ်၊ စိတ်ဓာတ်ကျနိုင်ခြေနည်းစေတယ်၊ စသဖြင့် အကျိုးပြုတာတွေရှိပါတယ်။ ဒါကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓါတ်ခမ်းခြောက်နေပြီလားဆိုတာ သင် ဘယ်လိုသိနိုင်မလဲ

တစ်နေ့တာ ရေကိုလုံလောက်စွာ မရတဲ့အခါ ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အသက်ရှူစနစ်၊ အစာခြေစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို ရရှိဖို့လိုအပ်ပါတယ်။ ပူလွန်းတဲ့နေ့မှာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်လွန်းတဲ့အခါ ချွေးထွက်ပြီး ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးပါတယ်။ ဖျားနာေနတဲ့အချိန်၊ အန်နေတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အချိန်မှာလည်း ရေဓါတ်နည်းသွားပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို အမြဲကိုယ့်ဘက်က ပြန်လည်ဖြည့်တင်ပေးနေဖို့ လိုအပ်တယ်နော်။ လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။ ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက် ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = […]


အားကစားသမားများအတွက်အာဟာရ

ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။ ဘယ်လိုအာနိသင်တွေရှိလဲ။

ကြွက်သားတက်ချင်ရင် ပရိုတင်း shake တွေသောက်၊ ဝိတ်မြန်မြန်ကျဖို့ အဆီတွေ များများလောင်ကျွမ်းဖို့ ပရိုတင်း မှုန့်တွေ၊ ပရိုတင်း shake တွေက ကူညီနိုင်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ။ ဒါက မှန်သင့်သလောက်လည်းမှန်ပါတယ်။ ကိုယ်ခန္ဓာအချိုးအစားကျအောင် တည်ဆောက်နေတဲ့ သူတိုင်းအတွက် ပရိုတင်း shake က အရေးပါတဲ့အပြင် သူ့မှာ အခြား ကျန်းမာရေး အာနိသင်တွေ လည်း အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ပရိုတင်း shake ရဲ့ အာနိသင်များ ( ၁ ) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ ပရိုတင်းမှုန့်မပြောနဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတွေ ပဲတွေ စားပြီးရင် တစ်ချိန်လုံး အဆာခံတာကြောင့် ပရိုတင်းမှုန့်တွေက ဝိတ်ချတဲ့သူတွေကြား နာမည်ကြီးနေရခြင်းပါ။ နောက်ပြီး ပရိုတင်းဆိုတာ ကြွက်သားတစ်ခု တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဝိတ်တက်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား

ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ခန္ဓါကိုယ်ကျန်းမာဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်ပေးဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ လိုတာထက်ပိုပြီး ရေများများသောက်မိရင်လည်း ကိုယ်ခန္ဓါအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။ ရေလုံလောက်စွာ သောက်ပေးရင် ခန္ဓါကိုယ်အတွက် ဘာအကျိုးရှိနိုင်လဲ။ အသားအရေကို ကြည်လင်ဝင်းပစေတယ်။ ဖျားနာဝေဒနာကို သက်သာစေပြီး အဖျားတာတိုစေတယ်။ ကိုယ်အလေးချိန်ကို ကျစေတယ်။ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်။ ကြွက်သားတွေကို အားဖြည့်ပေးတယ်။ စိတ်အာရုံကြည်လင်စေတယ်။ လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။ ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက် ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ ၄နှစ်မှ ၈နှစ်အတွင်း […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ

အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ အသီးတွေချည်းစားရတဲ့ Fruit Diet စားတော့မယ်ဆိုရင် Fruit Diet ဆိုတာ ဘာလဲ ကစီဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လိုရီတွေအကုန်ဖြတ်၊ နို့ထွက်ပစ္စည်းလည်းမပါဘဲ အသီးတွေပဲစား၊ရေပဲသောက်(တစ်ခါတလေ သစ်သီးစိမ်ရေ -detox water ပဲသောက်)တဲ့ အဆီချပလန်တွေပါ။Fruit Diet မှာဆို အသီးအနှံတွေကိုပဲ အဓိကထား စားရတာပါ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်(အရွက်သုပ်)၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကိုတော့ အနည်းအကျဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ပဲ အပါအဝင် အပူပေးချက်ပြုတ်စားရတဲ့အစားအစာမှန်သမျှ လုံးဝရှောင်ရတာဖြစ်ပါတယ်။Fruit Diet သီးသန့်စားသုံးတဲ့သူတွေဟာ အာဟာရချို့တဲ့မှုပြဿနာ ခံစားရနိုင်ခြေများတဲ့အတွက် ကိုယ်ဟာ ဒီပလန်နဲ့သင့်တော်ရဲ့လား ကိုယ့်ကျန်းမာရေးနဲ့အရင်ကိုက်ညှိ ချင့်ချိန်သင့်ပါတယ်။ ဘာလို့လဲ ဒီလိုစားသောက်ပုံကို ကူးပြောင်းတော့မယ်ဆိုရင်ဖြည်းဖြည်းချင်းလုပ်တာကောင်းပါတယ်။ ဆိုလိုတာက ပုံမှန်စားသောက်ပုံမှာ အသီးအနှံတွေကို ထည့်စားရင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကို ဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ ။ ။

ကြွက်သားတက်အောင် ကြိုးစားနေတဲ့သူတိုင်း ပရိုတင်းshake ဆိုတာကို သိကြမှာပါ။ ပိန်ရာကနေ ဘော်ဒီတောင့်အောင်လုပ်ပေးတဲ့နေရာမှာ ပရိုတင်း shake တွေ ကဆရာကြီးလေ။ ဒီလို သောက်လိုက်ရင် ကြွက်သားတက်အောင် လုပ်ပေးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုအချိန်တွေမှာ သောက်ရမယ် ဆိုတာများရှိဦးမလား။ ြကွက်သားတက်ချင်ရင် အသားတွေ စားပေးရင် မရဘူးလား။ ကြွက်သားတက် ဗလတောင့်ချင်ရင် လိုအပ်တဲ့ပရိုတင်းကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ကြွက်သားတက်ချင်ရင် ပရိုတင်းစားပေးဖို့လိုတယ်ဆိုတာ မှန်ပေမယ့် နည်းသွားရင် အကျိုးမရှိတာမျိုး မဖြစ်တော့သလို များလွန်းပြီး အရမ်းကြွက်သားကြီးနေတာမျိုး မဖြစ်ရအောင် မှန်ကန်တဲ့ ပမာဏတော့ ဖြစ်ဖို့လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီလိုမှန်ကန်တဲ့ ပရိုတင်းပမာဏကို စားဖြစ်ဖို့ဆိုတာ အပြောကသာ လွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ကြည့်ရင် မလွယ်ကူလှပါဘူး။ အသားတွေစား ပဲတွေစား ဘယ်လောက့်ပဲ ပြောပြော ချက်လိုက်တာကြောင့် အနည်းငယ်လျော့သွားမယ့်ပရိုတင်းတွေရယ်၊ ချက်ဖို့ပြုတ်ဖို့ မအားလပ်တာရယ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုန်လာဥဖြူ ကြိုက်တဲ့ သူတွေရှိလား

သုပ်ပဲစားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ အချဉ်တည်ပြီးပဲစားစား၊ ဟင်းချိုပဲချက်ချက် စားကောင်းတဲ့ မုန်လာဥဖြူ ကြိုက်ကြလား။ ဒါဆိုရင်တော့ ကိုယ်ခံတွင်းတွေ့တဲ့ မုန်လာဥဖြူလေးစားရင်း ရရှိစေမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မနည်းပါဘူး။ မုန်လာဥဖြူ ဆိုတာ မုန်လာဥဖြူဆိုတာက ရိုးတံစိမ်းစိမ်း အရွက်ဖားဖား မုန်လာပင်လေးရဲက အမြစ်ဥပါ။ အရွက်ထက် ဥကို အဓိကထားစားကြပါတယ်။ အဖြူရောင် ရှည်မြောမြောပုံစံရှိသလို ပုဝိုင်းဝိုင်းပုံစံလည်း ရှိပါတယ်။ အရသာက အစိမ်းတိုင်းစားရင် ခပ်စပ်စပ် အရသာရှိပြီး ချက်စားရင်တော့ ချိုပါတယ်။ ချဉ်ရည်ဟင်းချက်စားလို့ ရသလို သုပ်စားတာ၊ ချဉ်ဖတ်ထည့်စားတာ အမျိုးမျိုး စားကြပါတယ်။ မုန်လာဥဖြူ မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ......... မုန်လာဥဖြူမှာပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့ ပိုတက်ဆီယမ် ဖောလိတ် riboflavin နီယာဆင် ဗီတာမင် B6 ဗီတာမင် K ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် ဇင့် ဖော့စဖရိတ် ကော့ပါး မဂ္ဂနိစ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း