backup og meta

အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ

    အဝလွန်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ အဝလွန်ခြင်း နဲ့ ဆက်နွယ်ပြီး သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း၊ အဆီဓာတ်မြင့်မားခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

    အဝလွန်ခြင်း ဆိုတာ စားသောက်ပုံ၊ နေထိုင်ပုံ စတာတွေပေါ် အဓိက မူတည်ပြီး တခြားဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။

    အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ

    အဝလွန်ရခြင်း၏ အဓိကအကြောင်းအရင်းများ ကတော့ အောက်ပါ အတိုင်းပါ။

    ၁။ မျိုးရိုးဗီဇ

    အဝလွန်ခြင်း ဟာ မျိုးရိုးဗီဇပေါ် အများကြီး မူတည်ပါတယ်။ အဝလွန်တဲ့ မိဘတွေဆီက မွေးလာတဲ့ ကလေးတွေဟာ အဝလွန်နိုင်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ သေချာပေါက် အဝလွန်ရမယ်လို့ မဆိုလိုပါဘူး။ သင်ဘာစားသလဲဆိုတာကလည်း မျီုးရိုးဗီဇ လက်ဆင့်ကမ်းခြင်း မကမ်းခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ စားသောက်တဲ့ ပုံစံချင်းတူရင်တောင် မျိုးရိုးဗီဇအခံမတူတာကြောင့် အဝလွန်သူရှိသလို ကိုယ်ခန္ဓာပုံပန်း မပြောင်းလဲတတ်သူတွေလည်း ရှိပါတယ်။

    ၂။ အသင့်စား သရေစာများ

    အရသာကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ လူအများကို ဆွဲဆောင်နေပါတယ်။ အဆိုပါ အစားအစာတွေဟာ ဈေးလည်းချိုပြီး စင်ပေါ်မှာ လွယ်လင့်တကူ မြင်တွေ့ပြီး ဆွဲဆောင်နိုင်အောင် ပြင်ဆင်ထားကြပါတယ်။ ပြောရမယ်ဆိုရင် မစားစားချင်အောင် စီမံထားပါတယ်။ တယ်တော့ အဆိုပါ အစားအစာတွေမှာ ပြည့်ဝဆီ၊ ပုံပြောင်းဆီ စတာတွေပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ များများစားမိရင် အဝလွန်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း စတာတွေ ဖြစ်ပေါ်စေပါတယ်။

    ၃။ အစားအသောက် စွဲလန်းခြင်း

    ချိုတဲ့ စားသောက်ဖွယ်ရာတွေ၊ အဆီများတဲ့ သရေစာတွေဟာ သင့်ဦးနှောက်ထဲကို ဝင်ရောက်ပြီး နောက်တကြိမ်စားချင်စိတ်ဖြစ်အောင် ဆွဲဆောင်ပါတယ်။ တကယ်တော့ အဆိုပါ အစားအစာတွေဟာ အရက်၊ ကိုကင်း၊ နီကိုတင်း၊ ဆေးခြောက် စတာတွေလိုပါပပဲ။ သင့်ကို စွဲလန်းစိတ်ဖြစ်ပေါ်စေပါတယ်။ အရက်သောက်သူဟာ မသောက်ဘဲမနေနိုင်အောင် စွဲလန်းသလိုပဲ အဲဒီသရေစာတွေကို စွဲလန်းသွားရင်လည်း တစွတ်စွတ်စားချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါဟာ အဝလွန်ခြင်းရဲ့ အကြောင်းတခုပါပဲ။

    ၄။ အင်ဆူလင်

    အင်ဆူလင်ဟာ ကိုယ်ခန္ဓာစွမ်းအင် သိုလှောင်ရေးအတွက် အရေးပါလှတဲ့ ဟော်မုန်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်တခုကတော့ အဆီဓာတ်များကို သိုလှောင်ထားခြင်း ဖြစ်ပါတယ်။ စားသောက်ပုံ မမှန်တဲ့အခါ (ဥပမာ အနောက်တိုင်းအစားအစာများ) အင်ဆူလင်အာနိသင်မတိုးခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒီအခါမှာ အင်ဆူလင် ပိုများလာစေပြီး အဆီဓာတ်ထဲမှာ စွမ်းအင်တွေ ပိုမိုသိုလှောင်ပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် စားကောင်းအောင် ပြုပြင်ထားတဲ့ အချိုအဆိမ့်တွေအစား အမျှင်ဓာတ်များတာတွေကို ဦးစားပေး စားသောက်ရပါမယ်။

