ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပုရစ်ကြော် စားပြီး ရမယ့် ပရိုတင်း ဘာတွေ အကျိုးကျေးဇူးပေးမလဲ

ပုရစ် ကြော် လို့ ပြောလိုက်တာနဲ့ အသည်းယားတဲ့အသံနဲ့ နောက်တွန့်သွားမယ့်သူတွေက တစ်ဖက်၊ ဘယ်မှာလဲ...ဘယ်မှာလဲနဲ့ ချက်ချင်း ပြေးဝယ်စားချင်လောက်အောင် အရမ်းကြိုက်တဲ့သူတွေက တစ်ဖက် ရှိနေပါတယ်။ အင်းဆက် အမျိုးအစားဝင်ဖြစ်တဲ့ ပုရစ်ကြော်က အခုဆို မသေးတဲ့ဈေးနှုန်းနဲ့ မြန်မာ့ဈေးကွက်မှာ ရပ်တည်နေပါပြီနော်။  မြန်မာပြည်မှာက ပုရစ်ရယ်၊ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်တို့ကို ကြိုက်နှစ်သက်ကြတာ ဟိုးအရင်တည်းက။ တရုတ်တန်းက သင်ပေါင်းပိုးကလည်း နာမည်ကြီးရယ်။ ဒါတွေက အင်းဆက်မဟုတ်လို့ ဘာတွေဖြစ်မလဲ။ အင်းဆက်တွေက အာဟာရဓါတ်ကြွယ်ဝပြီး အစာကြေလည်းလွယ်တယ်၊ ဓါတ်မတည့်မှုဆိုတာမရှိသလောက်ကိုနည်းတယ်၊ အဓိက အသားဓါတ်ပြည့်ဝတယ်ဆိုတာ သုတေသနတွေက အထောက်အထားတွေ့ရှိထားတာကြာပေါ့။ အသားဓာတ် အရင်းအမြစ် အင်းဆက်တွေက အသားဓါတ်ကြွယ်ဝပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုးမျိုးလုံးပါဝင်တယ်လို့ သုတေသီတွေကပြောထားပါတယ်။ ဆောင်းရာသီဆို ဒီမှာ တဖွဲဖွဲမြင်နေရတတ်တဲ့ ပိုးကောင်လေးတွေ၊ ဒါးခုတ်ကောင်၊ ကျိုင်းကောင် ၊ပုရစ် စတဲ့ အင်းဆက်တွေကို ဖိလစ်ပိုင်၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား

ချင်း ကို ဟင်းထဲ ထည့်ချက်ရတဲ့ အမွှေးအကြိုင်ပစ္စည်း တစ်မျိုးလို့ပဲ မထင်ထားပါနဲ့နော်။ အစားအသောက်တွေကို ရနံ့မွှေးကြိုင် စေနိုင်တဲ့ အစွမ်း အပြင် သူ့မှာ တခြား ဆေးဖက်ဝင် အစွမ်းအာနိသင်တွေ အများကြီးရှိနေလို့ပါပဲ။ ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား ကိုယ်ခံအားကောင်းဖို့ ချင်းပြုတ်ရည် သောက်ကြပါတယ်တဲ့။ မှန်ပါတယ်။ ချင်း မှာ ပါဝင်တဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိ တို့ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း ချင်းဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ပိုထိရောက်ချင်ရင်တော့ ကိုယ်ခံအားကို ကောင်းစေတဲ့ အာနိသင်ပါဝင်ပြီးသားဖြစ်တဲ့ ပျားရည်၊ သံပရိုရည် စတာတွေနဲ့ ချင်းရေနွေးကြမ်းမှာ ရောနှောသောက်သုံးနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို သေစေနိုင်စွမ်းရှိတယ်လေ။ ပျားရည်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို သံပရိုသီးကလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အကျိုးပြု HDL ကိုလက်စထရောမြင့်စေသော အစားအစာများ

