ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီးရှာလကာရည်၏ ဘေးထွက်ဆိုးကျိုးများ

ပန်းသီးရှာလကာရည်ဟာ လူသားတို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတယ်လို့ သိပ္ပံနည်းကျသုတေသနတွေအရ သိရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ဘယ်အရာဖြစ်စေ အလွန်အကျွံသုံးစွဲမိရင် ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည် သုံးစွဲချိန်မှာ ကြုံလာနိုင်တဲ့ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်ဆိုတာကတော့ ပန်းသီးကို တစေးနဲ့ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ တစေးဟာ ပန်းသီးထဲက သကြားဓာတ်ကို အယ်လ်ကိုဟောအသွင် ပြောင်းစေပါတယ်။ ပြီးရင် ဘက်တီးရီးယားတွေ ပေါင်းစပ်ပြီး အယ်လ်ကိုဟောကို အက်ဆီတစ်အက်ဆစ်အသွင် ပြောင်းလဲသွားစေပါတယ်။ ဒါဟာ ပန်းသီးရှာလကာရည် ဖြစ်ပေါ်လာပုံ အကြမ်းဖျဉ်း ဖြစ်ပါတယ်။ ၁။ အစာအိမ်မှ အစာခြေချိန်ကို နှေးစေခြင်း ပန်းသီးရှာလကာရည်ဟာ အစာအိမ်ကနေ ချေဖျက်ပြီးသား အစာတွေ အူလမ်းကြောင်းထဲ ရောက်စေတဲ့ နှုန်းထားကို လျှော့ချပြီး သွေးတွင်းသကြားဓာတ် ရုတ်ချည်းမြင့်တက်မှုကို တားဆီးပေးပါတယ်။ ဒါဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂရိတ်ဖရုသီး၏ အကျိုးကျေးဇူးများ

ဂရိတ်ဖရုဟာ အချဉ်ဓာတ်ကဲတဲ့ သံပုရာမျိုးနွယ်ဝင်ဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အသီးတခုလုံးကို စားသုံးနိုင်သလို ဖျော်ရည်ပြုလုပ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။ ဂရိတ်ဖရုဟာ အသားအရေကို လှပစေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ ယခုဆောင်းပါးမှာဖော်ပြမှာကတော့ ကျန်းမာရေးအပေါ် ဂရိတ်ဖရုရဲ့ အကျိုးပြုပုံနဲ့ သတိပြုရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။ အကျိုးကျေးဇူးများ ဂရိတ်ဖရုမှာ ကယ်လိုရီနည်းပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် A နဲ့ C များစွာ ပါဝင်ပါတယ်။ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဆီးချို ဂရိတ်ဖရုမှာ သကြားဓာတ်ညွှန်ကိန်း (glycemic index) နည်းပါတယ်။ အမျိုးအစား ၂ ဆီးချို ဖြစ်ပွားနိုင်ခြေကို နည်းပါးစေပါတယ်။ ဂရိတ်ဖရုမှာ naringin ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုး ပါဝင်ပြီး အမျိုးအစား ၂ ဆီးချိုသမားတွေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အထောက်အကူပြုတယ်လို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖိန်းကိုဖြတ်တောက်လိုက်ရင် ဘာတွေဖြစ်လာနိုင်လဲ

တနေ့တာ နိုးထတာနဲ့ သင့်အနေနဲ့ ဘာကိုမြင်ယောင်မိပါသလဲ။ အများစုကတော့ မနက်စာပူပူနွေးနွေးနဲ့ ကော်ဖီတခွက်ကို တောင့်ဆမိကြပါလိမ့်မယ်။ ကော်ဖီကိုကြိုက်နှစ်သက်သူများကတော့ တနေ့တာမနက်ခင်းကို ကော်ဖီမသောက်ဘဲ ရောင့်ရဲနိုင်မယ် မထင်ပါဘူး။ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေရဲ့ ၇၅ ကနေ ၈၀%ဟာ ကော်ဖီ ဒါမှမဟုတ် ကဖိန်းပါတဲ့ အဖျော်ယမကာတွေကို ပုံမှန်သောက်သုံးနေတယ်လို့ သိရပါတယ်။ ကဖိန်းဓာတ် အဓိကပါဝင်တာကတော့ ကော်ဖီဖြစ်ပြီး ကာဗွန်ဖြည့်ထားတဲ့ အချိုရည်နဲ့ လက်ဖက်ရည်မှာလည်း အနည်းငယ် ပါဝင်ပါတယ်။ အဆိုပါ ကဖိန်းပါဝင်တဲ့ သောက်သုံးစရာများဟာ ကဖိန်းစွဲခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ သင့်အနေနဲ့ ကဖိန်းပါတဲ့ အရည်တွေကို နေ့စဉ်သောက်သုံးနေရာကနေ ရပ်တန့်လိုက်မယ်ဆိုရင်လည်း ကဖိန်းပြတ်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ကဖိန်းပြတ်ချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကို လေ့လာပြီး ကဖိန်းကို အလွန်အကျွံစွဲလန်းခြင်းမဖြစ်အောင် သတိပြုသင့်ပါတယ်။ ကဖိန်းဟာ ကိုယ်ခန္ဓာပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲ ကဖိန်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ပျော်ရွှင်တက်ကြွခြင်းကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေထိုင်မကောင်းချိန်မှာ သောက်သင့်တဲ့ အသီးဖျော်ရည်များ