    ၅။ ဆေးဝါးများ

    ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြာင့်လည်း အဝလွန်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ စိတ်ကျကုသဆေးများဟာ အချိန်ကြာမြင့်စွာ သောက်သုံးရင် ကိုယ်အလေးချိန် တက်လာစေပါတယ်။ တခြား စိတ်ကျန်းမာရေးဆေးများနဲ့ ဆီးချိုဆေးတွေလည်း ပါဝင်ပါတယ်။ အဆိုပါဆေးများဟာ ဇီဝဖြစ်ပျက်မှုကို လျော့ကျစေပြီး စားသောက်ချင်စိတ်ကို တက်လာစေပါတယ်။

    ၆။ လက်ပ်တင် (Leptin) မတိုးခြင်း

    လက်ပ်တင်ဟော်မုန်းကို အဆီဆဲလ်ကနေ ထုတ်လုပ်ပြီး အဝလွန်သူတွေမှာ မြင့်မားနေတာကို တွေ့ရပါတယ်။ ကျန်းမာရေးကောင်းသူတွေမှာ လက်ပ်တင်မြင့်မားခြင်းဟာ စားသောက်ချင်စိတ် လျော့ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဦးနှောက်ကနေတဆင့် အဆီဓာတ်တွေ ဘယ်လောက်သိုလှောင်ထားပြီးပြီဖြစ်ကြောင်း အချက်ပြပေးနိုင်ပါတယ်။

    အဝလွန်နေသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ လက်ပ်တင်ရဲ့အချက်ပြခြင်းဟာ ဦးနှောက်ဆီမရောက်နိုင်ဘဲ အဆီဓာတ်တွေကို သိုလှောင်ခြင်းကို ပိုများစေပြီး ပိုပြီး အဝလွန်လာစေဖို့ အားပေးပါတယ်။

    ၇။ သကြား

    သကြားကို မလိုအပ်ဘဲလွန်ကဲစွာ ထည့်သွင်းခြင်းဟာ ခေတ်သစ်စားသောက်မှုပုံစံရဲ့ ဆိုးတဲ့အချက်ဖြစ်ပါတယ်။ သကြားမှာ ဂလူးကို့စ်နဲ့ ဖရက်တို့စ်ပါဝင်ပါတယ်။ ဖရက်တို့စ်များများစားမိရင် အင်ဆူလင်မတိုးတော့တာမို့ အင်ဆူလင်ပမာဏ တက်လာနိုင်ပါတယ်။ ဒါဟာ အဝလွန်ခြင်း နဲ့ ဆက်စပ်နေပါတယ်။

    ၈။ အယူအဆ လွဲခြင်း

    ဒီခေတ်ဟာ အင်တာနက်သတင်းခေတ်ဖြစ်လို့ မီဒီယာမျိုးစုံမှာ သတင်းအချက်အလက်တွေ ပလူပျံနေပါတယ်။ ဒါပေမယ့် များသောအားဖြင့် အတည်မပြုနိုင်တဲ့ သတင်းအမှားတွေ ဖြစ်တတ်ပါတယ်။ တချို့သတင်းတွေကတော့ သိပ္ပံနည်းကျသုတေသနတွေကိုပဲ အကောက်အယူလွဲပြီး ပြန်လည်ရေးသားထားခြင်း ဖြစ်ပါတယ်။

    အစားအသောက်လုပ်ငန်းကြီးတွေနဲ့ ဖြည့်စွက်စာလုပ်ငန်းတွေကပေးတဲ့ အချက်အလက်တွေဟာ အဝလွန်ခြင်းနဲ့ သွယ်ဝိုက်ပတ်သက်နေတတ်ပါတယ်။ ဥပမာ မိမိတို့ကုမ္ပဏီကထုတ်တဲ့ ပိန်ဆေးကို စားသုံးပြီး ကြိုက်နှစ်သက်ရာ အစားအစာကို စိတ်ချလက်ချ စားနိုင်ပါပြီ ဆိုတာမျိုး ဖြစ်ပါတယ်။

    အဲဒီအစား နားလည်တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်တွေ၊ ရင်းမြစ်ခိုင်မာတဲ့ သတင်းအချက်အလက်တွေပဲ ယုံကြည်လိုက်နာသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement