ကိုယ်ခန္ဓာထဲမှာ အဆီတစ်သျှူးတွေများလာရင် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာပါတယ်။ သွေးလည်ပတ်မှုကို ပိုမိုလုပ်ဆောင်လာရပါတယ်။ ဒါကြောင့် နှလုံးဟာ သွေးကို ညှစ်ထုတ်ဖို့ ပိုမိုအားစိုက်ရပါတယ်။ အဲဒီအခါ ဖိအားတိုးလာပြီး သွေးတိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတိုးခြင်းဟာ နှလုံးနဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်ပျက်စီးလာစေပါတယ်။
အဝလွန်သူများဟာ အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ များပါတယ်။ အဆီပိုတွေဟာ အသည်းထဲမှာ သွားရောက်စုဝေးရင် ဖြစ်တတ်ပါတယ်။ အသည်းတစ်သျှူးတွေ ပျက်စီးသွားပြီး အမာရွတ်တွေပြည့်လာာရင် အသည်းခြောက်ခြင်း ဖြစ်လာပါတယ်။ အသည်းအဆီဖုံးခြင်းဟာ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒီရောဂါကို ကာကွယ်ဖို့ ကိုယ်အလေးချိန်လျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်ရှောင်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။
သည်းခြေအိတ်ထဲမှာ သည်းခြေများကို သိုလှောင်ထားပြီး အစချေဖျက်ချိန်မှာ အူသိမ်ထဲကို ထုတ်လွှတ်ပေးပါတယ်။ သည်းခြေဟာ အဆီကိုချေဖျက်ပေးပါတယ်။ အဝလွန်လာရင်တော့ သည်းခြေထဲမှာ ကိုလက်စထရောတွေများလာပြီး သည်းခြေအိတ်လည်းကြီးလာပါတယ်။ အလုပ်ကောင်းကောင်းမလုပ်တော့ဘဲ သည်းခြေကျောက်တွေ ဖြစ်လာစေပါတယ်။
အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေစားရင် သည်းခြေကျောက်မဖြစ်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အဝလွန်ခြင်း ကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ခရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်တယ်လို့ ဆိုပါတယ်။
အဝလွန်တဲ့ ကိုယ်ဝန်ဆောင် အမျီုးသမီးတွေဟာ အင်ဆူလင်မတိုးတော့တာကြောင့် ဆီးချီုတက်ခြင်း၊ သွေးတိုးခြင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ကိုယ်ဝန်ဆောင်ကာလနဲ့ မီးဖွားချိန်မှာ နောက်ဆက်တွဲပြဿနာတွေ ကြုံရပါတယ်။ ကိုယ်အလေးချိန်များနေပြီး ကလေးယူဖို့ စိတ်ကူးရှိရင် ကိုယ်အလေးချိန်ကို လျှော့ချသင့်ပါတယ်။
အဝလွန်ခြင်း နဲ့ ဆက်နွယ်ပြီး စိတ်ဓာတ်ကျခြင်းပါ ဖြစ်တတ်ပါတယ်။ ခွဲခြားခံရခြင်းကြောင့် စိတ်ဓာတ်ကျမိတာ ရှိသလို မိမိကိုယ်ကို အားမရဖြစ်ပြီး စိတ်ကျနိုင်တာလည်း ရှိပါတယ်။ စိတ်ကျရင် အစားအသောက် ပိုစားဖြစ်ပြီး ပိုဆိုးလာနိုင်ပါတယ်။ လိုအပ်ရင် နှစ်သိမ့်ဆွေးနွေးမှုခံယူသင့်ပါတယ်။ စိတ်ကျချိန်မှာ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်သင့်ပါတယ်။
………………………….
အဝလွန်ခြင်း ဟာ ကိုယ်ရောစိတ်ပါ ထိခိုက်စေပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေတာမို့ ဂရုပြုပြီး စားသောက်နေထိုင်မှုကို ပြင်ဆင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။