နို့မှာပါဝင်တဲ့ ပရိုတိန်းများကို အဓိက အုပ်စုနှစ်ခု ခွဲပါတယ်။ Casein နဲ့ Whey လို့ခေါ်ပါတယ်။ Casein ဟာ ၇၀-၈၀ ရာခိုင်နှုန်းလောက်ပါဝင်ပြီး Whey ပရိုတိန်းကတော့ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။
နို့သောက်ခြင်းဟာ အရိုးများ ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူပြုပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ပရိုတိန်းနဲ့ ဗီတာမင် K2 စတာတွေ ပါဝင်ပါတယ်။
ကိုယ်ခန္ဓာမှာရှိတဲ့ ကယ်လ်ဆီယမ်ရဲ့ ၉၉ရာခိုင်နှုန်းကို အရိုးများနဲ့သွားထဲ သိုလှောင်ထားပါတယ်။ နို့မှာ ကယ်လ်ဆီယမ်ကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ လိုအပ်တဲ့ ဗီတာမင် D၊ ဗီတာမင် K၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ် စတာတွေ ပါဝင်ပါတယ်။
ဒါကြောင့် နို့ကို ပုံမှန်သောက်ပေးရင် အရိုးနဲ့ပတ်သက်တဲ့ ရောဂါတချို့ (ဥပမာ အရိုးပွခြင်း) ကို ကာကွယ်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုများ အရိုးများကျိုးပဲ့လွယ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
နို့သောက်ခြင်းဟာ အဝလွန်နိုင်ခြေ လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် မပြုမပြင်ရသေးတဲ့ သဘာဝနို့စစ်စစ်ကိုသာ ဆိုလိုပါတယ်။
နို့မှာ ပရိုတိန်းပါဝင်မှုများတာမို့ အဆာခံပါတယ်။ ဒါကြောင့် အစာကိုလိုတာထက် ပိုပြီး စားသုံးမိခြင်းကနေ ကာကွယ်ပေးပါတယ်။
ဒါ့အပြင် linoleic အက်ဆစ်ဟာ အဆီဓာတ်များကို ဖြိုခွဲပေးတာကြောင့် အဝလွန်နိုင်ခြေကို ကာကွယ်ပေးပါတယ်။ နို့မှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဟာလည်း အဆီဓာတ်များကို ဖြိုခွဲပြီး ကိုယ်ခန္ဓာက စုပ်ယူထားခြင်းကနေ ကာကွယ်ပေးပါတယ်။
၅။ ဘက်စုံသုံးနိုင်ခြင်း
နို့ဟာ ကျန်းမာရေးအတွက် နည်းမျိုးစုံနဲ့ အကျိုးပြုပါတယ်။ ပုံမှန်အတိုင်း သောက်သုံးနိုင်တဲ့အပြင် တခြားအစားအသောက်များနဲ့ နည်းမျိုးစုံ တွဲဖက်စားသုံးနိုင်ပါတယ်။ ဥပမာအားဖြင့်-
• Smoothies။ ပရိုတိန်းကြွယ်ဝပြီး အရသာရှိတဲ့ စမူသီအနေနဲ့ ပြင်ဆင်စားသုံးနိုင်ပါတယ်။ အာဟာရဓာတ် ပိုမိုပြည့်ဝအောင် အသီးအနည်းငယ် ထပ်ဖြည့်နိုင်ပါတယ်။
• Oatmeal။ တခြားအရည်နဲ့စပ်မယ့်အစား နို့သုံးရင် အရသာကောင်းမွန်ပြီး အာဟာရပြည့်ဝပါတယ်။
• ကော်ဖီ။ မနက်ခင်းကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ပေါင်းစပ်သောက်သုံးရင် အာဟာရဓာတ် ပိုမိုရရှိမှာ ဖြစ်ပါတယ်။
• စွတ်ပြုတ်။ နို့ကို စွတ်ပြုတ်ထဲလည်း ရောစပ်သောက်သုံးနိုင်ပါတယ်။
နွားနို့နဲ့ တိရစ္ဆာန်တွေဆီက ထုတ်ယူထားတဲ့ နို့မဟုတ်ဘဲ အစေ့အဆန်တွေဆီက ထုတ်လုပ်ထားတဲ့ နို့တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် တိရစ္ဆာန်ထွက် အစားအသောက်များကို ရှောင်ကြဉ်သူတွေအနေနဲ့လည်း ထပ်မံရွေးချယ်စရာ ရှိနေပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။