ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဂျင်းမဟုတ်တဲ့ ချင်း (ginger)

“ ဂျင်းထည့်တယ်” ဆိုတဲ့ အသုံးများလာတဲ့ စကားလေးတစ်ခုကို အားလုံး ကြားဖူးကြမှာပါ။ ဗန်းစကား “ဂျင်း” ဆိုတာကတော့ နားလည်သလောက်ပြောရရင် မဟုတ်တာတွေ၊ ပေါက်ကရတွေ၊ ဂျောက်တွန်းတဲ့ သဘောပေါ့။ ဒါပေမယ့် ဒီနေ့ရေးမယ့် ဂျင်း (ginger) လေးက ကျန်းမာရေးအတွက် အရမ်းကို ကောင်းစေတဲ့ ဂျင်းမဟုတ်တဲ့ ဂျင်းမြစ်လေးအကြောင်းပါ။ ဂျင်းမြစ်မှာ အာဟာရဓာတ်တွေ၊ ခုခံအားကောင်းစေတဲ့ ပစ္စည်းတွေ နဲ့ ပြည့်ဝနေတာကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အထောက်အကူအပေးဆုံး သဘာ၀ ထွက်ကုန်လေးတစ်ခုလို့တောင် တင်စားကြပါတယ်။ ဒါဆို ဂျင်းဟာ ဘယ်လိုနေရာမှာ အသုံးဝင်လဲ ဆိုတာကိုလေးကို ဆက်ပြောပြပါမယ်။ (၁) germs လို့ခေါ်တဲ့ ပိုးမွှားလေးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဂျင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေက ဘက်တီးရီးယားပိုးမွှားလေး တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဒါ့ကြောင့်လည်း ဂျင်းကို တိုင်းရင်းဆေးပညာတွေမှာရော၊ အိမ်တွင်းသုံးဆေးဝါး အနေနဲ့ရော […]


အဝလွန်ခြင်း

အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ

အဝလွန်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ အဝလွန်ခြင်း နဲ့ ဆက်နွယ်ပြီး သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း၊ အဆီဓာတ်မြင့်မားခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အဝလွန်ခြင်း ဆိုတာ စားသောက်ပုံ၊ နေထိုင်ပုံ စတာတွေပေါ် အဓိက မူတည်ပြီး တခြားဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။ အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ ကတော့ အောက်ပါ အတိုင်းပါ။ ၁။ မျိုးရိုးဗီဇ အဝလွန်ခြင်း ဟာ မျိုးရိုးဗီဇပေါ် အများကြီး မူတည်ပါတယ်။ အဝလွန်တဲ့ မိဘတွေဆီက မွေးလာတဲ့ ကလေးတွေဟာ အဝလွန်နိုင်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ သေချာပေါက် အဝလွန်ရမယ်လို့ မဆိုလိုပါဘူး။ သင်ဘာစားသလဲဆိုတာကလည်း မျီုးရိုးဗီဇ လက်ဆင့်ကမ်းခြင်း မကမ်းခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ စားသောက်တဲ့ ပုံစံချင်းတူရင်တောင် မျိုးရိုးဗီဇအခံမတူတာကြောင့် […]


အဝလွန်ခြင်း

အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ

အဝလွန်ခြင်း ဆိုတာကတော့ ကိုယ်ခန္ဓာမှာ အဆီပိုတွေ အလွန်အကျွံစုဝေးတဲ့ ပြဿနာဖြစ်ပါတယ်။ မျိုးရိုးဗီဇ၊ စားသောက်နေထိုင်ပုံ၊ ရောဂါအခံရှိမရှိ စတာတွေပေါ် မူတည်ပါတယ်။ အဝလွန်ခြင်းဟာ ကမ္ဘာတလွှားမှာ ဖြစ်ပွားတာ များပြားလာတာနဲ့အမျှ သူနဲ့ပတ်သက်တဲ့ ယုံတမ်းစကားများ ၊ အယူအဆအမှားတွေလည်း ပေါ်လာပါတယ်။ အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ က ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ အဝလွန်ခြင်းနှင့်ပတ်သက်သော ယုံတမ်းစကားများ အထူးသဖြင့် အောက်ပါအတိုင်း ယုံတမ်းစကားတွေကြားရတာ များပါတယ်။ ယုံတမ်းစကား ၁။ အဝလွန်ခြင်းဟာ နေထိုင်မှုပုံစံ နုံချာလွန်းတဲ့အတွက် ဖြစ်လာရတယ် အဝလွန်ခြင်းနဲ့ ပတ်သက်ရင် စားသောက်ပုံကို ဖြစ်ကတတ်ဆန်း စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း စတာတွေကိုပဲ ယိုးမယ်ဖွဲ့ကြပါတယ်။ အဝလွန်သူအများစုကို ပျင်းရိသူများ၊ လှုပ်ရှားမှုနည်းသူများအနေနဲ့ပဲ မြင်ကြပါတယ်။ တကယ်တော့ အဝလွန်ခြင်းမှာ အကြောင်းပေါင်းစုံ ရှိပါတယ်။ စားသောက်ပုံ စနစ်မကျခြင်း၊ လှုပ်ရှားမှုနည်းခြင်း စတာတွေဟာ အဓိကကျပေမယ့် […]


အဝလွန်ခြင်း

အဝလွန်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ

အဝလွန်ခြင်း ဆိုတာ ကိုယ်ခန္ဓာမှာ အဆီဓာတ်တွေ အန္တရာယ်ရှိလောက်အောင် စုပုံလာခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိပါတယ်။ အဆီဓာတ်များလာခြင်းဟာ အရိုးနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအပေါ်  ဖိအားဖြစ်စေရုံသာမဟုတ်ဘဲ ဟော်မုန်းနဲ့ ဇီဝဖြစ်ပျက်နေမှုတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ အဝလွန်ခြင်းဆိုတာ ကိုယ်ခန္ဓာရဲ့ BMIအ ညွှန်းကိန်းဟာ ၃၀ နဲ့အထက် ရှိနေခြင်းကို ဆိုလိုပါတယ်။ BMI ဆိုတာ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်ချက်ခြင်း ဖြစ်ပါတယ်။ အဝလွန်မယ်ဆိုရင် အောက်ပါပြဿနာတွေ ရှိလာနိုင်ပါတယ်။ တမျိုးထက်ပိုပြီးလည်း ကြုံရနိုင်ပါတယ်။ အဝလွန်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ အဝလွန်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ ကတော့ ၁။ အမျိုးအစား ၂ ဆီးချို သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက်ပိုမြင့်နေရင် အမျိုးအစား ၂ ဆီးချို ဖြစ်တတ်ပါတယ်။ အဲဒီကတဆင့် အချိန်ကြာလာတာနဲ့အမျှ နှလုံးရောဂါ၊ အာရုံကြောထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံပြောင်းလဲခြင်း စတာတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ

ကမ္ဘာတစ်လွှားမှာ နို့အမျိုးမျိုးကို နှစ်ပေါင်းများစွာ သောက်သုံးလာခဲ့ကြပါတယ်။ နွားနို့ အပါအဝင် သိုး၊ ဆိတ်များဆီကနေ ထုတ်လုပ်သောက်သုံးကြပါတယ်။ နို့သောက်ခြင်းရဲ့ အာဟာရတန်ဖိုးနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတာ ရှိပါတယ်။ နို့ဟာ ဓာတ်မတည့်ခြင်းလည်း ဖြစ်စေတတ်တာမို့ အချို့က အကျိုးထက် အပြစ်ပိုများကြောင်း ထောက်ပြကြပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားတဲ့ နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ ပါပဲ။ နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ ကတော့ ၁။ နို့မှာ ထင်မထားလောက်အောင် အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မွေးခါစ တိရစ္ဆာန်ကလေးငယ်များကို အာဟာရဓာတ်ပြည့်ဝအောင် သဘာဝက ဖန်တီးထားတာမို့ ပါဝင်တဲ့ အာဟာရဓာတ်များဟာ အံ့မခန်းပါပဲ။ ဥပမာ နွားနို့တခွက် (၂၄၄ ဂရမ်) မှာ အောက်ပါအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ • ကယ်လိုရီ။ ၁၄၆ • ပရိုတိန်း။ ၈ ဂရမ် • အဆီဓာတ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပျင်းပျင်းနဲ့ ကော်ဖီ ပဲ လှိမ့်သောက်နေမိတဲ့သူတွေ ရှိလား