အအေးမိတုပ်ကွေးဖြစ်ချိန် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေချိန်မှာ ကိုယ်ခံစွမ်းအားကို ပြန်လည်မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဆက်လက်ဖော်ပြမှာကတော့ သင့်ကျန်းမာရေးကို အထောက်အကူပြုမယ့် အသီးဖျော်ရည်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ၁။ ပန်းသီး၊ မုန်လာဥနီနှင့် လိမ္မော်သီးဖျော်ရည် ပန်းသီး၊ မုန်လာဥနီနဲ့ လိမ္မော်သီးကိုပေါင်းစပ် သောက်သုံးခြင်းဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အနံ့အရသာကောင်းမွန်ပြီး နံနက်ခင်းမှာ ဖျော်စပ်သောက်သုံးမယ်ဆိုရင် တစ်နေ့တာ လန်းဆန်းအားပြည့်စေပါလိမ့်မယ်။ ဒီအသီးသုံးမျိုး ပေါင်းစပ်ခြင်းကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် A, B6, C နဲ့ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ် စတာတွေပဲ ဖြစ်ပါတယ်။ ၂။ လိမ္မော်သီးနှင့် ဂရိတ်ဖရု ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဆဲလ်တွေကို ထိခိုက်ပျက်စီးခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင် အနာကျက်နှေးခြင်း၊ ရောဂါပိုးကူးစက်လွယ်ခြင်း၊ ကိုယ်ခံအားနည်းခြင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ

အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အထူးသဖြင့် နေထိုင်မကောင်းဖြစ်ပြီး အားအင်မပြည့်ဝချိန်မှာ ဖြစ်ပါတယ်။ နေမကောင်းချိန်မှာ စားသောက်တဲ့ အစားအစာများဟာ ကျန်တဲ့အချိန်တွေထက် ပိုပြီးအရေးပါပါတယ်။ ရောဂါဝေဒနာတွေကို သက်သာစေဖို့၊ အာဟာရပြည့်ဝစေဖို့အတွက် နေထိုင်မကောင်းချိန်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ ကယ်လိုရီနဲ့ ပရိုတိန်းဓာတ်တွေ မျှတအောင် ရွေးချယ်စားသောက်တတ်ဖို့ လိုပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ အကြောင်းပဲ ဖြစ်ပါတယ်။ နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ က ဘာတွေများ ဖြစ်မလဲ။ ၁။ ကြက်စွပ်ပြုတ် အအေးမိတုပ်ကွေး ပြဿနာတွေအတွက် ကြက်စွတ်ပြုတ်ကို ဆေးဝါးတခုလိုအသုံးပြုခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ ကြက်စွတ်ပြုတ်ဟာ ပရိုတိန်း၊ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေ အများကြီးပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေဟာ နေထိုင်မကောင်းသူတွေအတွက် ဆေးဝါးတွေလိုပါပဲ။ အထူးသဖြင့် အဖျားတက်နေချိန်မှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကော်ဖီဟာ ဇီဝဖြစ်ပျက်မှုတွေကို မြန်ဆန်စေသလား