ကိုလက်စထရောအကြောင်းစဉ်းစားတဲ့အခါ အများစုဟာ မကောင်းတဲ့အချက်ကိုပဲ ပေးမြင်ကြပါတယ်။ နှလုံးနဲ့သွေးကြောတွေကို ဒုက္ခပေးတတ်တဲ့ ဓာတ်ပစ္စည်းအဖြစ် မြင်ကြပါတယ်။ ဒါပေမယ့် အကျိုးပြုတဲ့ ကိုလက်စထရောရှိပါသေးတယ်။ HDL (High-density lipoprotein) ကိုလက်စထရောလို့ ခေါ်ပါတယ်။ သူဟာ မကောင်းတဲ့ ကိုလက်စထရောတွေ ဖယ်ထုတ်ဖို့ အကူအညီပေးပါတယ်။ သွေးကြောတွေထဲက မလိုလားတဲ့ အနည်အနှစ်တွေ ပိုနေတဲ့ကိုလက်စထရောတွေကို အသည်းဆီဖယ်ထုတ်ပါတယ်။ အသည်းကနေတဆင့် ကိုယ်ခန္ဓာထဲကနေ စွန့်ထုတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ၊ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာထဲမှာ HDL ကိုလက်စထရောရှိသင့်တဲ့ ပမာဏကတော့ 60 mg/dL နဲ့အထက် ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ HDL ကိုလက်စထရောကို မြင့်မားစေဖို့ ဘယ်အစားအစာတွေကို ရွေးချယ်စားသုံးရမလဲ ဖြစ်ပါတယ်။ ၁။ သံလွင်ဆီ နှလုံးကျန်းမာရေးနဲ့ သင့်တော်တဲ့ဆီ ဖြစ်ပါတယ်။ သံလွင်ဆီနဲ့ ချက်ပြုတ်မယ်ဆိုရင်တော့ အပူချိန်သိပ်မများစေဘဲ ချက်ပြုတ်ရမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အလျင်အမြန်ရနိုင်တဲ့ အစားအစာ (ဥပမာ−ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ ကိုလာ) အစရှိတဲ့ အရာတွေကို ဘယ်လို စားသုံးကြမလဲ

Fast Food ဆိုတာ မြန်မြန်ဆန်ဆန်ပြင်ဆင်ပြီး လွယ်လွယ်ကူကူစားသုံးနိုင်တဲ့ အစားအစာတွေကို ဆိုလိုတာပါ။ စားသောက်ဆိုင်တွေ၊ စူပါမာ့ကတ်တွေနဲ့ Delivery (အိမ်အရောက်သယ်ယူပို့ဆောင်ပေးတဲ့ Online စားသောက်ဆိုင်) တွေကနေ ဝယ်ယူစားသုံးနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီလိုအစားအစာတွေဟာ နာမည်ကြီး လူကြိုက်များလာကြပါတယ်။ စျေးနှုန်းသင့်တင့်တယ်၊ အဆင်ပြေလွယ်ကူတယ်၊ အရသာရှိတယ် စတဲ့အကျိုးကျေးဇူးတွေကြောင့်ပါ။ ဒါပေမယ့် ဒီလိုအသင့်စား အစားအစာတွေမှာ စျေးပေါတဲ့ ပါဝင်ပစ္စည်းတွေ ထည့်ထားတတ်ကြပါတယ်။ အဆီများတဲ့အသားတွေ၊ ပြန်လည်သန့်စင်ထားတဲ့ တစ်ပတ်ရစ်ဆီတွေနဲ့ သကြားတွေပါပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံနဲ့ အသား၊ ပဲတွေထည့်ရမယ့်အစား ဒီလိုအရာတွေကို အစားထိုးထည့်ထား တာပါ။ ဆိုဒီယမ်ဆိုတဲ့ဆားဓာတ်လည်း ပိုလျှံစွာပါဝင်ပါတယ်။ အရသာရှိအောင် ပမာဏမြောက်များစွာ ထည့်သွင်း အသုံးပြုထားတာပါ။ ဒီအစားအစာတွေကို စားနေခြင်းဟာ မကောင်းဘူးလား ။ Fast Food တွေကို မကောင်းတဲ့ အစားအစာထဲတော့မထည့်ထားပါဘူး။ ဒါပေမယ့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး

မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ ​ကြော်ချက်လေးပဲလုပ်လုပ်၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်လို့ အသုပ်လေးနဲ့ပဲ တွဲစားစား စားလို့ကောင်းလို့ ဘူးသီးလေးကို ကြိုက်တဲ့ သူတွေရှိလား........... ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင် မဖြစ်မနေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။ ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်လား။ ဘူးသီး ဆိုတာ ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရိုသီး နဲ့ ကျန်းမာရေး

