ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကိုကိုး နဲ့ ကျန်းမာရေး

ချောကလက် ကြိုက်လား။ ဒါဆိုရင် ချောကလက် ထုတ်ဖို့ အသုံးပြုတဲ့ ကိုကိုးပင်လေးရဲ့ ကျန်းမာရေး အာနိသင်ကိုရော သိပြီးရဲ့လား။ မသိသေးဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကိုကိုး နဲ့ ကျန်းမာရေး စားကောင်းတဲ့ ချောကလက်လေး နဲ့ ချောကလက် ပူပူလေးတို့ရဲ့ ဖန်တီးရှင် ကိုကိုးစေ့လေးတွေက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ် ကိုကိုးမှာ Polyphenolsလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်ပါတယ်။ ဒီဓာတ်က ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို  အကျိုးပြု ကိုလက်စထရော မြင့်တက်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုး ကျစေနိုင်တယ် လေ့လာမှုတွေအရ ကိုကိုးမှာ flavanols ကြွယ်ဝစွာ ပါဝင်နေတာကြောင့် nitric oxide  ပမာဏကို တိုးစေပြီး သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် သွေးတိုးတာကို မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ရုတ်တရက် နှလုံးရပ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

ငါးပိနဲ့ တို့စရာ နှစ်သက်ကြတဲ့ မြန်မာ့ဓလေ့ဟာ ထမင်းဝိုင်းမှာ အာဟာရဓာတ်တွေ ပြည့်စုံစေတာ အမှန်ပါပဲ။ ဟင်းသီးဟင်းရွက် တွေကို အစိမ်း ဒါမှမဟုတ် ပြုတ်ပြီး တို့မြှုပ်စားကြတာဟာ နေ့စဉ်အာဟာရ မှာ ဟင်းလျာတွေမှာ ပါတဲ့ အသား၊ ငါး အပြင် အသီးအရွက်တွေ ရဲ့ အာဟာရဓာတ် မျိုးစုံကို တစ်ခါတည်း ရရှိနိုင်ဖို့ အကောင်းဆုံး နည်းလမ်း ပါပဲ။ ဒီလို စုံစုံလင်လင် စားသုံးကြတဲ့အခါ တို့စရာ အဖြစ် စားလေ့ ရှိတဲ့ ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင် အကြောင်းကိုရော သိပြီးပြီလား! ဒီတစ်ခါ ဖော်ပြပေးချင်တာက တို့စရာ အဖြစ်နဲ့ စားလေ့ ရှိကြတဲ့ မာလာဖူး လေးတွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းလေးပါ။ ရေနွေး ဖျောပြီး၊ ပြုတ်ပြီးတဲ့အခါ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်ခေါက်သီး လေး စားကြမယ်။

မက်ခေါက်သီး ကို စားဖူးကြပေမယ့် နာမည်နဲ့ အသီးကို တွဲမိတာမျိုးတော့ နည်းမယ်ထင်ပါတယ်။ မက်မန်းသီးလိုပဲ ဆား၊ ငရုတ်သီးမှုန့်တို့နဲ့ ရှုးရှုးရှဲရှဲ နယ်စားလို့ ရသလို အသီးကို ပဲပုတ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ထောင်းပြီး မက်ခေါက်သီးထောင်း (ပင်စိမ်းသီးထောင်း) ဆိုပြီး ထမင်းနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။ မက်ခေါက်သီးကို ပင်စိမ်းသီးလို့လည်း ခေါ်ကြပါတယ်။ မက်ခေါက်သီးက ပန်းသီး အနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီး အရွက်၊ အသီး၊ အပွင့်တွေက ပန်းသီးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီတစ်ခေါက်တော့ ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ မက်ခေါက်သီးလေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကိုအတူတူ ကြည့်လိုက်ရအောင်လား။ မက်ခေါက်သီး မှာ ဘာတွေ ပါသလဲ။ မက်ခေါက်သီးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် C ပိုတက်ဆီယမ် ကော့ပါး ဗီတာမင် A […]


အာဟာရဆိုင်ရာ အချက်အလက်များ

မာလာရှမ်းကောထဲမှာပါတဲ့ မက်ခါသီး

မာလာရှမ်းကော စားတဲ့အခါ ခပ်ထုံထုံ အရသာကိုပေးတဲ့ အရာလေးဖြစ်သလို ဟင်းကို အနံ့အရသာ တိုးစေတဲ့ မက်ခါသီးလေးက ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ပေါများစွာထွက်တဲ့ ဒေသထွက် ဟင်းခတ် အမွှေးအကြိုင်လေးပါ။ ငရုတ်ကောင်းလိုပဲ ဟင်းလျာတွေထဲမှာ အနံ့အရသာတိုးစေဖို့ ထည့်တတ်ကြပါတယ်။ ဒီလို အထုံအရသာပေးစွမ်းတဲ့ မက်ခါသီးလေးက စားကောင်းရုံတင်ပဲလား။ ကျန်းမာရေး အကျိုးကျေးဇူးရော ရှိလား သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ မက်ခါသီးမှာပါတဲ့ အာဟာရ ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်တဲ့ မက်ခါသီးလေးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုတက်ဆီယမ် ဗီတာမင် A သံဓာတ် manganese ဇင့် copper phosphorous တို့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ သတ္တုဓာတ် များစွာ ပါဝင်နေပါသေးတယ်။ မက်ခါသီး နဲ့ ကျန်းမာရေး ခပ်ထုံထုံ ခပ်မွှေးမွှေး မက်ခါသီးလေးက လန်းဆန်းစေတယ် မက်ခါသီးက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ မက်ခါသီးမှာ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက်

Keto Diet လို့ ခေါ်တဲ့ အဆီချနည်းကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေကနေ ကယ်လိုရီပိုရယူတာ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက် ကိုရော သိပြီးပြီလား။ Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက် Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆွမ်းမွှေးရွက် ကို မမြင်ဖူးရင်သာ ရှိမယ်၊ မကြားတဲ့သူ ဆိုတာ မြန်မာနိုင်ငံမှာ ခပ်ရှားရှားရယ်။ အနည်းဆုံးတော့ ပေါင်မုန့်မှာ ပါတာ တွေ့ဖူးကြမှာပါ။ ယူတို့ စားနေကျ မုန့်လက်ဆောင်းဖတ် စိမ်းစိမ်းလေးတွေကို သိတယ် ဟုတ်။ သူ့ကို ပြုလုပ်တဲ့ နေရာမှာ ဆွမ်းမွှေးရွက်ပါဝင်တယ်နော်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ရနံ့လေး မွှေးဖို့ နဲ့ ဆိုးကျိုးကင်းတဲ့ သဘာဝအရောင်ဆိုးဆေး အဖြစ် သုံးဖို့ ဆွမ်းမွှေးရွက်ကို အစားအသောက်တွေမှာ ထည့်သွင်းကြတာပေါ့။ ပူတင်းပေါင်မုန့်၊ ကိတ်မုန့်၊ ပေါင်မုန့် စတာတွေမှာ ထည့်သွင်းပြုလုပ်ကြသလို ထမင်းနဲ့ ဟင်းလျာတွေမှာလည်း ပါဝင်လေ့ ရှိပါတယ်။ ဆွမ်းမွှေးရွက် ရဲ့ အကျိုးကျေးဇူးများ အစားအသောက်တွေမှာ အနံ့အရသာ ပြည့်စုံစေဖို့ ဆွမ်းမွှေးရွက်ကို ထည့်သွင်းလေ့ ရှိကြပေမယ့် တကယ်တမ်း သူ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို သိရင် ပိုတောင် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကျန်းမာပျော်ရွှင်တဲ့ မိသားစုဖြစ်စေဖို့ ကြက်ပေါင်းရည် သောက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်

“နေမကောင်းဘူးလား…ကြက်ပေါင်းရည် သောက်လေ” “စာမေးပွဲနီးပြီ စာတွေ ကျက်ရတာ ပင်ပန်းနေပြီလား လန်းသွားအောင် ကြက်ပေါင်းရည် သောက်ပါလား” ဆိုတာတွေက တော်တော်လေး နားယဉ်နေမယ့် စကားဖြစ်မယ် ထင်ပါတယ်။ ဒီလို ကြားဖူးနေမှုနဲ့အတူ ကြက်ပေါင်းရည် သောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ ထွေထွေးထူးထူး ပြောပြနေစရာမလိုဘဲ တော်တော်များများသိထားပြီး ဖြစ်မှာပါ။ အာရှတိုက်သားတွေ အထူးသဖြင့် တရုတ်လူမျိုးတွေက ကြက်ပေါင်းရည်ကို အားဖြစ်စေမယ့် ဟင်းလျာတစ်ခု အဖြစ် ရှေးယခင်ကာလတွေကတည်းက စားသုံးလာခဲ့ကြတာပါ။ နာလန်ထ လူနာတွေကို မြန်မြန်အားပြည့်စေဖို့၊ နေမကောင်းသူတွေကို မြန်မြန်နေကောင်းစေဖို့၊ ကလေးတွေကို စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုနိုင်ဖို့၊ နို့တိုက်မေမေတွေကို ကိုယ်ခံအားကောင်းပြီး ဘေဘီလေးကို နို့ဝဝတိုက်နိုင်စေဖို့ဆိုပြီး ပြင်ဆင်ပေးလေ့ရှိတဲ့ ကြက်ပေါင်းရည်က တကယ်ရော ကောင်းရဲ့လား။ ဘာလို့များ ဒီလောက်တောင် ညွှန်းနေကြတာလဲဆိုတာ ဆက်ပြောပြချင်ပါတယ်။ ကြက်ပေါင်းရည် တကယ်ကောင်းသလား။ ကြက်ပေါင်းရည်က ကျန်းမာရေးအတွက် ကောင်းသလားဆိုတာ မပြောခင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ယုန်သား စားလို့ရလား။ ယုန်သားက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလား။