ကော်ဖီမှာ ကဖိန်းဓာတ် ပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ ကမ္ဘာပေါ်မှာ စားသုံးမှုအများဆုံး စိတ်ပိုင်းဆိုင်ရာ တက်ကြွစေတဲ့ စားသောက်ဖွယ်ရာတမျိုးပဲ ဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ စီးပွားဖြစ်ထုတ်လုပ်လာကြတဲ့ အဆီကျဆေး ဖြည့်စွက်စာတွေမှာလည်း ထည့်သွင်းထားကြပါတယ်။ ကဖိန်းဟာ အဆီတစ်သျှူးတွေထဲက အဆီဓာတ်တွေကို ရွှေ့ပြောင်းဖယ်ထုတ်နိုင်ပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးတဲ့ ပစ္စည်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ ဒီလိုဆိုရင် ကော်ဖီဟာ ကိုယ်အလေးချိန် ကျစေပါသလား။ ဒီဆောင်းပါးမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။ ကော်ဖီမှာ ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးတဲ့ အရာဝတ္တုတွေ ပါဝင်ပါတယ် ကော်ဖီစေ့မှာ တွေ့ရှိရတဲ့ ဇီဝပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲက ဇီဝဖြစ်ပျက်မှုတွေကို သူ့နည်းသူ့ဟန်နဲ့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် အောက်ပါပစ္စည်းတွေ ဖြစ်ပါတယ်။ - ကဖိန်း။ ကော်ဖီမှာပါဝင်တဲ့ အဓိက ဇီဝလှုံ့ဆော်တဲ့ ပစ္စည်းဖြစ်ပါတယ်။ - သီရုဘရိုမိုင်း။ ကိုကိုးမှာ အဓိကတွေ့ရတဲ့ လှုံ့ဆော်ပစ္စည်းဖြစ်ပြီး ကော်ဖီမှာလည်း အနည်းငယ်တွေ့ရပါတယ်။ - သီရိုဖိုင်လင်း။ ကိုကိုးမှာရော ကော်ဖီမှာပါတွေ့ရပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ

ရေသောက် ခြင်းဟာ နေ့စဉ်ကြုံနေကျ ရိုးစင်းတဲ့အရာဖြစ်တာမို့ သိပ်ပြီးထူးထူးထွေထွေ သဘောမထားမိကြပါဘူး။ တကယ်တော့ ရေသောက်ခြင်းမှာ အကျိုးကျေးဇူးများစွာရှိကြောင်း သိပ္ပံနည်းကျ သုတေသနတွေအရ သိရှိရပါတယ်။ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းထားပါတယ်။ အခြေခံဆဲလ်များအတွက် မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ရေဓာတ်ကို ကိုယ်ခန္ဓာကနေ လျော့နည်းမသွားစေဘဲ နည်းမျိုးစုံနဲ့ ဖြည့်တင်းထားသင့်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ ရေသောက် ခြင်း၏ အကျိုးကျေးဇူးများက ၁။ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ခြင်း ရေဓာတ်ခန်းခြောက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်နေချိန်နဲ့ ရာသီဥတုပူပြင်းချိန် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲက ရေဓာတ် ၂%ခန့် လျော့နည်းသွားရင်တောင် ရေဓာတ်ခန်းခြောက်ခြင်းကို သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအပူချိန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကာဗွန်ထည့်သွင်းထားတဲ့ အချိုရည်များဟာ ကောင်းသလား ဆိုးသလား

ကာဗွန်ထည့်သွင်းထားတဲ့ အရည်များဟာ လူကြိုက်များတဲ့ အချိုရည်များပဲ ဖြစ်ပါတယ်။ အရသာရှိပြီး အမျိုးအစားစုံလို့ ဈေးကွက်လည်း တွင်ကျယ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူအများဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတချို့ ရှိလာပါတယ်။ ယခုဆောင်းပါးမှာတော့ ကာဗွန်အချိုရည်နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကာဗွန်ထည့်သွင်းထားတဲ့ အရည်ဆိုတာ ဘယ်လိုမျိုးလဲ ကာဗွန်ထည့်သွင်းထားတဲ့ အရည်ဆိုတာကတော့ ရေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖိအားပေးပြီး ထည့်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။ စပါကလင်ရည်လို့လည်း ခေါ်ကြပြီး လှုပ်ရှားလိုက်တဲ့အခါ အမြှုပ်လေးတွေ တစီစီနဲ့ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုဒါရည် (Soda Water) လို့လည်း ခေါ်ကြပါတယ်။ seltzer water နဲ့ fizzy water လို့လည်း ခေါ်ကြပါသေးတယ်။ seltzer water ကလွဲလို့ ကျန်တဲ့ ကာဗွန်ရည်တွေမှာ အရသာပိုကောင်းအောင် ဆားပါထည့်သွင်းထားပါတယ်။ တခါတရံမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖိန်းဓာတ်လွန်ကဲခြင်း၏ အကျိုးအပြစ်များ

