backup og meta

ဆီးသီးနှင့် ဆီးသီးခြောက်၏ ကျန်းမာရေးအကျိုးပြုပုံ


Dr. Thant Zin မှ ရေးသားသည်။ · 08/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးသီးနှင့် ဆီးသီးခြောက်၏ ကျန်းမာရေးအကျိုးပြုပုံ

    ဆီးသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြမှာကတော့ ဆီးသီးနဲ့ ဆီးသီးခြောက်ရဲ့ ကျန်းမာရေးအကျိုးပြုပုံပဲ ဖြစ်ပါတယ်။

    အာဟာရဓာတ်များစွာ ပါဝင်ခြင်း

    ဆီးသီးနဲ့ ဆီးသီးခြောက်မှာ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနည်းပါးပါတယ်။ ဆီးသီးပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

    – ကယ်လိုရီ။ ၃၀

    – ကာဘိုဟိုက်ဒရိတ်။ ၈ ဂရမ်

    – အမျှင်ဓာတ်။ ၁ ဂရမ်

    – သကြား။ ၇ ဂရမ်

    – ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း

    ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း

    – ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း

    – ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း

    – ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၂ ရာခိုင်နှုန်း

    – မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂ ရာခိုင်နှုန်း

    ဒါ့အပြင် ဆီးသီးတစ်လုံးမှာ ဗီတာမင် B အနည်းငယ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါတယ်။

    အလေးချိန်အရ ယှဉ်ကြည့်ရင် ဆီးသီးခြောက်ဟာ ဆီးသီးထက် ကယ်လိုရီပိုများပါတယ်။ ဆီးသီးခြောက် တစ်အောင်စမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့

    – ကယ်လိုရီ။ ၆၇

    – ကာဘိုဟိုက်ဒရိတ်။ ၁၈ ဂရမ်

    – အမျှင်ဓာတ်။ ၂ ဂရမ်

    သကြား။ ၁၁ ဂရမ်

    – ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း

    – ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၂၁ ရာခိုင်နှုန်း

    – ဗီတာမင် B2။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း

    – ဗီတာမင် B3။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း

    – ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း

    – ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက် ၆ ရာခိုင်နှုန်း

    – ကြေးနီ။ တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း

    – မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၄ ရာခိုင်နှုန်း

    – မန်ဂ္ဂနီဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း

    – ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၂ ရာခိုင်နှုန်း

    စသဖြင့် ဖြစ်ပါတယ်။

    ဝမ်းချုပ် သက်သာစေခြင်း

    ဆီးသီး ဒါမှမဟုတ် ဆီးသီးဖျော်ရည်ဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဆီးသီးခြောက်တစ်လုံးမှာ ဆိုရင်လည်း အမျှင်ဓာတ် ၁ ဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ဆီးသီးခြောက်မှာရော ဆီးသီးဖျော်ရည်မှာပါ sorbitol ပါဝင်ပါတယ်။ sorbitol ဟာ သကြားဓာတ်ကနေ သဘာဝအလျာက် အယ်လ်ကိုဟောပြောင်းလဲထားခြင်းဖြစ်ပြီး ဝမ်းပျော့စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့ အာနိသင် ရှိပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း

    ဆီးသီးမှာ ပေါ်လီဖီနောဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပါတယ်။ အဆိုပါ ပေါ်လီဖီနောဟာ အရိုးများကို အကျိုးပြုပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေတွေကိုလည်း လျော့ကျစေပါတယ်။ အဆစ်အမြစ်များနဲ့ အဆုတ်များမှာဖြစ်တတ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

    သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေခြင်း

    ဆီးသီးမှာ အဒီပိုနက်တင်လို့ခေါ်တဲ့ ဟော်မုန်းကို မြင့်တက်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အဒီပိုနက်တင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ အရေးပါတဲ့ ဟော်မုန်းတမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးသီးရဲ့ အမျှင်ဓာတ်ကြွယ်ဝခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်များဟာ သင်ထမင်းစားပြီးချိန်မှာ ကာဘိုဟိုက်ဒရိတ်များကို ရယူရာမှာ နှေးစေပြီး သကြားဓာတ်ကို ရုတ်တရက်မြင့်တက်မလာအောင် ထိန်းညှိပေးပါတယ်။

    အရိုးများ ကျန်းမာရေးကို အထောက်အကူပြုခြင်း

    ဆီးသီးခြောက်ဟာ အရိုးများကို အကျိုးပြုပါတယ်။ အရိုးပွခြင်း၊ အရိုးများအားနည်းခြင်း စတဲ့အခြေအနေတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ အရိုးများပျက်စီးခြင်းကိုလည်း လျော့ပါးစေတဲ့ အာနိသင်ရှိပါတယ်။ ဆီးသီးမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းတာကိုကျစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ အခုလိုမျိုး အရိုးကျန်းမာရေးကို အထောက်အကူပြုတယ်လို့ ဆိုကြပါတယ်။ ဗီတာမင် K၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတာတွေ ပါဝင်ပါတယ်။

    နှလုံး ကျန်းမာရေးကို အထောက်အကူပြုခြင်း

    ဆီးသီးမှာ သွေးတိုးခြင်းနဲ့ ကိုလက်စထရောကို ကျစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ သုတေသနတခုမှာ ဆီးသီးဖျော်ရည်၊ ဆီးသီးခြောက် စတာတွေ မနက်တိုင်းပုံမှန်စားသုံးသူတွေကို လေ့လာခဲ့ပါတယ်။ အဆိုပါလေ့လာချက်အရ ဆီးသီးကို ပုံမှန်စားသုံးသူတွေမှာ မကောင်းတဲ့ LDL ကိုလက်စထရောကျဆင်းတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း မှန်စေကြောင်း သိရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 08/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement