ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ

နေ့စဉ်နဲ့အမျှမှာ မပါမဖြစ်ကတော့ ကော်ဖီနဲ့ လက်ဖက်ရည်ပါပဲ။ နံနက်ခင်းလေးတစ်ခုကို ကော်ဖီ ခါးခါးလေးတစ်ခွက်နဲ့ ဖြတ်ကျော်ချင်ကြတယ်မဟုတ်လား။ နိုးထလာတာနဲ့ ကော်ဖီလေးတစ်ခွက်များ သောက်လိုက်ရရင် တစ်နေကုန်လန်းဆန်းတက်ကြွနေတယ်လို့ ခံစားဖူးကြမှာပါ။ ဒါဟာ ကော်ဖီ တစ်ခွက်မှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါပဲ။ ကဖင်း (Caffeine)ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်လျင်မြန်မြန်ဖြစ်စေဖို့ စွမ်းအင်တွေပေးစွမ်းနိုင်တာကြောင့် ခန္ဓာကိုယ်ရော စိတ်အစဉ်ပါ ပေါ့ပါးနေရခြင်းပါ။ လေ့လာချက်များရဲ့ပြောဆိုချက်အရ ကော်ဖီကို ပမာဏအသင့်အတင့်သာ သောက်သုံးပါက ခန္ဓာကိုယ်အတွက် သင့်တော်လုံခြုံပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တစ်ခွက်ပြီးတစ်ခွက် မရပ်မနားတမ်း စွဲစွဲလမ်းလမ်းဖြစ်သွားပြီဆိုရင်တော့ ဘေးဥပါဒ်ဖြစ်စေဖို့ရန် ဦးတည်သွားမှာပါ။ တစ်ဦးနဲ့တစ်ဦးတော့ မတူပါဘူး။ တချို့ကတော့ ပမာဏအနည်းငယ်သောက်ရုံနဲ့ ဘေးထွက် ဆိုးကျိုးတွေခံစားရနိုင်ပြီး ပမာဏ အနည်းငယ်သောက်ရုံနဲ့ ဘာဥပါဒ်မှ မဖြစ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် မိမိပတ်ဝန်းကျင်မှာ ကော်ဖီသောက်ပြီး ညအိပ်မပျော်တဲ့ သူတွေလည်း ရှိနိုင်သလို၊ အချို့သောသူတွေဟာတော့ ကော်ဖီသောက်ခြင်းကြောင့် ညအိပ်စက်ခြင်းမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

တချို့ကပြောကြတယ်။ အစာစားပြီးချိန်မှာ ရေသောက်ရင် အစာမကြေဖြစ်တတ်တယ်။ မသောက်ကောင်းဘူးတဲ့။ တချို့ကြတော့လည်းဆိုကြပြန်တယ်။ အစာစားပြီးရေသောက်ရမယ်တဲ့။ ဒါမှ အဆိပ်အတောက်ကင်းမှာ ကျန်းမာမှာတဲ့။ ဘယ်ဟာက အမှန်လဲ။ ဘာကို ယုံကြည်ကြမလဲ။ အစာစားပြီးတဲ့အခါ အစာစားပြီးပြီးချင်း ရေသောက်တာက သင့်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပြုတယ်ဆိုတဲ့ ယူဆချက်က မှန်ကန်ရဲ့လား။ ဒါကို သိနားလည်ဖို့ဆိုရင် အစောခြေဖျက်မှုလုပ်ငန်းစဉ်ကို အရင်သိထားဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အစာခြေဖျက်မှုလုပ်ငန်းစဉ်ဟာ ရိုးရှင်းပါတယ်။ ပါးစပ်က ဝါးပြီးတဲ့နောက် မျိုချလိုက်တဲ့ အစားအစာတွေကို အစာလမ်းကြောင်းကနေတဆင့် အစာအိမ်ထဲကိုပို့ပါတယ်။ တံတွေးမှာပါဝင်တဲ့ saliva enzymes တွေက ဒီလိုလျောလျောလျူလျူဝင်သွားဖို့ ကူညီပေးပါတယ်။ အစာအိမ်ထဲကို အစာတွေရောက်သွားပြီဆိုရင် Acidic Gastric အရည်တွေက အစာတွေကိုရောမွှေပစ်ပါတယ်။ ဒီတော့ Chyme လို့ခေါ်တဲ့ပစ်နှစ်နေတဲ့အရည်တွေဖြစ်ကုန်တာပေါ့။ Chyme တွေဟာ ပန်ကရိယထဲက digestive enzymes တွေနဲ့ အသည်းထဲက bile acid ပေါင်းစပ်သွားပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သလား။ ဒါဆို ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို စောင့်ရှောက်ပါ။ ဆယ်ကျော်သက်မှာ ကျန်းမာစွာ နေထိုင်ခြင်းက ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒီတော့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် အရွယ်မှာ မွေးမြူသင့်တဲ့ အလေ့အထကောင်းတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့ ကျန်းမာစေဖို့ ဆယ်ကျော်သက်မှာ အခုလို အလေ့အထတွေ မွေးမြူပေးပါ။ အိပ်ရေးဝအောင် အိပ်ပါ အိပ်ရေးဝအောင် အိပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျန်းမာစေဖို့ တစ်ညကို ၈ နာရီခွဲကနေ ၉ နာရီအထိ အိပ်ပေးဖို့ လိုပါမယ်။ အိပ်စက်နေစဉ်အတွင်းမှာ ကြီးထွားမှုဟော်မုန်းတွေက အကောင်းဆုံး အနေအထားကို ရောက်ရှိတာပါ။ ပြည့်ဝတဲ့ အိပ်စက်မှု ရှိမှ ကလေးက အကောင်းဆုံး […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အက်ဆစ်ဓာတ်ကဲသော အစားအစာများအကြောင်း