ကော်ဖီနဲ့လက်ဖက်ရည်များဟာ လူကြိုက်များတဲ့ စားသုံးဖွယ်ရာတွေဖြစ်ပါတယ်။ နှစ်မျိုးစလုံးမှာ ကဖိန်းဓာတ် ပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဇီဝဖြစ်ပျက်မှုများကို မြန်ဆန်စေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကဖိန်းဓာတ်ဟာ သင့်တင့်ရုံသောက်သုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ် လွန်ကဲလာရင်တော့ ဘေးထွက်ဆိုးကျိုးတွေ များပြားလာနိုင်ပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ၁။ စိတ်ပူပန်ခြင်း ကဖိန်းဟာ တက်ကြွမှုကို ဖြစ်စေပါတယ်။ အဒီနိုဆင်းလို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ ဓာတုပစ္စည်းကို တားဆီးပေးပါတယ်။ တစ်ချိန်တည်းမှာပဲ အဒရီနယ်လင်းလို့ခေါ်တဲ့ စွမ်းအင်မြှင့်ပေးတဲ့ ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒါပေမယ့် အဆိုပါဟော်မုန်းတွေ များပြားလာရင် စိတ်ပူပန်ခြင်း၊ ဂနာမငြိမ်ခြင်းတွေ ဖြစ်စေပါတယ်။ အမေရိကန်စိတ်ကျန်းမာရေး ဆရာဝန်အသင်းအနေနဲ့လည်း ကဖိန်းကြောင့်ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်းကို ရောဂါရှာဖွေအတည်ပြုခြင်းအဆင့်မှာ ထည့်သွင်းစဉ်းစားပါတယ်။ တစ်နေ့တာမှာ ကဖိန်းဓာတ် ၁၀၀၀ မီလီဂရမ်ထိ သောက်သုံးမိရင်တော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖိန်းဟာ ရေဓာတ်ခန်းခြောက်စေသလား

ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်သုံးစရာတခုဖြစ်ပါတယ်။ ကော်ဖီကို လူကြိုက်များရတဲ့ အကြောင်းတခုကတော့ သူ့မှာပါဝင်တဲ့ ကဖိန်းဓာတ်ကြောင်းဖြစ်ပြီး တက်ကြွလန်းဆန်းစေတဲ့ အာနိသင် ရှိပါတယ်။ ဒါပေမယ့် ကဖိန်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်စေတယ်လို့လည်း ဆိုကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကဖိန်းဓာတ်ကြောင့် ရေဓာတ်ခန်းခြောက်စေသလား၊ ရေဓာတ်ပြည့်ဝစေသလား ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကဖိန်းနှင့် ရေဓာတ် ကော်ဖီသောက်ရတဲ့ အဓိကအကြောင်းကတော့ ကဖိန်းဓာတ်ကို ခံစားရရှိနိုင်ဖို့ ဖြစ်ပါတယ်။ ကဖဖိန်းဟာ ကမ္ဘာပေါ်မှာ စားသုံးမှုအများဆုံးပစ္စည်းတမျိုးဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးနိုင်တဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကိုပါ တိုးတက်စေဖို့ အထောက်အကူ ပြုပါတယ်။ ကိုယ်ခန္ဓာထဲကို ရောက်တဲ့အခါ ကဖိန်းဟာ အစာအိမ်အူလမ်းကြောင်းကတဆင့် သွေးထဲကို ရောက်သွားပါတယ်။ နောက်ဆုံးမှာ အသည်းကို ရောက်ပြီး ဒြပ်ပေါင်းများစွာအဖြစ် ဖြိုခွဲပြီး ဦးနှောက်အပါအဝင် တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ရောက်သွားပါတယ်။ ကဖိန်းဓာတ်ဟာ ဦးနှောက်အပေါ် အဓိက အကျိုးသက်ရောက်တယ်လို့ သိထားကြပေမယ့် သုတေသနတွေအရလည်း ကျောက်ကပ်အပေါ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း