ကော်ဖီ ကြိုက်တဲ့သူတွေကတော့ သောက်ရမယ်ဆို အချိန်မရွေးပဲလေ။ အလုပ်ခဏနားချိန်မှာလည်း သောက်တယ်၊ ပျင်းရင်လည်း သောက်တယ်၊ စကားစမြည်ပြောရင်းလည်း သောက်တယ်၊ သောက်ချင်စိတ် ပေါ်တဲ့အချိန် ထသောက်တတ်တယ် မဟုတ်လား။ ဒါပေမယ့် ကော်ဖီရဲ့ ကဖင်းဓာတ်ကတော့ လွန်ကဲမယ်ဆိုရင် ဖြစ်လာစေတဲ့ အကျိုးဆက်တွေ ရှိနေပါတယ်နော် - စိတ်ပူပန်မှု ကဖင်းဟာ တက်ကြွမှုကို ဖြစ်စေပါတယ်။ အဒီနိုဆင်းလို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ ဓာတုပစ္စည်းကို တားဆီးပေးပါတယ်။ တစ်ချိန်တည်းမှာပဲ အဒရီနယ်လင်းလို့ခေါ်တဲ့ စွမ်းအင်မြှင့်ပေးတဲ့ ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒါပေမယ့် ဒီဟော်မုန်းတွေ များလာရင် စိတ်ပူပန်ခြင်း၊ ဂနာမငြိမ်ခြင်းတွေ ဖြစ်စေပါတယ်။ အမေရိကန်စိတ်ကျန်းမာရေး ဆရာဝန်အသင်းအနေနဲ့လည်း ကဖင်းကြောင့်ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်းကိုလည်း ရောဂါရှာဖွေအတည်ပြုခြင်းအဆင့်မှာ ထည့်သွင်းစဉ်းစားပါတယ်။ တစ်နေ့တာမှာ ကဖင်းဓာတ် ၁၀၀၀ မီလီဂရမ်ထိ သောက်သုံးမိရင်တော့ ဂနာမငြိမ်ခြင်း၊ ယောက်ယက်ခတ်ခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ဂနာမငြိမ်ခြင်း၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးအတွက် ဟင်းတစ်ခွက်ဖြစ်စေဖို့ ဟင်းချက်ဆီကို နည်းမှန်လမ်းမှန် အသုံးချနည်း

“အဆီစားလို့ အသားမဖြစ်ဘူး” ၊ “အဆီများများစားရင် ဝစေတယ်” ၊ “ဆီတွေ အရမ်းမသုံးနဲ့” စတဲ့ စကားမျိုးတွေကို မီးဖိုချောင် အရှင်သခင် အိမ်ရှင်မတွေတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ နေ့စဉ်နဲ့အမျှ ချက်ပြုတ်စီမံဖို့ အာရုံတွေများနေရတဲ့အထဲ အဆီကို ဟင်းချက်ဆီကို ဘယ်လိုသုံးရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ၊ တိုက်တွန်းပြောဆိုမှုတွေကြောင့် စိတ်ပင်ပန်းမှုပိုဖြစ်ကြရမယ်ထင်ပါတယ်။ တကယ်တော့ ဟင်းချက်ဆီဆိုတာ နေ့စဉ် မီးဖိုချောင်ကို ဝင်နေရတဲ့ အိမ်ရှင်မတွေနဲ့ ခွဲခြားလို့ မရတဲ့အရာဖြစ်ပါတယ်။ ချက်ပြုတ်စီမံမှုတိုင်းမှာ ဟင်းချက်ဆီကတော့ အနည်းနဲ့ အများဆိုသလို မဖြစ်မနေပါဝင်နေတဲ့အရာပါ။ ဟင်းချက်ဆီတွေကြောင့် ကျန်းမာရေးထိခိုက်စေတယ်၊ ကိုယ်အလေးချိန်တက်စေတယ်၊ ဒါကြောင့်လျှော့သုံးရမယ်ဆိုပြီး ပြောကြတဲ့အခါ၊ ပြောတဲ့သူတွေအတွက်ကျ လွယ်ကူပေမယ့် တကယ်တမ်း ချက်ပြုတ်စီမံရတဲ့သူတွေအတွက်ကျတော့ အခက်တွေ့စရာပါ။ ဟင်းချက်ဆီတွေက ကျန်းမာရေးထိခိုက်စေသလား ဟင်းချက်ဆီတွေကို အကြမ်းဖျဉ်းအားဖြင့် အပင်၊ အသီးအနှံ၊ တိရိစ္ဆာန်နဲ့ လူလုပ်အဆီတွေကနေ ဖန်တီးထုတ်လုပ်တာဖြစ်ပါတယ်။ အဓိကအားဖြင့် ကြော်လှော်ချက်ပြုတ်တာ၊ မုန့်ဖုတ်တာနဲ့ အစားအသောက်ပြင်ဆင်တာတွေအတွက်ဖြစ်ပါတယ်။ ဟင်းချက်ဆီအမျိုးအစား အမျိုးမျိုးရှိပြီးတော့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

Diet မပါပဲ ဝိတ်ချကြမယ်

Diet လုပ်တာကို “ရှုံးဖို့များတဲ့ဂိမ်း” လို့ တင်စားကြတယ်။ ဆာလောင်မှုဝေဒနာကို တွန်းလှန်ပြီး Diet လုပ်ဖို့ ကြိုးပမ်းကြတဲ့ လူ ၁၀ ယောက်မှာ ၉ ယောက်က မအောင်မြင်တတ်ကြတာမို့ပါ။ ကိုယ်အလေးချိန်ချဖို့ စပြီးစဉ်းစားသူတိုင်းက အစားအသောက်ကို ခြိုးခြံစိစစ်ပြီး Diet ဖို့ အရင်ဆုံး စဉ်းစားတတ်ကြတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ထက် အစာလျော့ဖို့က ပိုလွယ်မယ်လို့ ထင်ကြတာကြောင့်ပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ တက်တက်စင်အောင် လွဲတာပါပဲ။ ဒီတော့ တချို့တွေက Diet မလုပ်ရင် ဝိတ်ချလို့ မရတော့ဘူးလားလို့ တွေးရင်း စိတ်ဓာတ်ကျလာကြတယ်။ ဒါမှမဟုတ်လဲ Diet မလုပ်ပဲ ဝိတ်ချနိုင်တဲ့ နည်းလမ်းများရှိနေမလားလို့ မျှော်လင့်မိလာကြမယ်ထင်ပါတယ်။ Diet မပါပဲ ဝိတ်ချလို့ရလား Diet လုပ်တာဟာ ကိုယ်အလေးချိန်လျှော့ချမှုလုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ လူအတော်များများက မှတ်ယူထားကြပါတယ်။ ဒါက လုံးဝဥဿုံမှန်ကန်တဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝမ်းဗိုက်အဆီ ကျစေဖို့

ကိုယ်အလေးချိန်လျှော့ချရာမှာ ဝမ်းဗိုက်အဆီ ချခြင်းဟာ အဓိကကျပါတယ်။ ဝမ်းဗိုက်အဆီများတာက တကယ်တော့ အန္တရာယ်ရှိပါတယ်။ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့ ဝမ်းဗိုက်အဆီချဖို့ဆိုတာ အလှအပကိစ္စတင်မဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကပါ အရေးကြီးပါတယ်။ ဝမ်းဗိုက်အဆီ တွေကို တိုင်းတာဖို့အတွက် ခါးပတ်လည်ကို ပေကြိုးနဲ့ တိုင်းနိုင်ပါတယ်။ တကယ်လို့ အမျိုးသားတွေမှာ ၄၀ လက်မ (၁၀၂ စင်တီမီတာ) နဲ့အထက်၊ အမျိုးသမီးတွေမှာ ၃၅ လက်မ (၈၈ စင်တီမီတာ) နဲ့အထက် ရှိနေပြီဆိုရင် အဝလွန်စာရင်း ဝင်နေပြီဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်အများစုရဲ့ အဓိကရည်မှန်းချက်ဟာလည်း ဝမ်းဗိုက်ကအဆီတွေကို လျှော့ချဖို့ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဝမ်းဗိုက်အဆီ တွေကို လျှော့ချဖို့ အခြေခံကျတဲ့ နည်းစနစ်တွေပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီ ကျစေဖို့ နည်းလမ်းကောင်းများ ၁။ သကြားများသော၊ အချိုကဲသော […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီးရှာလကာရည်၏ အကျိုးကျေးဇူးများ

ပန်းသီးရှာလကာရည်ဟာ နောက်ပိုင်းမှာ အိမ်တွင်းပစ္စည်းတွေနဲ့ပဲ ပြုလုပ်နိုင်တာမို့ ခေတ်စားလာပါတယ်။ ယခင်ကလည်း အစားအစာချက်ပြုရာမှာရော ဆေးဝါးအနေနဲ့ပါ သုံးစွဲခဲ့ကြပါတယ်။ ပန်းသီးရှာလကာရည်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဓိကအားဖြင့် ပိုးမွှားများ သေစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် နောက်ပိုင်းသုတေသနတွေအရ ကိုယ်အလေးချိန်ကျခြင်း၊ ကိုလက်စထရော ကျစေခြင်း၊ သွေးတွင်းသကြားဓာတ် ကျစေခြင်း၊ ဆီးချိုဝေဒနာများ သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိကြောင်း သိလာရပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်ခြင်း ပန်းသီးရှာလကာရည်ထဲမှာ အက်ဆီတစ်အက်ဆစ်ပါဝင်ပါတယ်။ အဆိုပါအက်ဆစ်ဟာ ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးအထောက်အကူပြု အာနိသင်တွေအတွက် အဓိကကျပါတယ်။ ပရိုတိန်း၊ အင်ဇိုင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်အနည်းငယ် ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေတော့ များများစားစား ပါဝင်ခြင်း မရှိပါဘူး။ နာမည်ကြီးတံဆိပ်တွေမှာတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း