အနံ့မွှေးမွှေးပြီး ချဉ်ပြုံးပြုံးအရသာရှိလှပြီး ဖျော်ရည်ပဲ ဖျော်သောက်သောက်၊ အသုပ်ထဲ ပဲထည့်စားစား အရသာရှိသလို ခံတွင်းရှင်းတဲ့ သံပရိုသီးလေးက ကျန်းမာရေးနဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုများ အထောက်အကူပေးလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။ သံပရိုသီး သံပရိုသီးလို့ ပြောလိုက်ရင် အခွံဝါဝါလေးနဲ့ အရည်ရွှမ်းတဲ့ အသီး မွှေးမွှေးလေးတွေကို ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီသံပရိုသီးလေးတွေက ဖျော်ပဲသောက်သောက်၊ အသုပ်တွေ၊ မုန့်ဟင်းခါးတွေ၊ အုန်းနို့ခေါက်ဆွဲလို စားစရာတွေထဲကိုပဲ ထည့်စားစား စားလို့ကောင်းပါတယ်။ သံပရိုသီးရဲ့ အကျိုးကျေးဇူးက စားလို့ကောင်းရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြား အသုံးဝင်တာတွေလည်း ရှိပါသေးတယ်။ သံပရိုသီးမှာပါတဲ့ အာဟာရဓာတ် သံပရိုသီးမှာ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် အဆီဓာတ် တို့ပါဝင်ပါတယ်။ သံပရိုသီး နဲ့ ကျန်းမာရေး ချဉ်ပြုံးပြုံး အရသာရှိတဲ့ သံပရိုသီးလေးက နှလုံးကျန်းမာ စေတယ် ဗီတာမင် C ကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါခံစားရတာနဲ့ လေဖြတ်တာတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားဓာတ် ချို့တဲ့ရင် ဘာတွေ ဖြစ်လာမလဲ

အသားဓာတ် ဆိုတာ ပရိုတင်း လို့လည်း ခေါ်ကြတဲ့ ဓာတ်ပေါ့။ အသား မပါလို့ မစားတတ်သူ တွေမှာ ဒီပြဿနာ မရှိနိုင်လောက်ပေမယ့် အသား မကြိုက်သူတွေ၊ သက်သတ်လွတ် စားတဲ့သူ တွေမှာတော့ အသားဓာတ် ချို့တဲ့နိုင်ပါတယ်။ အသား ဓာတ် ချို့တဲ့ရင် ဒီလို ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိထားကြပါနော်။ ကံကောင်းတာ တစ်ခုက အသား ဓာတ် ကို အသား မဟုတ်တဲ့ တခြားအစားအစာ ကနေ လည်း ရနိုင်တာပါပဲ။ အသားဓာတ် နည်းတဲ့ ဆိုးကျိုး လက္ခဏာများ အရိုး ကျိုး အက်လွယ်မယ် ထိုင်ခုံ အပုလေးပေါ်ကနေ ပြုတ်ကျတာ၊ ချော်လေးလဲတာလောက်နဲ့တင် အရိုး အက် အရိုးကျိုး သွားပြီ ဆိုရင် သေချာပါတယ်။ သင့်ကိုယ်ထဲမှာ အသားဓာတ်ချို့တဲ့နေပါပြီ။ အရို းတစ်ခု ကြံ့ခိုင်ဖို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပြန်လည်ကျန်းမာလာချိန်မှာ လိုအပ်မယ့် အာဟာရနဲ့ ရေဓာတ်ပြည့်ဝမှု

နေပြန်ကောင်းလာစအချိန်မှာ ခန္ဓာကိုယ်က တော်တော်လေး အားနည်း နေနိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအား အပြည့်အဝ ပြန်လည် ကျန်းမာလာစေဖို့ဆိုရင် လုံလောက်တဲ့ အာဟာရပြည့်ဝဖို့လိုအပ်ပါမယ်။ ဒီတော့ နေကောင်းပြီးစချိန်မှာ ဘယ်လိုမျိုး အာဟာရပြည့်ဝဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ နေကောင်းပြီးစလူတစ်ယောက် ပြည့်ဝဖို့ လိုအပ်မယ့် ရေဓာတ်နဲ့ အာဟာရပြည့်ဝမှု ဖျားနာတာ၊ အအေးမိ၊ တုပ်ကွေး ဖြစ်တာ၊ ထိခိုက်ဒဏ်ရာ ပိုးဝင်တာကြောင့် နေမကောင်းဖြစ်ပြီးနောက် ပြန်လည်ကျန်းမာလာစမှာ အာဟာရပြည့်ဝဖို့ လိုသလို ရေဓာတ် ပြည့်ဝဖို့ကလည်း လိုအပ်ပါတယ်။ ဒါမှ ကိုယ်ခံအားပြည့်ဝပြီး မြန်မြန် ကျန်းမာလာမှာပါ။ နေမကောင်းတဲ့အခါ ရေဓာတ်ဆုံးရှုံးမှု ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ နေကောင်းနေချိန်မှာတောင် ဆီးသွား၊ ချွေးထွက်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရဓာတ်ဆုံးရှုံးနိုင်ပါတယ်။ နေမကောင်းချိန်မှ ရေဓာတ်ဆုံးရှုံးမှုက ပိုမြန်ဆန်ပါတယ်။ အဖျား ၁၀၀.၂ ဒီဂရီဖာရင်ဟိုက်လောက်အထိ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချတော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့် Do’s & Don'ts များ