အက်ဆစ်ဓာတ်ဆိုတာကို မပြောခင် pH ညွှန်ကိန်းအကြောင်း တင်ပြလိုပါတယ်။ pH ညွှန်ကိန်းဟာ ပစ္စည်းတစ်ခုအနေနဲ့ အက်ဆစ်လား၊ ဘေ့စ်လား၊ ဘာသဘောမှမဆောင်တဲ့ ကြားနေဓာတ်လားဆိုတာ ညွှန်ပြနေပါတယ်။ ဥပမာ - pH ညွှန်ကိန်း 0 ဟာ အက်ဆစ်ဓာတ်အမြင့်ဆုံး - pH ညွှန်ကိန်း 7 ဟာ ဓာတ်ပြယ်တဲ့အဆင့် - pH ညွှန်ကိန်း 14 ဟာ ဘေ့စ်ဓာတ်အမြင့်ဆုံး စသဖြင့် ညွှန်ပြနေပါတယ်။ ဘက်ထရီအိုးတွေရဲ့ အက်ဆစ်ဟာ အမြင့်ဆုံးဖြစ်ပြီး pH 0 ရှိပါတယ်။ ဘေစင်တွေမှာ ပိုက်လိုင်းတွေကို ဆေးချပေးတဲ့ drain cleaner တွေကတော့ အယ်လ်ကာလီသဘာဝရှိပြီး pH 14 ရှိပါတယ်။ ပေါင်းခံရေကတော့ pH 7 ရှိပါတယ်။ လူ့ကိုယ်ခန္ဓာဟာလည်း နေရာပေါ်မူတည်ပြီး pH ညွှန်ကိန်းမျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆီးသီးနှင့် ဆီးသီးခြောက်၏ ကျန်းမာရေးအကျိုးပြုပုံ

ဆီးသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြမှာကတော့ ဆီးသီးနဲ့ ဆီးသီးခြောက်ရဲ့ ကျန်းမာရေးအကျိုးပြုပုံပဲ ဖြစ်ပါတယ်။ အာဟာရဓာတ်များစွာ ပါဝင်ခြင်း ဆီးသီးနဲ့ ဆီးသီးခြောက်မှာ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနည်းပါးပါတယ်။ ဆီးသီးပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ။ ၃၀ - ကာဘိုဟိုက်ဒရိတ်။ ၈ ဂရမ် - အမျှင်ဓာတ်။ ၁ ဂရမ် - သကြား။ ၇ ဂရမ် - ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း - ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း - ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း - […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဦးနှောက်ကို အကျိုးမပြုသော အစားအစာများ

ဦးနှောက်ဟာ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း အပါအဝင် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေဟာ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ လုပ်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝစွာ စားသောက်ပြီး ဦးနှောက်ကို အလုပ်ကောင်းစွာ လုပ်နိုင်အောင် ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ အစားအစာတိုင်းဟာ ဦးနှောက်အတွက် အကျိုးမဖြစ်ပါဘူး။ အစားအစာအချို့ဟာ ဦးနှောက်အပေါ် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်အခြေအနေ မကြည်လင်ခြင်း စတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ဦးနှောက်ကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။ သကြားဓာတ်များသော အဖျော်ယမကာများ ဆိုဒါရည်၊ အားကစားပြုလုပ်ချိန်သောက်ရန် ထုတ်လုပ်ထားသော ဖျော်ရည်များ၊ စွမ်းအားဖြည့်အချိုရည်များ၊ အသီးဖျော်ရည် စတာတွေအားလုံး ပါဝင်ပါတယ်။ သကြားဓာတ်ကဲတဲ့ ဖျော်ရည်တွေ သောက်သုံးပါများရင် ဗိုက်မှာအဆီတွေစုလာရုံမကဘဲ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်ပါတယ်။ အမျိုးအစား ၂ ဆီးချိုဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးအတွက် မနက်စာ “ထောပတ်သီး အသုပ်”

တစ်နေ့တစ်နေ့ ဘာစားရမလဲ၊ ဘာချက်ရမလဲဆိုပြီး စဉ်းစားရတာ အရမ်းအလုပ်ရှုပ်တာနော်။ အထူးသဖြင့် အိမ်ထောင်ရှင်လေဒီလေးတွေ အစားတစ်လုပ် စားရဖို့အရေး ကျန်းမာရေးအတွက် ကြည့်ရတာနဲ့ အိမ်သားတွေ အကြိုက်ကို တွေးပူရတာနဲ့ စိတ်ညစ်စရာကြီးပေါ့။ ဒီတော့ လွယ်ကူရိုးရှင်းပြီး အချိန်လည်း သိပ်မပေးရတဲ့ ဟင်းချက်နည်းတစ်ခုကို ပြောပြပေးချင်ပါတယ်။ ထောပတ်သီး အသုပ် ချက်နည်း ပါဝင်ပစ္စည်း ထောပတ်သီး = ၂လုံး သခွားသီး = ၁လုံး ကြက်သွန်နီ = ၁စိတ် ခရမ်းချဉ်သီး = ၁လုံး (အသေးဆိုရင် ၃လုံး) သံလွင်ဆီ = ထမင်းစားဇွန်း ၂ဇွန်း သံပရာရည် = ထမင်းစားဇွန်း ၂ဇွန်း နံနံပင် = လက်တစ်ဆုပ်စာ ဆား = လက်ဖက်ရည်ဇွန်း ၁ဇွန်း သကြား = လက်ဖက်ရည်ဇွန်း ၁ဇွန်း ငရုတ်ကောင်းမှုန့် = ပါရုံလောက် အနည်းငယ် လိုအပ်ပါတယ်။ ဟင်းချက်နည်း ၁။ အရင်ဆုံး ထောပတ်သီးကို အခွံခွာပြီး အတုံးလေးဖြစ်အောင် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ကျစေမယ့် မနက်စာ

ဝိတ်ကျချင်လို့ဆိုပြီး မနက်စား မစားဘဲနေနေပြီလား။ ဒါဆိုရင်တော့ မနက်စာကို စားဖြစ်အောင် စားဖို့ ပြောပါရစေ။ ဝိတ်ကျချင်တယ်ဆိုရင် မနက်စာကို သေချာလေးစားဖို့ လိုအပ်ပါမယ်။ မနက်စာကို ပြည့်ဝမျှတအောင် စားသုံးပေးတာက ကိုယ်အလေးချိန် ထိန်းညှိရာမှာ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ ဝိတ်လည်းကျ အဆာလည်း မခံရအောင် မနက်စာကို ဘာတွေ စားရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။ ဝိတ်ကျစေမယ့် မနက်စာ မနက်စာကို ပြည့်ဝမှန်ကန်အောင် စားသုံးတာက တစ်နေ့တာမှာ မလိုအပ်ဘဲ အစားမစားမိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် ပါသတဲ့။ ဒီတော့ ဗိုက်လည်းဝ ဝိတ်လည်း ကျစေဖို့ မနက်စာကို ဒါလေးတွေ စားပေးနော်။ ဝိတ်ကျစေမယ့် မနက်စာ တွေက ဘာတွေများလဲ။ Raspberries Raspberries တစ်ခွက်စာမှာ အမျှင်ဓာတ် ၈ ဂရမ်အထိ ပါဝင်နေပါတယ်။ ဒီ ပမာဏက စတော်ဘယ်ရီ တစ်ခွက်စာမှာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

