အဝလွန်ခြင်း

အဝလွန်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုအခါမှာ အဝလွန်ခြင်းကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တချို့သောကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။