ဒီကနေ့ခေတ်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ဆိုတဲ့ ကိစ္စက လူတိုင်းနီးပါး တွေးနေကြတဲ့ ကိစ္စတစ်ခုပါ။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူကနေစလို့ အဝလွန်နေတဲ့လူတွေအထိ ဝိတ်ချမယ်၊ ကိုယ်အလေးချိန်ချမယ်ဆိုပြီး ဆက်တိုက်ပြောနေတတ်ကြတယ်မဟုတ်လား။ Gym တွေသွားမယ်၊ Diet တွေလုပ်မယ်၊ အချိုတွေရှောင်မယ် စသဖြင့် ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ ဝိတ်ချတတ်ကြပေမယ့် တကယ်တမ်းအောင်မြင်သွားတဲ့လူတွေကတော့ လူ ၁၀ ဦးမှာ ၁ ဦးနှုန်းပဲရှိပါတယ်တဲ့။ ဒီမှာ မေးစရာရှိလာတာက ဝိတ်ချရတာ ဒီလောက်တောင် ခက်သလား။ ဒါမှမဟုတ် ဘာကြောင့် ဝိတ်ချရခက်နေကြတာလဲ။ တကယ်တော့ ဝိတ်ချရတာမခက်ပါဘူး။ လိုက်နာသင့်တာတွေကို လိုက်နာပြီး ရှောင်သင့်တာတွေကို ရှောင်မယ်ဆိုရင် ဝိတ်ချတာက တကယ်လွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။ ပြဿနာက လူ့စိတ်ပါပဲ။ ရေရှည် အစီအမံမထားပဲ ကြုံသလို ဝိတ်ချကြတဲ့အခါ ကျတဲ့အချိန်မှာ အတင်းကာရော ပိန်သွားတတ်ပေမယ့် အချိန်တန်တော့ ပြန်ပြီး ကိုယ်အလေးချိန်တက်လာတာမျိုး ကြုံဆုံရပါတော့တယ်။ ဒီလိုမဖြစ်ချင်ဘူး။ စနစ်တကျနဲ့ ဝိတ်ချချင်တယ်ဆိုတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်

လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်က စွမ်းရည်ပြည့်ဝနေမယ်ဆိုရင် ရောဂါအမျိုးမျိုးကို တွန်းလှန်ပြီး ခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိနေမယ်။ ကိုယ်ခံအားစနစ်က မကောင်းဘူးဆိုရင်တော့ ရောဂါပိုးအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး မကျန်းမမာရှိနေမယ်၊ ခဏခဏဖျားနာ နေမကောင်းဖြစ်လိမ့်မယ်။ အခုလို ရောဂါအမျိုးမျိုး ပေါ်ထွက်နေတဲ့အချိန်မှာဆိုရင် ကိုယ်ခံအားစနစ် စွမ်းအားပြည့်ဝနေဖို့က မဖြစ်မနေကို လိုအပ်တာပေါ့။ ဒီကိုယ်ခံအားပေါ်ကို သက်ရောက်နေတဲ့အချက်ကလည်း တစ်ခုမကပါဘူး။ ဒီတော့ အမျိုးမျိုးသော ရောဂါတွေကိုတိုက်ထုတ်ဖို့ ကာကွယ်ဖို့ လိုအပ်တဲ့ ကိုယ်ခံအားကောင်းနေစေဖို့ ကောင်းမွန်တဲ့အစားအသောက်နဲ့ အာဟာရ ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒီတော့ စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ် တွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ကိုယ်ခံအား ဆိုတာက ဘာလဲ……… ကိုယ်ခံအားဆိုတာက နားလည်လွယ်အောင် ပြောပြရရင်  ခန္ဓာကိုယ်အတွက် ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း