စားနေကျ အစားအသောက်တွေစားရင်း ဝိတ်ချကြမလား။

ဝိတ်ချချင်တယ်။ အစားလည်း မလျော့ချင်ဘူး။ စားနေကျအတိုင်းပဲ ကြိုက်တတ်တာလေးတွေကို ဆက်စားချင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သဘောတကျနဲ့ စားနေမိတဲ့ အစားအစာလေးတွေထဲက ဘယ်ဟာလေးတွေက သင့်ကို ဝိတ်ကျစေတာလဲ ဆိုတာကို ပြောပြပေးပါရစေ။ စားနေကျ အစားအစာတွေထဲက ဝိတ်ကျစေမယ့် အစားအစာအချို့ နေ့စဉ် စားသုံးမိနေတဲ့ အစားအစာတွေထဲက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေကတော့ ထောပတ်သီး ထောပတ်သီးမှာ monounsaturated fatty acids အမျှင်ဓာတ် phytochemicalsတို့ ပါဝင်နေပါတယ်။  ထောပတ်သီးက အခြား အသီးအနှံတွေထက် ကယ်လ်လိုရီ ပိုများတယ်ဆိုပေမယ့်   BMI ကိုထိန်းပေးသလို ခါးကအဆီတွေကို ဖယ်ရှားပေးဖို့လည်း ထောက်ကူပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။ ဥအမျိုးမျိုး ကြက်ဥ၊ ဘဲဥတို့မှာ အရည်အသွေးမြင့် ပရိုတင်း အဆီဓာတ် ဗီတာမင် D choline တို့လိုမျိုး အရေးပါတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဝလွန်နေတဲ့ ကလေးတွေအတွက် အသက်အရွယ်အလိုက် ဝိတ်ချနည်းများ

ကလေးတစ်ယောက် ဝနေတာမြင်ရင် “ဟယ် ကလေးလေးက ဝဝ ကစ်ကစ်လေး။ ချစ်ဖို့ကောင်းလိုက်တာ” လို့ ပြောဖြစ်တတ်ကြတယ်။ တကယ်တော့ ကလေးတစ်ယောက် ဝနေတာဟာ တကယ်ချစ်စရာကောင်းတာဟုတ်ရဲ့လား။ ဘယ်အသက်အရွယ်မှာမဆို ကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်ပိုနေရင် ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ အဝလွန်နေရင်တော့ ကြီးပြင်းလာချိန်တလျှောက်လုံးမှာ ကျန်းမာရေးပြဿနာတွေရင်ဆိုင်ရလေရော့ဟယ်ဆိုပြီး နဖူးမှာ တံဆိပ်ကပ်ပေးလိုက်သလို ဖြစ်နေသွားမှာပါ။ ဒါကြောင့် ကိုယ့်ရင်သွေး လက်ရှိအချိန်မှာရော အနာဂတ်ကာလမှာပါ ကျန်းမာနေစေဖို့ ငယ်ရွယ်စဉ်မှာ အဝမလွန်အောင် ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ ဝနေတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက လူကောင်ထွားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်မှာ အဆီစုဆောင်းတဲ့စနစ်ကလည်း အရွယ်အလိုက်ကွာခြားပါသေးတယ်။ ဒါကြောင့် ကလေးတစ်ယောက် အဝလွန်တယ် မလွန်ဘူးဆိုတာကို အမြင်နဲ့ ဆုံးဖြတ်လို့မရနိုင်ပါဘူး။ အကောင်ဆုံးကတော့ အဝလွန်ခြင်းရှိမရှိသိဖို့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ BMIနဲ့ တွက်တာပါပဲ။ ဒါမှ ကလေးတစ်ယောက်က သူ့ရဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း