ယုန်သားက အဆီမပါတဲ့ အသား တစ်မျိုးဖြစ်ပြီး ကြက်သားလိုပါပဲ။ ဟင်းချက်စားတာ၊ ကြော်စားတာ၊ ကင်စားတာတွေ လုပ်လို့ရပါတယ်။ အဆီ ပါဝင်မှု နည်းပြီး ပရိုတင်းပါဝင်မှုများတာက ယုန်သားရဲ့ အားသာချက်တစ်ခုလို့ ဆိုရပါမယ်။ ကိုယ်အလေးချိန် ချချင်သူတွေအတွက်ရော ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်သူတွေအတွက်ပါ တော်တော်လေး အဆင်ပြေစေမှာပါ။ ယုန်သား အာဟာရ များတယ်လား.............. ယုန်သားက လူစားနည်းပေမယ့် တော်တော်လေး အာဟာရ များတယ် ဆိုရပါမယ်။ ယုန်သားမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်း သံဓာတ် ပိုတက်ဆီယမ်  magnesium  phosphorus ဇင့် selenium ကယ်လ်ဆီယမ် ဗီတာမင် B12 thiamin (ဗီတာမင် B1) riboflavin (ဗီတာမင် B2) niacin (ဗီတာမင် B3) ဗီတာမင် B5 ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ်က မြန်မာလူမျိုးတွေ အကြိုက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အချိုပွဲ အနေနဲ့တော့ ပေါင်မုန့်နဲ့ သုတ်ပြီးဖြစ်ဖြစ် သကြားမပါတဲ့ cracker လေးနဲ့ဖြစ်ဖြစ် တွဲစားလို့ ရပါတယ်။ မြေပဲအရသာနဲ့ ချိုချိုမွှေးမွှေးလေး စားလို့ကောင်းတဲ့ မြေပဲထောပတ်က စိတ်ကျေနပ်စေတဲ့ အရသာကိုတင် ပေးတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အပံ့ပေးပါသေးတယ်။ မြေပဲထောပတ်မှာပါတဲ့ အာဟာရ အရသာရှိလှတဲ့ မြေပဲထောပတ်မှာ ကြွက်သား နဲ့ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ပရိုတင်း ကျန်းမာစေဖို့ ထောက်ပံ့ပေးတဲ့ မဂ္ဂနီဆီယမ် အရိုးတွေကို သန်မာစေပြီး ဆဲလ်တွေကို အင်အားတွေထုတ်လုပ်အောင် ကူညီပေးနိုင်တဲ့ phosphorus အရိုးတွေ သန်မာစေတဲ့ ကယ်လ်ဆီယမ် ကိုယ်ခံအား ကောင်းစေတဲ့ ဇင့် နှလုံး နဲ့ ကိုယ်ခံအား စနစ်ကို ကျန်းမာစေတဲ့ ဗီတာမင် B6 အစာခြေစနစ်ကို ကျန်းမာစေတဲ့ အမျှင်ဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ငရုတ်သီး အလှော်မှုန့်၊ ဆီ၊ ဆား စတာတွေနဲ့ ရောသုပ်ရင် ထမင်းမြိန်သလို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးကို ဆီသတ်ပြီး ထည့်ကြော်စားရင်လည်း အရသာရှိပြီး ထမင်းမြိန်စေတဲ့ အညာ အရသာ စစ်စစ် ပုန်းရည်ကြီး ကို ကြိုက်ကြလား။ သတ်သက်လွတ်ပဲ စားစား၊ ဝက်သား၊ ကြက်သားစတဲ့ အသားတွေနဲ့ပဲ ရောချက်ချက် ခံတွင်းတွေ့စေတဲ့ ပုန်းရည်ကြီးလေးက ထမင်းမြိန်စေတာ အပြင် ကျန်းမာရေးအတွက် အကျိုးပြုသလို အာဟာရလည်း ဖြည့်ပေးပါသေးတယ်။ ပုန်းရည်ကြီးရဲ့ အာဟာရ ခပ်ညိုညိုလေးနဲ့ အရသာရှိတဲ့ ပုန်းရည်ကြီးမှာ ပရိုတင်း ကယ်လ်လိုရီ အဆီ ဆိုဒီယမ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ကယ်လ်ဆီယမ်  သံဓာတ် စတာတွေ ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပြည့်ဝတဲ့အပြင် ပဲကို အချဉ်ဖောက်ပြီး လုပ်ထားတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း