backup og meta

ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝအတွက် အစားအသောက် (၇)မျိုး။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝအတွက် အစားအသောက် (၇)မျိုး။

    ကျန်းမာခြင်းအစ အစားအသောက်က ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် နေ့တိုင်း အစာစားပေးနေဖို့လိုပါတယ်။ ဒီလို အသက်ရှင်နေထိုင်တယ်ဆိုတဲ့နေရာမှာ ကျန်းမာတဲ့ ဘဝကို ပိုင်ချင်လား၊ နေထိုင်မကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ရမလားဆိုတာကတော့ ကိုယ်ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေ အပေါ်မှာ မူတည်နေပါတယ်။ နေမကောင်းဖြစ်ချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီတော့ ကိုယ်နေ့စဉ် စားနေတဲ့ ဘယ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတာလဲ ။ ဘယ်လိုအစားအစာတွေကို ဦးစားပေးစားရမလဲ ဆိုတာကို သိထားရင် တကယ်ကို ဒေါင်ဒေါင်မြည်တဲ့ ကျန်းမာရေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာတွေ စားရမလဲ ။ ။

    ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက် ၇ မျိုး ။ ။

    ငါး – ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးတွေ နေထိုင်တဲ့ ဂျပန်နိုင်ငံဟာ ငါးကို အဓိကထား စားသုံးတဲ့ နိုင်ငံတစ်ခုပါ။ ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓါတ် တွေ အပြင် အိုမီဂါ ၃ အဆီဓါတ်လည်း ကြွယ်ဝတာကြောင့် ငါးဆိုတာ နေ့စဉ်စားပေးသင့်တဲ့ အစားအစာတစ်ခုဆိုတာ ယုံမှားဖွယ် မရှိပါဘူး။

    ဒိန်ချဉ်ကယ်လ်ဆီယမ် ဆိုတာ အရိုးနဲ့ သွားတွေ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကြွက်သားတွေ အားကောင်းစေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုပါ။ အသက်ကြီးလာချိန်မှာ အရိုးသန်စွမ်းမှု အားနည်းနေတာမျိုး မဖြစ်ချင်ရင်တော့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေ များများစားပေးဖို့လိုပါတယ်။ ဒိန်ချဉ်ဟာ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေထဲက နာမည်အကြီးဆုံးတစ်ခုဖြစ်ပါတယ်။

    ချော့ကလက်မကြိုက်တဲ့သူရှားလှတဲ့ ဒီနာမည်ကြီး အစားအသောက်လေးဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ flavanols တွေလည်း အများကြီးပါဝင်တာကြောင့် ချော့ကလက်ဟာ သွေးတိုးရောဂါ၊ ဆီးချို ရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ချော့ကလက် ကြိုက်တတ်တဲ့သူတွေ အတွက် ဝမ်းသာစရာ သတင်းတစ်ခုနော်။ နို့ချောကလက်ထက်စာရင် အနက်ရောင် ချော့ကလက်က ပိုပြီး ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။

    အစေ့အဆံတွေ – မပြည့်ဝဆီဆိုတာ ကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုတဲ့ဆီတစ်မျိုးဖြစ်ပါတယ်။ ကိုယ်နေ့စဉ် ဟင်းချက်နေတဲ့ဆီတွေထဲမှာ အများဆုံးပါတာ ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်တဲ့ ပြည့်ဝဆီတွေ ဖြစ်နေတာကြောင့် မပြည့်ဝဆီတွေကို ပြန်စားပေးဖို့ လိုအပ်ပါတယ်။ မပြည့်ဝဆီတွေ ကြွယ်ဝတဲ့ အစားအသောက်ဆိုရင်တော့ အစေ့အဆံတွေကိုသာ သတိရလိုက်ပါ. သစ်ကြားသီး၊ သစ်အယ်သီး နဲ့ ဗန်ဒါစေ့၊ တို့မှာ မပြည့်ဝဆီတွေ ကြွယ်ဝတဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပေးတဲ့ ပစ္စည်းတွေလည်းပါတာကြောင့် အိုမင်းရင့်ခြင်းကိုလည်း သူတို့က အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။

    သံလွင်ဆီဟင်းချက်ဆီတွေထဲမှာ သံလွင်ဆီကသာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အရာတစ်ခုပါ။ သူ့မှာမပြည့်ဝဆီတွေ အများကြီးပါဝင်လို့ နှလုံးရောဂါ နဲ့ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးဦးမှာပါ။ ဒါပေမယ့် သံလွင်ဆီရဲ့ ကယ်လိုရီ ပမာဏက များနေတာကြောင့် တစ်နေ့ကို စားပွဲတင်ဇွန်း ၂ ဇွန်းလောက်သာ စားပေးသင့်ပါတယ်။

    ဥ အမျိုးမျိုး – အလွယ်တကူ ဝယ်ယူလို့ရပြီး ဈေးလည်းသက်သာ အာဟာရဓါတ်တွေလည်း အများကြီးကြွယ်တဲ့ အစားအသောက်ဆို ဥ တွေကိုသာ အရင်ဆုံး ညွှန်ပြရပါလိမ့်မယ်။ ဦးနှောက်နဲ့ အာရုံကြောအတွက် အဓိက လိုအပ်တဲ့ ဗီတာမင် B အပြင် အခြား ပရိုတင်း၊ အမိုင်နိုအက်ဆစ် တွေလည်း အများကြီးပါဝင်တာကြောင့် အရွယ်သေးပေးမယ့် အစွမ်းမသေးတဲ့ ဥ လေးတွေပါ။

    ဘလူးဘယ်ရီသီး – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။ ဘလူးဘယ်ရီကို ပွဲလယ်တင့်နေအောင် လုပ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း anthocyanin ဟာ သင့်အသားအရေကို လည်း အများကြားမှာထင်ပေါ်စေမှာပါ။ ပတ်ဝန်းကျင်ကြောင့်၊စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ အသားအရေ အိုမင်းရင့်ရော်လာခြင်းကို တားဆီးပေးနိုင်တာ သူ့လောက်ကောင်းမယ့်သူ မရှိတော့ပါဘူး။

    ကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာကိုတိုက်ထုတ်ပေးနိုင်တဲ့ ဒီ စူပါ အစားအစာ ၇ မျိုးဟာ သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ သင့်ကို ကူညီပေးမှာ အသေအချာပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement